ဗဟိုနဲ႔ျပည္နယ္အစိုးရ လုပ္ရပ္ေတြ ခ်င္းျပည္သူအားမရ

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၂၀ ရက္ေန႔မွာက်ေရာက္တဲ့ ၇၂ ႀကိမ္ေျမာက္ ခ်င္းအမ်ိဳးသားေန႔ကို ခ်င္းျပည္နယ္ ထန္တလန္ၿမိဳ႕မွာ က်င္းပခဲ့ၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ တက္ေရာက္မိန႔္ခြန္းေျပာခဲ့ပါတယ္။

၁၉၄၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၉) ရက္ကေန (၂၂) ရက္ေန႔အထိ ခ်င္းျပည္နယ္ ဖလမ္းၿမိဳ႕မွာ က်င္းပ ခဲ့တဲ့ ခ်င္းအမ်ိဳးသားညီလာခံကေန ခ်င္းေတာင္တန္း ပေဒသရာဇ္စနစ္ ဖ်က္သိမ္းတဲ့အဆိုကို အတည္ျပဳျပ႒ာန္းခဲ့တဲ့အတြက္ အဲဒီႏွစ္ ေဖေဖာ္ဝါရီလ (၂၀) ရက္ေန႔ကို ခ်င္းအမ်ိဳးသားေန႔အျဖစ္ သတ္မွတ္ခဲ့တာျဖစ္ပါတယ္။

ဒီႏွစ္မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္က ခ်င္းအမ်ိဳးသားေန႔ မတိုင္ခင္ တရက္ေစာၿပီး ေဖေဖာ္ဝါရီ ၁၉ ရက္ေန႔ကတည္းက ခ်င္းျပည္နယ္ကို ေရာက္ရွိခဲ့တာပါ။ တြန္းဇံနဲ႔ ထန္တလန္ၿမိဳ႕နယ္ေတြက ေဒသခံေတြနဲ႔ ေတြဆုံစကားေျပာခဲ့ၿပီး ေဒသခံေတြ သိလိုသမွ်ကိုလည္း ေျဖၾကားခဲ့ပါတယ္။ တြန္းဇံၿမိဳ႕နယ္မွာေတာ့ သီကီးရ္ေက်း႐ြာ တိုက္နယ္ေဆး႐ုံဖြင့္ပြဲနဲ႔ ေဒၚခင္ၾကည္ေဖာင္ေဒးရွင္းက လႉဒါန္းတဲ့ ေနအိမ္အလုံး (၅၀) ဖြင့္ပြဲအခမ္းအနားေတြကို တက္ေရာက္ခဲ့ပါတယ္။

အခုလို ခ်င္းျပည္နယ္ကို ႏွစ္ရက္တာလာေရာက္ၿပီၤးလူထုနဲ႔ က်ယ္က်ယ္ျပန႔္ျပန႔္ေတြ႕ဆုံတဲ့အတြက္ ေဒသခံေတြအေနနဲ႔ ဘယ္လိုေမွ်ာ္လင့္ခ်က္ေတြရွိပါသလဲ။

လူ႔အခြင့္အေရးလႈပ္ရွားသူ ခ်င္းအမ်ိဳးသမီး မခ်ယ္ရီဇာေဟာင္းကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခ်င္းျပည္နယ္ခရီးစဥ္ကို အခုလို သုံးသပ္ပါတယ္။

" NLD က လႊတ္ေတာ္အမတ္ေတြရဲ႕ Performances ေတြက ျပည္သူလူထုအားက်ေလာက္ေအာင္ မရွိတဲ့ အခါက်ေတာ့ သူကိုယ္တိုင္နယ္လွယ့္ၿပီးေတာ့ မ်က္ႏွာျပရတဲ့အေျခအေနမ်ိဳးရွိတယ္လို႔ က်မကေတာ့ သုံးသပ္မိတယ္ေလ။ အခုက ေနရာတိုင္းမွာ သူကိုယ္တိုင္ပါမွ ဝန္ႀကီးေတြကလည္း လုပ္ေပးပါ့မယ္ ဆိုၿပီးေတာ့ ဟိုဟာလုပ္တယ္။ ၿပီးရင္ ျပန္သြားေတာ့လည္း ဘာမွ Follow Up မလုပ္ဘူး။ အဲဒါေတြက ခ်င္းျပည္နယ္တင္ မဟုတ္ဘူး။ တႏိုင္ငံလုံးမွာ Complain တက္ေနတဲ့ ျပည္သူလူထုရဲ႕အသံေတြေပါ့ေနာ္။ ေ႐ြးေကာက္ပြဲလည္း နီးလာၿပီဆိုေတာ့ NLD အေနနဲ႔ ခ်င္းျပည္နယ္ကို သူတို႔ရဲ႕ stronghold ေနရာအျဖစ္ အျပည့္ေနရာယူခ်င္တဲ့ သေဘာမ်ိဳးရွိတယ္"

