Covid-19 ကမာၻမွာပ်ံ႔ႏွံ႔မႈ တ႐ုတ္နဲ႔ ဆက္စပ္ေန


(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ကို အဆိုးရြားဆံုး ေနာက္ဆံုး ကူးစက္ခံေနရတဲ့ ေတာင္ကိုရီးယား အပါအ၀င္ အီတလီ၊ အီရန္ စတဲ့ ႏိုင္ငံေတြကိုၾကည့္ရင္ ဗိုင္းရပ္စ္ပိုးဟာ တရုတ္ႏိုင္ငံ ကလာတဲ့လူေတြဒါမွမဟုတ္ တရုတ္က ျပန္လာတဲ့သူေတြနဲ႔ ဆက္စပ္ေနတယ္ဆိုတာ ေတြ႕ရွိခဲ့ရတယ္လို႔ အေမရိကန္ျပည္ေထာင္စု ကူးစက္ေရာဂါအထူးကု ေဒါက္တာေဇယ်ာသက္က ေျပာပါတယ္။

လူလူခ်င္း ကူးစက္တဲ့ Covic-19 ေရာဂါထိန္းခ်ဳပ္ႏိုင္ေရး ထိေရာက္တဲ့နည္းလမ္းေတြဘာေတြရွိမလဲ၊ အျခား ရာသီတုပ္ေကြးအမ်ဳိးအစားေတြနဲ႔ ေရာဂါလကၡဏာ ဘယ္လိုကြာျခားခ်က္ေတြရွိေနလဲ။

အေမရိကန္ျပည္ေထာင္စု နယူးေရာက္ၿမိဳ႕ Wyckoff Heights ေဆး၀ါးကုသမႈဌာန ဒုဥကၠဌ ကူးစက္ေရာဂါ အထူးကု ေဒါက္တာ ေဇယ်ာသက္ကို Skype ကေန မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းရာမွာ သူကအခုလိုစေျပာပါတယ္။

ေဒါက္တာ ေဇယ်ာသက္။ ။ ေတာင္ကိုရီးယားကိုေတာ့ က်ေနာ္တို႔ second epicenter လို႔သတ္မွတ္လိုက္တာေပါ့ေနာ္ ၿမိဳ႕ေသးေသးေလး ၂ ခုမွာ ၊ ၿမိဳ႕ေသးတယ္ဆိုေပမယ့္ က်ေနာ္တို႔ ျမန္မာျပည္ဆိုရင္ ပဲခူးတို႔ ျပည္တို႔လိုေပါ့ အဲလိုေနရာမွာ အခုဆိိုရင္ လူေပါင္း ၇၀၀ နီးပါးေလာက္အထိ ျဖစ္သြားၿပီးေတာ့ ေသတဲ့လူေတြ ရွိတယ္ဆိုတာလည္း သူတို႔ confirm လုပ္လာတယ္ေပါ့ေနာ္။ တရုတ္မွာေတာ့ ေသာင္းနဲ႔ခ်ီ ကူးစက္ၿပီးေတာ့ ေထာင္နဲ႔ခ်ီေသတယ္။ ဒီမွာက ၇၀၀ နီးပါး ကပ္လာတယ္ဆိုေတာ့ ေတာ္ေတာ္စိုးရိမ္စရာ အေၾကာင္းအရာ တခုျဖစ္တယ္။ ဘာေၾကာင့္ ဒီလို တရုတ္ကေနတဆင့္ ေတာင္ကိုရီးယားကို ေရာက္သြားသလဲေပါ့ ။ ဆိိုေတာ့ ၀ူဟန္ေနရာတ၀ိုက္မွာ လူေပါင္းေျမာက္မ်ားစြာ ႏိုင္ငံေပါင္း ေျမာက္မ်ားစြာက ႏိုင္ငံသားေတြ ရွိေနပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ အလုပ္အင္မတန္မွ အဆင္ေျပတဲ့ ေနရာတခုျဖစ္ေနတယ္။ ၿပီးေတာ့ ကိုရီးယားေတြက တရုတ္ေတြနဲ႔ business အမ်ားႀကီးလုပ္တာျဖစ္ပါလိမ့္မယ္။ ဆိုေတာ့ အခုကိုရီးယား က ျဖစ္တဲ့ ကိစၥကေတာ့ အခုေလာေလာဆယ္မွာ data မထြက္လာေသးဘူး။ က်ေနာ္တို႔ သိတဲ့တခ်က္ကေတာ့ church မွာသြားၿပီးေတာ့ connection ရွိတယ္ဆိုတာပဲ သိတာပါ။

