Covid-19 ေရာဂါပိုး ေတာင္ကိုရီးယားေရာက္ ျမန္မာေတြမွာ ကင္းရွင္း


(zawgyi/unicode)

COVID- 19 ကူးစက္သူဦးေရ ေတာင္ကိုရီးယားမွာ မ်ားလာေနေပမယ့္ ျမန္မာလုပ္သားေတြကိုေတာ့ အခုခ်ိန္ထိ ေရာဂါကူးစက္မႈမရွိေသးဘဲ၊ ဒီလုပ္သားေတြရဲ႕ မိသားစုဝင္ေတြအေနနဲ႔လည္း စုိးရိမ္မႈမလြန္ကဲဖို႔ကို ျမန္မာသံရံုးတာဝန္ရွိသူက ေျပာပါတယ္။ ေရာဂါကာကြယ္ေရး နည္းလမ္းေတြကုိ စက္ရံုအလုပ္ရံုေတြမွာလည္း ေဆာင္ရြက္ေပးေနတယ္လို႔ ျမန္မာလုပ္သားေတြက ေျပာပါတယ္။

ေတာင္ကိုရီးယားမွာ ေနထုိင္ေနတဲ့ ျမန္မာႏုိင္ငံသားေတြရဲ႕ လက္တေလာအေျခအေနေတြကို ဗီြအိုေအသတင္းေထာက္ စုစုကေမးျမန္းေပးပို႔ထားပါတယ္။

COVID- 19 ကိုရိုနာေရာဂါပိုး ကူးစက္မႈဟာ တရုတ္ႏိုင္ငံၿပီးရင္ ေတာင္ကိုရီးယားႏို္င္ငံမွာ ဒုတိယအမ်ားဆံုး ကူးစက္ခံေနရတာပါ။ ျမန္မာႏုိင္ငံသားေလးေသာင္းေက်ာ္ ေနထုိင္ေနတဲ့ ေတာင္ကိုရီးယားမွာ အလုပ္သမားဗီဇာနဲ႔ ေရာက္ရွိေနထုိင္ေနသူကေတာ့ ၃၅,၅၀၀ ေက်ာ္ ရွိပါတယ္။

အခုခ်ိန္ထိ ျမန္မာလုပ္သားတဦးတေယာက္ကုိမွ ေရာဂါပိုးကူးစက္တာမရွိေသးဘဲ အကူအညီလိုအပ္လာရင္ ျမန္မာသံရံုးကို အခ်ိန္မေရြးဆက္သြယ္ဖို႔ ဆိုးလ္ၿမိဳ႕အေျခစုိက္ ျမန္မာသံရံုးက အလုပ္သမား သံအရာရွိ ဦးေဇယ်ာတင္ဝင္းထင္က အခုလိုေျပာပါတယ္။

“က်ေတာ္တို႔ဒီမွာရွိတဲ့ လုပ္သားေတြအေနနဲ႔ကေတာ့ ခုခ်ိန္ထိေပါ့ေနာ္ ေရာဂါကူးစက္မႈ မခံရေသးပါဘူး။ ေနာက္ခံမိသားစုေတြ အေနနဲ႔လည္း အရမ္းႀကီးစုိးရိမ္မႈ မလြန္ကဲဖို႔ရန္အတြက္ က်ေတာ့္အေနနဲ႔ မွာခ်င္ပါတယ္။ အေၾကာင္းကိစၥရွိလို႔ လိုအပ္တဲ့အကူအညီ ရွိလို႔ရွိရင္လည္း က်ေတာ္တို႔သံရံုးကုိ ဆက္သြယ္ပါ။ မိသားစုဝင္ေတြကလည္း ဆက္သြယ္ၿပီး ေမးျမန္းႏို္င္သလိုမ်ိဳး အလုပ္သမားေတြဘက္ကေတာ့ အခုခ်ိန္မွာေတာ့ အခ်ိန္မေရြး က်ေတာ့္ဆီကို ပံုမွန္တိုင္းပဲ အျမဲတမ္းဆက္သြယ္ၿပီးေတာ့ က်ေတာ္လည္း သတင္းရယူတာမ်ိဳးေတြ ရွိပါတယ္။”

