ဂ်ပန္ႏိုင္ငံ၌ ကမ္းကပ္ထားသည့္ Diamond Princess ဇိမ္ခံသေဘၤာမွ ခရီးသည္ ႏွစ္ဦး ဗိုင္းရပ္စ္ ကူးစက္ခံရၿပီး ေသဆုံး

ဂ်ပန္ ႏိုင္ငံ ယိုကိုဟားမား ဆိပ္ကမ္း၌ ဆိုက္ကပ္ထားသည့္ Diamond Princess ခရီးသည္တင္ သေဘၤာအား ေတြ႕ရစဥ္(ဆင္ဟြာ)

    တိုက်ိဳ ၊ ေဖေဖာ္ဝါရီ ၂၀ ရက္(ဆင္ဟြာ)

 ဂ်ပန္ႏိုင္ငံ ယိုကိုဟားမားၿမိဳ႕၌ ဆိုက္ကပ္ထားသည့္ ႏိုဗယ္လ္ ကို႐ိုနာ ဗိုင္းရပ္စ္ကူးစက္ျခင္းခံထားရေသာ လူနာမ်ား လိုက္ပါလာသည့္ Diamond Princess ဇိမ္ခံ သေဘၤာေပၚမွ ဂ်ပန္ ႏိုင္ငံသား ခရီးသည္ ႏွစ္ဦးမွာ ဗိုင္းရပ္စ္ ကူးစက္ခံရၿပီးေနာက္ ေသဆုံးသြားခဲ့ေၾကာင္း အစိုးရ တာဝန္ရွိသူမ်ားက ေဖေဖာ္ဝါရီ ၂၀ ရက္တြင္ ေျပာၾကားခဲ့သည္။

အသက္ ၈၀ ႏွစ္အ႐ြယ္ အဖိုးအိုတစ္ဦး ႏွင့္ အဖြားအိုတစ္ဦးတို႔သည္ တိုက်ိဳၿမိဳ႕အနီး ယိုကိုဟားမားဆိပ္ကမ္း၌ ကမ္းကပ္ကာ ေရာဂါပိုး ရွိ ၊ မရွိ ေစာင့္ၾကပ္ ၾကည့္ရႈျခင္း(Quarantine) ခံရသည့္ သဘၤာေပၚမွ ပထမဆုံး ေသဆုံးမႈ ျဖစ္သည္။

အစိုးရတာဝန္ရွိသူမ်ား၏ အဆိုအရ အဖိုးအဖြား ႏွစ္ဦးစလုံးသည္ ယခင္ကတည္းက ေရာဂါ လကၡဏာ အခံရွိခဲ့ၾကသူမ်ားျဖစ္ေၾကာင္း ႏွင့္ အဖိုးအိုအား ေဖေဖာ္ဝါရီ ၁၁ ရက္တြင္ ေဆးကုသမႈေပးရန္ သေဘၤာမွ ဆင္းခြင့္ျပဳခဲ့ေၾကာင္း ၊ ေနာက္တစ္ရက္အၾကာတြင္ အဖြားအိုအား သေဘၤာမွဆင္းခြင့္ျပဳၿပီး ေဆးကုသေပးခဲ့ေၾကာင္း သိရသည္။

ေဖေဖာ္ဝါရီ ၂၀ ရက္တြင္ အဆိုပါ သေဘၤာေပၚမွ ခရီးသည္ ၅၀၀ ကို ဒုတိယအသုတ္အျဖစ္ ဆင္းခြင့္ျပဳခဲ့ၿပီး ယင္းမတိုင္ခင္က ၄၄၃ ဦးဆင္းခြင့္ျပဳခဲ့ၿပီးျဖစ္ေၾကာင္း ၊ အမ်ားစုမွာ သက္ႀကီး႐ြယ္အိုမ်ားျဖစ္ေၾကာင္း ၊ ၎တို႔သည္ ႏွစ္ပတ္ၾကာ ေစာင့္ၾကည့္ကာလ ျပဳလုပ္ခဲ့ၿပီးေနာက္ ဗိုင္းရပ္စ္ပိုး ကူးစက္ခံရေၾကာင္း စစ္ေဆးေတြ႕ရွိမႈ မရွိသျဖင့္ ေဖေဖာ္ဝါရီ ၁၉ ရက္တြင္ သေဘၤာမွဆင္းခြင့္ျပဳခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။ က်န္ခရီးသည္မ်ားမွ တတိယအုပ္စု အျဖစ္ ေဖေဖာ္ဝါရီ ၂၁ ရက္တြင္ သေဘၤာေပၚမွ ဆင္းခြင့္ရႏိုင္ဖြယ္ရွိေၾကာင္း က်န္းမာေရးတာဝန္ရွိသူမ်ားက ဆိုသည္။

