တပ္ကို လႊတ္ေတာ္ကဖယ္ထုတ္ရင္ ဆိုးက်ိဳးႀကဳံႏိုင္ဟု တပ္အမတ္ ေျပာ


(Zawgyi)⤵⤵⤵
တပ္မေတာ္သား ကိုယ္စားလွယ္ေတြကို လႊတ္ေတာ္သက္တမ္းအလိုက္ တစ္ျဖည္းျဖည္းခ်င္း ေလွ်ာ့ခ်သြားမယ္ ဆိုရင္၊ မလိုလားအပ္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္လာႏိုင္တယ္လို႔ တပ္မေတာ္သား ကိုယ္စားလွယ္ ဗိုလ္မႉး ထက္လင္းက မေန႔က လႊတ္ေတာ္အတြင္း သတိေပးသြားၿပီး၊ သူ႔ရဲ႕သတိေပးခ်က္ကို တပ္ပိုင္ ျမဝတီသတင္းစာ ေရွ႕မ်က္ႏွာဖုံးမွာ ဒီကေန႔ ထပ္မံေဖာ္ျပလိုက္ပါတယ္။

ဒီေျပာဆိုခ်က္ေတြအေပၚ ႏိုင္ငံေရးပါတီအသီးသီးက ကိုယ္စားလွယ္ေတြရဲ႕ မတူညီတဲ့ အျမင္သေဘာထားေတြကို RFA သတင္းေထာက္ မသက္စုေအာင္က စုစည္းတင္ျပထားပါတယ္။

မေန႔က လႊတ္ေတာ္အတြင္း ပုဒ္မ-၁၄ နဲ႔ပတ္သက္ၿပီး ေဆြးေႏြးရာမွာ တပ္မေတာ္သား ကိုယ္စားလွယ္ျဖစ္တဲ့ ဗိုလ္မႉး ထက္လင္းက “အခုလို ဒီမိုကေရစီ သက္တမ္းႏုခ်ိန္မွာ တိုင္းျပည္အေနနဲ႔ ၁၉၆၂ နဲ႔ ၁၉၈၈ တုန္းကလို ႏိုင္ငံေတာ္ၿပိဳကြဲလုနီးပါး အေျခအေနဆိုးေတြ၊ မက်ေရာက္ေအာင္ ထိန္းသိမ္းဖို႔လိုတယ္” လို႔ အရင္ဆုံး ‌သတိေပးသြားပါတယ္။

တပ္မေတာ္သား ကိုယ္စားလွယ္ေတြ လက္ရွိလႊတ္ေတာ္ထဲမွာ ပါဝင္ေနရတာဟာ ႏိုင္ငံေတာ္ရဲ႕ အမ်ိဳးသား အက်ိဳးစီးပြားကို ကာကြယ္ဖို႔ျဖစ္တယ္လို႔လည္း ဗိုလ္မႉး ထက္လင္းက ေျပာပါတယ္။

သူ႔ရဲ႕တင္ျပခ်က္ေနာက္ဆုံးမွာ ဗိုလ္မႉး ထက္လင္းက “အခုလို အေျခအေနမ်ိဳးမွာ တပ္ကိုယ္စားလွယ္ေတြကို လႊတ္ေတာ္သက္တမ္းအလိုက္ ေလွ်ာ့ခ်သြားမယ္ဆိုရင္ မလိုလားအပ္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္လာႏိုင္တယ္” ဆိုၿပီး တပ္မေတာ္က အာဏာသိမ္းႏိုင္တဲ့ပုံစံမ်ိဳး ရည္ၫႊန္းေျပာဆိုသြားပါတယ္။

