COVID- 19 ေရာဂါပညာေပး ျမန္မာ ဦးစားေပး ေဆာင္ရြက္ေန

ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္တြင္ ေလယာဥ္၀န္ထမ္းမ်ားကို ေတြ႔ရစဥ္

(Zawgyi/Unicode)

COVID- 19 ကိုရုိနာေရာဂါပိုး ေစာင့္ၾကည့္နဲ႔ သံသယလူနာ မရွိေသးတဲ့ ျမန္မာႏို္င္ငံမွာ ဒီေရာဂါ ကာကြယ္ေရးအတြက္ က်န္းမာေရးဌာန တာဝန္ရွိသူေတြက ျပည္သူေတြကိုအသိပညာ ေပးတဲ့အပုိင္းကို အဓိကထားေဆာက္ရြက္ေနတယ္လို႔ ဆုိပါတယ္။ သက္ဆုိင္တဲ့ ၿမိဳ႕နယ္အသီးသီးက ျပည္သူ႔က်န္းမာေရး ဦးစီးဌာနေတြကလည္း ႏုိင္ငံျခားခရီးသြားအဝင္ အထြက္ေတြမွာ ေသခ်ာေစာင့္ၾကပ္ စစ္ေဆးေနတယ္လို႔ ေျပာပါတယ္။ အျပည့္အစံုကို ဗီြအိုေအသတင္းေထာက္ စုစုကေျပာျပသြားမွာပါ။

ဇန္နဝါရီလ ၃၁ ရက္ကေန ေဖေဖာ္ဝါရီ ၂၅ရက္ မေန႔ကအထိ စာရင္းေတြအရ ျမန္မာႏုိင္ငံမွာ COVID- 19 ေစာင့္ၾကည့္လူနာ ၃၉ဦးနဲ႔ သံသယလူနာ ၂ဦး၊ ေပါင္း ၄၁ဦးရွိခဲ့တယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနက စာရင္းထုတ္ျပန္ထားပါတယ္။ အဲဒီထဲက ေစာင့္ၾကည့္လူနာ ၁ဦးရဲ႕ ဓာတ္ခြဲအတည္ျပဳခ်က္ကို ေစာင့္ဆုိင္းေနၿပီး က်န္တဲ့ အေယာက္ ၄၀မွာေတာ့ ေရာဂါပိုး မေတြ႕ရွိခဲ့ပါဘူး။

ဒီေရာဂါေစာင့္ၾကပ္ ၾကည့္ရႈေရးလုပ္ငန္းေတြကုိ အျပည္ျပည္ဆုိင္ရာ ေလဆိပ္ေတြနဲ႔ နယ္စပ္ ဂိတ္ေတြမွာ သက္ဆိုင္တဲ့ ဌာနေတြ ပူးေပါင္းေဆာင္ရြက္ေန သလို တရုတ္နဲ႔ နယ္နိမိတ္ခ်င္း ထိစပ္ေနတဲ့ ကခ်င္နဲ႔ ရွမ္းျပည္နယ္ေတြမွာလည္း ေရာဂါကာကြယ္ေရးအတြက္ ျပည္သူကို အသိပညာ ေပးမႈေတြ တိုးျမွင့္ ေဆာင္ရြက္ ေနတာပါ။

ရွမ္းျပည္နယ္အေရွ႕ပိုင္းကေတာ့ တရုတ္နဲ႔တုိက္ရုိက္ဝင္ေပါက္ မရွိေပမယ့္ ယိုးဒယားနဲ႔ လာအုိ ႏိုင္ငံ ေတြနဲ႔ တိုက္ရိုက္ နယ္စပ္ထိစပ္မႈ ရွိေနတာေၾကာင့္ အဲဒီကေန ဝင္လာသူေတြကို က်န္းမာေရး စစ္ေဆးမႈေတြေသေသ ခ်ာခ်ာ လုပ္ေဆာင္ ေပးေနတယ္လို႔ ရွမ္းျပည္နယ္ အေရွ႕ပိုင္း ျပည္သူ႔ က်န္းမာေရးဦးစီးမွဴး ေဒါက္တာျမင့္ေက်ာ္က ေျပာပါတယ္။

