ကုလလူ႔အခြင့္အေရးေကာင္စီမွာ ျပည္ေထာင္စု၀န္ႀကီး မိန္႔ခြန္းေျပာ

ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြက ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ ညီလာခံ မွာ မိန္႔ခြန္းေျပာ (Ministry of Foreign Affairs Myanmar)

(Zawgyi/Unicode)

ျမန္မာ ႏိုင္ငံအေနနဲ႔ ရခိုင္ျပည္နယ္အတြင္း က်ဴးလြန္ခဲ့တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ကိုင္တြယ္အေရးယူဖို႔ စိတ္ဆႏၵရွိသလိုပဲ၊ အေရးယူႏိုင္စြမ္းလည္း ရွိတယ္လို႔ ျပည္ေထာင္စု၀န္ႀကီး ဦးေက်ာ္တင့္ေဆြက ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီမွာ ေျပာသြားပါတယ္။

ရခိုင္မွာျဖစ္ခဲ့တဲ့ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာ ဖိအားေတြ တိုးလာၿပီး အခု ညီလာခံအတြင္းမွာလည္း ဒီအေၾကာင္းေတြ ေဆြးေႏြးဖို႔ရွိခ်ိန္မွာ ျမန္မာေခါင္းေဆာင္တဦးက အခုလို ေျပာဆိုသြားတာပါ။ ဒီအေၾကာင္းအျပည့္အစံု ကိုသားၫြန္႔ဦး ေျပာျပမွာပါ။

ဆြီဇာလန္ႏိုင္ငံ ဂ်နီဗာ ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီ ညီလာခံ - ႏိုင္ငံအႀကီးတန္း ေခါင္းေဆာင္ေတြ မိန္႔ခြန္းေပးၾကတဲ့ အစီအစဥ္မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံရံုး၀န္ႀကီး ဦးေက်ာ္တင့္ေဆြက ဒီကေန႔ ေဖဖဝါရီလ ၂၆ ရက္ေန႔မွာ ေျပာဆိုသြားတာျဖစ္ၿပီး၊ ရခိုင္ပဋိပကၡနဲ႔ ပတ္သက္လို႔ ျမန္မာအစိုးရရဲ႕ ေဆာင္ရြက္ခ်က္ေတြကို အေလးေပးရွင္းျပခဲ့ပါတယ္။ ျမန္မာအစိုးရအေနနဲ႔ ရခိုင္အေရးနဲ႔ ပတ္သက္လို႔ လြတ္လပ္ေသာစံုစမ္းေရးေကာ္မရွင္ ICEO ဖဲြ႕စည္းၿပီး၊ အဲဒီ စံုစမ္းေရးအဖဲြ႕ရဲ႕ အစီရင္ခံစာေပၚ အေရးယူေဆာင္ရြက္မႈေတြလုပ္ဖို႔ ရွိတယ္လို႔လည္း ေျပာသြား တာပါ။

“အစိုးရအေနနဲ႔ ဒီ အစီရင္ခံစာကို ေလ့လာၿပီးတဲ့အခါက်ေတာ့ ေရွေနခ်ဳပ္ရံုးအေနနဲ႔ ေနာက္ထပ္ စံုစမ္းစစ္ေဆးမႈေတြနဲ႔ အေရးယူကိုင္တြယ္မႈေတြလုပ္ဖို႔ သမၼတရံုးကေန ၫႊန္ၾကားခ်က္ထုတ္ခဲ့ပါတယ္။ အလားတူလိုပဲ တပ္မေတာ္ဘက္ကလည္း ဒီအမႈေတြကို တပ္မေတာ္တရားစီရင္ေရးလမ္းေၾကာင္းအရ အေရးယူဖို႔ စစ္ဥပေဒခ်ဳပ္ရံုးကေန ေဆာင္ရြက္သြားမယ္လို႔ ေၾကညာထားပါတယ္။ ဒါေၾကာင့္ ျမန္မာႏိ္ုင္ငံ အေနနဲ႔ ဒီ အမႈက်ဴးလြန္သူေတြကို အေရးယူဖို႔ စိတ္ဆႏၵရွိသလို အေရးယူ လုပ္ႏိုင္စြမ္းလည္း ရွိပါတယ္။”

ဒါ့အျပင္ ရခိုင္ပဋိပကၡေျပလည္ေရးနဲ႔ ဒုကၡသည္ေတြ ေနရပ္ျပန္ေရးအတြက္လည္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံနဲ႔ ညိွႏိႈင္းေဆာင္ရြက္ေနတယ္လို႔ ေျပာပါတယ္။

