Coronavirus အႏၲရာယ္ကာကြယ္ေရး အစိုးရ ပိုလုပ္ေဆာင္ဖို႔ လိုလား

တရုတ္-ျမန္မာနယ္စပ္ဂိတ္အနီး Coronavirus အႏၲရာယ္ကာကြယ္ေရး ေဆာင္ရြက္ေန

(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံက စတင္ခဲ့တဲ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ေရာဂါပိုးနဲ႔ပတ္သက္လို႔ ျမန္မာျပည္သူေတြၾကား စိုးရိမ္မႈတိုးပြားေနၿပီး အစုိးရက အခုထက္ပုိ ထိေရာက္တဲ့ ကိုင္တြယ္ေဆာင္ရြက္မႈေတြလုပ္ဖို႔ လိုလားေနပါတယ္။

တ႐ုတ္-ျမန္မာ ႏွစ္ႏိုင္ငံၾကား နယ္စပ္ဟာ မိုင္(၁၃၀၀)ေက်ာ္ ရွိတာေၾကာင့္ ဗိုင္းရပ္စ္ပိုး ကူးစက္ ဝင္မလာေအာင္ ဘယ္လို ထိန္းခ်ဳပ္မလဲဆိုတာကို ေမးခြန္းထုတ္ေနၾကတာပါ။ အစိုးရကေတာ့ လိုအပ္တာ မွန္သမွ် ေဆာင္ရြက္ေနတယ္လို႔ တံု႔ျပန္ပါတယ္။ အေၾကာင္းစုံကို ကိုဉာဏ္ဝင္းေအာင္က စုစည္းတင္ျပထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပုိးေၾကာင့္ အခုဆိုရင္ ေသဆုံးသူ အနည္းဆုံး ၂၁၃ ဦးရွိေနၿပီး အားလုံးဟာ တ႐ုတ္ႏိုင္ငံထဲမွာ ေသဆုံးတာျဖစ္ပါတယ္။ ဒီေရာဂါပိုးဟာ တ႐ုတ္ႏိုင္ငံတခုထဲတင္မက အျခားႏိုင္ငံေတြကိုပါ တစစပ်ံ႕ႏွံ႔လာေနၿပီး ႏိုင္ငံေပါင္း ၂၂ ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပုိး ကူးစက္ ခံရသူ ၁၀,၀၀၀ ထဲမွာ အမ်ားစုက တ႐ုတ္ႏိုင္ငံသားေတြျဖစ္ပါတယ္။ အခုလို ျပင္းထန္တဲ့ကူးစက္ျမန္ ဗိုင္းရပ္စ္ပုိးေၾကာင့္ ျမန္မာျပည္တြင္း မွာလဲ ျပည္သူေတြၾကား စိုးရိမ္မႈ တိုးပြားေနပါတယ္။

တ႐ုတ္-ျမန္မာ နယ္စပ္ဟာ မိုင္ေပါင္း ေထာင္ေက်ာ္ရွည္လ်ားတာေၾကာင့္ ျမန္မာအစုိးရက ဘယ္လုိ ထိန္းခ်ဳပ္ေနသလဲဆိုတာကို စုိးရိမ္သူက ခရစ္ယာန္ သင္းအုပ္ဆရာ ဦးဗန္ပန္႔ျဖစ္ပါတယ္။

“နယ္စပ္က အ၀င္အထြက္ရွိတယ္ေလ။ နယ္စပ္မွာ ေလဆိပ္မွ မရွိတာ။ ကားနဲ႔၀င္လာတာ တခ်ိဳ႕က ေျခခ်င္နဲ႔ ၀င္လာၾကမွာေပါ့။ နယ္စပ္ဆိုတာ အမ်ားႀကီးပဲေလ။ တရုတ္နယ္စပ္က မိုင္ေထာင္ေပါင္းရွိတာပဲ ဒါဘယ္လိုလို႔ တားဆီးလို႔ရမလဲ”

သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးကေတာ့ တ႐ုတ္-ျမန္မာနယ္စပ္မွာ အစိုးရက ကိုင္တြယ္ေဆာင္ရြက္ေနတဲ့ အေနအထားကို သတင္းစာရွင္းပြဲမွာ ရွင္းျပပါတယ္။

“နယ္စပ္မွာလည္း က်ေနာ္တုိ႔ ရွမ္း၊ ကခ်င္ ၀န္ႀကီးခ်ဳပ္ေတြကိုယ္တိုင္ ညႊန္ၾကားထားတယ္။ သူတို႔ က်န္းမာေရးအဖြဲ႔ေတြနဲ႔ screening လုပ္တယ္။ ဒါကေတာ့ အစိုးရ ထိန္းခ်ဳပ္တဲ့ နယ္စပ္၀င္ေပါက္ေတြ ၊ အလားတူ တျခားထိန္းခ်ဳပ္တဲ့ နယ္စပ္၀င္ေပါက္ေတြလည္းရွိတယ္။ အဲဒီအပိုင္းေတြလည္း က်ေနာ္တုိ႔ ေျပာထားတယ္ ၊ အဲဒီအဖြဲ႔ေတြကို ဆက္သြယ္ေျပာထားတယ္ အဲဒီအဖြဲ႔ေတြမွာလည္း က်ေနာ္တို႔ က်န္းမာေရး အေထာက္အပံ႔ေတြလိုရင္လညး္ ေျပာ၊ ဒီမွာေတာ့ စစ္ဖို႔လိုတယ္ဆိုတာ။ တခ်ိဳ႕ကလည္း သူ႔သေဘာနဲ႔ သူ ပိတ္တာရွိတယ္။ က်ေနာ္တို႔ကေတာ့ အခုေလာေလာဆည္ ပိတ္တဲ့အဆင့္ေတာ့ မေရာက္ေသးဘူး။ ဒါေပမယ့္ အ၀င္အထြက္ကို တင္းတင္းက်ပ္က်ပ္ေစာင့္ၾကည့္တယ္။ အဲဒါေတြ အကုန္လံုးေတာ့ ေတာက္ေလွ်ာက္ watch လုပ္ေနတယ္။”

ဒီလို ကူးစက္ျမန္ ဗိုင္းရပ္စ္ပုိးနဲ႔ပတ္သက္လို႔ ျမန္မာအစိုးရက အေလးအနက္ထား ကိုင္တြယ္ေနပုံ မရဘူးလို႔ အင္ဂ်င္နီယာတဦးျဖစ္တဲ့ ဦးခင္ေမာင္သိန္းက ေဝဖန္ပါတယ္။

“ျမန္မာႏိုင္ငံမွာက serious မျဖစ္ဘူး ။ ဆိုေတာ့ ဒီကိစၥကို ေဖာင္ေလး ျဖည့္ခိုင္းတာနဲ႔ မျပည့္စံုဘူး ။ ေသေသခ်ာခ်ာ က်န္းမာေရးကို စစ္ၿပီးေတာ့ ဒါေတြက တိုင္းျပည္ရဲ႕အ၀င္ အထြက္ သိပ္အေရးႀကီးတယ္ေနာ္။ အ၀င္ကို စစ္ရမယ္ စစ္ၿပီးေတာ့ ထိထိေရာက္ေရာက္ အေရးယူရမယ္။ အဲဒီေတာ့ ထိထိေရာက္ေရာက္အေရးမယူပဲနဲ႔ ေဖာင္ျဖည့္ခိုင္းတာေလာက္နဲ႔ေတာ့ သိပ္ၿပီးမထိေရာက္ဘူးလို႔ က်ေနာ္ထင္ပါတယ္။”

တ႐ုတ္ျပည္ကလာတဲ့ ေလေၾကာင္းလိုင္းေတြကို ျမန္မာျပည္ထဲ အဝင္မခံပဲ ရပ္ဆုိင္းထားဖို႔ တခ်ဳိ႕ကတိုက္တြန္းေနတာပါ။ ဒီလိုအႀကံျပဳခ်က္ ေတြနဲ႔ပတ္သက္လို႔ သမၼတ႐ုံးေျပာခြင့္ရ ဦးေဇာ္ေဌးက ခုလို တုံ႔ျပန္ပါတယ္။

