ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး လူထုၾကား အသိပညာျမႇင့္တင္ဖို႔ လိုအပ္

တ႐ုတ္-ျမန္မာနယ္စပ္မွတဆင့္ ဝင္ေရာက္လာသည့္ ခရီးသည္မ်ားအား က်န္းမာေရးစစ္ေဆးေနသည့္ တာဝန္ရွိသူတဦး။ (ဇန္နဝါရီ ၃၁၊ ၂၀၂၀)

(Zawgyi / Unicode)

ကူးစက္ခံရသူေပါင္း တေသာင္းႏွစ္ေထာင္ဝန္းက်င္နဲ႔ ေသဆံုးသူ ၂၀၀ ေက်ာ္သြားၿပီျဖစ္သလို WHO ကေန အေရးေပၚအေျခအေန ေၾကညာထားရတဲ့ ကို႐ုိနာဗုိင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ ေသဆံုးမႈအမ်ားဆံုးျဖစ္လို႔ ဒီဗိုင္းရပ္စ္ပုိး တ႐ုတ္အိမ္နီးခ်င္း ျမန္မာႏုိင္ငံထဲ ဝင္မလာေအာင္ စနစ္တက် ကာကြယ္ေနၾကပါတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာန တာဝန္ခံက ေျပာပါတယ္။ ဒါေပမယ့္လည္း အစိုးရဘက္က လံုေလာက္တဲ့ သတင္းအခ်က္အလက္နဲ႔ ပညာေပးမႈေတြ မရွိတာေၾကာင့္ ျမန္မာႏိုင္ငံတြင္းမွာ ေရာဂါကူးစက္လာမွာကို စိုးရိမ္တႀကီး ျဖစ္ေနၾကပါတယ္။ ျပည္သူလူထုအေနနဲ႔ သတင္းမွားေတြနဲ႔ ေကာလာဟလေတြကို အထူးသတိထား ဆင္ျခင္ၾကဖို႔ကိုလည္း က်န္းမာေရး တာဝန္ရွိသူေတြက က်န္းမာေရး ပညာေပးေနၾကပါတယ္။ အျပည့္အစုံကုိ မဆုမြန္က ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ဒီကေန႔အထိဆိုရင္ ျမန္မာ့အိမ္နီးခ်င္း တ႐ုတ္ႏိုင္ငံထဲက ဝူဟန္ၿမိဳ႕မွာ စတင္ခဲ့တဲ့ ဗိုင္းရပ္စ္ပိုးေၾကာင့္ ေသဆံုးသူေပါင္းက ၂၅၉ ဦးအထိ ရွိသြားၿပီျဖစ္ၿပီး တ႐ုတ္ႏုိင္ငံမွာ ကူးစက္မႈအမ်ားဆံုးနဲ႔ ကမာၻတဝွမ္းမွာ ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္သူေပါင္း တေသာင္းႏွစ္ေထာင္ဝန္းက်င္အထိ ရွိလာေနတဲ့အတြက္ ကမာၻက်န္းမာေရးအဖြဲ႔ႀကီး WHO က ကမာၻလံုးဆိုင္ရာ က်န္းမာေရး အေရးေပၚအေျခအေနအထိ ေၾကညာလိုက္ရၿပီ ျဖစ္ပါတယ္။

ဒီလို WHO ကေတာင္ အေရးေပၚ က်န္းမာေရးအေျခအေန ေၾကညာထားရတဲ့ အေျခအေနမွာ တ႐ုတ္ရဲ႕အိမ္နီးခ်င္း ျမန္မာႏုိင္ငံမွာ ဒီ ကို႐ုိနာဗုိင္းရပ္စ္ေရာဂါနဲ႔ ပတ္သက္ၿပီး အစိုးရတာဝန္ရွိသူေတြဘက္က တိက်တဲ့ သတင္းအခ်က္လက္ေတြ ပညာေပးမႈေတြ လံုေလာက္မႈ မရွိတာေၾကာင့္ အမ်ားျပည္သူေတြဘက္က စိုးရိမ္မႈေတြ ရွိေနေပမယ့္လို႔ ကိုယ့္ကိုယ္ကိုယ္ ကာကြယ္ႏုိင္မယ့္ က်န္းမာေရးအသိ နည္းေနၾကေသးတယ္လို႔ ရန္ကုန္ၿမိဳ႕ခံ မေဆြက ေျပာပါတယ္။