“တရုတ္ျပည္နဲ႔ တိုက္ရိုက္ဝင္ေပါက္ေတာ့ မရွိဘူး။ ဒါေပမယ့္ အထူးေဒသ ၄၊ အထူးေဒသ ၂ေတြနဲ႔ ဆက္စပ္ေနတဲ့ေနရာေတြမွာ က်န္းမာေရးစစ္ေဆးမႈေတြ ေဆာင္ရြက္ေပးလ်က္ရွိတယ္။ ေနာက္တခုက ျပည္သူလူထုအေျချပဳတဲ့ ေရာဂါေစာင့္ၾကပ္ ၾကည့္ရႈျခင္းေပါ့ေနာ္။ အဲဒါကို ရပ္ေက်းအဆင့္၊ ရပ္ရြာအဆင့္အထိ ပညာေပးတဲ့လုပ္ငန္းေဆာင္ရြက္သလိုပဲ။ အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန ရပ္ေက်းစာေရးေတြရယ္၊ တိုင္းရင္းသားအဖြဲ႕အစည္းေတြနဲ႔ ေပါင္းၿပီးေတာ့ ဖ်ားတယ္ နာတယ္၊ တရုတ္ျပည္ဘက္က ျပန္လာတဲ့သူ ေတြ႕တယ္ဆိုရင္ က်န္းမာေရးဌာနကို အျမန္သတင္းေပးပို႔ဖို႔အတြက္ ျပည္သူလူထုအေျချပဳတဲ့ ေရာဂါေစာင့္ၾကပ္ေရး စနစ္ကိုလည္း ရွမ္းျပည္နယ္အေရွ႕ပိုင္း ၿမိဳ႕နယ္မ်ားမွာ ေဆာင္ရြက္လ်က္ရွိပါတယ္။”

ရွမ္းျပည္နယ္ထဲမွာ COVID- 19 ကိုရိုနာေရာဂါပိုး ေစာင့္ၾကည့္လူနာက ၁၀ဦးအထိ ရွိခဲ့တာ ပါ။ ဒါေၾကာင့္ ဒီ ေရာဂါပိုးနဲ႔ ပတ္သက္ၿပီး ျပည္သူေတြကုိအသိပညာ ေပးတဲ့အပိုင္းမွာ သက္ဆုိင္ရာဌာနေတြနဲ႔ ပူးေပါင္းၿပီး ၿမိဳ႕နယ္အသီးသီးမွာ ေဆြးေႏြးပြဲေတြ ျပဳလုပ္ေပးေန ေၾကာင္းနဲ႔ နယ္စပ္ဂိတ္ေတြမွာ လည္း က်န္းမာေရးအသိပညာေပးခ်က္ေတြကို ဝင္လာတဲ့ ႏုိင္ငံျခားခရီးသြားေတြဆီ ျဖန္႔ေဝတာေတြ လုပ္တယ္လို႔ ဆိုပါတယ္။

ဒါေတြကို ဇန္နဝါရီလ ၂၅ရက္ကတည္းက စတင္ေဆာင္ရြက္ေနသလို ဟုိတယ္နဲ႔ ခရီးသြားလာေရးဝန္ႀကီးဌာနနဲ႔ ပူးေပါင္းၿပီးေတာ့လည္းခရီးသြားက်န္းမာေရး လမ္းညႊန္ခ်က္ေတြကုိ ျဖန္႔ေဝေပးေနတယ္လို႔ လည္း ေဒါက္တာျမင့္ေက်ာ္က ေျပာပါတယ္။

ျမန္မာႏိုင္ငံ အထက္ပိုင္းျဖစ္တဲ့ ကခ်င္ျပည္နယ္ထဲမွာေတာ့ တစ္ရွဴးငွက္ေပ်ာစုိက္ခင္းေတြေၾကာင့္ တရုတ္လုပ္သား အဝင္အထြက္ အျမဲရွိေနၿပီး သူတို႔ကို က်န္းမာေရး စစ္ေဆးမႈေတြ အစဥ္တစိုက္ လုပ္ေဆာင္ေနေၾကာင္းနဲ႔ အခုထိေတာ့ အားလံုးဟာ က်န္းမာေရးေကာင္းမြန္တယ္လို႔ ကခ်င္ျပည္နယ္၊ ဝို္င္းေမာ္ၿမိဳ႕နယ္ ျပည္သူ႔က်န္းမာေရးဦးစီးမွဴး ဦးသိန္းၿမိဳ႕က ဗီြအုိေအကိုေျပာပါတယ္။