“ျမန္မာႏိုင္ငံ ေနာက္ခံသမိုင္းအရ ၁၉၄၉၊ ၁၉၅၈၊ ၁၉၆၂ နဲ႔ ၁၉၈၈ တို႔လို ႏိုင္ငံေတာ္ၿပိဳကြဲလုနီးပါး အေျခအေန ဆိုးမ်ား မက်ေရာက္ဖို႔၊ ဒီမိုကေရစီသက္တမ္း ႏုစဥ္ကာလတြင္ ထိန္းသိမ္းေဆာင္႐ြက္ႏိုင္ေရးဟာ လြန္စြာအေရး ႀကီးလွပါတယ္။ အခုလို အသြင္ကူးေျပာင္းေရးကာလမွာ ႏိုင္ငံေတာ္ရဲ႕ အမ်ိဳးသား အက်ိဳးစီးပြားအတြက္ ရည္႐ြယ္ၿပီး ဥပေဒျပဳလႊတ္ေတာ္မ်ားမွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို အခ်ိဳးက်ပါဝင္ ေစရန္ ျပ႒ာန္းထားျခင္းျဖစ္ပါတယ္။ လက္ရွိကာလမွာ မိမိတို႔ႏိုင္ငံအေနနဲ႔ ျပည္တြင္းၿငိမ္းခ်မ္းေရးကို တည္ေဆာက္ေနခ်ိန္ျဖစ္ၿပီး ျပည္သူေတြ လိုလားေတာင့္တေနတဲ့ ဒီမိုကေရစီ ဖက္ထရယ္စနစ္ကို အေျခခံတဲ့ ျပည္ေထာင္စုစနစ္ကို တည္ေဆာက္ဖို႔ ႀကိဳးစားေနသလို တဖက္မွာလည္း ျပည္တြင္းေရးကို ဝင္ေရာက္စြက္ဖက္ ျခယ္လွယ္လိုတဲ့ ေခတ္သစ္ကိုလိုနီမ်ားနဲ႔ လည္းေကာင္းတို႔ရဲ႕ လက္ေဝခံျပည္တြင္း၊ ျပည္ပ ပုဆိန္႐ိုးမ်ားေၾကာင့္ ႏိုင္ငံေတာ္ရဲ႕ အခ်ဳပ္အျခာအာဏာ ျပန္လည္မဆုံးရႈံးရေလေအာင္ ေဆာင္႐ြက္ေနရတဲ့ အေျခအေနျဖစ္ပါတယ္၊ ဒီလိုအေျခအေနမ်ိဳးမွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြကို ေလ်ာ့ခ်လိုက္မယ္ဆိုပါက မလိုလားအပ္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြ ျဖစ္ေပၚလာႏိုင္ပါတယ္”

၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၁၄ ရဲ႕ မူလျပဌာန္းခ်က္မွာ၊ ဥပေဒျပဳလႊတ္ေတာ္အသီးသီးမွာ တပ္မေတာ္သား ကိုယ္စားလွယ္ေတြ ပါဝင္ဖို႔ ျပ႒ာန္းထားပါတယ္။

အန္အယ္လ္ဒီ ဦးေဆာင္တင္သြင္းတဲ့ မူၾကမ္းမွာေတာ့ လက္ရွိလႊတ္ေတာ္ထဲမွာရွိေနတဲ့ တပ္မေတာ္သား ၂၅% ကို လႊတ္ေတာ္သက္တမ္း သုံးႀကိမ္အတြင္းမွာ ၅% အထိ တျဖည္းျဖည္းခ်င္း ေလွ်ာ့ခ်သြားဖို႔ ျပင္ဆင္ထားပါတယ္။

ဒီအတြက္ ဗိုလ္မႉး ထက္လင္းက ၁၉၆၂ နဲ႔ ၁၉၈၈ လို ႏိုင္ငံၿပိဳကြဲမယ့္ အႏၲရာယ္နဲ႔ ရင္ဆိုင္ရႏိုင္တယ္လို႔ သတိေပးေဆြးေႏြးသြားတာပါ။

အန္အယ္လ္ဒီပါတီ ေျပာခြင့္ရပုဂၢိဳလ္ ေဒါက္တာ မ်ိဳးၫြန႔္ကေတာ့ အန္အယ္လ္ဒီဟာ လူထုကို လမ္းေပၚဆြဲတင္တဲ့ ႏိုင္ငံေရးရည္မွန္းခ်က္မ်ိဳးကို ဘယ္ေတာ့မွ မလုပ္ဘူးလို႔ တုံ႔ျပန္ပါတယ္။

“လူထုကို လမ္းေပၚဆြဲတင္ၿပီးေတာ့ လူထုပါဝင္ ဆႏၵျပျခင္းအားျဖင့္ က်ေတာ္တို႔ရဲ႕ ႏိုင္ငံေရးရည္မွန္းခ်က္ကို ဘယ္ေတာ့မွ ေရာက္ေအာင္ယူမွာ မဟုတ္ပါဘူး။ က်ေတာ္တို႔ ပါတီဝင္၊ အဖြဲ႕ခ်ဳပ္ အဖြဲ႕ဝင္မ်ားကလည္း ႏိုင္ငံေရးလႈပ္ရွားမႈ ေဆာင္႐ြက္ခ်က္အရ၊ ႏိုင္ငံေရးအေျပာင္းအလဲကို ႀကိဳးစားပါမယ္။ လူထုက က်ေနာ္တို႔ ျဖစ္ပ်က္ေနတဲ့ ႏိုင္ငံေရး သဘာဝကို အမ်ိဳးမ်ိဳးေသာ စိတ္လြဲေခ်ာ္သြားေအာင္ လုပ္ေဆာင္ေနတဲ့ လႈံ႕ေဆာ္ေနတဲ့ အခ်က္ေတြကို၊ ယိမ္းယိုင္သြားျခင္း မရွိဘဲ၊ ခိုင္ခိုင္ၿမဲၿမဲ ေထာက္ခံေနမယ္ဆိုရင္ ၿပီးတာပါပဲ။ က်ေနာ္တို႔ကေတာ့ ႏိုင္ငံေရးအရ ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ႏိုင္ငံတြင္းမွာ မျဖစ္မေနလိုအပ္ေနတဲ့ ဒီမိုကေရစီ ပီပီသသျဖစ္ေရးကို အေကာင္းဆုံး ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ပါတယ္”