ျမန္မာႏိ္ုင္ငံအေနနဲ႔ ရခိုင္ျပည္နယ္တြင္းက ႐ိုဟင္ဂ်ာအေရးနဲ႔ပတ္သက္လို႔ ကုလသမဂၢအပါအ၀င္ ႏိ္ုင္ငံတကာဖိအားေတြကို ရင္ဆိ္ုင္ေနရသလို လတ္တေလာ ႏိ္ုင္ငံတကာတရားရံုးမွာလည္း ႐ိုဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ စဲြခ်က္ကိုလည္း ရင္ဆိုင္ေနရတာပါ။ ျမန္မာအစိုးရကေတာ့ ႐ိုဟင္ဂ်ာအသံုးအႏႈန္းကို လက္မခံေပမယ့္လည္း၊ ဒီ အျဖစ္အပ်က္ေတြကို ႏိုင္ငံတြင္း တရားစီရင္ေရးအရ ကိုင္တြယ္ေျဖရွင္းသြားႏိုင္တယ္လို႔ တုံ႔ျပန္ထားပါတယ္။ အခု က်င္းပေနတဲ့ ကုလသမဂၢလူ႕အခြင့္အေရးညီလာခံအတြင္းမွာလည္း ရခိုင္ျပည္နယ္က ႐ိုဟင္ဂ်ာအေရးကိစၥအပါ၀င္ ျမန္မာ့လူ႔အခြင့္အေရးအေျခအေနနဲ႔ပတ္သက္လို႔ အေတာ္ေလး ဆန္းစစ္ ေ၀ဖန္ခံရမယ့္အေျခအေနမွာရွိေနတာပါ။ ျပည္ေထာင္စု၀န္ႀကီးဦးေက်ာ္တင့္ေဆြကေတာ့ လူ႔အခြင့္အေရး ေကာင္စီအေနနဲ႔ ကမာၻ့ေနရာအသီးသီးက လူ႔အခြင့္အေရးကိစၥေတြကို ကိုင္တြယ္တဲ့ေနရာမွာ တေျပးညီ ေဆာင္ရြက္ဖို႔လိုသလို၊ တိုင္းျပည္ေတြရဲ႕ သီးျခားရွိတဲ့တန္ဖိုးနဲ႔ အခ်ဳပ္အျခာကို ေလးစားဖို႔လိုတယ္ဆိုတာ ေထာက္ျပပါတယ္။ သူကိုယ္တိုင္ ကုလသမဂၢ အၿမဲတမ္းကိုယ္စားလွယ္အျဖစ္ နယူးေယာက္မွာ တာ၀န္ထမ္းစဥ္က လူ႔အခြင့္အေရးေကာ္မရွင္ကေန ကုလသမဂၢလူ႔အခြင့္အေရးေကာင္စီအျဖစ္ ေျပာင္းလဲဖို႔ ျပင္ဆင္ေဆာင္ရြက္မႈမွာ ပါ၀င္ခဲ့ၿပီး၊ အဲဒီတုန္းက လူ႔အခြင့္အေရးေကာင္စီနဲ႔ပတ္သက္လို႔ ေမွ်ာ္လင့္ထားတာေတြ ျဖစ္မလာေသးဘူးလို႔ အခု သူ႔မိန္႔ခြန္းမွာ ေထာက္ျပခဲ့တာပါ။

“လူ႔အခြင့္အေရးေကာင္စီဖဲြ႕စည္းမႈမွာ ႏိ္ုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ ေမွ်ာ္လင့္ခ်က္ ႀကီးႀကီးမားမားရွိခဲ့ပါတယ္။ လူ႔အခြင့္အေရးေကာင္စီအတြင္းမွာ ဖံြၿဖိဳးတိုးတက္မႈေတြ ဦးစားေပး ေဆာင္ရြက္ၿပီး ႏိုင္ငံေတြရဲ႕အခ်ဳပ္အျခာကိုေလးစားတန္ဖိုုးထားကာ ကမာၻ့ေနရာ အသီးအသီးက လူ႔အခြင့္အေရး အေျခအေနမွန္သမွ်ကို မွ်မွ်တတ တေျပးညီ ကိုင္တြယ္သြားဖို႔ ဆိုတာေမွ်ာ္လင့္ထားခဲ့ၾကတာပါ။”