“က်ေတာ္တို႔ဝိုင္းေမာ္မွာက သူတို႔အလုပ္လုပ္ေနတာ ႏွစ္ေပါင္းမ်ားစြာၾကာၿပီေပါ့ေနာ္။ ႏွစ္ပတ္ တေခါက္ သူတုိ႔ Border Pass သက္တမ္းတိုး လုပ္ရတယ္ေပါ့ေနာ္။ အဲဒီစည္းကမ္းနဲ႔ သူတို႔ျပည္ဝင္ခြင့္ စနစ္တက် သူတုိ႔ကိုေပးထားတာေတြ ရွိတယ္။ သူတုိ႔ရဲ႕က်န္းမာေရးေတြ က်ေတာ္တို႔အျမဲတမ္း ေစာင့္ၾကည့္ေနတယ္။ အခုခ်ိန္ထိကေတာ့ အကုန္လံုး က်န္းမာေရးေကာင္းၾကပါတယ္။”

ျမန္မာႏုိင္ငံမွာ COVID- 19 ဓာတ္ခြဲအတည္ျပဳလူနာ မရွိေသးေပမယ့္လည္း ေရာဂါျဖစ္ပြားသူေတြကို ရုတ္တရက္ တၿပိဳင္နက္တည္း ေတြ႕လာႏုိ္င္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန တာဝန္ရွိသူေတြက သတိေပးေျပာဆို ထားပါတယ္။ အဲဒါေၾကာင့္ ျပည္သူေတြအေနနဲ႔ လူစုလူေဝးနဲ႔ ပြဲလမ္းသဘင္ေတြကို ေရွာင္ၾကဥ္ၾကဖို႔နဲ႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ေရာဂါကာကြယ္ေရး က်န္းမာေရးအသိေပး ႏႈိးေဆာ္ခ်က္ေတြကို လိုက္နာေဆာင္ရြက္ၾကဖို႔ တိုက္တြန္းထားပါတယ္။

တရုတ္ႏုိ္င္ငံ၊ ဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕ကေန စတင္ျဖစ္ပြားခဲ့တဲ့ COVID- 19 ကိုရိုနာေရာဂါပိုးဟာ အျခားႏုိင္ငံေပါင္း ၄၂ႏုိင္ငံကို ကူးစက္ခဲ့ၿပီး ဒီကေန႔ ေဖေဖာ္ဝါရီ ၂၆ရက္ ညေနခင္းစာရင္းအရ လူေပါင္း ၈၁,၀၀၀ ေက်ာ္ (၈၁,၂၆၄) ကူးစက္ခံေနရတာပါ။ ဒါဟာ ကမာၻလွည့္အေပ်ာ္စီး သေဘၤာ Diamond Princess ေပၚက ကူးစက္ခံရသူ ၆၉၁ ေယာက္နဲ႔ ေသဆံုးသူ ၄ဦးရဲ႕ စာရင္းကိုပါ ထည့္တြက္ထားတာျဖစ္ၿပီး ေသဆံုးသူကေတာ့ စုစုေပါင္း ၂,၇၀၀ ေက်ာ္ (၂,၇၇၀) အထိ ရွိေနၿပီး တရုတ္ႏုိင္ငံမွာ အမ်ားဆံုးျဖစ္ပါတယ္။

COVID- 19 ကိုရုိနာေရာဂါပိုး ကူးစက္ခံရမႈ ဒုတိယအမ်ားဆံုးျဖစ္တဲ့ ေတာင္ကိုရီးယားႏို္င္ငံ မွာေတာ့ လူဦးေရ တေထာင္ေက်ာ္ (၁,၂၆၁) ကူးစက္ခံခဲ့ရၿပီး ေသဆံုးသူ ၁၂ဦးထိ ရွိသြားပါၿပီ။

..............

COVID- 19 ရောဂါပညာပေး မြန်မာ ဦးစားပေးဆောင်ရွက်နေ

(Unicode)

COVID- 19 ကိုရိုနာရောဂါပိုး စောင့်ကြည့်နဲ့ သံသယလူနာ မရှိသေးတဲ့ မြန်မာနိုင်ငံမှာ ဒီရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြည်သူတွေကိုအသိပညာ ပေးတဲ့အပိုင်းကို အဓိကထားဆောက်ရွက်နေတယ်လို့ ဆိုပါတယ်။ သက်ဆိုင်တဲ့ မြို့နယ်အသီးသီးက ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေကလည်း နိုင်ငံခြားခရီးသွားအဝင် အထွက်တွေမှာ သေချာစောင့်ကြပ် စစ်ဆေးနေတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကပြောပြသွားမှာပါ။

ဇန်နဝါရီလ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၂၅ရက် မနေ့ကအထိ စာရင်းတွေအရ မြန်မာနိုင်ငံမှာ COVID- 19 စောင့်ကြည့်လူနာ ၃၉ဦးနဲ့ သံသယလူနာ ၂ဦး၊ ပေါင်း ၄၁ဦးရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနက စာရင်းထုတ်ပြန်ထားပါတယ်။ အဲဒီထဲက စောင့်ကြည့်လူနာ ၁ဦးရဲ့ ဓာတ်ခွဲအတည်ပြုချက်ကို စောင့်ဆိုင်းနေပြီး ကျန်တဲ့ အယောက် ၄၀မှာတော့ ရောဂါပိုး မတွေ့ရှိခဲ့ပါဘူး။

ဒီရောဂါစောင့်ကြပ် ကြည့်ရှုရေးလုပ်ငန်းတွေကို အပြည်ပြည်ဆိုင်ရာ လေဆိပ်တွေနဲ့ နယ်စပ် ဂိတ်တွေမှာ သက်ဆိုင်တဲ့ ဌာနတွေ ပူးပေါင်းဆောင်ရွက်နေ သလို တရုတ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာလည်း ရောဂါကာကွယ်ရေးအတွက် ပြည်သူကို အသိပညာ ပေးမှုတွေ တိုးမြှင့် ဆောင်ရွက် နေတာပါ။

ရှမ်းပြည်နယ်အရှေ့ပိုင်းကတော့ တရုတ်နဲ့တိုက်ရိုက်ဝင်ပေါက် မရှိပေမယ့် ယိုးဒယားနဲ့ လာအို နိုင်ငံ တွေနဲ့ တိုက်ရိုက် နယ်စပ်ထိစပ်မှု ရှိနေတာကြောင့် အဲဒီကနေ ဝင်လာသူတွေကို ကျန်းမာရေး စစ်ဆေးမှုတွေသေသေ ချာချာ လုပ်ဆောင် ပေးနေတယ်လို့ ရှမ်းပြည်နယ် အရှေ့ပိုင်း ပြည်သူ့ ကျန်းမာရေးဦးစီးမှူး ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

“တရုတ်ပြည်နဲ့ တိုက်ရိုက်ဝင်ပေါက်တော့ မရှိဘူး။ ဒါပေမယ့် အထူးဒေသ ၄၊ အထူးဒေသ ၂တွေနဲ့ ဆက်စပ်နေတဲ့နေရာတွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ ဆောင်ရွက်ပေးလျက်ရှိတယ်။ နောက်တခုက ပြည်သူလူထုအခြေပြုတဲ့ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းပေါ့နော်။ အဲဒါကို ရပ်ကျေးအဆင့်၊ ရပ်ရွာအဆင့်အထိ ပညာပေးတဲ့လုပ်ငန်းဆောင်ရွက်သလိုပဲ။ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရပ်ကျေးစာရေးတွေရယ်၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ ဖျားတယ် နာတယ်၊ တရုတ်ပြည်ဘက်က ပြန်လာတဲ့သူ တွေ့တယ်ဆိုရင် ကျန်းမာရေးဌာနကို အမြန်သတင်းပေးပို့ဖို့အတွက် ပြည်သူလူထုအခြေပြုတဲ့ ရောဂါစောင့်ကြပ်ရေး စနစ်ကိုလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း မြို့နယ်များမှာ ဆောင်ရွက်လျက်ရှိပါတယ်။”

ရှမ်းပြည်နယ်ထဲမှာ COVID- 19 ကိုရိုနာရောဂါပိုး စောင့်ကြည့်လူနာက ၁၀ဦးအထိ ရှိခဲ့တာ ပါ။ ဒါကြောင့် ဒီ ရောဂါပိုးနဲ့ ပတ်သက်ပြီး ပြည်သူတွေကိုအသိပညာ ပေးတဲ့အပိုင်းမှာ သက်ဆိုင်ရာဌာနတွေနဲ့ ပူးပေါင်းပြီး မြို့နယ်အသီးသီးမှာ ဆွေးနွေးပွဲတွေ ပြုလုပ်ပေးနေ ကြောင်းနဲ့ နယ်စပ်ဂိတ်တွေမှာ လည်း ကျန်းမာရေးအသိပညာပေးချက်တွေကို ဝင်လာတဲ့ နိုင်ငံခြားခရီးသွားတွေဆီ ဖြန့်ဝေတာတွေ လုပ်တယ်လို့ ဆိုပါတယ်။