တြန္းဇံၿမိဳ႕မွာေနထိုင္တဲ့ ဇိုမီးေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္း ဥကၠ႒ ေဒါက္တာေပါလ္ေပါင္က ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခ်င္းျပည္နယ္ခရီးစဥ္ကေန သူေမွ်ာ္လင့္တာကို ခုလိုေျပာပါတယ္။

"တီးတိန္ကို ခ႐ိုင္ေပးဖို႔ေပါ့ေနာ္။ လူထုကလည္း ခ်င္းျပည္နယ္မွာ တီးတိန္ေျမာက္နဲ႔ တြန္းဇံေျမာက္နဲ႔ အင္အားလည္းမ်ားတယ္။ ၿပီးေတာ့ ဖလမ္းဆိုေတာ့ လမ္းပန္းဆက္သြယ္ေရးခက္ခဲတယ္။ ဝန္ထမ္းေတြ လည္း သြားလာ ရတာခက္တယ္။ အဲလိုမ်ိဳးေပါ့။ ၿပီးေတာ့ အိႏၵိယနယ္စပ္ေပါ့၊ ကသည္းေတြေပါ့။ ကသည္းေတြက ေက်ာင္းဆရာမကို ပစ္သတ္ခဲ့တဲ့ကိစၥ။ အဲဒီကသည္းေတြကို ျမန္မာႏိုင္ငံမွာ လူမ်ိဳး မသတ္မွတ္ေပးဖို႔၊ ၿပီးေတာ့ အဲဒီကိစၥကို ေျဖရွင္းေပးဖို႔ အဓိကက ဒါပါပဲ"

ထန္တလန္ၿမိဳ႕မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္က  လူထုေတြ႕ဆုံပြဲေတြမွာ ပညာေရးနဲ႔ပတ္သက္ၿပီး ေတာင္းဆိုတာေတြကို သေဘာက်တယ္လို႔ ေျပာခဲ့ပါတယ္။ ဒါေပမဲ့ သူ႔ရဲ႕ ပထမပိုင္းခ်င္းျပည္နယ္ ခရီးစဥ္ေတြမွာ လူထုရဲ႕ ပညာေရးဆိုင္ရာ ေတာင္းဆိုခ်က္ေတြကေတာ့ ထင္သေလာက္အရာမထင္ခဲ့ဘူးလို႔ မခ်ယ္ရီဇာေဟာင္း က ေျပာပါတယ္။

"ၿပီးခဲ့တဲ့ႏွစ္ကလည္း သူသြားၿပီးၿပီ။ အဲဒီတုန္းကလည္းေတာ္ေတာ္မ်ားမ်ား တင္ျပခဲ့တယ္။ ပညာေရးမွာ နည္းနည္း ပါးပါး လုပ္ေပးတာေတြရွိတယ္။ က်န္တဲ့ဘက္မွာ.. ဥပမာဆိုလို႔ရွိရင္ ခ်င္းျပည္နယ္မွာ ရင္းႏွီးျမႇဳပ္ႏွံမႈ မ်ားမ်ား ဝင္သြားေအာင္ ႀကိဳးစားေနတဲ့ဟာေတြက ထိေရာက္မအႈမရွိေသးဘူးေလ။ ဆိုေတာ့.. က်မထင္တယ္၊ ျပည္သူလူထုေတြဘက္ကေတာ့ သူ႔အေပၚမွာ ေမွ်ာ္လင့္ခ်က္ရွိရင္ေတာင္မွ NLD အစိုးရ၊ ခ်င္းျပည္နယ္ အစိုးရရဲ႕လုပ္ေဆာင္ခ်က္ေတြအေပၚ ေတာ္ေတာ္ေလး ေမွ်ာ္လင့္ခ်က္မဲ့ ေနတာ ေတြ႕ရတယ္"