“ဒီဗုိင္းရပ္စ္နဲ႔ ပတ္သက္ၿပီး က်မကေတာ့ အရမ္းစုိးရိမ္မိတာေပါ့။ ဘာျဖစ္လို႔လဲဆုိေတာ့ ျမန္မာျပည္မွာက ႀကိဳတင္ကာကြယ္မႈဆုိတာလည္း မရွိဘူး။ ျဖစ္လာရင္လည္း ကုေပးစရာ ႏုိင္ငံေတာ္မွာကအစ ေဆးဝါးဆုိတာလည္း မျပည့္စုံဘူး။ WHO ကေတာင္ ေျပာထားၿပီးၿပီ ဆုိတဲ့အခါၾကေတာ့ အရမ္းစုိးရိမ္စရာေကာင္းတဲ့ အေျခအေနေပါ့ေနာ္။ ဒါေပမယ့္ ဒီျမန္မာျပည္မွာကလည္း က်မျမင္ေတြ႔ရသေလာက္ က်မတို႔ ရပ္ကြက္ေတြထဲမွာ ဒီဟာနဲ႔ပတ္သက္ၿပီး ဗဟုသုတက နည္းတဲ့ပုံစံမ်ဳိး။ သိပ္လည္း ေၾကာက္ရေကာင္းမွန္း မသိဘူး။ ျဖစ္လာလည္း ဘာျဖစ္လဲ ေသ႐ုံကလြဲၿပီး ဘာမွမျဖစ္ႏုိင္ပါဘူး၊ အဲလိုဆုိၿပီးေတာ့ စားစား သြားသြား လာလာပဲ ဒီလိုပဲ ေနေနၾကတာပဲ။ Mask တပ္ထားတဲ့သူ တေယာက္ႏွစ္ေယာက္ပဲ ေတြ႔တယ္။ အစုိးရကလည္း ဒါဟာ အရမ္းအႏၱရာယ္ရွိပါတယ္ ဆုိတဲ့ဟာကို သတင္းတခု အေနနဲ႔ ထုတ္ျပန္ဖို႔၊ Message ေလးေတြ ေပးႏုိင္ရင္ေတာ့ ပုိေကာင္းတာေပါ့။ ဒါဆုိရင္ သူတို႔အေနနဲ႔ နည္းနည္း သတိထားမိသြားမွာေပါ့။”
coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား
တ႐ုတ္ခရီးသြားေတြကေနတဆင့္ ေရာဂါပိုး ကူးစက္လာမွာကို အမ်ားက စိုးရိမ္တႀကီး ျဖစ္ေနၾကခ်ိန္မွာပဲ မေန႔က တ႐ုတ္ႏုိင္ငံ ကြမ္က်ိဳးကေန ရန္ကုန္ၿမိဳ႕ကို ဆိုက္ေရာက္လာတဲ့ ေလယာဥ္ေပၚ ပါလာတဲ့ အသက္ ၆၀ ဝန္းက်င္ရွိ သံသယလူနာတေယာက္ ေတြ႔ရွိတာ‌ေၾကာင့္ ေလယာဥ္ေပၚပါ တ႐ုတ္ခရီးသည္ေတြ အကုန္ျပန္လႊတ္လုိက္ၿပီး ျမန္မာႏုိင္ငံသား ၂ ဦးနဲ႔ သံသယရွိ လူနာကိုေတာ့ ေဝဘာဂီ ကူးစက္ေရာဂါကု ေဆး႐ုံကို ပို႔ေဆာင္ စစ္ေဆးေနပါတယ္။

