ေအေအဖမ္းဆီးေခၚေဆာင္သြားတဲ့ လူငယ္တစ္ဦး ေသဆံုးဟု တပ္မေတာ္ သတင္းထုတ္ျပန္

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၀

ရခုိင္ျပည္နယ္၊ ေျမာက္ဦးၿမိဳ႕နယ္၊ ေပါင္းတုတ္(ဘဂၤါလီ)ေက်းရြာမွ လူငယ္တစ္ဦးဟာ ေအေအ အဖြဲ႔ရဲ႕ ဖမ္းဆီးေခၚေဆာင္းျခင္းကို ခံခဲ့ရၿပီးေနာက္ ေသဆုံးသြားခဲ့တယ္လုိ႔႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရုံးရဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္၊ ေပါင္းတုတ္(ဘဂၤါလီ)ေက်းရြာေန ရာဂ်ီကမ္စ္ (ခ) တင္လႈိင္(ဘ) အဘူေဖာ္ရာနဲ႔ ေစာထူး(ဘ)အဘူလွေခ် တို႔ ၂ ဦးဟာ ေဖေဖာ္၀ါရီ ၁၈ ရက္ ည ၈ နာရီခြဲခန္႔မွာ ေက်းရြာရဲ႕ အေနာက္ေျမာက္ဘက္ ရန္ကုန္-စစ္ေတြသြား ကားလမ္းမေပၚရွိ ကြန္ကရစ္တံတားေပၚမွာ ဖုန္းထိုင္သံုးေနစဥ္မွာ ေအေအ အဖြဲ႔၀င္ ၄ ဦးက ဆိုင္ကယ္ ႏွစ္စီးနဲ႔ ေရာက္ရွိလာၿပီး ဖမ္းဆီးသြားတာျဖစ္တယ္လို႔ သိရပါတယ္။

ဖမ္းဆီးစဥ္မွာ ေစာထူးက ထြက္ေျပးလြတ္ေျမာက္ခဲ့ၿပီး ရာဂ်ီကမ္စ္(ခ) တင္လႈိင္ တစ္ဦးတည္းဖမ္းဆီးခံခဲ့ရတာပါ။ ဒါနဲ႔ပတ္သက္ၿပီးေတာ့ တာ၀န္ရွိသူမ်ားထံကို လာေရာက္ေျပာၾကားခဲ့တာေၾကာင့္ ေက်းရြာက တာ၀န္ရွိသူမ်ားနဲ႔ ရြာသားမ်ားကလိုက္လံ ရွာေဖြခဲ့ရာ ေဖေဖာ္၀ါရီလ ၁၉ရက္ေန႔ နံနက္ ၈ နာရီခန္႔မွာ ညာရင္အံုထိုးသြင္းဒဏ္ရာ၊ လည္ပင္းျပတ္ရွ ဒဏ္ရာ၊ နဖူး၊ ဦးေခါင္းေနာက္ေစ့တို႔မွာ ေပါက္ၿပဲဒဏ္ရာမ်ားနဲ႔ ေသဆံုးေနတဲ့ ရာဂ်ီကမ္စ္(ခ) တင္လႈိင္ ႐ုပ္အေလာင္းကုိ ရွာေဖြေတြ႕ရွိခဲ့ပါတယ္။

အဆုိပါ ေသဆံုးသူရဲ႕ ႐ုပ္အေလာင္းကုိ နံနက္ ၁၀ နာရီခန္႔မွာ ေျမာက္ဦးၿမိဳ႕၊ ျပည္သူ႔ေဆး႐ံုသို႔ ပို႔ေဆာင္ေစခဲ့ၿပီး တရားခံမ်ားကုိ ဖမ္းဆီးရမိေရးအတြက္ ေျမာက္ဦး ၿမိဳ႕မရဲစခန္းမွာ လုပ္ထံုးလုပ္နည္းနဲ႔အညီ ေဆာင္ရြက္လ်က္ရွိတယ္လုိ႔ သိရပါတယ္။

ျမတ္ယေသာ္
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
---------------
(Unicode)⤵⤵⤵·
 အေအေဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူငယ်တစ်ဦး သေဆုံးဟု တပ်မတော် သတင်းထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘင်္ဂါလီ)ကျေးရွာမှ လူငယ်တစ်ဦးဟာ အေအေ အဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်းခြင်းကို ခံခဲ့ရပြီးနောက် သေဆုံးသွားခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်(ဘင်္ဂါလီ)ကျေးရွာနေ ရာဂျီကမ်စ် (ခ) တင်လှိုင်(ဘ) အဘူဖော်ရာနဲ့ စောထူး(ဘ)အဘူလှချေ တို့ ၂ ဦးဟာ ဖေဖော်ဝါရီ ၁၈ ရက် ည ၈ နာရီခွဲခန့်မှာ ကျေးရွာရဲ့ အနောက်မြောက်ဘက် ရန်ကုန်-စစ်တွေသွား ကားလမ်းမပေါ်ရှိ ကွန်ကရစ်တံတားပေါ်မှာ ဖုန်းထိုင်သုံးနေစဉ်မှာ အေအေ အဖွဲ့ဝင် ၄ ဦးက ဆိုင်ကယ် နှစ်စီးနဲ့ ရောက်ရှိလာပြီး ဖမ်းဆီးသွားတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးစဉ်မှာ စောထူးက ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ရာဂျီကမ်စ်(ခ) တင်လှိုင် တစ်ဦးတည်းဖမ်းဆီးခံခဲ့ရတာပါ။ ဒါနဲ့ပတ်သက်ပြီးတော့ တာဝန်ရှိသူများထံကို လာရောက်ပြောကြားခဲ့တာကြောင့် ကျေးရွာက တာဝန်ရှိသူများနဲ့ ရွာသားများကလိုက်လံ ရှာဖွေခဲ့ရာ ဖေဖော်ဝါရီလ ၁၉ရက်နေ့ နံနက် ၈ နာရီခန့်မှာ ညာရင်အုံထိုးသွင်းဒဏ်ရာ၊ လည်ပင်းပြတ်ရှ ဒဏ်ရာ၊ နဖူး၊ ဦးခေါင်းနောက်စေ့တို့မှာ ပေါက်ပြဲဒဏ်ရာများနဲ့ သေဆုံးနေတဲ့ ရာဂျီကမ်စ်(ခ) တင်လှိုင် ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

အဆိုပါ သေဆုံးသူရဲ့ ရုပ်အလောင်းကို နံနက် ၁၀ နာရီခန့်မှာ မြောက်ဦးမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စေခဲ့ပြီး တရားခံများကို ဖမ်းဆီးရမိရေးအတွက် မြောက်ဦး မြို့မရဲစခန်းမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

မြတ်ယသော်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေအေအဖမ္းဆီးေခၚေဆာင္သြားတဲ့ လူငယ္တစ္ဦး ေသဆံုးဟု တပ္မေတာ္ သတင္းထုတ္ျပန္ ေအေအဖမ္းဆီးေခၚေဆာင္သြားတဲ့ လူငယ္တစ္ဦး ေသဆံုးဟု တပ္မေတာ္ သတင္းထုတ္ျပန္ Reviewed by THITHTOOLWIN on 00:49 Rating: 5
Powered by Blogger.