“WHO က ဒီဗိုင္းရပ္စ္ ျပန္႕ႏွံ႔မႈနဲ႔ ပတ္သက္လို႔ ကမာၻလံုးဆိုင္ရာ Emergency သူတို႔ သတ္မွတ္တယ္။ သတ္မွတ္ၿပီးရင္ သူတို႔ ဒီထက္ပိုၿပီးေတာ့ တင္းတင္းက်ပ္က်ပ္ေဆာင္ရြက္ရမယ့္ အခါက်ေတာ့ recommendation ဆိုၿပီးေတာ့လာတယ္။ အဲဒီအခါမွာ က်ေနာ္တို႔ International civil aviation organization (icao) ကေနၿပီးေတာ့ ေလေၾကာင္းလိုင္းေတြကို ထိန္းသိမ္းက်ပ္မတ္ရတယ္ရွိတယ္။ ဆိုလိုတာက ဒီလိုမ်ိဳး International ေလေၾကာင္းလိုင္းေတြနဲ႔ ပတ္သက္လို႔ ႏိုင္ငံတႏိုင္တည္းကေနၿပီးေတာ့ ကိုယ့္သေဘာနဲ႔ ပိတ္ပင္လို႔ ခက္ပါတယ္။ အဲဒီ WHO နဲ႔ ICAO က ညိွႏိႈင္းၿပီးေတာ့ ဒီအခ်ိန္မွာေတာ့ ဒီကသြားတဲ့ေလယာဥ္ေတြကို ပိတ္ပင္သင့္ၿပီဆုိၿပီးေတာ့ သူတို႔က Recommendation ေပးတဲ့အခ်ိန္မွာ က်ေနာ္တို႔ႏိုင္ငံက လိုက္နာေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။ သို႔ေသာ္ ၀င္လာတဲ့အေပၚမွာေတာ့ သံသယရွိတယ္ဆိုရင္ က်ေနာ္တိုိ႔ ေစာင့္ၾကည့္ပါမယ္။”

တရုတ္ႏုိင္ငံ ကြမ္က်ိဳးေလဆိပ္ကေန ခရီးသည္ ၇၉ ဦးတင္ေဆာင္လာတဲ့ China Southern ေလေၾကာင္းလိုင္းဟာ ရန္ကုန္ အျပည္အျပည္ ဆုိင္ရာေလဆိပ္ကို ေသာၾကာေန႔မနက္ပိုင္းမွာ ေရာက္လာၿပီး ကို႐ိုနာဗိုင္းရပ္စ္ လကၡဏာလို႔ယူဆရတဲ့ အသက္ ၆၀ အရြယ္ တ႐ုတ္ႏိုင္ငံသား တစ္ဦး ေလယာဥ္ေပၚ ပါလာခဲ့တာပါ။ အဆုိပါ တ႐ုတ္အမ်ဳိးသားကို ရန္ကုန္ ေဝဘာဂီေဆး႐ုံမွာ အထူးေစာင့္ၾကည့္ ကုသေပးေနတယ္လို႔ ဗဟုိကူးစက္ေရာဂါ တိုက္ဖ်က္ေရးဌာနက ဗြီအုိေအကို ေျပာပါတယ္။