ဒီကေန႔မွာေတာ့ သူ႔ရဲ႕ က်န္းမာေရးအေျခအေနဟာ ေကာင္းမြန္စျပဳလာၿပီး သူ႔မွာ ကုိ႐ုိနာဗုိင္းရပ္စ္ရွိမရွိ ထုိင္းႏုိင္ငံက အထူးဓာတ္ခြဲခန္းကို စစ္ေဆးေပးပို႔ၿပီး အနီးကပ္ ေစာင့္ၾကည့္ေနပါတယ္္လို႔ က်န္းမာေရးဝန္ႀကီးဌာန ျပည္သူ႔က်န္းမာေရး ဦးစီးဌာနက ဒုတိယညႊန္ၾကားေရးမွဴး ေဒါက္တာခင္ခင္ႀကီးက ဗီြအိုေအျမန္မာပိုင္းကို ေျပာပါတယ္။

“က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန Website မွာ လူနာရဲ႕ အေျခအေနကို က်မတို႔ တင္ထားပါတယ္။ အဖ်ားလည္း က်တယ္၊ လိုအပ္တဲ့ ကုသမႈေတြ ေပးေနတယ္၊ စုိးရိမ္စရာမရွိဘူး ဆုိတဲ့အေၾကာင္း တင္ထားၿပီးျဖစ္ပါတယ္။ က်မတုိ႔ က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္ေၾကညာခ်က္ေတြ ျပည္သူလူထု လုိက္နာရန္ အခ်က္အလက္ေတြ အကုန္လုံးကို QR Code နဲ႔ ဖန္တီးေပးထားတာ ျဖစ္ပါတယ္။ ထုတ္ျပန္ထားတဲ့အခ်က္ေတြ အကုန္လုံးကို ဝင္ေရာက္ၾကည့္႐ႈႏုိင္ပါတယ္။”

ဒါ့အျပင္ ဝူဟန္ေရာက္ ေက်ာင္းသူေက်ာင္းသားေတြအေရး ႏုိင္ငံေတာ္သမၼတရဲ႕ ညႊန္ၾကားမႈေအာက္ကေန တုိက္႐ိုက္စီစဥ္ ေဆာင္ရြက္ေနပါတယ္လို႔လည္း ေဒါက္တာခင္ခင္ႀကီးက ေက်ာင္းသားေတြ ေနရပ္ျပန္ေခၚႏိုင္ေရး ေနာက္ဆံုးအေျခအေန အခုလိုေျပာျပပါတယ္။

“ဝူဟန္နဲ႔ပတ္သက္လို႔ ဝူဟန္နမုိးနီးယားေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရး ေကာ္မတီဆုိၿပီးေတာ့ ဖြဲ႔စည္းၿပီးျဖစ္ပါတယ္။ အဲဒီအဖြဲ႔ေတြ လုပ္ေဆာင္ရမယ့္ လုပ္ငန္းစဥ္ ၁၂ ခ်က္လည္း ရွိပါတယ္။ အဲဒီမွာလည္း ဝူဟန္္မွာေရာက္ရွိေနတဲ့ ျမန္မာေက်ာင္းသားေတြကို ေခၚယူဖို႔ကိစၥ၊ တ႐ုတ္ႏုိင္ငံ အစုိးရနဲ႔ ေပါင္းစပ္ညိႇႏႈိင္းၿပီး ေဆာင္ရြက္ေနပါတယ္။ ျဖစ္ႏုိင္ရင္ေတာ့ ဒီေန႔ ဒီတရက္ေလာက္ ျပန္ေခၚႏုိင္မယ္လို႔ မွန္းထားပါတယ္။”