အခု လူ႔အခြင့္အေရးေကာင္စီ ညီလာခံအတြင္းမွာ ျမန္မာလူ႔အခြင့္အေရးနဲ႔ပတ္သက္လို႔ သက္ဆိုင္ရာ ကုလတာ၀န္ရွိသူေတြရဲ႕ တင္ျပခ်က္ေတြအေပၚ အျပန္အလွန္ေဆြးေႏြးၾကဖို႔လည္း ရွိသလို၊ သက္တမ္းကုန္ဆံုးေတာ့မယ့္ Ms.Yanghee Lee ေနရာမွာျမန္မာလူ႔အခြင့္အရးဆိုင္ရာ ကုလ အထူးကိုယ္စားလွယ္သစ္ကိုလည္း ခန္႔ထားဖို႔ ရွိေနပါတယ္။ ဒီအတြက္ အေမရိကန္ေအာက္လႊတ္ေတာ္ အမတ္ေဟာင္း Tom Andrews ကို လူ႔အခြင့္အေရးေကာင္စီ ဥကၠဌက အမည္စာရင္း တင္သြင္းထားပါတယ္။ လူ႔အခြင့္အေရးေကာင္စီ ညီလာခံကေန Tom Andrews ကို အတည္ျပဳမယ္ဆိုရင္ေတာ့ ျမန္မာႏိုင္ငံဆိုင္ရာ ကုလလူ႔အခြင့္အေရးအထူးကိုယ္စားလွယ္ေတြထဲ ပထမဆံုး အေမရိကန္ႏိုင္ငံသားျဖစ္လာမွာပါ။

.................

ကုလလူ့အခွင့်အရေးကောင်စီမှာ ပြည်ထောင်စုဝန်ကြီး မိန့်ခွန်းပြော

(Unicode)

မြန်မာ နိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အတွင်း ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကိုင်တွယ်အရေးယူဖို့ စိတ်ဆန္ဒရှိသလိုပဲ၊ အရေးယူနိုင်စွမ်းလည်း ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ ပြောသွားပါတယ်။ ရခိုင်မှာဖြစ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ ဖိအားတွေ တိုးလာပြီး အခု ညီလာခံအတွင်းမှာလည်း ဒီအကြောင်းတွေ ဆွေးနွေးဖို့ရှိချိန်မှာ မြန်မာခေါင်းဆောင်တဦးက အခုလို ပြောဆိုသွားတာပါ။ ဒီအကြောင်းအပြည့်အစုံ ကိုသားညွန့်ဦး ပြောပြမှာပါ။

ဆွီဇာလန်နိုင်ငံ ဂျနီဗာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ညီလာခံ - နိုင်ငံအကြီးတန်း ခေါင်းဆောင်တွေ မိန့်ခွန်းပေးကြတဲ့ အစီအစဉ်မှာ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်တင့်ဆွေက ဒီကနေ့ ဖေဖဝါရီလ ၂၆ ရက်နေ့မှာ ပြောဆိုသွားတာဖြစ်ပြီး၊ ရခိုင်ပဋိပက္ခနဲ့ ပတ်သက်လို့ မြန်မာအစိုးရရဲ့ ဆောင်ရွက်ချက်တွေကို အလေးပေးရှင်းပြခဲ့ပါတယ်။ မြန်မာအစိုးရအနေနဲ့ ရခိုင်အရေးနဲ့ ပတ်သက်လို့ လွတ်လပ်သောစုံစမ်းရေးကော်မရှင် ICEO ဖွဲ့စည်းပြီး၊ အဲဒီ စုံစမ်းရေးအဖွဲ့ရဲ့ အစီရင်ခံစာပေါ် အရေးယူဆောင်ရွက်မှုတွေလုပ်ဖို့ ရှိတယ်လို့လည်း ပြောသွား တာပါ။

“အစိုးရအနေနဲ့ ဒီ အစီရင်ခံစာကို လေ့လာပြီးတဲ့အခါကျတော့ ရှေနေချုပ်ရုံးအနေနဲ့ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေနဲ့ အရေးယူကိုင်တွယ်မှုတွေလုပ်ဖို့ သမ္မတရုံးကနေ ညွှန်ကြားချက်ထုတ်ခဲ့ပါတယ်။ အလားတူလိုပဲ တပ်မတော်ဘက်ကလည်း ဒီအမှုတွေကို တပ်မတော်တရားစီရင်ရေးလမ်းကြောင်းအရ အရေးယူဖို့ စစ်ဥပဒေချုပ်ရုံးကနေ ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့ ဒီ အမှုကျူးလွန်သူတွေကို အရေးယူဖို့ စိတ်ဆန္ဒရှိသလို အရေးယူ လုပ်နိုင်စွမ်းလည်း ရှိပါတယ်။”