ေတာင္ကိုရီးယား ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ သတိေပးခ်က္ အျမင့္ဆံုးတင္ထားတဲ့သတင္းကို ဖတ္ရႈႏိုင္ပါၿပီ။

မအင္ၾကင္းႏိုင္။ ။ေရာဂါလကၡဏာမျပပဲ ကူးစက္ခံရသူက ကူးစက္ခံေနရတယ္ ဒါေပမယ့္ တကယ္တမ္း ကူးစက္မႈအေျခအေနေပါ့ေနာ္ ေတာင္ကိုရီးယားပဲျဖစ္ျဖစ္ ကူးစက္ခံေနရတဲ့ ႏိုင္ငံေတြရဲ႕ အေျခအေန ၾကည့္မယ္ဆိုရင္ အရမ္းျမန္ဆန္ၿပီးေတာ့ ေသဆံုးသူေတြလည္း ရွိတဲ့အခါက်ေတာ့ သူ႔ရဲ႕ေရာဂါလကၡဏာအတိအက်ေရာ ဆရာတို႔ ေဆးပညာေလာကမွာ သိရၿပီလား။

ေဒါက္တာ ေဇယ်ာသက္။ ။ ေရာဂါလကၡဏာအတိအက်ကေတာ့ ဒီေရာဂါ ၂ ခုသည္ influenza corona covid 19 နဲ႔က ပံုမွန္အားျဖင့္အတူတူပဲ ဘယ္လိုမွ ခြဲလို႔မရဘူး။ ၾကည့္လိုက္ရင္ က်ေနာ္တုိ႔ ခြဲလို႔ရတာက တခ်က္ပဲရွိတာက အခု က်ေနာ္တုိ႔ လူနာတေယာက္ကို ေဆးခန္းမွာ ဒါမ်ိဳးျဖစ္တယ္ဆိုရင္ ေမးတာက Travel history ၿပီးေတာ့ exposure ျဖစ္ႏိုင္တဲ့လူေတြရွိသလားေပါ့ ဒါမိ်ဳးပဲ ေမးၿပီးေတာ့ ခြဲလိုက္တာေပါ့ေနာ္။ လကၡဏာအရေတာ့ ဘယ္လိုမွ ခြဲလို႔မရပါဘူး။ ေနာက္တခု က်ေနာ္တို႔ သိတဲ့အခ်က္က ဒီေရာဂါက SARS လို႔ လူေတြ ဟိုတုန္းက သိၾကတဲ့ ေရာဂါနဲ႔ ကြာတဲ့တခ်က္ကေတာ့ သူက upper respiratory tract infectionျဖစ္တဲ့အတြက္ေၾကာင့္ ဒီေရာဂါကူးႏႈန္းကေတာ့ ျမန္ပါတယ္

မအင္ၾကင္းႏိုင္။ ။ corona virus က လူလူခ်င္းကူးတယ္၊ ေနာက္ၿပီး ေလကေနလည္း ကူးတယ္ဆိုတာမ်ိဳးေရာ ျဖစ္လာၿပီလားရွင့္။

ေဒါက္တာ ေဇယ်ာသက္။ ။ က်ေနာ္တို႔ လက္ရွိအေျခအေနကေတာ့ ေလကေန တဆင့္ကူးတယ္ဆိုတာက က်ေနာ္တို႔ ဘယ္သူမွ confirm မလုပ္ေသးပါဘူး။ စမ္းသပ္ေနတဲ့အရကေတာ့ ေလကေန တဆင့္ကူးတယ္ဆိုတာ flu လိုမ်ိဳးဟာေပါ့ေလ၊ အဲဒါမ်ိဳးဆိုရင္ ရွိသမွ် case ေတြက ၀ုန္းဆိုၿပီးေတာ့ ေပၚခ်လာတယ္အမေရ ။ ဆိုေတာ့ အခုဟာက ကိုရီးယားမွာ ျဖစ္ေနတာကလည္း ၿမိဳ႕ေလ ၂ ခု မွာ စၿပီးျဖစ္တယ္။ ဒီ တရုတ္လူမ်ိဳးေတြကေနတဆင့္ ကူးလာတာလား၊ ေလထဲကေန ကူးလာတယ္ဆိုတာက ဒီေန႔ ဒီအခ်ိန္အထိ WHO အပါအ၀င္ မေၾကညာေသးပါဘူး။

