အီဂ်စ္အာဏာရွင္ေဟာင္း မူဘာရက္ ကြယ္လြန္

အီဂ်စ္အာဏာရွင္ေဟာင္း မူဘာရက္ (မွတ္တမ္းဓာတ္ပံု-ဒီဇင္ဘာ၊ ၂၆၊ ၂၀၁၈)

(Zawgyi/Unicode)

အီဂ်စ္ႏုိင္ငံကို ႏွစ္ေပါင္းမ်ားစြာ အုပ္ခ်ဳပ္ခဲ့ဲ့ဲတဲ့ Hosni Mubarak အသက္ ၉၁ ႏွစ္မွာ ကြယ္လြန္သြားပါျပီ။ သူကြယ္လြန္ေၾကာင္းကိုေတာ့ ႏုိင္ငံပိုင္ ႐ုပ္သံသတင္းမွာ ဒီကေန႔ ေၾကညာပါတယ္။ ႏွစ္ေပါင္း ၃၀ နီးပါးၾကား အီဂ်စ္ႏုိင္ငံကို အုပ္ခ်ဳပ္ခဲ့ျပီး ၂၀၁၁ ခုႏွစ္မွာေတာ့ သူ႔ကို ဆန္႔က်င္ကန္႔ကြက္တဲ့ လူထုဆႏၵျပပြဲေတြ ၁၈ ရက္ၾကာ ေပၚေပါက္ခဲ့ျပီး အာဏာကေန ဖယ္ရွားခံခဲ့ရတာ ျဖစ္ပါတယ္။

အီဂ်စ္ေလတပ္မွာ တာ၀န္ထမ္းေဆာင္ခဲ့ျပီး ေနာက္ပိုင္းမွာ ေလတပ္အၾကီးအကဲ တာ၀န္နဲ႔ ဒုတိယ ကာကြယ္ေရး၀န္ႀကီး တာ၀န္ေတြကိုပါ ထမ္းေဆာင္ခဲ့ပါတယ္။ ၁၉၇၅ ခုႏွစ္ သမၼတ Anwar Sadat လက္ထက္မွာ ဒုသမၼတ ျဖစ္လာခဲ့ျပီး ၁၉၈၁ ခုႏွစ္ ေအာက္တိုဘာလထဲ အစၥလာမ္မစ္ စစ္ေသြးၾကြေတြရဲ႕ လုပ္ၾကံသတ္ျဖတ္မႈေၾကာင့္ သမၼတ Sadat ကြယ္လြန္သြားျပီးေနာက္မွာေတာ့ အီဂ်စ္ႏုိင္ငံရဲ႕ သမၼတ ျဖစ္လာခဲ့ပါတယ္။

အေရွ႕အလယ္ပိုင္း ေဒသတ၀ွမ္း သူ႔ကို ကန္႔ကြက္သူေတြ မ်ားခဲ့ေပမဲ့ ၁၉၇၉ ခုႏွစ္မွာ အစၥေရးႏုိင္ငံနဲ႔ ျငိမ္းခ်မ္းေရးသေဘာတူ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာေၾကာင့္ အေနာက္ႏုိင္ငံေတြရဲ႕ ယံုၾကည္ရတဲ့မဟာမိတ္အျဖစ္ ရပ္တည္ႏုိင္ခဲ့ျပီး အီဂ်စ္ႏုိင္ငံတြင္း ႏွစ္ေပါင္းမ်ားစြာ အာဏာယူခဲ့သူျဖစ္ပါတယ္။

သူ႔လက္ထက္မွာ အေရးေပၚအေျခအေန ထုတ္ျပန္ျပီး ႏုိင္ငံေရး အတိုက္အခံေတြကို ႏွိမ္နင္းဖို႔အတြက္ လံုျခံဳေရးတပ္ဖြဲ႔ေတြကို အာဏာကုန္ ေပးခဲ့တာအျပင္ အေျခခံ လူ႔အခြင့္အေရး ထိန္းခ်ဳပ္ ကန္႔သတ္တာေတြ လုပ္ခဲ့တာပါ။
အီဂ်စ္အာဏာရွင္ေဟာင္း မူဘာရက္
၁၉၉၀ ျပည့္လြန္ႏွစ္ေတြ အတြင္း အီဂ်စ္ရဲတပ္ဖြဲ႔၊ စစ္တပ္နဲ႔ အရပ္သားျပည္သူ ရာနဲ႔ခ်ီ အသတ္ခံခဲ့ရတဲ့ အစၥလာမ္မစ္အစြန္းေရာက္ေတြရဲ႕ အၾကမ္းဖက္ လႈပ္ရွားမႈေတြကိုလည္း မူဘာရက္က အင္အားသံုး ႏွိမ္နင္းခဲ့ပါတယ္။

အစိုးဆန္႔က်င္ဆႏၵျပပြဲေတြရဲ႕ ဖိအားေၾကာင့္ ၂၀၁၁ ခုႏွစ္ အာဏာကဖယ္ရွားခံခဲ့ရျပီး ေနာက္ပိုင္းမွာေတာ့ အစိုးရဆန္႔က်င္ ဆႏၵျပသူေတြကို သတ္ျဖတ္မႈနဲ႔ မူဘာရက္ ဖမ္းဆီး စြပ္စြဲခံခဲ့ရပါတယ္။