ဒါ့အပြင် ရခိုင်ပဋိပက္ခပြေလည်ရေးနဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက်လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ညှိနှိုင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာဖိအားတွေကို ရင်ဆိုင်နေရသလို လတ်တလော နိုင်ငံတကာတရားရုံးမှာလည်း ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွဲချက်ကိုလည်း ရင်ဆိုင်နေရတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံပေမယ့်လည်း၊ ဒီ အဖြစ်အပျက်တွေကို နိုင်ငံတွင်း တရားစီရင်ရေးအရ ကိုင်တွယ်ဖြေရှင်းသွားနိုင်တယ်လို့ တုံ့ပြန်ထားပါတယ်။ အခု ကျင်းပနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးညီလာခံအတွင်းမှာလည်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာအရေးကိစ္စအပါဝင် မြန်မာ့လူ့အခွင့်အရေးအခြေအနေနဲ့ပတ်သက်လို့ အတော်လေး ဆန်းစစ် ဝေဖန်ခံရမယ့်အခြေအနေမှာရှိနေတာပါ။ ပြည်ထောင်စုဝန်ကြီးဦးကျော်တင့်ဆွေကတော့ လူ့အခွင့်အရေး ကောင်စီအနေနဲ့ ကမ္ဘာ့နေရာအသီးသီးက လူ့အခွင့်အရေးကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ တပြေးညီ ဆောင်ရွက်ဖို့လိုသလို၊ တိုင်းပြည်တွေရဲ့ သီးခြားရှိတဲ့တန်ဖိုးနဲ့ အချုပ်အခြာကို လေးစားဖို့လိုတယ်ဆိုတာ ထောက်ပြပါတယ်။ သူကိုယ်တိုင် ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် နယူးယောက်မှာ တာဝန်ထမ်းစဉ်က လူ့အခွင့်အရေးကော်မရှင်ကနေ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအဖြစ် ပြောင်းလဲဖို့ ပြင်ဆင်ဆောင်ရွက်မှုမှာ ပါဝင်ခဲ့ပြီး၊ အဲဒီတုန်းက လူ့အခွင့်အရေးကောင်စီနဲ့ပတ်သက်လို့ မျှော်လင့်ထားတာတွေ ဖြစ်မလာသေးဘူးလို့ အခု သူ့မိန့်ခွန်းမှာ ထောက်ပြခဲ့တာပါ။

“လူ့အခွင့်အရေးကောင်စီဖွဲ့စည်းမှုမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မျှော်လင့်ချက် ကြီးကြီးမားမားရှိခဲ့ပါတယ်။ လူ့အခွင့်အရေးကောင်စီအတွင်းမှာ ဖွံဖြိုးတိုးတက်မှုတွေ ဦးစားပေး ဆောင်ရွက်ပြီး နိုင်ငံတွေရဲ့အချုပ်အခြာကိုလေးစားတန်ဖိုးထားကာ ကမ္ဘာ့နေရာ အသီးအသီးက လူ့အခွင့်အရေး အခြေအနေမှန်သမျှကို မျှမျှတတ တပြေးညီ ကိုင်တွယ်သွားဖို့ ဆိုတာမျှော်လင့်ထားခဲ့ကြတာပါ။”

အခု လူ့အခွင့်အရေးကောင်စီ ညီလာခံအတွင်းမှာ မြန်မာလူ့အခွင့်အရေးနဲ့ပတ်သက်လို့ သက်ဆိုင်ရာ ကုလတာဝန်ရှိသူတွေရဲ့ တင်ပြချက်တွေအပေါ် အပြန်အလှန်ဆွေးနွေးကြဖို့လည်း ရှိသလို၊ သက်တမ်းကုန်ဆုံးတော့မယ့် Ms.Yanghee Lee နေရာမှာမြန်မာလူ့အခွင့်အရးဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်သစ်ကိုလည်း ခန့်ထားဖို့ ရှိနေပါတယ်။ ဒီအတွက် အမေရိကန်အောက်လွှတ်တော် အမတ်ဟောင်း Tom Andrews ကို လူ့အခွင့်အရေးကောင်စီ ဥက္ကဌက အမည်စာရင်း တင်သွင်းထားပါတယ်။ လူ့အခွင့်အရေးကောင်စီ ညီလာခံကနေ Tom Andrews ကို အတည်ပြုမယ်ဆိုရင်တော့ မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွေထဲ ပထမဆုံး အမေရိကန်နိုင်ငံသားဖြစ်လာမှာပါ။

သားၫြန္႔ဦး/VOA (Burmese)
https://burmese.voanews.com
ကုလလူ႔အခြင့္အေရးေကာင္စီမွာ ျပည္ေထာင္စု၀န္ႀကီး မိန္႔ခြန္းေျပာ ကုလလူ႔အခြင့္အေရးေကာင္စီမွာ ျပည္ေထာင္စု၀န္ႀကီး မိန္႔ခြန္းေျပာ Reviewed by THITHTOOLWIN on 00:53 Rating: 5
Powered by Blogger.