မအင္ၾကင္းႏိုင္။ ။ corona virus ပိုးကို ထိန္းခ်ဳပ္တဲ့ပံုစံေပါ့ေနာ္ တရုတ္မွာဆိုရင္ ၿမိဳ႕ေတြ အကုန္လံုးကို ပိတ္လိုက္တာေပါ့ေနာ္ ။ ဘယ္သူမွ မထြက္ရဘူးေပါ့ေနာ္။ ဒီလိုထိန္းခ်ဳပ္တဲ့ပံုစံမ်ိဳးကို တျခား အခု corona virus ကူးစက္ခံေနရတဲ့ ႏိုင္ငံေတြ ဒီလိုထိန္းခ်ဳပ္လာမယ့္အလားအလာေတြေရာ ဘယ္လိုရွိသလဲရွင့္။

ေဒါက္တာ ေဇယ်ာသက္။ ။ corona virus က လူလူခ်င္းကူးတယ္ ဆိုၿပီးေတာ့ principle ကို လက္ကိုင္ထားသေရြ႕ကေတာ့ အေကာင္းဆံုးနည္းလမ္းကေတာ့ တခုလို႔ပဲ သတ္မွတ္လို႔ရပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ vaccine က မေပၚေသးပါဘူး။ ေဆးဆိုတာလည္း မေပၚေသးပါဘူး။ လူေတြသံုးၾကတဲ့ ေဆးဆိုတာလည္း တရုတ္ျပည္မွာ experimental လုပ္ေနၾကတာပါ။ ဘယ္သူမွ တရား၀င္ ထုတ္ျပန္တာမရွိပါဘူး။ ဆိုေတာ့ ဒီ vaccine ေပၚမွသာလ်င္ ေရာဂါတခုကို ေကာင္းေကာင္းထိန္းလို႔ႏိုင္မွာပါ။ ေဆးေပၚတာနဲ႔ေတာ့ ထိန္းရတာ တခါတေလ ခက္ပါတယ္။ ဆိုေတာ့ တရုတ္ျပည္မွာ တမ်ိဳ႕လံုးကို ပိတ္ခ်လိုက္တာ ။ တဘက္က ၾကည့္ရင္ေတာ့ US တို႔ European ႏိုင္ငံေတြမွာ လုပ္ဖို႔ကေတာ့ ဒါမ်ိဳးက ခက္ပါလိမ့္မယ္ ဘာျဖစ္လို႔လဲဆိုေတာ့ တျခား အျမင္ေတြကေန မၾကိဳက္တဲ့လူေတြကေတာ့ အမ်ားႀကီးရွိပါလိမ့္မယ္။

အေမရိကန္ျပည္ေထာင္စု နယူးေရာက္ၿမိဳ႕ Wyckoff Heights ေဆး၀ါးကုသမႈဌာန ဒုဥကၠဌ ကူးစက္ေရာဂါ အထူးကု ေဒါက္တာ ေဇယ်ာသက္ကို Skype ကေန မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားတာပါ။

...................

Covid-19 ကမ္ဘာမှာပျံ့နှံ့မှု တရုတ်နဲ့ဆက်စပ်နေ

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကို အဆိုးရွားဆုံး နောက်ဆုံး ကူးစက်ခံနေရတဲ့ တောင်ကိုရီးယား အပါအဝင် အီတလီ၊ အီရန် စတဲ့ နိုင်ငံတွေကိုကြည့်ရင် ဗိုင်းရပ်စ်ပိုးဟာ တရုတ်နိုင်ငံ ကလာတဲ့လူတွေဒါမှမဟုတ် တရုတ်က ပြန်လာတဲ့သူတွေနဲ့ ဆက်စပ်နေတယ်ဆိုတာ တွေ့ရှိခဲ့ရတယ်လို့ အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက်က ပြောပါတယ်။

လူလူချင်း ကူးစက်တဲ့ Covic-19 ရောဂါထိန်းချုပ်နိုင်ရေး ထိရောက်တဲ့နည်းလမ်းတွေဘာတွေရှိမလဲ၊ အခြား ရာသီတုပ်ကွေးအမျိုးအစားတွေနဲ့ ရောဂါလက္ခဏာ ဘယ်လိုကွာခြားချက်တွေရှိနေလဲ။

အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့ Wyckoff Heights ဆေးဝါးကုသမှုဌာန ဒုဥက္ကဌ ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက်ကို Skype ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူကအခုလိုစပြောပါတယ်။

ဒေါက်တာ ဇေယျာသက်။ ။ တောင်ကိုရီးယားကိုတော့ ကျနော်တို့ second epicenter လို့သတ်မှတ်လိုက်တာပေါ့နော် မြို့သေးသေးလေး ၂ ခုမှာ ၊ မြို့သေးတယ်ဆိုပေမယ့် ကျနော်တို့ မြန်မာပြည်ဆိုရင် ပဲခူးတို့ ပြည်တို့လိုပေါ့ အဲလိုနေရာမှာ အခုဆိုရင် လူပေါင်း ၇၀၀ နီးပါးလောက်အထိ ဖြစ်သွားပြီးတော့ သေတဲ့လူတွေ ရှိတယ်ဆိုတာလည်း သူတို့ confirm လုပ်လာတယ်ပေါ့နော်။ တရုတ်မှာတော့ သောင်းနဲ့ချီ ကူးစက်ပြီးတော့ ထောင်နဲ့ချီသေတယ်။ ဒီမှာက ၇၀၀ နီးပါး ကပ်လာတယ်ဆိုတော့ တော်တော်စိုးရိမ်စရာ အကြောင်းအရာ တခုဖြစ်တယ်။ ဘာကြောင့် ဒီလို တရုတ်ကနေတဆင့် တောင်ကိုရီးယားကို ရောက်သွားသလဲပေါ့ ။ ဆိုတော့ ဝူဟန်နေရာတဝိုက်မှာ လူပေါင်းမြောက်များစွာ နိုင်ငံပေါင်း မြောက်များစွာက နိုင်ငံသားတွေ ရှိနေပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အလုပ်အင်မတန်မှ အဆင်ပြေတဲ့ နေရာတခုဖြစ်နေတယ်။ ပြီးတော့ ကိုရီးယားတွေက တရုတ်တွေနဲ့ business အများကြီးလုပ်တာဖြစ်ပါလိမ့်မယ်။ ဆိုတော့ အခုကိုရီးယား က ဖြစ်တဲ့ ကိစ္စကတော့ အခုလောလောဆယ်မှာ data မထွက်လာသေးဘူး။ ကျနော်တို့ သိတဲ့တချက်ကတော့ church မှာသွားပြီးတော့ connection ရှိတယ်ဆိုတာပဲ သိတာပါ။

တောင်ကိုရီးယား ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သတိပေးချက် အမြင့်ဆုံးတင်ထားတဲ့သတင်းကို ဖတ်ရှုနိုင်ပါပြီ။

မအင်ကြင်းနိုင်။ ။ရောဂါလက္ခဏာမပြပဲ ကူးစက်ခံရသူက ကူးစက်ခံနေရတယ် ဒါပေမယ့် တကယ်တမ်း ကူးစက်မှုအခြေအနေပေါ့နော် တောင်ကိုရီးယားပဲဖြစ်ဖြစ် ကူးစက်ခံနေရတဲ့ နိုင်ငံတွေရဲ့ အခြေအနေ ကြည့်မယ်ဆိုရင် အရမ်းမြန်ဆန်ပြီးတော့ သေဆုံးသူတွေလည်း ရှိတဲ့အခါကျတော့ သူ့ရဲ့ရောဂါလက္ခဏာအတိအကျရော ဆရာတို့ ဆေးပညာလောကမှာ သိရပြီလား။

ဒေါက်တာ ဇေယျာသက်။ ။ ရောဂါလက္ခဏာအတိအကျကတော့ ဒီရောဂါ ၂ ခုသည် influenza corona covid 19 နဲ့က ပုံမှန်အားဖြင့်အတူတူပဲ ဘယ်လိုမှ ခွဲလို့မရဘူး။ ကြည့်လိုက်ရင် ကျနော်တို့ ခွဲလို့ရတာက တချက်ပဲရှိတာက အခု ကျနော်တို့ လူနာတယောက်ကို ဆေးခန်းမှာ ဒါမျိုးဖြစ်တယ်ဆိုရင် မေးတာက Travel history ပြီးတော့ exposure ဖြစ်နိုင်တဲ့လူတွေရှိသလားပေါ့ ဒါမျိုးပဲ မေးပြီးတော့ ခွဲလိုက်တာပေါ့နော်။ လက္ခဏာအရတော့ ဘယ်လိုမှ ခွဲလို့မရပါဘူး။ နောက်တခု ကျနော်တို့ သိတဲ့အချက်က ဒီရောဂါက SARS လို့ လူတွေ ဟိုတုန်းက သိကြတဲ့ ရောဂါနဲ့ ကွာတဲ့တချက်ကတော့ သူက upper respiratory tract infectionဖြစ်တဲ့အတွက်ကြောင့် ဒီရောဂါကူးနှုန်းကတော့ မြန်ပါတယ်