ေတာင္ကုိရီးယားမွာ အခုလက္ရွိေနထုိင္ေနတဲ့ ျမန္မာလုပ္သားအမ်ားစုဟာ MOU ႏွစ္ႏုိင္ငံသေဘာတူညီခ်က္နဲ႔ လာေရာက္လုပ္ကိုင္ေနၾကသူေတြပါ။ အခုလို ကိုရိုနာဗုိင္းရပ္စ္ ကူးစက္မႈတက္ေနတဲ့အခ်ိန္မွာ စိုးရိမ္မႈရွိၾကေပမယ့္ ျမန္မာႏို္င္ငံကို ျပန္လာခ်င္ရင္ အလုပ္ရွင္ဆီက တရားဝင္ခြင့္ရက္ကို ယူရမွာျဖစ္လို႔ ဒီလိုအေျခအေနေတြကို ျမန္မာသံရံုးအေနနဲ႔ ကူညီေပးေနတယ္လို႔လည္း ဆုိပါတယ္။

ဒီရက္ပိုင္းထဲမွာ အလုပ္ရွင္ကေပးတဲ့ တရားဝင္ခြင့္ရက္နဲ႔ ျပန္တဲ့သူေတြရွိေပမယ့္ အမ်ားစုက စာခ်ဳပ္သက္တမ္းျပည့္လို႔ ျပန္သူေတြျဖစ္တယ္လို႔ ဦးေဇယ်ာတင္ဝင္းထင္က ေျပာပါတယ္။

“ကိုရိုနာေၾကာင့္မုိ႔လို႔ စုိးရိမ္မႈလြန္ကဲၿပီးေတာ့ ျပန္တဲ့ဟာမ်ိဳးကေတာ့ ေတာ္ေတာ္ေလးနည္းေတာ့ နည္းပါတယ္။ ျပန္တယ္ဆုိရင္ေတာင္မွ တခ်ိဳ႕စုိးရိမ္တဲ့သူေတြက လံုးဝ လုပ္ငန္းခြင္ကိုစြန္႔ၿပီးေတာ့ ျပန္သြားတာမ်ိဳးမဟုတ္ဘဲနဲ႔ သူေ႒းဆီကေနၿပီးေတာ့ ခြင့္နဲ႔တရားဝင္ ျပန္သြားၾကတဲ့သူေတြေပါ့ေနာ္။ အဲဒါမ်ိဳးေတြကေတာ့ ေလး၊ ငါးေယာက္ေလာက္ ရွိတယ္။ က်န္တာကေတာ့ စာခ်ဳပ္သက္တမ္းျပည့္လို႔ ျပန္တဲ့သူေတြ မ်ားပါတယ္။ ဒါကို နည္းနည္းေစာျပန္ၾကတဲ့ သူေတြရွိတယ္။ ပံုမွန္အတိုင္းပဲ သက္တမ္းကုန္လို႔ ျပန္တာရွိတယ္။”

ေတာင္ကိုရီးယားမွာ ကိုရိုနာဗိုင္းရပ္စ္ ကူးစက္ျပန္႔ပြားမႈကို ေနာက္ဆံုးအဆင့္ ၄ျဖစ္တဲ့ စုိးရိမ္အဆင့္ကို သတ္မွတ္ထားၿပီး တခ်ိဳ႕စက္ရံု အလုပ္ရံုေတြကုိလည္း ပိတ္ထားပါတယ္။ ပံုမွန္လည္ပတ္ေနတဲ့ စက္ရံုေတြမွာေတာ့ အလုပ္သမားေတြကို ေရာဂါကာကြယ္ေရးအတြက္ စီစဥ္ေပးထားတယ္လို႔ ကားပါကင္ေဆာက္လုပ္ေရး လုပ္ငန္းခြင္မွာ လုပ္ကုိင္ေနတဲ့ ကုန္ထုတ္လုပ္သား ကုိဟိိန္းထက္ေအာင္က အခုလိုေျပာပါတယ္။