လက္ရွိ အင္အားႀကီး အတိုက္အခံပါတီျဖစ္တဲ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီက လႊတ္ေတာ္အစု အဖြဲ႕ေခါင္းေဆာင္ ဦးေသာင္းေအး ကေတာ့ တပ္မေတာ္သား ကိုယ္စားလွယ္ ဗိုလ္မႉး ထက္လင္းရဲ႕ တက္ျပခ်က္ကို ေထာက္ခံထားၿပီး၊ ႏိုင္ငံမွာ လက္နက္ကိုင္ေသာင္းက်န္းမႈေတြ ရွိေနသမ် တပ္မေတာ္ဟာ လႊတ္ေတာ္ထဲမွာ ရွိကို ရွိေနရမယ္လို႔ မွတ္ခ်က္ေပး ေျပာဆိုပါတယ္။

“ႏိုင္ငံထဲမွာ လက္နက္ကိုင္ေသာင္းက်န္းမႈေတြနဲ႔ ႏိုင္ငံေရး မတည္ၿငိမ္မႈေတြရွိေနသမွ် ဒီတပ္မေတာ္က ရွိေန ရမွာပဲ။ ပါဝင္ေနရမွာပဲ။ အဲဒီဟာေတြ ဒီေန႔ ေအးခ်မ္းသြားရင္ ဒီေန႔ တပ္မေတာ္ဟာ ဒီလႊတ္ေတာ္ထဲကေန ႏုတ္ပယ္သြားရမွာပဲ။ အဲေတာ့ အဲဒါမဟုတ္သေ႐ြ႕ကေတာ့ ခုနဒါကို အခ်ိန္ကာလနဲ႔ သတ္မွတ္ၿပီးေတာ့ ေနာက္ငါးႏွစ္မွာ ဘယ္လိုလုပ္မယ္။ ေနာက္ငါးႏွစ္မွာ ဘယ္လိုလုပ္မယ္ဆိုတဲ့ တြက္ဆမႈမ်ားကေတာ့ ဘယ္လို အေတြးအေခၚနဲ႔ ဘယ္လိုေမွ်ာ္မွန္းၿပီးေတာ့ သုံးသပ္ၿပီးေတာ့ လုပ္ထားတယ္ဆိုတာေတာ့ ျပန္လည္ေမးျမန္း ရမယ့္ ေမးခြန္းပဲျဖစ္ပါတယ္”

SNLD-က်ားေခါင္းပါတီက ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ ဦးစိုင္းထြန္းေအးကေတာ့ တပ္မေတာ္ဟာ တပ္မေတာ္နဲ႔ဆိုင္တဲ့အလုပ္ပဲ လုပ္ရမယ္လို႔ ဆိုပါတယ္။ တပ္မေတာ္ဘက္က ပုဒ္မ ၁၄ ကို ကန႔္ကြက္တာဟာ စိုးရိမ္စိတ္ေၾကာင့္ျဖစ္ႏိုင္တယ္လို႔ အျမင္သေဘာထားေပးပါတယ္။