ကို႐ိုနာဗုိင္းရပ္စ္ ကူးစက္မႈနဲ႔ ပတ္သက္ၿပီး က်န္းမာေရးဆိုင္ရာ သတင္းေတြကို စဥ္ဆက္မျပတ္ ျပည္သူကို ေျပာျပေပးေနသလို သံသယလူနာေတြ အျဖစ္အပ်က္ေတြကို ျပည္သူက တေျပးညီ သတင္းေပးပို႔ၿပီး ပူးေပါင္းပါဝင္ၾကဖို႔ ႏႈိးေဆာ္ေနပါတယ္လို႔ ဧရာဝတီတုိင္း ျပည္သူ႔က်န္းမာေရး ဦးစီးဌာနက ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသန္းထြန္းေအာင္ကလည္း ဗီြအိုေအကို ေျပာပါတယ္။

“စားေသာက္ဆုိင္ေတြမွာလည္း အဲဒီ ဖ်ားတာေတြ႔ရင္ က်ေနာ္တုိ႔က မကူးစက္ေအာင္ လုပ္ထားတယ္။ ေနာက္ ဘတ္စ္ကားေတြ စီးတဲ့လူေတြထဲမွာ ႏုိင္ငံျခားသားပါလာရင္ ဖ်ားတယ္ဆုိ Mask တပ္မယ္၊ ၿပီးရင္ သတင္းပို႔ရမယ္ေပါ့။ အဲဒါကို အဓိကထားလုပ္တယ္။ ေနာက္ ပညာေပးတာကေတာ့ အၿမဲတမ္း လက္ေဆးဖို႔ရယ္၊ ပြဲလမ္းသဘင္ ေရွာင္ဖုိ႔ရယ္၊ အိပ္ေရးဝဝအိပ္ဖို႔ရယ္၊ တိရစၦာန္အသားေတြ ခ်က္စားမယ္ဆုိ က်က္ေအာင္ခ်က္ဖို႔ရယ္၊ တိရစၦာန္ေတြ ထိေတြ႔မႈရယ္ ဒါေတြကုိ ပညာေပးေနပါတယ္။”

ျပည္သူလူထုအၾကား ဒီ ကုိ႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈနဲ႔ပတ္သက္ၿပီး က်န္းမာေရးပညာေပး ေဆးနည္းအမွားအယြင္း သတင္းမွားေတြ ပ်ံ႕ႏွံ႔ေနတာနဲ႔ ျပည္သူဘက္က စိုးရိမ္တႀကီးျဖစ္ေနတဲ့ အေနအထားကို သက္ဆိုင္ရာ တာဝန္ရွိသူေတြဘက္က အေလးအနက္ထား ေဆာင္ရြက္သင့္သလို ျပည္သူေတြဘက္ကလည္း ဒါကို မေပါ့ဆဘဲ သတိထား ေရွာင္ၾကဥ္သံုးသပ္သင့္တယ္လို႔လည္း လူထုကို က်န္းမာေရးပညာေပးေနတဲ့ အထူးကုဆရာဝန္ႀကီး ေဒါက္တာမိုးေအာင္ေက်ာ္ႏုိင္ကလည္း အခုလို အႀကံေပးပါတယ္။