အဆိုပါ သေဘၤာေပၚတြင္ ဆက္လက္က်န္ရစ္ေနသူမ်ားသည္ ေရာဂါပိုး ရွိသူႏွင့္ အနီးကပ္ ေနထိုင္ခဲ့ၾကသူမ်ား ျဖစ္ရာ ၎တို႔အား ေရာဂါပိုးရွိ မရွိေစာင့္ၾကပ္ၾကည့္ရႈ(Quarantine)သူအျဖစ္ထားရွိၿပီး ဗိုင္းရပ္စ္ပိုး မရွိေၾကာင္း စစ္ေဆးေတြ႕ရွိၿပီးသည့္အခ်ိန္ထိ ေစာင့္ၾကည့္လူနာအျဖစ္ သေဘၤာေပၚတြင္ ဆက္လက္ ေနထိုင္ သြားရမည္ျဖစ္သည္။

Diamond Princess ဇိမ္ခံသေဘၤာသည္ အေမရိကန္ ကုမၸဏီပိုင္သေဘၤာျဖစ္ကာ အဂၤလန္ႏိုင္ငံတြင္ မွတ္ပုံတင္ထားေသာ သေဘၤာျဖစ္ေၾကာင္း၊ သေဘၤာေပၚတြင္ အစကနဦး၌ ႏိုင္ငံႏွင့္ေဒသ ၅၀ ေက်ာ္မွ သေဘၤာဝန္ထမ္း ႏွင့္ ခရီးသည္ ၃,၇၀၀ ဦးခန႔္ လိုက္ပါလာခဲ့ေၾကာင္း၊ သေဘၤာေပၚမွ ခရီးသည္တစ္ဦး ေဟာင္ေကာင္၌ ဆင္းသြားၿပီးေနာက္ ဗိုင္းရပ္စ္ကူးစက္ခံထားရေၾကာင္း စစ္ေဆးေတြ႕ရွိသျဖင့္ ယင္းသေဘၤာသည္ ေဖေဖာ္ဝါရီ ၅ ရက္တြင္ ယိုကိုဟားမား ဆိပ္ကမ္း၌ ဆိုက္ကပ္ခဲ့ကာ အဆိုပါ သေဘၤာအား ေစာင့္ၾကပ္ၾကည့္ရႈမႈ အေျခအေနျဖင့္ ထားရွိေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
-----------
(Unicode)⤵⤵⤵
ဂျပန်နိုင်ငံ၌ ကမ်းကပ်ထားသည့် Diamond Princess ဇိမ်ခံသင်္ဘောမှ ခရီးသည် နှစ်ဦး ဗိုင်းရပ်စ် ကူးစက်ခံရပြီး သေဆုံး

 
ဂျပန် နိုင်ငံ ယိုကိုဟားမား ဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် Diamond Princess ခရီးသည်တင် သင်္ဘောအား တွေ့ရစဉ်(ဆင်ဟွာ)

    တိုကျို ၊ ဖေဖော်ဝါရီ ၂၀ ရက်(ဆင်ဟွာ)

    ဂျပန်နိုင်ငံ ယိုကိုဟားမားမြို့၌ ဆိုက်ကပ်ထားသည့် နိုဗယ်လ် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခြင်းခံထားရသော လူနာများ လိုက်ပါလာသည့် Diamond Princess ဇိမ်ခံ သင်္ဘောပေါ်မှ ဂျပန် နိုင်ငံသား ခရီးသည် နှစ်ဦးမှာ ဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် သေဆုံးသွားခဲ့ကြောင်း အစိုးရ တာဝန်ရှိသူများက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြောကြားခဲ့သည်။

အသက် ၈၀ နှစ်အရွယ် အဖိုးအိုတစ်ဦး နှင့် အဖွားအိုတစ်ဦးတို့သည် တိုကျိုမြို့အနီး ယိုကိုဟားမားဆိပ်ကမ်း၌ ကမ်းကပ်ကာ ရောဂါပိုး ရှိ ၊ မရှိ စောင့်ကြပ် ကြည့်ရှုခြင်း(Quarantine) ခံရသည့် သင်္ဘာပေါ်မှ ပထမဆုံး သေဆုံးမှု ဖြစ်သည်။