“တပ္မေတာ္ဘက္က သူတို႔ရဲ႕ ဒီပုဒ္မကို ကန႔္ကြက္တယ္ဆိုတာကလည္း သူတို႔စိုးရိမ္တဲ့ သေဘာရွိတယ္။ က်ေနာ္တို႔ အျမင္မွာေတာ့ တပ္မေတာ္သားသည္ တပ္မေတာ္နဲ႔ဆိုင္တဲ့ အလုပ္ပဲလုပ္ရမယ္။ ႏိုင္ငံေရးသမား သည္ ႏိုင္ငံေရးနဲ႔ဆိုင္တဲ့ အလုပ္ပဲလုပ္ရမယ္။ စပါးစိုက္တဲ့ သူကလည္း စပါးစိုက္ဖို႔ သူ႔အလုပ္သူ တာဝန္ေက် မယ္၊ အလုပ္သမားတစ္ေယာက္ကလည္း သူ႔အလုပ္သူ တာဝန္ေက်ပြန္၊ ေက်မယ္ဆိုရင္ ဒီတိုင္းျပည္မွာ ဘာမွျပႆနာ မရွိႏိုင္ဘူး။ ေနာက္ ဒီႏိုင္ငံတစ္ခုမွာ တပ္မေတာ္က အစဥ္တစိုက္ ဦးေဆာင္ေနတယ္ဆိုတာ ကလည္း သဘာဝ မက်ဘူး။ တျခားႏိုင္ငံေတြမွာလည္း ဒီလိုမ်ိဳးမရွိဘူး။ ဒီလိုရွိတဲ့ ႏိုင္ငံေတြလည္း အာဏာရွင္ဆန္တဲ့ႏိုင္ငံေတြ၊ အဲတိုင္းျပည္ေတြကလည္း တိုးတက္တဲ့ တိုင္းျပည္ေတြပဲ မဟုတ္ဘူး၊ ေခတ္ေနာက္က်ေနတဲ့ တိုင္းျပည္ေတြပဲျဖစ္တယ္”

ရခိုင္ျပည္နယ္ကိုယ္စားျပဳ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားလွယ္တစ္ဦးျဖစ္တဲ့ ေဒၚထုေမကေတာ့ ဖြဲ႕စည္းပုံ ျပင္ဆင္ေရးမွာ တပ္မေတာ္နဲ႔ပတ္သက္တဲ့ ပုဒ္မတစ္စုံတစ္ရာကို ေဆြးေႏြးၿပီဆိုရင္ ျပင္းျပင္းထန္ထန္ တုံ႔ျပန္ေလ့ရွိတယ္လို႔ ‌ေဝဖန္ပါတယ္။

“ဖြဲ႕စည္းပုံျပင္ဆင္ေရးမွာ တပ္မေတာ္နဲ႔သက္ဆိုင္တဲ့ ပုဒ္မတစ္စုံတစ္ရာကို ေဆြးေႏြးၾကၿပီဆိုရင္ ဒီအတိုင္းပဲ ျပင္းျပင္းထန္ထန္ တုံ႔ျပန္မယ္ဆိုတာကို က်မတို႔ ထင္ျမင္ၿပီးသား၊ ဒါေတြကို ေမွ်ာ္လင့္ၿပီးသားျဖစ္ပါတယ္။ ဒီအေပၚမွာ ျပန္ၿပီးေတာ့ ရာဇသံေပးတယ္ ျပန္ၿပီးေတာ့ အာဏာသိမ္းမယ္လို႔ အဲလိုသေဘာထား က်မတို႔က မျမင္ပါဘူး၊ ျပန္သိမ္းမယ္ဆိုရင္ ေျပာစရာမွမလိုတာ ေျပာတယ္ဆိုကတည္းကသူတို႔ ခံစားရတာေတြကို ဒီမွာေဖာ္ထုတ္တာေပါ့ေနာ္၊ ဒါ ဒီမိုကေရစီရဲ႕ တန္ဖိုးေတြကို လက္ေတြ႕အသုံးခ်ေနတာ၊ ဒါေၾကာင့္မို႔ ဒီလို လႊတ္ေတာ္မွာ အျပင္းအထန္ ေဆြးေႏြးၾကတာ ျဖစ္႐ိုးျဖစ္စဥ္ပါ၊ ျမန္မာႏိုင္ငံရဲ႕ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲမႈမွာ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြ အင္တိုက္အားတိုက္ေဆြးေႏြးတာလို႔ျမင္တယ္၊ ၿခိမ္းေျခာက္ တယ္ မျမင္ပါဘူး”

ဗိုလ္မႉး ထက္လင္းရဲ႕ သတိေပးခ်က္နဲ႔ပတ္သက္ၿပီး အျမင္သေဘာထားေပးဖို႔ ဦးသိန္းစိန္ အစိုးရလက္ထက္ သမၼတ ႐ုံးဝန္ႀကီးအျဖစ္ တာဝန္ယူခဲ့ဖူးၿပီး၊ လက္ရွိလႊတ္ေတာ္ထဲမွာ တစ္သီးပုဂၢလ အမတ္တစ္ဦးျဖစ္တဲ့ ဦးစိုးသိန္းကို‌ အာအက္ဖ္ေအက ေမးျမန္းရာမွာေတာ့၊ တပ္မေတာ္က အာဏာမသိမ္းခ်င္လို႔ လႊတ္ေတာ္ထဲမွာ ျငင္းခုန္ခိုင္းေနတာလို႔ ဆိုပါတယ္။

