COVID-19 ကို ထိန္းခ်ဳပ္၍ ရႏိုင္ေၾကာင္း WHO အႀကီးအကဲ ေျပာၾကား

ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္(WHO) အႀကီးအကဲ Tedros Adhanom Ghebreyesus အားေန႔စဥ္ပုံမွန္ သတင္းစာရွင္းလင္းပြဲတစ္ခုတြင္ေတြ႕ရစဥ္(ဆင္ဟြာ)
(Zawgyi)⤵⤵⤵
ဂ်ီနီဗာ ၊ ေဖေဖာ္ဝါရီ ၂၅ ရက္(ဆင္ဟြာ)

ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္(WHO) အႀကီးအကဲ က COVID-19 ေရာဂါသည္ ထိန္းခ်ဳပ္၍ ရႏိုင္ေၾကာင္း ၊ ယင္းမွာ တ႐ုတ္ႏိုင္ငံတြင္ WHO ႏွင့္ တ႐ုတ္ ႏိုင္ငံမွ ကြၽမ္းက်င္သူမ်ား ပူးတြဲျပဳလုပ္ေသာ စူးစမ္းေလ့လာမႈ ေတြ႕ရွိခ်က္မ်ားအေပၚ အေျခခံ၍ ရွင္းလင္းေသာ သတင္းစကား တစ္ခုျဖစ္ေၾကာင္း  ေဖေဖာ္ဝါရီ ၂၄ ရက္တြင္ ေျပာၾကားခဲ့သည္။

ေန႔စဥ္ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္ ကမာၻ႔က်န္းမာေရးအဖြဲ႕ခ်ဳပ္ ၫႊန္ၾကားေရးမႉးခ်ဳပ္ Tedros Adhanom Ghebreyesus က WHO-တ႐ုတ္ ပူးေပါင္းအဖြဲ႕သည္ တ႐ုတ္ႏိုင္ငံအတြင္း စူးစမ္းေလ့လာမႈအစီအစဥ္ကို မၾကာေသးခင္က အဆုံးသတ္ခဲ့ၿပီး ၎တို႔၏ ရွာေဖြေတြ႕ရွိခ်က္မ်ားကို ေဖေဖာ္ဝါရီ ၂၅ ရက္တြင္ အေသးစိတ္ထုတ္ျပန္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့သည္။

“ ယုံၾကည္မႈ ၊ လုပ္ႏိုင္စြမ္း နဲ႔ ေမွ်ာ္လင့္ခ်က္ေတြကို ႏိုင္ငံအားလုံးဆီ ေပးမယ့္ အဓိက သတင္းစကားကေတာ့ ဒီဗိုင္းရပ္စ္ပိုးကို ထိန္းခ်ဳပ္ႏိုင္တယ္ ဆိုတာပါပဲ ” ဟု WHO အႀကီးအကဲက ဆိုသည္။အဆိုပါပူးေပါင္းအဖြဲ႕သည္  ဝူဟန႔္အပါအဝင္ ေရာဂါပိုးကူးစက္ပ်ံ႕ႏွံ႔ႏိုင္စြမ္း ၊ ေရာဂါ၏ ျပင္းထန္မႈ ႏွင့္ လက္ရွိေဆာင္႐ြက္မႈမ်ား၏ အက်ိဳးသက္ေရာက္မႈ အတိုင္းအတာကို ေလ့လာခဲ့ေၾကာင္း ၎က ျဖည့္စြက္ေျပာၾကားခဲ့သည္။ “ တ႐ုတ္ႏိုင္ငံတြင္ ဇန္နဝါရီ ၂၃ ရက္ မွ ေဖေဖာ္ဝါရီ ၂ ရက္ အထိ ၾကားကာလတြင္ ကူးစက္မႈအျမင့္ဆုံးအဆင့္သို႔ ေရာက္ရွိခဲ့ၿပီး ၊ ယင္းကာလေနာက္ပိုင္းတြင္ ကူးစက္မႈမွာ တစ္ျဖည္းျဖည္းက်ဆင္းလာခဲ့ေၾကာင္း ” Tedros က ဆိုသည္။ ယင္းဗိုင္းရပ္စ္ပိုးသည္ မ်ိဳး႐ိုးဗီဇ(DNA) တြင္ ထူးကဲေျပာင္းလဲမႈ မရွိေၾကာင္း ၎က ဆက္လက္ေျပာၾကားခဲ့သည္။