အစိုးရတာဝန်ရှိသူများ၏ အဆိုအရ အဖိုးအဖွား နှစ်ဦးစလုံးသည် ယခင်ကတည်းက ရောဂါ လက္ခဏာ အခံရှိခဲ့ကြသူများဖြစ်ကြောင်း နှင့် အဖိုးအိုအား ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆေးကုသမှုပေးရန် သင်္ဘောမှ ဆင်းခွင့်ပြုခဲ့ကြောင်း ၊ နောက်တစ်ရက်အကြာတွင် အဖွားအိုအား သင်္ဘောမှဆင်းခွင့်ပြုပြီး ဆေးကုသပေးခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၀ ရက်တွင် အဆိုပါ သင်္ဘောပေါ်မှ ခရီးသည် ၅၀၀ ကို ဒုတိယအသုတ်အဖြစ် ဆင်းခွင့်ပြုခဲ့ပြီး ယင်းမတိုင်ခင်က ၄၄၃ ဦးဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ၊ အများစုမှာ သက်ကြီးရွယ်အိုများဖြစ်ကြောင်း ၊ ၎င်းတို့သည် နှစ်ပတ်ကြာ စောင့်ကြည့်ကာလ ပြုလုပ်ခဲ့ပြီးနောက် ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိမှု မရှိသဖြင့် ဖေဖော်ဝါရီ ၁၉ ရက်တွင် သင်္ဘောမှဆင်းခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ကျန်ခရီးသည်များမှ တတိယအုပ်စု အဖြစ် ဖေဖော်ဝါရီ ၂၁ ရက်တွင် သင်္ဘောပေါ်မှ ဆင်းခွင့်ရနိုင်ဖွယ်ရှိကြောင်း ကျန်းမာရေးတာဝန်ရှိသူများက ဆိုသည်။

အဆိုပါ သင်္ဘောပေါ်တွင် ဆက်လက်ကျန်ရစ်နေသူများသည် ရောဂါပိုး ရှိသူနှင့် အနီးကပ် နေထိုင်ခဲ့ကြသူများ ဖြစ်ရာ ၎င်းတို့အား ရောဂါပိုးရှိ မရှိစောင့်ကြပ်ကြည့်ရှု(Quarantine)သူအဖြစ်ထားရှိပြီး ဗိုင်းရပ်စ်ပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိပြီးသည့်အချိန်ထိ စောင့်ကြည့်လူနာအဖြစ် သင်္ဘောပေါ်တွင် ဆက်လက် နေထိုင် သွားရမည်ဖြစ်သည်။

Diamond Princess ဇိမ်ခံသင်္ဘောသည် အမေရိကန် ကုမ္ပဏီပိုင်သင်္ဘောဖြစ်ကာ အင်္ဂလန်နိုင်ငံတွင် မှတ်ပုံတင်ထားသော သင်္ဘောဖြစ်ကြောင်း၊ သင်္ဘောပေါ်တွင် အစကနဦး၌ နိုင်ငံနှင့်ဒေသ ၅၀ ကျော်မှ သင်္ဘောဝန်ထမ်း နှင့် ခရီးသည် ၃,၇၀၀ ဦးခန့် လိုက်ပါလာခဲ့ကြောင်း၊ သင်္ဘောပေါ်မှ ခရီးသည်တစ်ဦး ဟောင်ကောင်၌ ဆင်းသွားပြီးနောက် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိသဖြင့် ယင်းသင်္ဘောသည် ဖေဖော်ဝါရီ ၅ ရက်တွင် ယိုကိုဟားမား ဆိပ်ကမ်း၌ ဆိုက်ကပ်ခဲ့ကာ အဆိုပါ သင်္ဘောအား စောင့်ကြပ်ကြည့်ရှုမှု အခြေအနေဖြင့် ထားရှိကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ဂ်ပန္ႏိုင္ငံ၌ ကမ္းကပ္ထားသည့္ Diamond Princess ဇိမ္ခံသေဘၤာမွ ခရီးသည္ ႏွစ္ဦး ဗိုင္းရပ္စ္ ကူးစက္ခံရၿပီး ေသဆုံး ဂ်ပန္ႏိုင္ငံ၌ ကမ္းကပ္ထားသည့္ Diamond Princess ဇိမ္ခံသေဘၤာမွ ခရီးသည္ ႏွစ္ဦး ဗိုင္းရပ္စ္ ကူးစက္ခံရၿပီး ေသဆုံး Reviewed by THITHTOOLWIN on 00:58 Rating: 5
Powered by Blogger.