“စက္ရံုကေတာ့ လုပ္ငန္းအႀကီးအေသးေပၚ မူတည္ၿပီးေတာ့ လုပ္ငန္းအေသးသမားေတြကေတာ့ ပိတ္ၾကတာေပါ့ေနာ္။ က်ေတာ္လက္ရွိလုပ္ေနတဲ့ ရံုကက်ေတာ့ လုပ္ငန္းနည္းနည္းႀကီးေတာ့ ဒီရံုကေတာ့ မပိတ္ဘူးဗ်။ က်ေတာ္တို႔ဆီမွာ အခုဘာေတြေပးထားလဲဆိုေတာ့ N 95 Mask ေတြေပးထားတယ္။ အဲဒီ Mask ကို ၂၄နာရီလံုးတပ္ရတယ္။ ထမင္းစားတဲ့တခ်ိန္ပဲ ျဖဳတ္ခြင့္ရွိတယ္ဗ်။ ၿပီးေတာ့ က်ေတာ္တို႔ကို Hand Gel ေလးေတြေပးထားတယ္ဗ်။ ၿပီးသြားေတာ့ က်ေတာ္တို႔ေနတဲ့ အေဆာင္ေတြမွာ မေန႔ကတုန္းက တႀကိမ္ ပိုးသတ္ေဆးလာဖ်န္းေပးတယ္ဗ်။”

ကုိဟိန္းထက္ေအာင္ေနထုိင္တဲ့ ေဒါခ်န္းမွာေတာ့ ကိုရိုနာေရာဂါပိုးကူးစက္ခံရသူ ငါးေယာက္အထိရွိသြားပါၿပီ။ ေရာဂါကူးစက္သူ အေရအတြက္ တိုးလာေနေပမယ့္လည္း ေတာင္ကိုရီးယားအစုိးရအေနနဲ႔ ဒီေရာဂါနဲ႔ပတ္သက္လို႔ ေသခ်ာေဆာင္ရြက္ေနတယ္လို႔လည္း သူကဆုိပါတယ္။

ေရာဂါျဖစ္ပြားမႈ ဒီထက္ပုိမ်ားလာရင္ ျမန္မာျပည္ျပန္မယ့္ သူေတြရွိေပမယ့္ ေငြေရးေၾကးေရးေၾကာင့္ စုိးရိမ္မႈေတြၾကားထဲက အလုပ္ဆက္လုပ္ေနရတယ့္အေျခအေနကိုလည္း သူကဆက္ေျပာပါတယ္။

“က်ေတာ့္သူငယ္ခ်င္းေတြ ေတာ္ေတာ္မ်ားမ်ားကေတာ့ ျမန္မာေတြရဲ႕ထံုးစံအတိုင္းေပါ့ေနာ္။ တခုခုဆို ရုတ္ရုတ္ ရုတ္ရုတ္ေပါ့ အဲလိုမ်ိဳးေလး ရွိၾကတယ္။ နည္းနည္းေတာ့ စိတ္ပူၾကတာေပါ့ေနာ္။ ဒါေပမယ့္ သူတို႔လည္း စိတ္ပူၾကတာ ျဖစ္သင့္ပါတယ္။ အခု သူတုိ႔ေျပာေနၾကတာေတာ့ (ဗုိင္းရပ္စ္ကူးစက္သူ) တအားႀကီး မ်ားလာရင္ေတာ့ ျမန္မာျပည္ျပန္မယ္ေပါ့။ တအားႀကီးမမ်ားဘူးဆိုရင္ေတာ့ ျမန္မာျပည္မျပန္ဘူးေပါ့။ ဘာလို႔လည္းဆုိေတာ့ ဒီႏုိင္ငံမွာက ဝင္ေငြက က်ေတာ္တို႔လုပ္ရင္ လုပ္သေလာက္ရေနတာဆုိေတာ့။ အဓိက ကေတာ့ ေငြေရးေၾကးေရးေၾကာင့္ေပါ့ အစ္မရယ္။ မိသားစုဝင္ေတြက ေနာက္ကြယ္မွာ ရွိေနတယ္ဆုိေတာ့။”