“တိက် ခုိင္မာတဲ့ သတင္းဌာနက ထုတ္ျပန္ခ်က္ေတြကိုပဲ ၾကည့္႐ႈၿပီး သုံးသပ္သင့္တယ္။ ေနာက္တခ်က္ကေတာ့ ဒီေရာဂါနဲ႔ ပတ္သက္တဲ့ အေၾကာင္းအရာေတြကုိ ကုိယ္က ေျခေျချမစ္ျမစ္ ေလ့လာၾကည့္႐ႈမယ္ဆုိရင္ သူမ်ားလုပ္ေနတာထက္စာရင္ ကိုယ္ဘာလုပ္သင့္လဲ၊ ကုိယ္ ဘာေတြ စုံစမ္းထားသင့္လဲဆိုတာ ဦးစားေပးသင့္တယ္လုိ႔လည္း ျပည္သူလူထုေတြကို ေျပာခ်င္တယ္။ ၿပီးေတာ့မွ က်န္းမာေရးဝန္ႀကီးဌာနကေရာ WHO က ထုတ္ျပန္ထားတဲ့ ကာကြယ္ေရးနည္းလမ္းေတြကုိပဲ အဓိက လိုက္နာမယ္ဆုိရင္ ျပည္သူလူထုတာဝန္ ေက်ၿပီလုိ႔ အၾကမ္းဖ်င္း ေျပာႏုိင္တယ္။ ကုိယ့္ဆီကုိ ေရာက္ရွိမလာေအာင္ ဘယ္လိုၾကည့္႐ႈ စစ္ေဆးေနမလဲ ဆုိတာက အဓိကပိုက်တယ္လို႔ က်ေနာ္ထင္တယ္။ အလကားေန ေၾကာက္ရြံ႕ထိတ္လန္႔တာမ်ဳိး မျဖစ္ေစခ်င္သလို ၾကားတဲ့သတင္းေတြကလည္း အကုန္လုံးက အမွန္မဟုတ္ဘူးဆုိတာ သိထားၿပီးမွ မွန္တဲ့ဟာကို ဆက္ေလ့လာ ၾကည့္႐ႈသင့္တယ္လို႔ အႀကံေပးခ်င္ပါတယ္။”

တ႐ုတ္ႏုိင္ငံက ဒီ ကုိ႐ုိနာဗိုင္းရပ္စ္ပိုးကူးစက္မႈ စိုးရိမ္ခ်က္ေၾကာင့္ လူစုလူေဝး အမ်ားအျပားနဲ႔ က်င္းပတဲ့ အခမ္းအနားေတြ မက်င္းပဖို႔ မႏၱေလးတိုင္း အစိုးရအဖြဲ႔က ဆံုးျဖတ္ၿပီး မဟာဘြဲ႔ႏွင္းသဘင္ အခမ္းအနားကို ေရႊ႕ဆိုင္းလိုက္ေၾကာင္း သာသနာေရးဝန္ႀကီးဌာနက ဒီကေန႔ သတင္းထုတ္ျပန္ပါတယ္။

တ႐ုတ္ရဲ႕အိမ္နီးခ်င္း ျမန္မာႏုိင္ငံထဲမွာ ဒီ ကုိ႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ ေသဆံုးသူ တရားဝင္စာရင္းအရ မရွိေသးသလို ကူးစက္မႈ သံသယရွိတဲ့လူနာ သံုးဦးသာ ရွိေသးတယ္လို႔လည္း သမၼတ႐ံုးေျပာခြင့္ရက မေန႔ ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုထားပါတယ္။

ဒီ ကုိ႐ုိနာဗိုင္းရပ္စ္ကူးစက္မႈ ကာကြယ္တဲ့အေနနဲ႔ တ႐ုတ္ႏိုင္ငံနဲ႔ နယ္နိမိတ္ထိစပ္ေနတဲ့ နယ္စပ္ေဒသေတြနဲ႔ နယ္စပ္ဂိတ္ေတြမွာ အထူးစစ္ေဆး ၾကပ္မတ္ေနပါတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

----------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး လူထုကြား အသိပညာမြှင့်တင်ဖို့ လိုအပ်