ျမန္မာႏိုင္ငံရဲ႕ အေနာက္ဖက္အက်ဆုံး ျပည္နယ္တစ္ခုျဖစ္တဲ့ ခ်င္းျပည္နယ္ဟာ ေတာင္တန္းထူထပ္တဲ့အတြက္ လမ္းပန္းဆက္သြယ္ေရး ခက္ခဲၿပီး  ျမန္မာႏိုင္ငံမွာ ဖြံ႕ၿဖိဳးမႈ အနည္းဆုံးေနရာလည္း ျဖစ္ပါတယ္။ ေတာင္ဖက္မွာ ရခိုင္ျပည္နယ္၊ အေနာက္ေတာင္ဖက္မွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ အေရွ႕ဖက္ တြင္ စစ္ကိုင္းတိုင္းနဲ႔ မေကြးတိုင္း ေျမာက္ဖက္မွာ အိႏၵိယႏိုင္ငံ မဏိပူရျပည္နယ္နဲ႔ အေနာက္ဖက္မွာ အိႏၵိယႏိုင္ငံ မီဇိုရမ္ျပည္နယ္တို႔က  ဝန္းရံထားပါတယ္။

ရခိုင္ျပည္နယ္နဲ႔ ဆက္ေနတဲ့အတြက္ ရခိုင္ျပည္နယ္မွာျဖစ္ေနတဲ့ စစ္မီးရဲ႕အရွိန္ဟပ္တာကို ခံစားေနရတဲ့ေနရာလည္း ျဖစ္ပါတယ္။ ဖြံ႕ၿဖိဳးမႈနည္းပါးတဲ့အျပင္ စစ္မီးအရွိန္ဟပ္တာပါခံစားရတာမို႔ ေဒသခံေတြမွာ လိုအပ္ခ်က္ေတြ မ်ားျပားလွတဲ့အတြက္ ႏိုင္ငံေခါင္းေဆာင္ေတြလာတဲ့အခါ ေတာင္းဆိုခ်က္ေတြ မ်ားျပားမွာလည္း အေသအခ်ာပါပဲ။

အဲဒီလိုလူထုေတြ႕ဆုံပြဲေတြမွာ ေဆြးေႏြးေတာင္းဆိုမႈေတြအတြင္း ေဒၚေအာင္ဆန္းစုၾကည္က အခုလို ေျပာခဲ့ပါတယ္။

" ကြၽန္မအေနနဲ႔ေတာ့ ကတိေပးခ်င္တာကေတာ့ ကြၽန္မတို႔ရဲ႕ ျပည္ေထာင္စုတိုင္းရင္းသားမ်ား၊ ျပည္ေထာင္စု ေသြးခ်င္းမ်ားအားလုံးဟာ ရသင့္ရထိုက္တဲ့အခြင့္အေရးေတြ ရွိသလို ထမ္းေဆာင္သင့္တဲ့ တာဝန္ေတြလည္း ရွိပါတယ္။ ကိုယ္တိုင္လည္း ကိုယ့္တာဝန္ဟာ ဘာလဲ၊ ကိုယ့္အခြင့္အေရးဆိုတာ ဘာလဲဆိုတာ မွန္မွန္ကန္ကန္ သုံးသပ္ဖို႔ အင္မတန္ အေရးႀကီးပါတယ္။ ကြၽန္မတို႔ရဲ႕ ႏိုင္ငံသူ၊ ႏိုင္ငံသား တစ္ဦးခ်င္းတစ္ဦးခ်င္းဟာ တာဝန္ေက်တဲ့ပုဂၢိဳလ္ ျဖစ္ၿပီဆိုရင္ ကြၽန္မတို႔ ႏိုင္ငံအတြက္ ကြၽန္မတို႔ စိုးစဥ္းမွ စိုးရိမ္စရာမရွိပါဘူး။ တာဝန္ေက်တဲ့ ႏိုင္ငံသားေတြနဲ႔ ဖြဲ႕စည္းထားတဲ့ႏိုင္ငံဆိုတာ ဘယ္ေတာ့မဆို ၿပီးျပည့္စုံတဲ့ႏိုင္ငံ၊ ခံႏိုင္ရည္နဲ႔ ရပ္တည္ႏိုင္တဲ့ႏိုင္ငံ တစ္ခုျဖစ္လာမွာျဖစ္ပါတယ္"