ေတာင္ကိုရီးယားမွာ လူေပါင္း ၁,၇၆၆ ေယာက္အထိ ကူးစက္ခံခဲ့ရၿပီး ေသဆံုးသူကေတာ့ ၁၃ဦးအထိ ရွိသြားပါၿပီ။ ဒါဟာ ကိုရိုနာေရာဂါ စတင္ျဖစ္ပြားခဲ့တဲ့ တရုတ္ႏို္င္ငံၿပီးရင္ ဒုတိယအမ်ားဆံုးမွာ ရွိေနတာပါ။

ျမန္မာလူမ်ိဳး အမ်ားဆံုးေနထုိင္တဲ့ ဘူေဖ်ာင္းမွာေတာ့ အသြားအလာနည္းပါးသြားသလို စားေသာက္ဆုိင္ေတြလည္း အေရာင္းပါးသြားတယ္လို႔ ဘူေဖ်ာင္းမွာ စားေသာက္ဆုိင္ဖြင့္ထားတဲ့ ကိုဟန္ေဆြဦးက VOA ကိုေျပာပါတယ္။

“ေလာေလာဆယ္ေတာ့ ဆုိင္ေတြကေတာ့ အေရာင္းပါးသြားတာေပါ့။ တေယာက္မွ မလာၾကေတာ့ဘူး။ ေရာဂါအေျခအေနေၾကာင့္ အျပင္လည္း လူေတြထြက္တာ နည္းသြားတယ္။ ကိုရီးယားအစုိးရကေတာ့ က်န္းမာေရးအေျခအေနအရ အျပင္သြားရင္ Mask တပ္ဖို႔၊ လက္ေဆးဖို႔ကို အဓိက သတင္းပို႔ေပးေနတယ္ေပါ့ ဖုန္းေတြကေန။ ဒီ ဘူေဖ်ာင္း ျမန္မာရပ္ကြက္ကေတာ့ ေတာ္ေတာ္မလာေတာ့တာ။ ျမန္မာေတြ ေတာ္ေတာ္ေၾကာက္ၿပီးေတာ့ မထြက္ၾကေတာ့ဘူး။”

တရုတ္ႏုိင္ငံ၊ ဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID- 19 ကိုရိုနာေရာဂါပိုးဟာ အျခားႏုိင္ငံေပါင္း ၄၉ႏုိင္ငံကို ကူးစက္ခဲ့ၿပီး ဒီကေန႔ ေဖေဖာ္ဝါရီ ၂၇ရက္ စာရင္းအရ လူေပါင္း ၈၂,၀၀၀ ေက်ာ္ (၈၂,၅၈၅) ကူးစက္ခံေနရတာပါ။ ဒါဟာ ကမာၻလွည့္အေပ်ာ္စီး သေဘၤာ Diamond Princess ေပၚက ကူးစက္ခံရသူ ၇၀၅ ေယာက္နဲ႔ ေသဆံုးသူ ၄ ဦးရဲ႕ စာရင္းကိုပါ ထည့္တြက္ထားတာျဖစ္ၿပီး ေသဆံုးသူကေတာ့ စုစုေပါင္း ၂,၈၀၀ ေက်ာ္ (၂,၈၁၄) အထိရွိေနၿပီး တရုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

..............

Covid-19 ရောဂါပိုး တောင်ကိုရီးယားရောက် မြန်မာတွေမှာ ကင်းရှင်း

(unicode)

COVID- 19 ကူးစက်သူဦးရေ တောင်ကိုရီးယားမှာ များလာနေပေမယ့် မြန်မာလုပ်သားတွေကိုတော့ အခုချိန်ထိ ရောဂါကူးစက်မှုမရှိသေးဘဲ၊ ဒီလုပ်သားတွေရဲ့ မိသားစုဝင်တွေအနေနဲ့လည်း စိုးရိမ်မှုမလွန်ကဲဖို့ကို မြန်မာသံရုံးတာဝန်ရှိသူက ပြောပါတယ်။ ရောဂါကာကွယ်ရေး နည်းလမ်းတွေကို စက်ရုံအလုပ်ရုံတွေမှာလည်း ဆောင်ရွက်ပေးနေတယ်လို့ မြန်မာလုပ်သားတွေက ပြောပါတယ်။