ဝူဟန႔္ၿမိဳ႕၌ ေသဆုံးမႈႏႈန္းသည္ ၂ ရာခိုင္ႏႈန္းမွ ၄ ရာခိုင္ႏႈန္း ရွိခဲ့ၿပီး ဝူဟန႔္အျပင္ဘက္တြင္ ၀ ဒသမ ၇ ရာခိုင္ႏႈန္းရွိခဲ့ေၾကာင္း ၊ ေရာဂါျပင္းထန္မႈ မရွိေသာ လူနာမ်ားအတြက္ ျပန္လည္သက္သာလာရန္ ကုသမႈၾကာခ်ိန္မွာ ႏွစ္ပတ္ခန႔္ၾကာျမင့္ၿပီး ေရာဂါျပင္းထန္ေသာလူနာမ်ားအတြက္ အခ်ိန္ သုံးပတ္ မွ ေျခာက္ပတ္ ထိလိုအပ္ေၾကာင္း ပူးေပါင္းအဖြဲ႕၏ ေလ့လာေတြ႕ရွိခ်က္အရ သိရသည္။

သို႔ေသာ္ WHO အႀကီးအကဲက ကူးစက္ေရာဂါတိုက္ဖ်က္ေရးတြင္ အေလးထားေဆာင္႐ြက္ရန္ သတိေပးေျပာၾကားခဲ့သည္။ “ ဒါဟာ ႏိုင္ငံအားလုံး ၊ လူမႈအသိုက္အဝန္းေတြ ၊ မိသားစုဝင္ေတြ နဲ႔ လူတစ္ဦးခ်င္းစီအတြက္ ႀကိဳတင္ျပင္ဆင္မႈလုပ္ဖို႔ အေလးထားရမယ့္ အခိုက္အတန႔္တစ္ခုပါ” ဟု Tedros က ထပ္ေလာင္းေျပာၾကားခဲ့ၿပီး “ က်ေနာ့္တို႔အေနနဲ႔ ေရာဂါထိန္းခ်ဳပ္ေရးကို အေလးထားရပါမယ္ ၊ ကူးစက္ျပန႔္ႏွံ႔လာႏိုင္တဲ့ အလားအလာတစ္ခုအတြက္ က်ေနာ္တို႔ဟာ လုပ္ႏိုင္တာေတြအားလုံးကို ႀကိဳတင္ျပင္ဆင္ ထားရပါမယ္ ” ဟု ၎ကဆိုသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
COVID-19 ကို ထိန်းချုပ်၍ ရနိုင်ကြောင်း WHO အကြီးအကဲ ပြောကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) အကြီးအကဲ Tedros Adhanom Ghebreyesus အားနေ့စဉ်ပုံမှန် သတင်းစာရှင်းလင်းပွဲတစ်ခုတွင်တွေ့ရစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) အကြီးအကဲ က COVID-19 ရောဂါသည် ထိန်းချုပ်၍ ရနိုင်ကြောင်း ၊ ယင်းမှာ တရုတ်နိုင်ငံတွင် WHO နှင့် တရုတ် နိုင်ငံမှ ကျွမ်းကျင်သူများ ပူးတွဲပြုလုပ်သော စူးစမ်းလေ့လာမှု တွေ့ရှိချက်များအပေါ် အခြေခံ၍ ရှင်းလင်းသော သတင်းစကား တစ်ခုဖြစ်ကြောင်း  ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။