“မသိမ္းခ်င္လို႔ကို မသိမ္းေအာင္ ေနေနတာ။ သိမ္းမယ္ဆို ၾကာလွၿပီ သိမ္းေနတာ။ သိမ္းမယ္ဆို ႏွစ္ႏွစ္ ေတာင္မၾကာဘဲ သိမ္းလို႔ရတယ္။ မသိမ္းခ်င္လို႔ ထိုင္ၾကည့္ေနတာ။ ဒီဖြဲ႕စည္းပုံက အာဏာမသိမ္းေအာင္ လုပ္ထားတဲ့ ဖြဲ႕စည္းပုံ။ ဒီဖြဲ႕စည္းပုံစြဲကတည္းက အာဏာမသိမ္းေအာင္ လုပ္ထားတဲ့ ကြန္စတီက်ဴးရွင္း။ မသိမ္းၾကနဲ႔ ဒီထဲမွာပဲ ရန္ျဖစ္ၾက၊ ဒီထဲမွာပဲ ေဆြးေႏြးၾကလို႔ ေျပာတာ”

ျပည္ေထာင္စုလႊတ္ေတာ္မွာ ဖြဲ႕စည္းပုံျပင္ဆင္ေရးေဆြးေႏြးဖို႔ စုစုေပါင္း ခုႏွစ္ရက္ သတ္မွတ္ထားၿပီး လႊတ္ေတာ္ အမတ္ ၁၄၉ ဦး ျငင္းခုန္ေဆြးေႏြးၾကမွာပါ။ ဒီကေန႔ထိ ႏွစ္ရက္ၾကာအတြင္း လႊတ္ေတာ္ကိုယ္စားလွယ္ ၃၄ ဦး ေဆြးေႏြးခဲ့ၿပီး၊ ပထမေန႔ကတည္းက တစ္ဘက္နဲ႔ တစ္ဘက္ ေအာ္ဟစ္ျငင္းခုန္တာေတြ လုပ္ခဲ့ၾကပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵
တပ်ကို လွှတ်တော်ကဖယ်ထုတ်ရင် ဆိုးကျိုးကြုံနိုင်ဟု တပ်အမတ် ပြော

တပ်မတော်သား ကိုယ်စားလှယ်တွေကို လွှတ်တော်သက်တမ်းအလိုက် တစ်ဖြည်းဖြည်းချင်း လျှော့ချသွားမယ် ဆိုရင်၊ မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ထက်လင်းက မနေ့က လွှတ်တော်အတွင်း သတိပေးသွားပြီး၊ သူ့ရဲ့သတိပေးချက်ကို တပ်ပိုင် မြဝတီသတင်းစာ ရှေ့မျက်နှာဖုံးမှာ ဒီကနေ့ ထပ်မံဖော်ပြလိုက်ပါတယ်။

ဒီပြောဆိုချက်တွေအပေါ် နိုင်ငံရေးပါတီအသီးသီးက ကိုယ်စားလှယ်တွေရဲ့ မတူညီတဲ့ အမြင်သဘောထားတွေကို RFA သတင်းထောက် မသက်စုအောင်က စုစည်းတင်ပြထားပါတယ်။

မနေ့က လွှတ်တော်အတွင်း ပုဒ်မ-၁၄ နဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ တပ်မတော်သား ကိုယ်စားလှယ်ဖြစ်တဲ့ ဗိုလ်မှူး ထက်လင်းက “အခုလို ဒီမိုကရေစီ သက်တမ်းနုချိန်မှာ တိုင်းပြည်အနေနဲ့ ၁၉၆၂ နဲ့ ၁၉၈၈ တုန်းကလို နိုင်ငံတော်ပြိုကွဲလုနီးပါး အခြေအနေဆိုးတွေ၊ မကျရောက်အောင် ထိန်းသိမ်းဖို့လိုတယ်” လို့ အရင်ဆုံး ‌သတိပေးသွားပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေ လက်ရှိလွှတ်တော်ထဲမှာ ပါဝင်နေရတာဟာ နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားကို ကာကွယ်ဖို့ဖြစ်တယ်လို့လည်း ဗိုလ်မှူး ထက်လင်းက ပြောပါတယ်။

