မႏၱေလး-မဏိပူရ ဘတ္စ္ကားလိုင္း ေျပးဆြဲေရး သမၼတ ၂ ဦး သေဘာတူ

(Photo-President of India)

(Zawgyi/Unicode)

ျမန္မာႏုိင္ငံအတြင္း လူမႈဖြံ႔ၿဖိဳးေရးစီမံကိန္းေတြ ကူညီေပးမယ့္ သေဘာတူညီခ်က္ အပါအ၀င္ အိႏၵိယနဲ႔ ျမန္မာအၾကား နားလည္မႈစာခၽြန္ (၁၀) ခုကုိ ၾကာသပေတးေန႔က လက္မွတ္ေရးထုိးလုိက္ၾကပါတယ္။

ႏွစ္ႏုိ္င္ငံပူးတြဲ ထုတ္ျပန္လုိက္တဲ့ သေဘာတူညီခ်က္အရ ဧၿပီလ ၇ ရက္ေန႔ကစလုိ႔ အိႏၵိယႏုိင္ငံ၊ မဏိပူရျပည္နယ္နဲ႔ ျမန္မာႏုိင္ငံ မႏၱေလးၿမိဳ႕အၾကား ပုံမွန္ ဘတ္စ္ကား ေျပးဆြဲဖုိ႔ သေဘာတူလုိက္ၾကပါတယ္။ ႏွစ္ဘက္ ဘတ္စ္ကားကုမၸဏီေတြဘက္ကလည္း သေဘာတူလက္မွတ္ ေရးထုိးၿပီးျဖစ္တယ္လုိ႔ ဆုိပါတယ္။

ႏွစ္ႏုိင္ငံဆက္ဆံေရးမွာ ဆက္သြယ္ေရးဟာ အဓိကက်တယ္ဆုိတာကုိ ႏွစ္ဘက္စလုံးက အေလးထား ေျပာဆုိခဲ့ၾကတာနဲ႔အညီ အိႏၵိယ ေငြေၾကးစုိက္ လုပ္ေဆာင္ေနတဲ့ အေျခခံအေဆာက္အဦး လုပ္ငန္းေတြ အျမန္ဆုံး ၿပီးေျမာက္ ေအာင္ျမင္ေအာင္ လုပ္ေဆာင္သြားမယ္လုိ႔ ဆုိပါတယ္။

အိႏၵိယနယ္စပ္ တမူးၿမိဳ႕မွာ Integrated Check Point လုိ႔ေခၚတဲ့ ဘက္စုံ စစ္ေဆးႏုိင္တဲ့ နယ္စပ္ဂိတ္ကုိလည္း အိႏၵိယရဲ႕ အကူအညီနဲ႔ တည္ေဆာက္ေနၿပီး မၾကာခင္မွာ ဖြင့္ႏုိင္မယ္လုိ႔ ဆုိပါတယ္။ ႏုစ္ႏုိင္ငံအၾကားက ျပည္သူေတြ နယ္စပ္ကုိ အလြယ္တကူ ျဖတ္ေက်ာ္ သြားလာႏုိင္ေရးအတြက္ ကုန္းေၾကာင္းျဖတ္သန္းသြားလာေရးဆုိင္ရာ သေဘာတူညီခ်က္ကုိ ၂၀၁၈ ခုႏွစ္မွာ လက္မွတ္ေရးထုိးထားၿပီး ျဖစ္ပါတယ္။ ေနာက္ထပ္နယ္စပ္ဂိတ္တခုျဖစ္တဲ့ အိႏၵိယဘက္က မီဇုိးရမ္းျပည္နယ္က Rihkhawdar – Zokhawthar မွာလည္း ႏွစ္ႏုိင္ငံ ျပည္သူေတြ အလြယ္တကူ ျဖတ္သန္းသြားလာလုိ႔ ရႏုိင္ေအာင္ စီစဥ္ေပးထားတယ္လုိ႔ ဆုိပါတယ္။

ဒါ့အျပင္ နယ္စပ္ေဒသဖြံ႔ၿဖိဳးေရး အစီအစဥ္အရ ခ်င္းျပည္နယ္နဲ႔ နာဂ ကုိယ္ပုိင္အုပ္ခ်ဳပ္ခြင့္ရ ေဒသေတြမွာ ဖြံ႔ၿဖိဳေရး စီမံကိန္းေတြ အေကာင္အထည္ေဖာ္ေနတာမွာ စာသင္ေက်ာင္းေတြ၊ က်န္းမာေရးေစာင့္ေရွာက္မႈဌာနေတြနဲ႔ တံတားေတြ တည္ေဆာက္ေပးခဲ့ၿပီး ျဖစ္တယ္လုိ႔ ဆုိပါတယ္။

ႏုိင္ငံတကာေရးရာ ကိစၥေတြမွာ ဥပေဒေၾကာင္းအရ အျပန္အလွန္ အကူအညီေပးေရး၊ တရားခံလြဲေျပာင္းေရး သေဘာတူညီခ်က္ စတဲ့ကိစၥရပ္ေတြကုိ ဆက္လက္ ညွိႏႈိင္း ေဆြးေႏြးသြားၾကဖုိ႔၊ ေနာက္ ျမန္မာႏုိင္ငံမွာ သံတမန္သင္တန္းေက်ာင္း ဖြင့္ေရး အိႏၵိယက အကူအညီေပးမယ့္ ကိစၥေတြကုိလည္း ေဆြးေႏြးခဲ့ၾကတယ္လုိ႔ ဆုိပါတယ္။

ေဖေဖာ္၀ါရီလ ၂၈ ရက္၊ ေသာၾကာေန႔မွာေတာ့ သမၼတ ဦး၀င္းျမင့္နဲ႔ ဇနီး ေဒၚခ်ဳိခ်ဳိတုိ႔ဟာ ဗုဒၶဂါယာကုိ ခရီးဆက္မွာျဖစ္ပါတယ္။

...................