မၾကာခင္ျပဳလုပ္ေတာ့မယ့္ အေထြေထြေ႐ြးေကာက္ပြဲမတိုင္ခင္သြားေရာက္ခဲ့တဲ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ ခ်င္းျပည္နယ္ခရီးစဥ္မွာ အစိုးရဖက္ကေရာ ေဒသခံေတြဖက္ကပါ ရည္႐ြယ္ခ်က္ ေမွ်ာ္လင့္ခ်က္ေတြ ကိုယ္စီရွိေနၾကပါတယ္။ ခ်င္းျပည္နယ္ခရီးစဥ္မွာ ေဒၚေအာင္ဆန္းစုၾကည္က  ႏိုင္ငံသူ၊ ႏိုင္ငံသား တစ္ဦး ခ်င္းဟာ တာဝန္ေက်တဲ့ပုဂၢိဳလ္ေတြျဖစ္ဖို႔လိုတယ္လို႔ ေျပာခဲ့သလို ႏိုင္ငံသူႏိုင္ငံသားေတြကလည္း တာဝန္ ေက်တဲ့ အစိုးရကိုလိုခ်င္ၾကပါတယ္လို႔ ခ်င္းလူထုက ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ဗဟိုနဲ့ပြည်နယ်အစိုးရ လုပ်ရပ်တွေ ချင်းပြည်သူအားမရ

ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာကျရောက်တဲ့ ၇၂ ကြိမ်မြောက် ချင်းအမျိုးသားနေ့ကို ချင်းပြည်နယ် ထန်တလန်မြို့မှာ ကျင်းပခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။

၁၉၄၈ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၉) ရက်ကနေ (၂၂) ရက်နေ့အထိ ချင်းပြည်နယ် ဖလမ်းမြို့မှာ ကျင်းပ ခဲ့တဲ့ ချင်းအမျိုးသားညီလာခံကနေ ချင်းတောင်တန်း ပဒေသရာဇ်စနစ် ဖျက်သိမ်းတဲ့အဆိုကို အတည်ပြုပြဋ္ဌာန်းခဲ့တဲ့အတွက် အဲဒီနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ့ကို ချင်းအမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

ဒီနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ချင်းအမျိုးသားနေ့ မတိုင်ခင် တရက်စောပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့ကတည်းက ချင်းပြည်နယ်ကို ရောက်ရှိခဲ့တာပါ။ တွန်းဇံနဲ့ ထန်တလန်မြို့နယ်တွေက ဒေသခံတွေနဲ့ တွေဆုံစကားပြောခဲ့ပြီး ဒေသခံတွေ သိလိုသမျှကိုလည်း ဖြေကြားခဲ့ပါတယ်။ တွန်းဇံမြို့နယ်မှာတော့ သီကီးရ်ကျေးရွာ တိုက်နယ်ဆေးရုံဖွင့်ပွဲနဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းက လှူဒါန်းတဲ့ နေအိမ်အလုံး (၅၀) ဖွင့်ပွဲအခမ်းအနားတွေကို တက်ရောက်ခဲ့ပါတယ်။

အခုလို ချင်းပြည်နယ်ကို နှစ်ရက်တာလာရောက်ပြီၤးလူထုနဲ့ ကျယ်ကျယ်ပြန့်ပြန့်တွေ့ဆုံတဲ့အတွက် ဒေသခံတွေအနေနဲ့ ဘယ်လိုမျှော်လင့်ချက်တွေရှိပါသလဲ။

လူ့အခွင့်အရေးလှုပ်ရှားသူ ချင်းအမျိုးသမီး မချယ်ရီဇာဟောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်ကို အခုလို သုံးသပ်ပါတယ်။