သူ့ရဲ့တင်ပြချက်နောက်ဆုံးမှာ ဗိုလ်မှူး ထက်လင်းက “အခုလို အခြေအနေမျိုးမှာ တပ်ကိုယ်စားလှယ်တွေကို လွှတ်တော်သက်တမ်းအလိုက် လျှော့ချသွားမယ်ဆိုရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်” ဆိုပြီး တပ်မတော်က အာဏာသိမ်းနိုင်တဲ့ပုံစံမျိုး ရည်ညွှန်းပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံ နောက်ခံသမိုင်းအရ ၁၉၄၉၊ ၁၉၅၈၊ ၁၉၆၂ နဲ့ ၁၉၈၈ တို့လို နိုင်ငံတော်ပြိုကွဲလုနီးပါး အခြေအနေ ဆိုးများ မကျရောက်ဖို့၊ ဒီမိုကရေစီသက်တမ်း နုစဉ်ကာလတွင် ထိန်းသိမ်းဆောင်ရွက်နိုင်ရေးဟာ လွန်စွာအရေး ကြီးလှပါတယ်။ အခုလို အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံတော်ရဲ့ အမျိုးသား အကျိုးစီးပွားအတွက် ရည်ရွယ်ပြီး ဥပဒေပြုလွှတ်တော်များမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို အချိုးကျပါဝင် စေရန် ပြဋ္ဌာန်းထားခြင်းဖြစ်ပါတယ်။ လက်ရှိကာလမှာ မိမိတို့နိုင်ငံအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို တည်ဆောက်နေချိန်ဖြစ်ပြီး ပြည်သူတွေ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီ ဖက်ထရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ်ကို တည်ဆောက်ဖို့ ကြိုးစားနေသလို တဖက်မှာလည်း ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် ခြယ်လှယ်လိုတဲ့ ခေတ်သစ်ကိုလိုနီများနဲ့ လည်းကောင်းတို့ရဲ့ လက်ဝေခံပြည်တွင်း၊ ပြည်ပ ပုဆိန်ရိုးများကြောင့် နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ ပြန်လည်မဆုံးရှုံးရလေအောင် ဆောင်ရွက်နေရတဲ့ အခြေအနေဖြစ်ပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကို လျော့ချလိုက်မယ်ဆိုပါက မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်ပါတယ်”

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၄ ရဲ့ မူလပြဌာန်းချက်မှာ၊ ဥပဒေပြုလွှတ်တော်အသီးသီးမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင်ဖို့ ပြဋ္ဌာန်းထားပါတယ်။

အန်အယ်လ်ဒီ ဦးဆောင်တင်သွင်းတဲ့ မူကြမ်းမှာတော့ လက်ရှိလွှတ်တော်ထဲမှာရှိနေတဲ့ တပ်မတော်သား ၂၅% ကို လွှတ်တော်သက်တမ်း သုံးကြိမ်အတွင်းမှာ ၅% အထိ တဖြည်းဖြည်းချင်း လျှော့ချသွားဖို့ ပြင်ဆင်ထားပါတယ်။

ဒီအတွက် ဗိုလ်မှူး ထက်လင်းက ၁၉၆၂ နဲ့ ၁၉၈၈ လို နိုင်ငံပြိုကွဲမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ သတိပေးဆွေးနွေးသွားတာပါ။

အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ မျိုးညွန့်ကတော့ အန်အယ်လ်ဒီဟာ လူထုကို လမ်းပေါ်ဆွဲတင်တဲ့ နိုင်ငံရေးရည်မှန်းချက်မျိုးကို ဘယ်တော့မှ မလုပ်ဘူးလို့ တုံ့ပြန်ပါတယ်။

“လူထုကို လမ်းပေါ်ဆွဲတင်ပြီးတော့ လူထုပါဝင် ဆန္ဒပြခြင်းအားဖြင့် ကျတော်တို့ရဲ့ နိုင်ငံရေးရည်မှန်းချက်ကို ဘယ်တော့မှ ရောက်အောင်ယူမှာ မဟုတ်ပါဘူး။ ကျတော်တို့ ပါတီဝင်၊ အဖွဲ့ချုပ် အဖွဲ့ဝင်များကလည်း နိုင်ငံရေးလှုပ်ရှားမှု ဆောင်ရွက်ချက်အရ၊ နိုင်ငံရေးအပြောင်းအလဲကို ကြိုးစားပါမယ်။ လူထုက ကျနော်တို့ ဖြစ်ပျက်နေတဲ့ နိုင်ငံရေး သဘာဝကို အမျိုးမျိုးသော စိတ်လွဲချော်သွားအောင် လုပ်ဆောင်နေတဲ့ လှုံ့ဆော်နေတဲ့ အချက်တွေကို၊ ယိမ်းယိုင်သွားခြင်း မရှိဘဲ၊ ခိုင်ခိုင်မြဲမြဲ ထောက်ခံနေမယ်ဆိုရင် ပြီးတာပါပဲ။ ကျနော်တို့ကတော့ နိုင်ငံရေးအရ ငြိမ်းချမ်းတဲ့နည်းနဲ့ နိုင်ငံတွင်းမှာ မဖြစ်မနေလိုအပ်နေတဲ့ ဒီမိုကရေစီ ပီပီသသဖြစ်ရေးကို အကောင်းဆုံး ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်”