မအင်ကြင်းနိုင်။ ။ corona virus က လူလူချင်းကူးတယ်၊ နောက်ပြီး လေကနေလည်း ကူးတယ်ဆိုတာမျိုးရော ဖြစ်လာပြီလားရှင့်။

ဒေါက်တာ ဇေယျာသက်။ ။ ကျနော်တို့ လက်ရှိအခြေအနေကတော့ လေကနေ တဆင့်ကူးတယ်ဆိုတာက ကျနော်တို့ ဘယ်သူမှ confirm မလုပ်သေးပါဘူး။ စမ်းသပ်နေတဲ့အရကတော့ လေကနေ တဆင့်ကူးတယ်ဆိုတာ flu လိုမျိုးဟာပေါ့လေ၊ အဲဒါမျိုးဆိုရင် ရှိသမျှ case တွေက ဝုန်းဆိုပြီးတော့ ပေါ်ချလာတယ်အမရေ ။ ဆိုတော့ အခုဟာက ကိုရီးယားမှာ ဖြစ်နေတာကလည်း မြို့လေ ၂ ခု မှာ စပြီးဖြစ်တယ်။ ဒီ တရုတ်လူမျိုးတွေကနေတဆင့် ကူးလာတာလား၊ လေထဲကနေ ကူးလာတယ်ဆိုတာက ဒီနေ့ ဒီအချိန်အထိ WHO အပါအဝင် မကြေညာသေးပါဘူး။

မအင်ကြင်းနိုင်။ ။ corona virus ပိုးကို ထိန်းချုပ်တဲ့ပုံစံပေါ့နော် တရုတ်မှာဆိုရင် မြို့တွေ အကုန်လုံးကို ပိတ်လိုက်တာပေါ့နော် ။ ဘယ်သူမှ မထွက်ရဘူးပေါ့နော်။ ဒီလိုထိန်းချုပ်တဲ့ပုံစံမျိုးကို တခြား အခု corona virus ကူးစက်ခံနေရတဲ့ နိုင်ငံတွေ ဒီလိုထိန်းချုပ်လာမယ့်အလားအလာတွေရော ဘယ်လိုရှိသလဲရှင့်။

ဒေါက်တာ ဇေယျာသက်။ ။ corona virus က လူလူချင်းကူးတယ် ဆိုပြီးတော့ principle ကို လက်ကိုင်ထားသရွေ့ကတော့ အကောင်းဆုံးနည်းလမ်းကတော့ တခုလို့ပဲ သတ်မှတ်လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ vaccine က မပေါ်သေးပါဘူး။ ဆေးဆိုတာလည်း မပေါ်သေးပါဘူး။ လူတွေသုံးကြတဲ့ ဆေးဆိုတာလည်း တရုတ်ပြည်မှာ experimental လုပ်နေကြတာပါ။ ဘယ်သူမှ တရားဝင် ထုတ်ပြန်တာမရှိပါဘူး။ ဆိုတော့ ဒီ vaccine ပေါ်မှသာလျင် ရောဂါတခုကို ကောင်းကောင်းထိန်းလို့နိုင်မှာပါ။ ဆေးပေါ်တာနဲ့တော့ ထိန်းရတာ တခါတလေ ခက်ပါတယ်။ ဆိုတော့ တရုတ်ပြည်မှာ တမျို့လုံးကို ပိတ်ချလိုက်တာ ။ တဘက်က ကြည့်ရင်တော့ US တို့ European နိုင်ငံတွေမှာ လုပ်ဖို့ကတော့ ဒါမျိုးက ခက်ပါလိမ့်မယ် ဘာဖြစ်လို့လဲဆိုတော့ တခြား အမြင်တွေကနေ မကြိုက်တဲ့လူတွေကတော့ အများကြီးရှိပါလိမ့်မယ်။

အမေရိကန်ပြည်ထောင်စု နယူးရောက်မြို့ Wyckoff Heights ဆေးဝါးကုသမှုဌာန ဒုဥက္ကဌ ကူးစက်ရောဂါ အထူးကု ဒေါက်တာ ဇေယျာသက်ကို Skype ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားတာပါ။

အင္ၾကင္းႏုုိင္/VOA (Burmese)
https://burmese.voanews.com
Covid-19 ကမာၻမွာပ်ံ႔ႏွံ႔မႈ တ႐ုတ္နဲ႔ ဆက္စပ္ေန Covid-19 ကမာၻမွာပ်ံ႔ႏွံ႔မႈ တ႐ုတ္နဲ႔ ဆက္စပ္ေန Reviewed by THITHTOOLWIN on 01:03 Rating: 5
Powered by Blogger.