မန္တလေး-မဏိပူရ ဘတ်စကားလိုင်း ပြေဆွဲရေး သမ္မတ ၂ ဦး သဘောတူ

(Unicode)

မြန်မာနိုင်ငံအတွင်း လူမှုဖွံ့ဖြိုးရေးစီမံကိန်းတွေ ကူညီပေးမယ့် သဘောတူညီချက် အပါအဝင် အိန္ဒိယနဲ့ မြန်မာအကြား နားလည်မှုစာချွန် (၁၀) ခုကို ကြာသပတေးနေ့က လက်မှတ်ရေးထိုးလိုက်ကြပါတယ်။

နှစ်နိုင်ငံပူးတွဲ ထုတ်ပြန်လိုက်တဲ့ သဘောတူညီချက်အရ ဧပြီလ ၇ ရက်နေ့ကစလို့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်နဲ့ မြန်မာနိုင်ငံ မန္တလေးမြို့အကြား ပုံမှန် ဘတ်စ်ကား ပြေးဆွဲဖို့ သဘောတူလိုက်ကြပါတယ်။ နှစ်ဘက် ဘတ်စ်ကားကုမ္ပဏီတွေဘက်ကလည်း သဘောတူလက်မှတ် ရေးထိုးပြီးဖြစ်တယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးမှာ ဆက်သွယ်ရေးဟာ အဓိကကျတယ်ဆိုတာကို နှစ်ဘက်စလုံးက အလေးထား ပြောဆိုခဲ့ကြတာနဲ့အညီ အိန္ဒိယ ငွေကြေးစိုက် လုပ်ဆောင်နေတဲ့ အခြေခံအဆောက်အဦး လုပ်ငန်းတွေ အမြန်ဆုံး ပြီးမြောက် အောင်မြင်အောင် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

အိန္ဒိယနယ်စပ် တမူးမြို့မှာ Integrated Check Point လို့ခေါ်တဲ့ ဘက်စုံ စစ်ဆေးနိုင်တဲ့ နယ်စပ်ဂိတ်ကိုလည်း အိန္ဒိယရဲ့ အကူအညီနဲ့ တည်ဆောက်နေပြီး မကြာခင်မှာ ဖွင့်နိုင်မယ်လို့ ဆိုပါတယ်။ နုစ်နိုင်ငံအကြားက ပြည်သူတွေ နယ်စပ်ကို အလွယ်တကူ ဖြတ်ကျော် သွားလာနိုင်ရေးအတွက် ကုန်းကြောင်းဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူညီချက်ကို ၂၀၁၈ ခုနှစ်မှာ လက်မှတ်ရေးထိုးထားပြီး ဖြစ်ပါတယ်။ နောက်ထပ်နယ်စပ်ဂိတ်တခုဖြစ်တဲ့ အိန္ဒိယဘက်က မီဇိုးရမ်းပြည်နယ်က Rihkhawdar – Zokhawthar မှာလည်း နှစ်နိုင်ငံ ပြည်သူတွေ အလွယ်တကူ ဖြတ်သန်းသွားလာလို့ ရနိုင်အောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသဖွံ့ဖြိုးရေး အစီအစဉ်အရ ချင်းပြည်နယ်နဲ့ နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ဖွံ့ဖြိုရေး စီမံကိန်းတွေ အကောင်အထည်ဖော်နေတာမှာ စာသင်ကျောင်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနတွေနဲ့ တံတားတွေ တည်ဆောက်ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာရေးရာ ကိစ္စတွေမှာ ဥပဒေကြောင်းအရ အပြန်အလှန် အကူအညီပေးရေး၊ တရားခံလွဲပြောင်းရေး သဘောတူညီချက် စတဲ့ကိစ္စရပ်တွေကို ဆက်လက် ညှိနှိုင်း ဆွေးနွေးသွားကြဖို့၊ နောက် မြန်မာနိုင်ငံမှာ သံတမန်သင်တန်းကျောင်း ဖွင့်ရေး အိန္ဒိယက အကူအညီပေးမယ့် ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်၊ သောကြာနေ့မှာတော့ သမ္မတ ဦးဝင်းမြင့်နဲ့ ဇနီး ဒေါ်ချိုချိုတို့ဟာ ဗုဒ္ဓဂါယာကို ခရီးဆက်မှာဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
မႏၱေလး-မဏိပူရ ဘတ္စ္ကားလိုင္း ေျပးဆြဲေရး သမၼတ ၂ ဦး သေဘာတူ မႏၱေလး-မဏိပူရ ဘတ္စ္ကားလိုင္း ေျပးဆြဲေရး သမၼတ ၂ ဦး သေဘာတူ Reviewed by THITHTOOLWIN on 07:27 Rating: 5
Powered by Blogger.