ဒါတွေကို ဇန်နဝါရီလ ၂၅ရက်ကတည်းက စတင်ဆောင်ရွက်နေသလို ဟိုတယ်နဲ့ ခရီးသွားလာရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့လည်းခရီးသွားကျန်းမာရေး လမ်းညွှန်ချက်တွေကို ဖြန့်ဝေပေးနေတယ်လို့ လည်း ဒေါက်တာမြင့်ကျော်က ပြောပါတယ်။

မြန်မာနိုင်ငံ အထက်ပိုင်းဖြစ်တဲ့ ကချင်ပြည်နယ်ထဲမှာတော့ တစ်ရှူးငှက်ပျောစိုက်ခင်းတွေကြောင့် တရုတ်လုပ်သား အဝင်အထွက် အမြဲရှိနေပြီး သူတို့ကို ကျန်းမာရေး စစ်ဆေးမှုတွေ အစဉ်တစိုက် လုပ်ဆောင်နေကြောင်းနဲ့ အခုထိတော့ အားလုံးဟာ ကျန်းမာရေးကောင်းမွန်တယ်လို့ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဦးသိန်းမြို့က ဗွီအိုအေကိုပြောပါတယ်။

“ကျတော်တို့ဝိုင်းမော်မှာက သူတို့အလုပ်လုပ်နေတာ နှစ်ပေါင်းများစွာကြာပြီပေါ့နော်။ နှစ်ပတ် တခေါက် သူတို့ Border Pass သက်တမ်းတိုး လုပ်ရတယ်ပေါ့နော်။ အဲဒီစည်းကမ်းနဲ့ သူတို့ပြည်ဝင်ခွင့် စနစ်တကျ သူတို့ကိုပေးထားတာတွေ ရှိတယ်။ သူတို့ရဲ့ကျန်းမာရေးတွေ ကျတော်တို့အမြဲတမ်း စောင့်ကြည့်နေတယ်။ အခုချိန်ထိကတော့ အကုန်လုံး ကျန်းမာရေးကောင်းကြပါတယ်။”

မြန်မာနိုင်ငံမှာ COVID- 19 ဓာတ်ခွဲအတည်ပြုလူနာ မရှိသေးပေမယ့်လည်း ရောဂါဖြစ်ပွားသူတွေကို ရုတ်တရက် တပြိုင်နက်တည်း တွေ့လာနိုင်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန တာဝန်ရှိသူတွေက သတိပေးပြောဆို ထားပါတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ လူစုလူဝေးနဲ့ ပွဲလမ်းသဘင်တွေကို ရှောင်ကြဉ်ကြဖို့နဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး ကျန်းမာရေးအသိပေး နှိုးဆော်ချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့ကနေ စတင်ဖြစ်ပွားခဲ့တဲ့ COVID- 19 ကိုရိုနာရောဂါပိုးဟာ အခြားနိုင်ငံပေါင်း ၄၂နိုင်ငံကို ကူးစက်ခဲ့ပြီး ဒီကနေ့ ဖေဖော်ဝါရီ ၂၆ရက် ညနေခင်းစာရင်းအရ လူပေါင်း ၈၁,၀၀၀ ကျော် (၈၁,၂၆၄) ကူးစက်ခံနေရတာပါ။ ဒါဟာ ကမ္ဘာလှည့်အပျော်စီး သင်္ဘော Diamond Princess ပေါ်က ကူးစက်ခံရသူ ၆၉၁ ယောက်နဲ့ သေဆုံးသူ ၄ဦးရဲ့ စာရင်းကိုပါ ထည့်တွက်ထားတာဖြစ်ပြီး သေဆုံးသူကတော့ စုစုပေါင်း ၂,၇၀၀ ကျော် (၂,၇၇၀) အထိ ရှိနေပြီး တရုတ်နိုင်ငံမှာ အများဆုံးဖြစ်ပါတယ်။

COVID- 19 ကိုရိုနာရောဂါပိုး ကူးစက်ခံရမှု ဒုတိယအများဆုံးဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံ မှာတော့ လူဦးရေ တထောင်ကျော် (၁,၂၆၁) ကူးစက်ခံခဲ့ရပြီး သေဆုံးသူ ၁၂ဦးထိ ရှိသွားပါပြီ။

စုစု/VOA (Burmese)
https://burmese.voanews.com
COVID- 19 ေရာဂါပညာေပး ျမန္မာ ဦးစားေပး ေဆာင္ရြက္ေန COVID- 19 ေရာဂါပညာေပး ျမန္မာ ဦးစားေပး ေဆာင္ရြက္ေန Reviewed by THITHTOOLWIN on 00:51 Rating: 5
Powered by Blogger.