တောင်ကိုရီးယားမှာ နေထိုင်နေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လက်တလောအခြေအနေတွေကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်းပေးပို့ထားပါတယ်။

COVID- 19 ကိုရိုနာရောဂါပိုး ကူးစက်မှုဟာ တရုတ်နိုင်ငံပြီးရင် တောင်ကိုရီးယားနိုင်ငံမှာ ဒုတိယအများဆုံး ကူးစက်ခံနေရတာပါ။ မြန်မာနိုင်ငံသားလေးသောင်းကျော် နေထိုင်နေတဲ့ တောင်ကိုရီးယားမှာ အလုပ်သမားဗီဇာနဲ့ ရောက်ရှိနေထိုင်နေသူကတော့ ၃၅,၅၀၀ ကျော် ရှိပါတယ်။

အခုချိန်ထိ မြန်မာလုပ်သားတဦးတယောက်ကိုမှ ရောဂါပိုးကူးစက်တာမရှိသေးဘဲ အကူအညီလိုအပ်လာရင် မြန်မာသံရုံးကို အချိန်မရွေးဆက်သွယ်ဖို့ ဆိုးလ်မြို့အခြေစိုက် မြန်မာသံရုံးက အလုပ်သမား သံအရာရှိ ဦးဇေယျာတင်ဝင်းထင်က အခုလိုပြောပါတယ်။

“ကျတော်တို့ဒီမှာရှိတဲ့ လုပ်သားတွေအနေနဲ့ကတော့ ခုချိန်ထိပေါ့နော် ရောဂါကူးစက်မှု မခံရသေးပါဘူး။ နောက်ခံမိသားစုတွေ အနေနဲ့လည်း အရမ်းကြီးစိုးရိမ်မှု မလွန်ကဲဖို့ရန်အတွက် ကျတော့်အနေနဲ့ မှာချင်ပါတယ်။ အကြောင်းကိစ္စရှိလို့ လိုအပ်တဲ့အကူအညီ ရှိလို့ရှိရင်လည်း ကျတော်တို့သံရုံးကို ဆက်သွယ်ပါ။ မိသားစုဝင်တွေကလည်း ဆက်သွယ်ပြီး မေးမြန်းနိုင်သလိုမျိုး အလုပ်သမားတွေဘက်ကတော့ အခုချိန်မှာတော့ အချိန်မရွေး ကျတော့်ဆီကို ပုံမှန်တိုင်းပဲ အမြဲတမ်းဆက်သွယ်ပြီးတော့ ကျတော်လည်း သတင်းရယူတာမျိုးတွေ ရှိပါတယ်။”

တောင်ကိုရီးယားမှာ အခုလက်ရှိနေထိုင်နေတဲ့ မြန်မာလုပ်သားအများစုဟာ MOU နှစ်နိုင်ငံသဘောတူညီချက်နဲ့ လာရောက်လုပ်ကိုင်နေကြသူတွေပါ။ အခုလို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတက်နေတဲ့အချိန်မှာ စိုးရိမ်မှုရှိကြပေမယ့် မြန်မာနိုင်ငံကို ပြန်လာချင်ရင် အလုပ်ရှင်ဆီက တရားဝင်ခွင့်ရက်ကို ယူရမှာဖြစ်လို့ ဒီလိုအခြေအနေတွေကို မြန်မာသံရုံးအနေနဲ့ ကူညီပေးနေတယ်လို့လည်း ဆိုပါတယ်။

ဒီရက်ပိုင်းထဲမှာ အလုပ်ရှင်ကပေးတဲ့ တရားဝင်ခွင့်ရက်နဲ့ ပြန်တဲ့သူတွေရှိပေမယ့် အများစုက စာချုပ်သက်တမ်းပြည့်လို့ ပြန်သူတွေဖြစ်တယ်လို့ ဦးဇေယျာတင်ဝင်းထင်က ပြောပါတယ်။