နေ့စဉ်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် ညွှန်ကြားရေးမှူးချုပ် Tedros Adhanom Ghebreyesus က WHO-တရုတ် ပူးပေါင်းအဖွဲ့သည် တရုတ်နိုင်ငံအတွင်း စူးစမ်းလေ့လာမှုအစီအစဉ်ကို မကြာသေးခင်က အဆုံးသတ်ခဲ့ပြီး ၎င်းတို့၏ ရှာဖွေတွေ့ရှိချက်များကို ဖေဖော်ဝါရီ ၂၅ ရက်တွင် အသေးစိတ်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ ယုံကြည်မှု ၊ လုပ်နိုင်စွမ်း နဲ့ မျှော်လင့်ချက်တွေကို နိုင်ငံအားလုံးဆီ ပေးမယ့် အဓိက သတင်းစကားကတော့ ဒီဗိုင်းရပ်စ်ပိုးကို ထိန်းချုပ်နိုင်တယ် ဆိုတာပါပဲ ” ဟု WHO အကြီးအကဲက ဆိုသည်။အဆိုပါပူးပေါင်းအဖွဲ့သည်  ဝူဟန့်အပါအဝင် ရောဂါပိုးကူးစက်ပျံ့နှံ့နိုင်စွမ်း ၊ ရောဂါ၏ ပြင်းထန်မှု နှင့် လက်ရှိဆောင်ရွက်မှုများ၏ အကျိုးသက်ရောက်မှု အတိုင်းအတာကို လေ့လာခဲ့ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ “ တရုတ်နိုင်ငံတွင် ဇန်နဝါရီ ၂၃ ရက် မှ ဖေဖော်ဝါရီ ၂ ရက် အထိ ကြားကာလတွင် ကူးစက်မှုအမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ပြီး ၊ ယင်းကာလနောက်ပိုင်းတွင် ကူးစက်မှုမှာ တစ်ဖြည်းဖြည်းကျဆင်းလာခဲ့ကြောင်း ” Tedros က ဆိုသည်။ ယင်းဗိုင်းရပ်စ်ပိုးသည် မျိုးရိုးဗီဇ(DNA) တွင် ထူးကဲပြောင်းလဲမှု မရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဝူဟန့်မြို့၌ သေဆုံးမှုနှုန်းသည် ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း ရှိခဲ့ပြီး ဝူဟန့်အပြင်ဘက်တွင် ၀ ဒသမ ၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း ၊ ရောဂါပြင်းထန်မှု မရှိသော လူနာများအတွက် ပြန်လည်သက်သာလာရန် ကုသမှုကြာချိန်မှာ နှစ်ပတ်ခန့်ကြာမြင့်ပြီး ရောဂါပြင်းထန်သောလူနာများအတွက် အချိန် သုံးပတ် မှ ခြောက်ပတ် ထိလိုအပ်ကြောင်း ပူးပေါင်းအဖွဲ့၏ လေ့လာတွေ့ရှိချက်အရ သိရသည်။

သို့သော် WHO အကြီးအကဲက ကူးစက်ရောဂါတိုက်ဖျက်ရေးတွင် အလေးထားဆောင်ရွက်ရန် သတိပေးပြောကြားခဲ့သည်။ “ ဒါဟာ နိုင်ငံအားလုံး ၊ လူမှုအသိုက်အဝန်းတွေ ၊ မိသားစုဝင်တွေ နဲ့ လူတစ်ဦးချင်းစီအတွက် ကြိုတင်ပြင်ဆင်မှုလုပ်ဖို့ အလေးထားရမယ့် အခိုက်အတန့်တစ်ခုပါ” ဟု Tedros က ထပ်လောင်းပြောကြားခဲ့ပြီး “ ကျနော့်တို့အနေနဲ့ ရောဂါထိန်းချုပ်ရေးကို အလေးထားရပါမယ် ၊ ကူးစက်ပြန့်နှံ့လာနိုင်တဲ့ အလားအလာတစ်ခုအတွက် ကျနော်တို့ဟာ လုပ်နိုင်တာတွေအားလုံးကို ကြိုတင်ပြင်ဆင် ထားရပါမယ် ” ဟု ၎င်းကဆိုသည်။

(Xinhua)
http://www.xinhuamyanmar.com
COVID-19 ကို ထိန္းခ်ဳပ္၍ ရႏိုင္ေၾကာင္း WHO အႀကီးအကဲ ေျပာၾကား COVID-19 ကို ထိန္းခ်ဳပ္၍ ရႏိုင္ေၾကာင္း WHO အႀကီးအကဲ ေျပာၾကား Reviewed by THITHTOOLWIN on 01:00 Rating: 5
Powered by Blogger.