ဝ ရဟတ္ယာဥ္ ဝယ္ယူမႈနဲ႔ ႏိုင္ငံေရး ျပႆနာ

(Zawgyi)⤵⤵⤵
ဝ (UWSA) က ဝယ္ယူထားတဲ့ ရဟတ္ယာဥ္ဟာ Robinson R-44 အမ်ိဳးအစားျဖစ္ၿပီး ေဈးကြက္ထဲမွာ အေမရိကန္ ေဒၚလာ သုံးသိန္းခြဲကေန ေလးသိန္း တန္ေၾကးရွိတယ္လို႔ စစ္ဘက္ေလ့လာသူေတြ ေျပာျပခ်က္အရ သိရပါတယ္။

မူရင္းထုတ္ကုန္က အေမရိကန္ျဖစ္ေပမယ့္လည္း တ႐ုတ္ႏိုင္ငံက ပုံတူထုတ္လုပ္တာလည္းျဖစ္ႏိုင္ေၾကာင္းနဲ႔ လုံၿခဳံေရးရႈေထာင့္အရ မေပါ့သင့္ဘူးလို႔  ေသနဂၤမဟာဗ်ဳဟာေလ့လာေရးအဖြဲ႕ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ဦးႏိုင္ေဆြဦး က ေျပာပါတယ္။

ဝတပ္ဖြဲ႕ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဦးညီရမ္းကေတာ့ ဒါဟာ အေပ်ာ္တမ္းသေဘာ သာမန္ရဟတ္ယာဥ္တစ္စီးသာ ျဖစ္တယ္လို႔ ေျပာပါတယ္။ ဘယ္ႏိုင္ငံထုတ္အမ်ိဳးအစား၊ ဘယ္ႏွစ္စီး ဝယ္ယူထားတယ္ဆိုတာမ်ိဳး တိတိက်က် ေျပာဆိုတာမ်ိဳးေတာ့ မရွိပါဘူး။

အင္အားႀကီးမားတဲ့ ဝတပ္ဖြဲ႕ရဲ႕ ရဟတ္ယာဥ္ပိုင္ဆိုင္မႈက ေဝဟင္စိုးမိုးေရးအတြက္ မဟုတ္သည့္တိုင္၊ စစ္ဆင္ေရး ေတြမွာ သုံးလို႔ရတဲ့အေနအထားလို႔ တပ္မေတာ္သားေဟာင္းျဖစ္တဲ့  ဦးႏိုင္ေဆြဦးက ဆိုပါတယ္။

ၿပီးခဲ့တဲ့ ေလးငါးႏွစ္ဝန္းက်င္ကတည္းက ၀ တပ္ဖြဲ႕က ရဟတ္ယာဥ္ဝယ္ယူဖို႔ ႀကိဳးစားတယ္လို႔ သတင္းထြက္ဖူး ပါတယ္။ လက္ေတြ႕မွာေတာ့ ဝထိန္းခ်ဳပ္ရာေဒသက ပန္းၿခံမွာ ေလယာဥ္အေဟာင္း၊ ရဟတ္ယာဥ္အေဟာင္းကို ျပသထားတာလည္း ေတြ႕ရပါတယ္။

၀ ေဒသဟာ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံ ဥပေဒအရ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသျဖစ္လို႔၊ စီးပြားေရး၊ အုပ္ခ်ဳပ္ေရး ယႏၲရားေတြကို သူ႔ကိုယ္ပိုင္စနစ္နဲ႔ လည္ပတ္ေနတာပါ။ ဥပေဒအရ အက်ဳံးမဝင္သည့္တိုင္ ၀ နဲ႔ပတ္သတ္လာရင္ တခ်ိဳ႕စစ္ေရး၊ အုပ္ခ်ဳပ္ေရးကိစၥဟာ ေျပာရဆိုရခက္တဲ့ကိစၥျဖစ္တယ္လို႔ သုံးသပ္သူက ISP-Myanmar အဖြဲ႕က ျပင္ပဆက္ဆံေရးအရာရွိ ဦးေအာင္သူၿငိမ္းပါ။

