ရွမ္းျပည္နယ္၊လားရႈိးၿမိဳ႕နယ္တြင္ အာဖရိက ဝက္အျပင္းဖ်ားေရာဂါပိုးေတြ႕ရွိ

ဝက္ေမြးျမဴေရးေနရာ တစ္ခုအားေတြ႕ရစဥ္ (ဓာတ္ပုံ- အင္တာနက္)
(Zawgyi)⤵⤵⤵
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၀ ရက္ (ဆင္ဟြာ)

ရွမ္းျပည္နယ္၊ လားရႈိးၿမိဳ႕နယ္၊ ေနာင္မြန္ေက်း႐ြာအုပ္စု၊ ေနာင္မြန္ေက်း႐ြာ၌ သံသယျဖစ္ဖြယ္ ဝက္ေရာဂါျဖစ္ပြားမႈႏွင့္ ပတ္သက္၍ နာမက်န္းဝက္ (၂)ေကာင္မွ ေကာက္ယူထားေသာ ေသြး နမူနာပစၥည္းကို ေမာ္လီက်ဴလာနည္းပညာ ျဖင့္ ဓာတ္ခြဲစမ္းသပ္စစ္ေဆးခဲ့ရာ အာဖရိကဝက္ အျပင္းဖ်ား ေရာဂါပိုး (African Swine Fever Virus)၏ မ်ိဳး႐ိုးဗီဇကို ေတြ႕ရွိခဲ့ရ ပါသျဖင့္ ကမာၻ႔တိရစာၦန္က်န္းမာေရးအဖြဲ႕ သို႔ သတင္းေပးပို႔ျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးဌာန ကေဖေဖာ္ဝါရီလ ၂၀ ရက္တြင္ သတင္းထုတ္ျပန္ခဲ့သည္။

ေမြးျမဴေရးႏွင့္ ကုသေရးဦးစီး ဌာန မွ တာဝန္ရွိသူတစ္ဦးက “ဒီေရာဂါက လူကို ကူးစက္တတ္တဲ့ ေရာဂါ အမ်ိဳးအစားမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ဌာန အေနနဲ႔ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး လုပ္ငန္းမ်ားကို လုပ္ထုံးလုပ္နည္းမ်ားနဲ႔ အညီ ေဒသဆိုင္ရာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားနဲ႔ ပူးေပါင္းေဆာင္႐ြက္လ်က္ရွိပါတယ္။’’ ဟု ဆင္ဟြာကိုေျပာသည္။

အာဖရိကဝက္အျပင္းဖ်ားေရာဂါသည္ ဗိုင္းရပ္ေရာဂါတစ္မ်ိဳးျဖစ္ၿပီး အိမ္ေမြးဝက္မ်ား၊ ေတာဝက္မ်ားတြင္ ေသဆုံးမႈျမင့္မား ေသာ ေရာဂါတစ္မ်ိဳး ျဖစ္ေၾကာင္း၊ ကာကြယ္ေဆးႏွင့္ ကုသေဆးမရွိေသးေၾကာင္း၊ အဆိုပါေရာဂါကူးစက္ ျပန႔္ပြားမႈကို ထိန္းခ်ဳပ္ႏိုင္ရန္ အတြက္ ေရာဂါျဖစ္ေၾကာင္းအတည္ျပဳၿပီးသည့္ ၿခံအားသုတ္သင္ရွင္းလင္းျခင္း (Stamping out) ပိုးသတ္ေဆးဖ်န္းျခင္း၊ ေရာဂါ ျဖစ္ေဒသမွ ဝက္ႏွင့္ ဝက္ထြက္ပစၥည္းမ်ား တင္သြင္းမႈကို ကန႔္သတ္ တားဆီးပိတ္ပင္ျခင္း စသည့္လုပ္ငန္းမ်ားကို ေဆာင္႐ြက္ ၾကရေၾကာင္း သိရသည္။

(Xinhua)
http://www.xinhuamyanmar.com
------------
(Unicode)⤵⤵⤵
ရှမ်းပြည်နယ်၊လားရှိုးမြို့နယ်တွင် အာဖရိက ဝက်အပြင်းဖျားရောဂါပိုးတွေ့ရှိ

ဝက်မွေးမြူရေးနေရာ တစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

    ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀ ရက် (ဆင်ဟွာ)

    ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်၊ နောင်မွန်ကျေးရွာအုပ်စု၊ နောင်မွန်ကျေးရွာ၌ သံသယဖြစ်ဖွယ် ဝက်ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်၍ နာမကျန်းဝက် (၂)ကောင်မှ ကောက်ယူထားသော သွေး နမူနာပစ္စည်းကို မော်လီကျူလာနည်းပညာ ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာ အာဖရိကဝက် အပြင်းဖျား ရောဂါပိုး (African Swine Fever Virus)၏ မျိုးရိုးဗီဇကို တွေ့ရှိခဲ့ရ ပါသဖြင့် ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ သို့ သတင်းပေးပို့ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ကဖေဖော်ဝါရီလ ၂၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

မွေးမြူရေးနှင့် ကုသရေးဦးစီး ဌာန မှ တာဝန်ရှိသူတစ်ဦးက “ဒီရောဂါက လူကို ကူးစက်တတ်တဲ့ ရောဂါ အမျိုးအစားမဟုတ်ပါဘူး။ ကျွန်တော်တို့ ဌာန အနေနဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနဲ့ အညီ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။’’ ဟု ဆင်ဟွာကိုပြောသည်။

အာဖရိကဝက်အပြင်းဖျားရောဂါသည် ဗိုင်းရပ်ရောဂါတစ်မျိုးဖြစ်ပြီး အိမ်မွေးဝက်များ၊ တောဝက်များတွင် သေဆုံးမှုမြင့်မား သော ရောဂါတစ်မျိုး ဖြစ်ကြောင်း၊ ကာကွယ်ဆေးနှင့် ကုသဆေးမရှိသေးကြောင်း၊ အဆိုပါရောဂါကူးစက် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ရန် အတွက် ရောဂါဖြစ်ကြောင်းအတည်ပြုပြီးသည့် ခြံအားသုတ်သင်ရှင်းလင်းခြင်း (Stamping out) ပိုးသတ်ဆေးဖျန်းခြင်း၊ ရောဂါ ဖြစ်ဒေသမှ ဝက်နှင့် ဝက်ထွက်ပစ္စည်းများ တင်သွင်းမှုကို ကန့်သတ် တားဆီးပိတ်ပင်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက် ကြရကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရွမ္းျပည္နယ္၊လားရႈိးၿမိဳ႕နယ္တြင္ အာဖရိက ဝက္အျပင္းဖ်ားေရာဂါပိုးေတြ႕ရွိ ရွမ္းျပည္နယ္၊လားရႈိးၿမိဳ႕နယ္တြင္ အာဖရိက ဝက္အျပင္းဖ်ားေရာဂါပိုးေတြ႕ရွိ Reviewed by THITHTOOLWIN on 00:51 Rating: 5
Powered by Blogger.