" NLD က လွှတ်တော်အမတ်တွေရဲ့ Performances တွေက ပြည်သူလူထုအားကျလောက်အောင် မရှိတဲ့ အခါကျတော့ သူကိုယ်တိုင်နယ်လှယ့်ပြီးတော့ မျက်နှာပြရတဲ့အခြေအနေမျိုးရှိတယ်လို့ ကျမကတော့ သုံးသပ်မိတယ်လေ။ အခုက နေရာတိုင်းမှာ သူကိုယ်တိုင်ပါမှ ဝန်ကြီးတွေကလည်း လုပ်ပေးပါ့မယ် ဆိုပြီးတော့ ဟိုဟာလုပ်တယ်။ ပြီးရင် ပြန်သွားတော့လည်း ဘာမှ Follow Up မလုပ်ဘူး။ အဲဒါတွေက ချင်းပြည်နယ်တင် မဟုတ်ဘူး။ တနိုင်ငံလုံးမှာ Complain တက်နေတဲ့ ပြည်သူလူထုရဲ့အသံတွေပေါ့နော်။ ရွေးကောက်ပွဲလည်း နီးလာပြီဆိုတော့ NLD အနေနဲ့ ချင်းပြည်နယ်ကို သူတို့ရဲ့ stronghold နေရာအဖြစ် အပြည့်နေရာယူချင်တဲ့ သဘောမျိုးရှိတယ်"

တွန်းဇံမြို့မှာနေထိုင်တဲ့ ဇိုမီးဒေသ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါက်တာပေါလ်ပေါင်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်ကနေ သူမျှော်လင့်တာကို ခုလိုပြောပါတယ်။

"တီးတိန်ကို ခရိုင်ပေးဖို့ပေါ့နော်။ လူထုကလည်း ချင်းပြည်နယ်မှာ တီးတိန်မြောက်နဲ့ တွန်းဇံမြောက်နဲ့ အင်အားလည်းများတယ်။ ပြီးတော့ ဖလမ်းဆိုတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတယ်။ ဝန်ထမ်းတွေ လည်း သွားလာ ရတာခက်တယ်။ အဲလိုမျိုးပေါ့။ ပြီးတော့ အိန္ဒိယနယ်စပ်ပေါ့၊ ကသည်းတွေပေါ့။ ကသည်းတွေက ကျောင်းဆရာမကို ပစ်သတ်ခဲ့တဲ့ကိစ္စ။ အဲဒီကသည်းတွေကို မြန်မာနိုင်ငံမှာ လူမျိုး မသတ်မှတ်ပေးဖို့၊ ပြီးတော့ အဲဒီကိစ္စကို ဖြေရှင်းပေးဖို့ အဓိကက ဒါပါပဲ"

ထန်တလန်မြို့မှာတော့ ဒေါ်အောင်ဆန်းစုကြည်က  လူထုတွေ့ဆုံပွဲတွေမှာ ပညာရေးနဲ့ပတ်သက်ပြီး တောင်းဆိုတာတွေကို သဘောကျတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ ပထမပိုင်းချင်းပြည်နယ် ခရီးစဉ်တွေမှာ လူထုရဲ့ ပညာရေးဆိုင်ရာ တောင်းဆိုချက်တွေကတော့ ထင်သလောက်အရာမထင်ခဲ့ဘူးလို့ မချယ်ရီဇာဟောင်း က ပြောပါတယ်။

"ပြီးခဲ့တဲ့နှစ်ကလည်း သူသွားပြီးပြီ။ အဲဒီတုန်းကလည်းတော်တော်များများ တင်ပြခဲ့တယ်။ ပညာရေးမှာ နည်းနည်း ပါးပါး လုပ်ပေးတာတွေရှိတယ်။ ကျန်တဲ့ဘက်မှာ.. ဥပမာဆိုလို့ရှိရင် ချင်းပြည်နယ်မှာ ရင်းနှီးမြှုပ်နှံမှု များများ ဝင်သွားအောင် ကြိုးစားနေတဲ့ဟာတွေက ထိရောက်မအှုမရှိသေးဘူးလေ။ ဆိုတော့.. ကျမထင်တယ်၊ ပြည်သူလူထုတွေဘက်ကတော့ သူ့အပေါ်မှာ မျှော်လင့်ချက်ရှိရင်တောင်မှ NLD အစိုးရ၊ ချင်းပြည်နယ် အစိုးရရဲ့လုပ်ဆောင်ချက်တွေအပေါ် တော်တော်လေး မျှော်လင့်ချက်မဲ့ နေတာ တွေ့ရတယ်"