၀ တပ္ဖြဲ႕ UWSA ဟာ သူ႔ယႏၲရား သူလည္ပတ္ေနတာ ၁၉၈၉ ခုႏွစ္ကတည္းကျဖစ္တာမို႔၊ ေလေၾကာင္းပိုင္နက္ လည္း အလားတူအုပ္ခ်ဳပ္မယ့္ပုံျဖစ္ႏိုင္တယ္လို႔ ဗမာျပည္ကြန္ျမဴနစ္ပါတီဝင္ေဟာင္းလည္းျဖစ္၊ တိုင္းရင္းသား လက္နက္ကိုင္အေရး ကြၽမ္းက်င္သူလည္းျဖစ္တဲ့ ဦးေမာင္ေမာင္စိုးက သုံးသပ္ပါတယ္။

ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ေဝဟင္ပ်ံသန္းေရးကိစၥ ပါ၊ မပါဆိုတာထက္၊ ရဟတ္ယဥ္ဝယ္ယူမႈဟာ ျမန္မာႏိုင္ငံ မွာ ျပဌာန္းထားတဲ့ ေလေၾကာင္းဥပေဒေတြနဲ႔ ကိုက္ညီမႈမရွိဘူးလို႔ ဦးႏိုင္ေဆြဦးက ေထာက္ျပပါတယ္။

ဒါေၾကာင့္ အစိုးရဘက္က တားျမစ္ပိတ္ပင္သင့္တယ္လို႔လည္း သူက ေထာက္ျပပါတယ္။

၀ တပ္ဖြဲ႕ဟာ ေခတ္မီ၊ ေဝဟင္ပစ္ ဒုံးလက္နက္နဲ႔ ေဟာင္ဝွစ္ဇာအေျမာက္ေတြ၊ ဒုံးသီးေတြ တပ္ဆင္ထားတဲ့ ေမာင္းသူမဲ့ဒ႐ုန္းေတြ ပိုင္ဆိုင္ပါတယ္။ ၀ တပ္ဖြဲ႕က လက္ရွိ ဝယ္ယူတဲ့ ရဟတ္ယာဥ္က အရပ္သုံးဆိုေပမယ့္၊ သီရိ လကၤာမွာ အားေကာင္းခဲ့တဲ့ တမီးလ္ က်ားသူပုန္ေတြလို ေလတပ္အေသးစားက ပိုင္ဆိုင္ႏိုင္ေရးႀကိဳးပမ္းမႈ ရွိ၊ မရွိ ေစာင့္ၾကည့္ရဦးမယ္လို႔ ကိုႏိုင္ေဆြဦးက ဆိုပါတယ္။

၀ တပ္ဖြဲ႕ဟာ လက္ရွိ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ဦးေဆာင္ေနတဲ့ ၿငိမ္းခ်မ္းေရးက႑မွာ တက္တက္ ႂကြႂကြ ပါဝင္တာမ်ိဳးမရွိပါဘူး။ ဒါဟာ အဓိကအားျဖင့္ ၀ လက္ရွိရထားတဲ့အခြင့္အေရးေတြက NCA လက္မွတ္ေရး ထိုးရာမွာ ပါဝင္တဲ့အခ်က္ေတြထက္ ပိုခိုင္မာတာေၾကာင့္လို႔ ISP Myanmar အဖြဲ႕က ဦးေအာင္သူၿငိမ္းက  သုံးသပ္ ပါတယ္။

ဒါေၾကာင့္ ဝနဲ႔ မိုင္းလား အုပ္စုေတြကို တျခား လက္နက္ကိုင္အဖြဲ႕ေတြထက္ အစိုးရအေနနဲ႔ သီးျခားစီေဆြးေႏြးသင့္ တယ္လို႔ ဦးေမာင္ေမာင္စိုးက သုံးသပ္ပါတယ္။