“ကိုရိုနာကြောင့်မို့လို့ စိုးရိမ်မှုလွန်ကဲပြီးတော့ ပြန်တဲ့ဟာမျိုးကတော့ တော်တော်လေးနည်းတော့ နည်းပါတယ်။ ပြန်တယ်ဆိုရင်တောင်မှ တချို့စိုးရိမ်တဲ့သူတွေက လုံးဝ လုပ်ငန်းခွင်ကိုစွန့်ပြီးတော့ ပြန်သွားတာမျိုးမဟုတ်ဘဲနဲ့ သူဋ္ဌေးဆီကနေပြီးတော့ ခွင့်နဲ့တရားဝင် ပြန်သွားကြတဲ့သူတွေပေါ့နော်။ အဲဒါမျိုးတွေကတော့ လေး၊ ငါးယောက်လောက် ရှိတယ်။ ကျန်တာကတော့ စာချုပ်သက်တမ်းပြည့်လို့ ပြန်တဲ့သူတွေ များပါတယ်။ ဒါကို နည်းနည်းစောပြန်ကြတဲ့ သူတွေရှိတယ်။ ပုံမှန်အတိုင်းပဲ သက်တမ်းကုန်လို့ ပြန်တာရှိတယ်။”

တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကို နောက်ဆုံးအဆင့် ၄ဖြစ်တဲ့ စိုးရိမ်အဆင့်ကို သတ်မှတ်ထားပြီး တချို့စက်ရုံ အလုပ်ရုံတွေကိုလည်း ပိတ်ထားပါတယ်။ ပုံမှန်လည်ပတ်နေတဲ့ စက်ရုံတွေမှာတော့ အလုပ်သမားတွေကို ရောဂါကာကွယ်ရေးအတွက် စီစဉ်ပေးထားတယ်လို့ ကားပါကင်ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်ကိုင်နေတဲ့ ကုန်ထုတ်လုပ်သား ကိုဟိန်းထက်အောင်က အခုလိုပြောပါတယ်။

“စက်ရုံကတော့ လုပ်ငန်းအကြီးအသေးပေါ် မူတည်ပြီးတော့ လုပ်ငန်းအသေးသမားတွေကတော့ ပိတ်ကြတာပေါ့နော်။ ကျတော်လက်ရှိလုပ်နေတဲ့ ရုံကကျတော့ လုပ်ငန်းနည်းနည်းကြီးတော့ ဒီရုံကတော့ မပိတ်ဘူးဗျ။ ကျတော်တို့ဆီမှာ အခုဘာတွေပေးထားလဲဆိုတော့ N 95 Mask တွေပေးထားတယ်။ အဲဒီ Mask ကို ၂၄နာရီလုံးတပ်ရတယ်။ ထမင်းစားတဲ့တချိန်ပဲ ဖြုတ်ခွင့်ရှိတယ်ဗျ။ ပြီးတော့ ကျတော်တို့ကို Hand Gel လေးတွေပေးထားတယ်ဗျ။ ပြီးသွားတော့ ကျတော်တို့နေတဲ့ အဆောင်တွေမှာ မနေ့ကတုန်းက တကြိမ် ပိုးသတ်ဆေးလာဖျန်းပေးတယ်ဗျ။”

ကိုဟိန်းထက်အောင်နေထိုင်တဲ့ ဒေါချန်းမှာတော့ ကိုရိုနာရောဂါပိုးကူးစက်ခံရသူ ငါးယောက်အထိရှိသွားပါပြီ။ ရောဂါကူးစက်သူ အရေအတွက် တိုးလာနေပေမယ့်လည်း တောင်ကိုရီးယားအစိုးရအနေနဲ့ ဒီရောဂါနဲ့ပတ်သက်လို့ သေချာဆောင်ရွက်နေတယ်လို့လည်း သူကဆိုပါတယ်။

ရောဂါဖြစ်ပွားမှု ဒီထက်ပိုများလာရင် မြန်မာပြည်ပြန်မယ့် သူတွေရှိပေမယ့် ငွေရေးကြေးရေးကြောင့် စိုးရိမ်မှုတွေကြားထဲက အလုပ်ဆက်လုပ်နေရတယ့်အခြေအနေကိုလည်း သူကဆက်ပြောပါတယ်။