မြန်မာနိုင်ငံရဲ့ အနောက်ဖက်အကျဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ ချင်းပြည်နယ်ဟာ တောင်တန်းထူထပ်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး  မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှု အနည်းဆုံးနေရာလည်း ဖြစ်ပါတယ်။ တောင်ဖက်မှာ ရခိုင်ပြည်နယ်၊ အနောက်တောင်ဖက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အရှေ့ဖက် တွင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း မြောက်ဖက်မှာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်နဲ့ အနောက်ဖက်မှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့က  ဝန်းရံထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဆက်နေတဲ့အတွက် ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်မီးရဲ့အရှိန်ဟပ်တာကို ခံစားနေရတဲ့နေရာလည်း ဖြစ်ပါတယ်။ ဖွံ့ဖြိုးမှုနည်းပါးတဲ့အပြင် စစ်မီးအရှိန်ဟပ်တာပါခံစားရတာမို့ ဒေသခံတွေမှာ လိုအပ်ချက်တွေ များပြားလှတဲ့အတွက် နိုင်ငံခေါင်းဆောင်တွေလာတဲ့အခါ တောင်းဆိုချက်တွေ များပြားမှာလည်း အသေအချာပါပဲ။

အဲဒီလိုလူထုတွေ့ဆုံပွဲတွေမှာ ဆွေးနွေးတောင်းဆိုမှုတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့ပါတယ်။

" ကျွန်မအနေနဲ့တော့ ကတိပေးချင်တာကတော့ ကျွန်မတို့ရဲ့ ပြည်ထောင်စုတိုင်းရင်းသားများ၊ ပြည်ထောင်စု သွေးချင်းများအားလုံးဟာ ရသင့်ရထိုက်တဲ့အခွင့်အရေးတွေ ရှိသလို ထမ်းဆောင်သင့်တဲ့ တာဝန်တွေလည်း ရှိပါတယ်။ ကိုယ်တိုင်လည်း ကိုယ့်တာဝန်ဟာ ဘာလဲ၊ ကိုယ့်အခွင့်အရေးဆိုတာ ဘာလဲဆိုတာ မှန်မှန်ကန်ကန် သုံးသပ်ဖို့ အင်မတန် အရေးကြီးပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသူ၊ နိုင်ငံသား တစ်ဦးချင်းတစ်ဦးချင်းဟာ တာဝန်ကျေတဲ့ပုဂ္ဂိုလ် ဖြစ်ပြီဆိုရင် ကျွန်မတို့ နိုင်ငံအတွက် ကျွန်မတို့ စိုးစဉ်းမှ စိုးရိမ်စရာမရှိပါဘူး။ တာဝန်ကျေတဲ့ နိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံဆိုတာ ဘယ်တော့မဆို ပြီးပြည့်စုံတဲ့နိုင်ငံ၊ ခံနိုင်ရည်နဲ့ ရပ်တည်နိုင်တဲ့နိုင်ငံ တစ်ခုဖြစ်လာမှာဖြစ်ပါတယ်"

မကြာခင်ပြုလုပ်တော့မယ့် အထွေထွေရွေးကောက်ပွဲမတိုင်ခင်သွားရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ချင်းပြည်နယ်ခရီးစဉ်မှာ အစိုးရဖက်ကရော ဒေသခံတွေဖက်ကပါ ရည်ရွယ်ချက် မျှော်လင့်ချက်တွေ ကိုယ်စီရှိနေကြပါတယ်။ ချင်းပြည်နယ်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က  နိုင်ငံသူ၊ နိုင်ငံသား တစ်ဦး ချင်းဟာ တာဝန်ကျေတဲ့ပုဂ္ဂိုလ်တွေဖြစ်ဖို့လိုတယ်လို့ ပြောခဲ့သလို နိုင်ငံသူနိုင်ငံသားတွေကလည်း တာဝန် ကျေတဲ့ အစိုးရကိုလိုချင်ကြပါတယ်လို့ ချင်းလူထုက ပြောကြပါတယ်။

RFA Burmese
https://www.rfa.org
ဗဟိုနဲ႔ျပည္နယ္အစိုးရ လုပ္ရပ္ေတြ ခ်င္းျပည္သူအားမရ ဗဟိုနဲ႔ျပည္နယ္အစိုးရ လုပ္ရပ္ေတြ ခ်င္းျပည္သူအားမရ Reviewed by THITHTOOLWIN on 01:01 Rating: 5
Powered by Blogger.