၀ ရဲ႕ ကနဦး ေဝဟင္ေျခလွမ္းက လူေျပာသူေျပာမ်ားေပမယ့္၊ တကယ့္ ျပသနာရင္းျမစ္က ႏိုင္ငံေရးျပႆနာလို႔ သုံးသပ္ေနၾကပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
ဝ ရဟတ်ယာဉ် ဝယ်ယူမှုနဲ့ နိုင်ငံရေး ပြဿနာ

ဝ (UWSA) က ဝယ်ယူထားတဲ့ ရဟတ်ယာဉ်ဟာ Robinson R-44 အမျိုးအစားဖြစ်ပြီး ဈေးကွက်ထဲမှာ အမေရိကန် ဒေါ်လာ သုံးသိန်းခွဲကနေ လေးသိန်း တန်ကြေးရှိတယ်လို့ စစ်ဘက်လေ့လာသူတွေ ပြောပြချက်အရ သိရပါတယ်။

မူရင်းထုတ်ကုန်က အမေရိကန်ဖြစ်ပေမယ့်လည်း တရုတ်နိုင်ငံက ပုံတူထုတ်လုပ်တာလည်းဖြစ်နိုင်ကြောင်းနဲ့ လုံခြုံရေးရှုထောင့်အရ မပေါ့သင့်ဘူးလို့  သေနင်္ဂမဟာဗျုဟာလေ့လာရေးအဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ဆွေဦး က ပြောပါတယ်။

ဝတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းကတော့ ဒါဟာ အပျော်တမ်းသဘော သာမန်ရဟတ်ယာဉ်တစ်စီးသာ ဖြစ်တယ်လို့ ပြောပါတယ်။ ဘယ်နိုင်ငံထုတ်အမျိုးအစား၊ ဘယ်နှစ်စီး ဝယ်ယူထားတယ်ဆိုတာမျိုး တိတိကျကျ ပြောဆိုတာမျိုးတော့ မရှိပါဘူး။

အင်အားကြီးမားတဲ့ ဝတပ်ဖွဲ့ရဲ့ ရဟတ်ယာဉ်ပိုင်ဆိုင်မှုက ဝေဟင်စိုးမိုးရေးအတွက် မဟုတ်သည့်တိုင်၊ စစ်ဆင်ရေး တွေမှာ သုံးလို့ရတဲ့အနေအထားလို့ တပ်မတော်သားဟောင်းဖြစ်တဲ့  ဦးနိုင်ဆွေဦးက ဆိုပါတယ်။

ပြီးခဲ့တဲ့ လေးငါးနှစ်ဝန်းကျင်ကတည်းက ၀ တပ်ဖွဲ့က ရဟတ်ယာဉ်ဝယ်ယူဖို့ ကြိုးစားတယ်လို့ သတင်းထွက်ဖူး ပါတယ်။ လက်တွေ့မှာတော့ ဝထိန်းချုပ်ရာဒေသက ပန်းခြံမှာ လေယာဉ်အဟောင်း၊ ရဟတ်ယာဉ်အဟောင်းကို ပြသထားတာလည်း တွေ့ရပါတယ်။

၀ ဒေသဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်လို့၊ စီးပွားရေး၊ အုပ်ချုပ်ရေး ယန္တရားတွေကို သူ့ကိုယ်ပိုင်စနစ်နဲ့ လည်ပတ်နေတာပါ။ ဥပဒေအရ အကျုံးမဝင်သည့်တိုင် ၀ နဲ့ပတ်သတ်လာရင် တချို့စစ်ရေး၊ အုပ်ချုပ်ရေးကိစ္စဟာ ပြောရဆိုရခက်တဲ့ကိစ္စဖြစ်တယ်လို့ သုံးသပ်သူက ISP-Myanmar အဖွဲ့က ပြင်ပဆက်ဆံရေးအရာရှိ ဦးအောင်သူငြိမ်းပါ။