၂၀၁၂ ခုႏွစ္ေအာက္တိုလာလမွာေတာ့ တရား႐ံုးက အျပစ္ရွိေၾကာင္း ဆံုးျဖတ္ခဲ့ျပီ အျခား အီဂ်စ္ ထိပ္တန္းေခါင္းေဆာင္တခ်ိဳ႕နဲ႔အတူ ေထာင္တသက္ ခ်မွတ္ခံခဲ့ရပါတယ္။


[Unicode Version]

အီဂျစ်အာဏာရှင်ဟောင်း မူဘာရက် ကွယ်လွန်

အီဂျစ်နိုင်ငံကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့ဲ့ဲတဲ့ Hosni Mubarak အသက် ၉၁ နှစ်မှာ ကွယ်လွန်သွားပါပြီ။ သူကွယ်လွန်ကြောင်းကိုတော့ နိုင်ငံပိုင် ရုပ်သံသတင်းမှာ ဒီကနေ့ ကြေညာပါတယ်။ နှစ်ပေါင်း ၃၀ နီးပါးကြား အီဂျစ်နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာတော့ သူ့ကို ဆန့်ကျင်ကန့်ကွက်တဲ့ လူထုဆန္ဒပြပွဲတွေ ၁၈ ရက်ကြာ ပေါ်ပေါက်ခဲ့ပြီး အာဏာကနေ ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

အီဂျစ်လေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ လေတပ်အကြီးအကဲ တာဝန်နဲ့ ဒုတိယ ကာကွယ်ရေးဝန်ကြီး တာဝန်တွေကိုပါ ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၇၅ ခုနှစ် သမ္မတ Anwar Sadat လက်ထက်မှာ ဒုသမ္မတ ဖြစ်လာခဲ့ပြီး ၁၉၈၁ ခုနှစ် အောက်တိုဘာလထဲ အစ္စလာမ်မစ် စစ်သွေးကြွတွေရဲ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် သမ္မတ Sadat ကွယ်လွန်သွားပြီးနောက်မှာတော့ အီဂျစ်နိုင်ငံရဲ့ သမ္မတ ဖြစ်လာခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသတဝှမ်း သူ့ကို ကန့်ကွက်သူတွေ များခဲ့ပေမဲ့ ၁၉၇၉ ခုနှစ်မှာ အစ္စရေးနိုင်ငံနဲ့ ငြိမ်းချမ်းရေးသဘောတူ စာချုပ် ချုပ်ဆိုခဲ့တာကြောင့် အနောက်နိုင်ငံတွေရဲ့ ယုံကြည်ရတဲ့မဟာမိတ်အဖြစ် ရပ်တည်နိုင်ခဲ့ပြီး အီဂျစ်နိုင်ငံတွင်း နှစ်ပေါင်းများစွာ အာဏာယူခဲ့သူဖြစ်ပါတယ်။

သူ့လက်ထက်မှာ အရေးပေါ်အခြေအနေ ထုတ်ပြန်ပြီး နိုင်ငံရေး အတိုက်အခံတွေကို နှိမ်နင်းဖို့အတွက် လုံခြုံရေးတပ်ဖွဲ့တွေကို အာဏာကုန် ပေးခဲ့တာအပြင် အခြေခံ လူ့အခွင့်အရေး ထိန်းချုပ် ကန့်သတ်တာတွေ လုပ်ခဲ့တာပါ။

၁၉၉၀ ပြည့်လွန်နှစ်တွေ အတွင်း အီဂျစ်ရဲတပ်ဖွဲ့၊ စစ်တပ်နဲ့ အရပ်သားပြည်သူ ရာနဲ့ချီ အသတ်ခံခဲ့ရတဲ့ အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ အကြမ်းဖက် လှုပ်ရှားမှုတွေကိုလည်း မူဘာရက်က အင်အားသုံး နှိမ်နင်းခဲ့ပါတယ်။ အစိုးဆန့်ကျင်ဆန္ဒပြပွဲတွေရဲ့ ဖိအားကြောင့် ၂၀၁၁ ခုနှစ် အာဏာကဖယ်ရှားခံခဲ့ရပြီး နောက်ပိုင်းမှာတော့ အစိုးရဆန့်ကျင် ဆန္ဒပြသူတွေကို သတ်ဖြတ်မှုနဲ့ မူဘာရက် ဖမ်းဆီး စွပ်စွဲခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်အောက်တိုလာလမှာတော့ တရားရုံးကအပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့ပြီ အခြား အီဂျစ် ထိပ်တန်းခေါင်းဆောင်တချို့နဲ့အတူ ထောင်တသက် ချမှတ်ခံခဲ့ရပါတယ်။

VOA (Burmese)
https://burmese.voanews.com
အီဂ်စ္အာဏာရွင္ေဟာင္း မူဘာရက္ ကြယ္လြန္ အီဂ်စ္အာဏာရွင္ေဟာင္း မူဘာရက္ ကြယ္လြန္ Reviewed by THITHTOOLWIN on 01:05 Rating: 5
Powered by Blogger.