ေလယာဥ္ေပၚမွာ အေမရိကန္ ၂ ဦး၊ ျပင္သစ္ ၂ ဦး၊ ျမန္မာ ၂ဦး၊ ကိုလံဘီယာ ၁ ဦးနဲ႔ က်န္တဲ့ ၇၂ ဦးက တ႐ုတ္ႏိုင္ငံသားေတြျဖစ္ပါတယ္။ အဲဒီ ေလယာဥ္ေပၚပါတဲ့ ျမန္မာႏိုင္ငံသား ႏွစ္ဦးကိုေတာ့ ဆင္းခြင့္ေပးလုိက္ေပမယ့္ က်န္ခရီးသည္ေတြ အားလုံးကို သူတို႔စီးလာတဲ့ ေလယာဥ္နဲ႔ပဲ ျပန္လည္ထြက္ခြာခြင့္ ေပးလိုက္တယ္လို႔ ဦးေဇာ္ေဌးက သတင္းစာရွင္းလင္းပြဲမွာ ေျပာသြားပါတယ္။ တ႐ုတ္ႏိုင္ငံ ဝူဟန္မွာ ပိတ္မိေနတဲ့ ျမန္မာေက်ာင္းသား ၆၃ ဦးကိုလည္း သီးသန္႔ေလယာဥ္နဲ႔ ေဖေဖၚဝါရီ(၂)ရက္ေန႔မွာ သြားေရာက္ေခၚယူမွာျဖစ္တယ္လို႔ သမၼတ႐ုံးက ေျပာပါတယ္။

....................

Coronavirus အန္တရာယ်ကာကွယ်ရေး အစိုးရ ပိုလုပ်ဆောင်ဖို့ လိုလား

(Unicode)

တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါပိုးနဲ့ပတ်သက်လို့ မြန်မာပြည်သူတွေကြား စိုးရိမ်မှုတိုးပွားနေပြီး အစိုးရက အခုထက်ပို ထိရောက်တဲ့ ကိုင်တွယ်ဆောင်ရွက်မှုတွေလုပ်ဖို့ လိုလားနေပါတယ်။ တရုတ်-မြန်မာ နှစ်နိုင်ငံကြား နယ်စပ်ဟာ မိုင်(၁၃၀၀)ကျော် ရှိတာကြောင့် ဗိုင်းရပ်စ်ပိုး ကူးစက် ဝင်မလာအောင် ဘယ်လို ထိန်းချုပ်မလဲဆိုတာကို မေးခွန်းထုတ်နေကြတာပါ။ အစိုးရကတော့ လိုအပ်တာ မှန်သမျှ ဆောင်ရွက်နေတယ်လို့ တုံ့ပြန်ပါတယ်။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် အခုဆိုရင် သေဆုံးသူ အနည်းဆုံး ၂၁၃ ဦးရှိနေပြီး အားလုံးဟာ တရုတ်နိုင်ငံထဲမှာ သေဆုံးတာဖြစ်ပါတယ်။ ဒီရောဂါပိုးဟာ တရုတ်နိုင်ငံတခုထဲတင်မက အခြားနိုင်ငံတွေကိုပါ တစစပျံ့နှံ့လာနေပြီး နိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက် ခံရသူ ၁၀,၀၀၀ ထဲမှာ အများစုက တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ အခုလို ပြင်းထန်တဲ့ကူးစက်မြန် ဗိုင်းရပ်စ်ပိုးကြောင့် မြန်မာပြည်တွင်း မှာလဲ ပြည်သူတွေကြား စိုးရိမ်မှု တိုးပွားနေပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဟာ မိုင်ပေါင်း ထောင်ကျော်ရှည်လျားတာကြောင့် မြန်မာအစိုးရက ဘယ်လို ထိန်းချုပ်နေသလဲဆိုတာကို စိုးရိမ်သူက ခရစ်ယာန် သင်းအုပ်ဆရာ ဦးဗန်ပန့်ဖြစ်ပါတယ်။

“နယ်စပ်က အဝင်အထွက်ရှိတယ်လေ။ နယ်စပ်မှာ လေဆိပ်မှ မရှိတာ။ ကားနဲ့ဝင်လာတာ တချို့က ခြေချင်နဲ့ ဝင်လာကြမှာပေါ့။ နယ်စပ်ဆိုတာ အများကြီးပဲလေ။ တရုတ်နယ်စပ်က မိုင်ထောင်ပေါင်းရှိတာပဲ ဒါဘယ်လိုလို့ တားဆီးလို့ရမလဲ”

သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကတော့ တရုတ်-မြန်မာနယ်စပ်မှာ အစိုးရက ကိုင်တွယ်ဆောင်ရွက်နေတဲ့ အနေအထားကို သတင်းစာရှင်းပွဲမှာ ရှင်းပြပါတယ်။
“နယ်စပ်မှာလည်း ကျနော်တို့ ရှမ်း၊ ကချင် ဝန်ကြီးချုပ်တွေကိုယ်တိုင် ညွှန်ကြားထားတယ်။ သူတို့ ကျန်းမာရေးအဖွဲ့တွေနဲ့ screening လုပ်တယ်။ ဒါကတော့ အစိုးရ ထိန်းချုပ်တဲ့ နယ်စပ်ဝင်ပေါက်တွေ ၊ အလားတူ တခြားထိန်းချုပ်တဲ့ နယ်စပ်ဝင်ပေါက်တွေလည်းရှိတယ်။ အဲဒီအပိုင်းတွေလည်း ကျနော်တို့ ပြောထားတယ် ၊ အဲဒီအဖွဲ့တွေကို ဆက်သွယ်ပြောထားတယ် အဲဒီအဖွဲ့တွေမှာလည်း ကျနော်တို့ ကျန်းမာရေး အထောက်အပံ့တွေလိုရင်လည်း ပြော၊ ဒီမှာတော့ စစ်ဖို့လိုတယ်ဆိုတာ။ တချို့ကလည်း သူ့သဘောနဲ့ သူ ပိတ်တာရှိတယ်။ ကျနော်တို့ကတော့ အခုလောလောဆည် ပိတ်တဲ့အဆင့်တော့ မရောက်သေးဘူး။ ဒါပေမယ့် အဝင်အထွက်ကို တင်းတင်းကျပ်ကျပ်စောင့်ကြည့်တယ်။ အဲဒါတွေ အကုန်လုံးတော့ တောက်လျှောက် watch လုပ်နေတယ်။”

ဒီလို ကူးစက်မြန် ဗိုင်းရပ်စ်ပိုးနဲ့ပတ်သက်လို့ မြန်မာအစိုးရက အလေးအနက်ထား ကိုင်တွယ်နေပုံ မရဘူးလို့ အင်ဂျင်နီယာတဦးဖြစ်တဲ့ ဦးခင်မောင်သိန်းက ဝေဖန်ပါတယ်။
“မြန်မာနိုင်ငံမှာက serious မဖြစ်ဘူး ။ ဆိုတော့ ဒီကိစ္စကို ဖောင်လေး ဖြည့်ခိုင်းတာနဲ့ မပြည့်စုံဘူး ။ သေသေချာချာ ကျန်းမာရေးကို စစ်ပြီးတော့ ဒါတွေက တိုင်းပြည်ရဲ့အဝင် အထွက် သိပ်အရေးကြီးတယ်နော်။ အဝင်ကို စစ်ရမယ် စစ်ပြီးတော့ ထိထိရောက်ရောက် အရေးယူရမယ်။ အဲဒီတော့ ထိထိရောက်ရောက်အရေးမယူပဲနဲ့ ဖောင်ဖြည့်ခိုင်းတာလောက်နဲ့တော့ သိပ်ပြီးမထိရောက်ဘူးလို့ ကျနော်ထင်ပါတယ်။”

တရုတ်ပြည်ကလာတဲ့ လေကြောင်းလိုင်းတွေကို မြန်မာပြည်ထဲ အဝင်မခံပဲ ရပ်ဆိုင်းထားဖို့ တချို့ကတိုက်တွန်းနေတာပါ။ ဒီလိုအကြံပြုချက် တွေနဲ့ပတ်သက်လို့ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ခုလို တုံ့ပြန်ပါတယ်။