၀ တပ်ဖွဲ့ UWSA ဟာ သူ့ယန္တရား သူလည်ပတ်နေတာ ၁၉၈၉ ခုနှစ်ကတည်းကဖြစ်တာမို့၊ လေကြောင်းပိုင်နက် လည်း အလားတူအုပ်ချုပ်မယ့်ပုံဖြစ်နိုင်တယ်လို့ ဗမာပြည်ကွန်မြူနစ်ပါတီဝင်ဟောင်းလည်းဖြစ်၊ တိုင်းရင်းသား လက်နက်ကိုင်အရေး ကျွမ်းကျင်သူလည်းဖြစ်တဲ့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဝေဟင်ပျံသန်းရေးကိစ္စ ပါ၊ မပါဆိုတာထက်၊ ရဟတ်ယဉ်ဝယ်ယူမှုဟာ မြန်မာနိုင်ငံ မှာ ပြဌာန်းထားတဲ့ လေကြောင်းဥပဒေတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ဦးနိုင်ဆွေဦးက ထောက်ပြပါတယ်။

ဒါကြောင့် အစိုးရဘက်က တားမြစ်ပိတ်ပင်သင့်တယ်လို့လည်း သူက ထောက်ပြပါတယ်။

၀ တပ်ဖွဲ့ဟာ ခေတ်မီ၊ ဝေဟင်ပစ် ဒုံးလက်နက်နဲ့ ဟောင်ဝှစ်ဇာအမြောက်တွေ၊ ဒုံးသီးတွေ တပ်ဆင်ထားတဲ့ မောင်းသူမဲ့ဒရုန်းတွေ ပိုင်ဆိုင်ပါတယ်။ ၀ တပ်ဖွဲ့က လက်ရှိ ဝယ်ယူတဲ့ ရဟတ်ယာဉ်က အရပ်သုံးဆိုပေမယ့်၊ သီရိ လင်္ကာမှာ အားကောင်းခဲ့တဲ့ တမီးလ် ကျားသူပုန်တွေလို လေတပ်အသေးစားက ပိုင်ဆိုင်နိုင်ရေးကြိုးပမ်းမှု ရှိ၊ မရှိ စောင့်ကြည့်ရဦးမယ်လို့ ကိုနိုင်ဆွေဦးက ဆိုပါတယ်။

၀ တပ်ဖွဲ့ဟာ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဦးဆောင်နေတဲ့ ငြိမ်းချမ်းရေးကဏ္ဍမှာ တက်တက် ကြွကြွ ပါဝင်တာမျိုးမရှိပါဘူး။ ဒါဟာ အဓိကအားဖြင့် ၀ လက်ရှိရထားတဲ့အခွင့်အရေးတွေက NCA လက်မှတ်ရေး ထိုးရာမှာ ပါဝင်တဲ့အချက်တွေထက် ပိုခိုင်မာတာကြောင့်လို့ ISP Myanmar အဖွဲ့က ဦးအောင်သူငြိမ်းက  သုံးသပ် ပါတယ်။

ဒါကြောင့် ဝနဲ့ မိုင်းလား အုပ်စုတွေကို တခြား လက်နက်ကိုင်အဖွဲ့တွေထက် အစိုးရအနေနဲ့ သီးခြားစီဆွေးနွေးသင့် တယ်လို့ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။

၀ ရဲ့ ကနဦး ဝေဟင်ခြေလှမ်းက လူပြောသူပြောများပေမယ့်၊ တကယ့် ပြသနာရင်းမြစ်က နိုင်ငံရေးပြဿနာလို့ သုံးသပ်နေကြပါတယ်။

RFA Burmese
https://www.rfa.org
ဝ ရဟတ္ယာဥ္ ဝယ္ယူမႈနဲ႔ ႏိုင္ငံေရး ျပႆနာ ဝ ရဟတ္ယာဥ္ ဝယ္ယူမႈနဲ႔ ႏိုင္ငံေရး ျပႆနာ Reviewed by THITHTOOLWIN on 07:23 Rating: 5
Powered by Blogger.