“ကျတော့်သူငယ်ချင်းတွေ တော်တော်များများကတော့ မြန်မာတွေရဲ့ထုံးစံအတိုင်းပေါ့နော်။ တခုခုဆို ရုတ်ရုတ် ရုတ်ရုတ်ပေါ့ အဲလိုမျိုးလေး ရှိကြတယ်။ နည်းနည်းတော့ စိတ်ပူကြတာပေါ့နော်။ ဒါပေမယ့် သူတို့လည်း စိတ်ပူကြတာ ဖြစ်သင့်ပါတယ်။ အခု သူတို့ပြောနေကြတာတော့ (ဗိုင်းရပ်စ်ကူးစက်သူ) တအားကြီး များလာရင်တော့ မြန်မာပြည်ပြန်မယ်ပေါ့။ တအားကြီးမများဘူးဆိုရင်တော့ မြန်မာပြည်မပြန်ဘူးပေါ့။ ဘာလို့လည်းဆိုတော့ ဒီနိုင်ငံမှာက ဝင်ငွေက ကျတော်တို့လုပ်ရင် လုပ်သလောက်ရနေတာဆိုတော့။ အဓိက ကတော့ ငွေရေးကြေးရေးကြောင့်ပေါ့ အစ်မရယ်။ မိသားစုဝင်တွေက နောက်ကွယ်မှာ ရှိနေတယ်ဆိုတော့။”

တောင်ကိုရီးယားမှာ လူပေါင်း ၁,၇၆၆ ယောက်အထိ ကူးစက်ခံခဲ့ရပြီး သေဆုံးသူကတော့ ၁၃ဦးအထိ ရှိသွားပါပြီ။ ဒါဟာ ကိုရိုနာရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ တရုတ်နိုင်ငံပြီးရင် ဒုတိယအများဆုံးမှာ ရှိနေတာပါ။

မြန်မာလူမျိုး အများဆုံးနေထိုင်တဲ့ ဘူဖျောင်းမှာတော့ အသွားအလာနည်းပါးသွားသလို စားသောက်ဆိုင်တွေလည်း အရောင်းပါးသွားတယ်လို့ ဘူဖျောင်းမှာ စားသောက်ဆိုင်ဖွင့်ထားတဲ့ ကိုဟန်ဆွေဦးက VOA ကိုပြောပါတယ်။

“လောလောဆယ်တော့ ဆိုင်တွေကတော့ အရောင်းပါးသွားတာပေါ့။ တယောက်မှ မလာကြတော့ဘူး။ ရောဂါအခြေအနေကြောင့် အပြင်လည်း လူတွေထွက်တာ နည်းသွားတယ်။ ကိုရီးယားအစိုးရကတော့ ကျန်းမာရေးအခြေအနေအရ အပြင်သွားရင် Mask တပ်ဖို့၊ လက်ဆေးဖို့ကို အဓိက သတင်းပို့ပေးနေတယ်ပေါ့ ဖုန်းတွေကနေ။ ဒီ ဘူဖျောင်း မြန်မာရပ်ကွက်ကတော့ တော်တော်မလာတော့တာ။ မြန်မာတွေ တော်တော်ကြောက်ပြီးတော့ မထွက်ကြတော့ဘူး။”

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၄၉နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၇ရက် စာရင်းအရ လူပေါင်း ၈၂,၀၀၀ ကျော် (၈၂,၅၈၅) ကူးစက်ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီး သင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၇၀၅ ယောက်နဲ့ သေဆုံးသူ ၄ ဦးရဲ့ စာရင်းကိုပါ ထည့်တွက်ထားတာဖြစ်ပြီး သေဆုံးသူကတော့ စုစုပေါင်း ၂,၈၀၀ ကျော် (၂,၈၁၄) အထိရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

စုစု/VOA (Burmese)
https://burmese.voanews.com
Covid-19 ေရာဂါပိုး ေတာင္ကိုရီးယားေရာက္ ျမန္မာေတြမွာ ကင္းရွင္း Covid-19 ေရာဂါပိုး ေတာင္ကိုရီးယားေရာက္ ျမန္မာေတြမွာ ကင္းရွင္း Reviewed by THITHTOOLWIN on 07:26 Rating: 5
Powered by Blogger.