“WHO က ဒီဗိုင်းရပ်စ် ပြန့်နှံ့မှုနဲ့ ပတ်သက်လို့ ကမ္ဘာလုံးဆိုင်ရာ Emergency သူတို့ သတ်မှတ်တယ်။ သတ်မှတ်ပြီးရင် သူတို့ ဒီထက်ပိုပြီးတော့ တင်းတင်းကျပ်ကျပ်ဆောင်ရွက်ရမယ့် အခါကျတော့ recommendation ဆိုပြီးတော့လာတယ်။ အဲဒီအခါမှာ ကျနော်တို့ International civil aviation organization (icao) ကနေပြီးတော့ လေကြောင်းလိုင်းတွေကို ထိန်းသိမ်းကျပ်မတ်ရတယ်ရှိတယ်။ ဆိုလိုတာက ဒီလိုမျိုး International လေကြောင်းလိုင်းတွေနဲ့ ပတ်သက်လို့ နိုင်ငံတနိုင်တည်းကနေပြီးတော့ ကိုယ့်သဘောနဲ့ ပိတ်ပင်လို့ ခက်ပါတယ်။ အဲဒီ WHO နဲ့ ICAO က ညှိနှိုင်းပြီးတော့ ဒီအချိန်မှာတော့ ဒီကသွားတဲ့လေယာဉ်တွေကို ပိတ်ပင်သင့်ပြီဆိုပြီးတော့ သူတို့က Recommendation ပေးတဲ့အချိန်မှာ ကျနော်တို့နိုင်ငံက လိုက်နာဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ သို့သော် ဝင်လာတဲ့အပေါ်မှာတော့ သံသယရှိတယ်ဆိုရင် ကျနော်တို့ စောင့်ကြည့်ပါမယ်။”

တရုတ်နိုင်ငံ ကွမ်ကျိုးလေဆိပ်ကနေ ခရီးသည် ၇၉ ဦးတင်ဆောင်လာတဲ့ China Southern လေကြောင်းလိုင်းဟာ ရန်ကုန် အပြည်အပြည် ဆိုင်ရာလေဆိပ်ကို သောကြာနေ့မနက်ပိုင်းမှာ ရောက်လာပြီး ကိုရိုနာဗိုင်းရပ်စ် လက္ခဏာလို့ယူဆရတဲ့ အသက် ၆၀ အရွယ် တရုတ်နိုင်ငံသား တစ်ဦး လေယာဉ်ပေါ် ပါလာခဲ့တာပါ။ အဆိုပါ တရုတ်အမျိုးသားကို ရန်ကုန် ဝေဘာဂီဆေးရုံမှာ အထူးစောင့်ကြည့် ကုသပေးနေတယ်လို့ ဗဟိုကူးစက်ရောဂါ တိုက်ဖျက်ရေးဌာနက ဗွီအိုအေကို ပြောပါတယ်။

လေယာဉ်ပေါ်မှာ အမေရိကန် ၂ ဦး၊ ပြင်သစ် ၂ ဦး၊ မြန်မာ ၂ဦး၊ ကိုလံဘီယာ ၁ ဦးနဲ့ ကျန်တဲ့ ၇၂ ဦးက တရုတ်နိုင်ငံသားတွေဖြစ်ပါတယ်။ အဲဒီ လေယာဉ်ပေါ်ပါတဲ့ မြန်မာနိုင်ငံသား နှစ်ဦးကိုတော့ ဆင်းခွင့်ပေးလိုက်ပေမယ့် ကျန်ခရီးသည်တွေ အားလုံးကို သူတို့စီးလာတဲ့ လေယာဉ်နဲ့ပဲ ပြန်လည်ထွက်ခွာခွင့် ပေးလိုက်တယ်လို့ ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မှာ ပိတ်မိနေတဲ့ မြန်မာကျောင်းသား ၆၃ ဦးကိုလည်း သီးသန့်လေယာဉ်နဲ့ ဖေဖေါ်ဝါရီ(၂)ရက်နေ့မှာ သွားရောက်ခေါ်ယူမှာဖြစ်တယ်လို့ သမ္မတရုံးက ပြောပါတယ်။

ကိုဉာဏ္ဝင္းေအာင္/ VOA (Burmese)
https://burmese.voanews.com
Coronavirus အႏၲရာယ္ကာကြယ္ေရး အစိုးရ ပိုလုပ္ေဆာင္ဖို႔ လိုလား Coronavirus အႏၲရာယ္ကာကြယ္ေရး အစိုးရ ပိုလုပ္ေဆာင္ဖို႔ လိုလား Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.