လက်ရှိ အင်အားကြီး အတိုက်အခံပါတီဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှတ်တော်အစု အဖွဲ့ခေါင်းဆောင် ဦးသောင်းအေး ကတော့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ထက်လင်းရဲ့ တက်ပြချက်ကို ထောက်ခံထားပြီး၊ နိုင်ငံမှာ လက်နက်ကိုင်သောင်းကျန်းမှုတွေ ရှိနေသမျ တပ်မတော်ဟာ လွှတ်တော်ထဲမှာ ရှိကို ရှိနေရမယ်လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။

“နိုင်ငံထဲမှာ လက်နက်ကိုင်သောင်းကျန်းမှုတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေရှိနေသမျှ ဒီတပ်မတော်က ရှိနေ ရမှာပဲ။ ပါဝင်နေရမှာပဲ။ အဲဒီဟာတွေ ဒီနေ့ အေးချမ်းသွားရင် ဒီနေ့ တပ်မတော်ဟာ ဒီလွှတ်တော်ထဲကနေ နုတ်ပယ်သွားရမှာပဲ။ အဲတော့ အဲဒါမဟုတ်သရွေ့ကတော့ ခုနဒါကို အချိန်ကာလနဲ့ သတ်မှတ်ပြီးတော့ နောက်ငါးနှစ်မှာ ဘယ်လိုလုပ်မယ်။ နောက်ငါးနှစ်မှာ ဘယ်လိုလုပ်မယ်ဆိုတဲ့ တွက်ဆမှုများကတော့ ဘယ်လို အတွေးအခေါ်နဲ့ ဘယ်လိုမျှော်မှန်းပြီးတော့ သုံးသပ်ပြီးတော့ လုပ်ထားတယ်ဆိုတာတော့ ပြန်လည်မေးမြန်း ရမယ့် မေးခွန်းပဲဖြစ်ပါတယ်”

SNLD-ကျားခေါင်းပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးစိုင်းထွန်းအေးကတော့ တပ်မတော်ဟာ တပ်မတော်နဲ့ဆိုင်တဲ့အလုပ်ပဲ လုပ်ရမယ်လို့ ဆိုပါတယ်။ တပ်မတော်ဘက်က ပုဒ်မ ၁၄ ကို ကန့်ကွက်တာဟာ စိုးရိမ်စိတ်ကြောင့်ဖြစ်နိုင်တယ်လို့ အမြင်သဘောထားပေးပါတယ်။

“တပ်မတော်ဘက်က သူတို့ရဲ့ ဒီပုဒ်မကို ကန့်ကွက်တယ်ဆိုတာကလည်း သူတို့စိုးရိမ်တဲ့ သဘောရှိတယ်။ ကျနော်တို့ အမြင်မှာတော့ တပ်မတော်သားသည် တပ်မတော်နဲ့ဆိုင်တဲ့ အလုပ်ပဲလုပ်ရမယ်။ နိုင်ငံရေးသမား သည် နိုင်ငံရေးနဲ့ဆိုင်တဲ့ အလုပ်ပဲလုပ်ရမယ်။ စပါးစိုက်တဲ့ သူကလည်း စပါးစိုက်ဖို့ သူ့အလုပ်သူ တာဝန်ကျေ မယ်၊ အလုပ်သမားတစ်ယောက်ကလည်း သူ့အလုပ်သူ တာဝန်ကျေပွန်၊ ကျေမယ်ဆိုရင် ဒီတိုင်းပြည်မှာ ဘာမှပြဿနာ မရှိနိုင်ဘူး။ နောက် ဒီနိုင်ငံတစ်ခုမှာ တပ်မတော်က အစဉ်တစိုက် ဦးဆောင်နေတယ်ဆိုတာ ကလည်း သဘာဝ မကျဘူး။ တခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုးမရှိဘူး။ ဒီလိုရှိတဲ့ နိုင်ငံတွေလည်း အာဏာရှင်ဆန်တဲ့နိုင်ငံတွေ၊ အဲတိုင်းပြည်တွေကလည်း တိုးတက်တဲ့ တိုင်းပြည်တွေပဲ မဟုတ်ဘူး၊ ခေတ်နောက်ကျနေတဲ့ တိုင်းပြည်တွေပဲဖြစ်တယ်”

ရခိုင်ပြည်နယ်ကိုယ်စားပြု ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဒေါ်ထုမေကတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ တပ်မတော်နဲ့ပတ်သက်တဲ့ ပုဒ်မတစ်စုံတစ်ရာကို ဆွေးနွေးပြီဆိုရင် ပြင်းပြင်းထန်ထန် တုံ့ပြန်လေ့ရှိတယ်လို့ ‌ဝေဖန်ပါတယ်။

“ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်နဲ့သက်ဆိုင်တဲ့ ပုဒ်မတစ်စုံတစ်ရာကို ဆွေးနွေးကြပြီဆိုရင် ဒီအတိုင်းပဲ ပြင်းပြင်းထန်ထန် တုံ့ပြန်မယ်ဆိုတာကို ကျမတို့ ထင်မြင်ပြီးသား၊ ဒါတွေကို မျှော်လင့်ပြီးသားဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြန်ပြီးတော့ ရာဇသံပေးတယ် ပြန်ပြီးတော့ အာဏာသိမ်းမယ်လို့ အဲလိုသဘောထား ကျမတို့က မမြင်ပါဘူး၊ ပြန်သိမ်းမယ်ဆိုရင် ပြောစရာမှမလိုတာ ပြောတယ်ဆိုကတည်းကသူတို့ ခံစားရတာတွေကို ဒီမှာဖော်ထုတ်တာပေါ့နော်၊ ဒါ ဒီမိုကရေစီရဲ့ တန်ဖိုးတွေကို လက်တွေ့အသုံးချနေတာ၊ ဒါကြောင့်မို့ ဒီလို လွှတ်တော်မှာ အပြင်းအထန် ဆွေးနွေးကြတာ ဖြစ်ရိုးဖြစ်စဉ်ပါ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ အင်တိုက်အားတိုက်ဆွေးနွေးတာလို့မြင်တယ်၊ ခြိမ်းခြောက် တယ် မမြင်ပါဘူး”

ဗိုလ်မှူး ထက်လင်းရဲ့ သတိပေးချက်နဲ့ပတ်သက်ပြီး အမြင်သဘောထားပေးဖို့ ဦးသိန်းစိန် အစိုးရလက်ထက် သမ္မတ ရုံးဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးပြီး၊ လက်ရှိလွှတ်တော်ထဲမှာ တစ်သီးပုဂ္ဂလ အမတ်တစ်ဦးဖြစ်တဲ့ ဦးစိုးသိန်းကို‌ အာအက်ဖ်အေက မေးမြန်းရာမှာတော့၊ တပ်မတော်က အာဏာမသိမ်းချင်လို့ လွှတ်တော်ထဲမှာ ငြင်းခုန်ခိုင်းနေတာလို့ ဆိုပါတယ်။

“မသိမ်းချင်လို့ကို မသိမ်းအောင် နေနေတာ။ သိမ်းမယ်ဆို ကြာလှပြီ သိမ်းနေတာ။ သိမ်းမယ်ဆို နှစ်နှစ် တောင်မကြာဘဲ သိမ်းလို့ရတယ်။ မသိမ်းချင်လို့ ထိုင်ကြည့်နေတာ။ ဒီဖွဲ့စည်းပုံက အာဏာမသိမ်းအောင် လုပ်ထားတဲ့ ဖွဲ့စည်းပုံ။ ဒီဖွဲ့စည်းပုံစွဲကတည်းက အာဏာမသိမ်းအောင် လုပ်ထားတဲ့ ကွန်စတီကျူးရှင်း။ မသိမ်းကြနဲ့ ဒီထဲမှာပဲ ရန်ဖြစ်ကြ၊ ဒီထဲမှာပဲ ဆွေးနွေးကြလို့ ပြောတာ”

ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဆွေးနွေးဖို့ စုစုပေါင်း ခုနှစ်ရက် သတ်မှတ်ထားပြီး လွှတ်တော် အမတ် ၁၄၉ ဦး ငြင်းခုန်ဆွေးနွေးကြမှာပါ။ ဒီကနေ့ထိ နှစ်ရက်ကြာအတွင်း လွှတ်တော်ကိုယ်စားလှယ် ၃၄ ဦး ဆွေးနွေးခဲ့ပြီး၊ ပထမနေ့ကတည်းက တစ်ဘက်နဲ့ တစ်ဘက် အော်ဟစ်ငြင်းခုန်တာတွေ လုပ်ခဲ့ကြပါတယ်။

RFA Burmese
https://www.rfa.org
တပ္ကို လႊတ္ေတာ္ကဖယ္ထုတ္ရင္ ဆိုးက်ိဳးႀကဳံႏိုင္ဟု တပ္အမတ္ ေျပာ တပ္ကို လႊတ္ေတာ္ကဖယ္ထုတ္ရင္ ဆိုးက်ိဳးႀကဳံႏိုင္ဟု တပ္အမတ္ ေျပာ Reviewed by THITHTOOLWIN on 00:48 Rating: 5
Powered by Blogger.