ကူးစက်ခံရသူပေါင်း တသောင်းနှစ်ထောင်ဝန်းကျင်နဲ့ သေဆုံးသူ ၂၀၀ ကျော်သွားပြီဖြစ်သလို WHO ကနေ အရေးပေါ်အခြေအနေ ကြေညာထားရတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ သေဆုံးမှုအများဆုံးဖြစ်လို့ ဒီဗိုင်းရပ်စ်ပိုး တရုတ်အိမ်နီးချင်း မြန်မာနိုင်ငံထဲ ဝင်မလာအောင် စနစ်တကျ ကာကွယ်နေကြပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ခံက ပြောပါတယ်။ ဒါပေမယ့်လည်း အစိုးရဘက်က လုံလောက်တဲ့ သတင်းအချက်အလက်နဲ့ ပညာပေးမှုတွေ မရှိတာကြောင့် မြန်မာနိုင်ငံတွင်းမှာ ရောဂါကူးစက်လာမှာကို စိုးရိမ်တကြီး ဖြစ်နေကြပါတယ်။ ပြည်သူလူထုအနေနဲ့ သတင်းမှားတွေနဲ့ ကောလာဟလတွေကို အထူးသတိထား ဆင်ခြင်ကြဖို့ကိုလည်း ကျန်းမာရေး တာဝန်ရှိသူတွေက ကျန်းမာရေး ပညာပေးနေကြပါတယ်။ အပြည့်အစုံကို မဆုမွန်က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဒီကနေ့အထိဆိုရင် မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံထဲက ဝူဟန်မြို့မှာ စတင်ခဲ့တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူပေါင်းက ၂၅၉ ဦးအထိ ရှိသွားပြီဖြစ်ပြီး တရုတ်နိုင်ငံမှာ ကူးစက်မှုအများဆုံးနဲ့ ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း တသောင်းနှစ်ထောင်ဝန်းကျင်အထိ ရှိလာနေတဲ့အတွက် ကမ္ဘာကျန်းမာရေးအဖွဲ့ကြီး WHO က ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအထိ ကြေညာလိုက်ရပြီ ဖြစ်ပါတယ်။

ဒီလို WHO ကတောင် အရေးပေါ် ကျန်းမာရေးအခြေအနေ ကြေညာထားရတဲ့ အခြေအနေမှာ တရုတ်ရဲ့အိမ်နီးချင်း မြန်မာနိုင်ငံမှာ ဒီ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ ပတ်သက်ပြီး အစိုးရတာဝန်ရှိသူတွေဘက်က တိကျတဲ့ သတင်းအချက်လက်တွေ ပညာပေးမှုတွေ လုံလောက်မှု မရှိတာကြောင့် အများပြည်သူတွေဘက်ကစိုးရိမ်မှုတွေ ရှိနေပေမယ့်လို့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မယ့် ကျန်းမာရေးအသိ နည်းနေကြသေးတယ်လို့ ရန်ကုန်မြို့ခံ မဆွေက ပြောပါတယ်။

“ဒီဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကျမကတော့ အရမ်းစိုးရိမ်မိတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာက ကြိုတင်ကာကွယ်မှုဆိုတာလည်း မရှိဘူး။ ဖြစ်လာရင်လည်း ကုပေးစရာ နိုင်ငံတော်မှာကအစ ဆေးဝါးဆိုတာလည်း မပြည့်စုံဘူး။ WHO ကတောင် ပြောထားပြီးပြီ ဆိုတဲ့အခါကြတော့ အရမ်းစိုးရိမ်စရာကောင်းတဲ့ အခြေအနေပေါ့နော်။ ဒါပေမယ့် ဒီမြန်မာပြည်မှာကလည်း ကျမမြင်တွေ့ရသလောက် ကျမတို့ ရပ်ကွက်တွေထဲမှာ ဒီဟာနဲ့ပတ်သက်ပြီး ဗဟုသုတက နည်းတဲ့ပုံစံမျိုး။ သိပ်လည်း ကြောက်ရကောင်းမှန်း မသိဘူး။ ဖြစ်လာလည်း ဘာဖြစ်လဲ သေရုံကလွဲပြီး ဘာမှမဖြစ်နိုင်ပါဘူး၊ အဲလိုဆိုပြီးတော့ စားစား သွားသွား လာလာပဲ ဒီလိုပဲ နေနေကြတာပဲ။ Mask တပ်ထားတဲ့သူ တယောက်နှစ်ယောက်ပဲ တွေ့တယ်။ အစိုးရကလည်း ဒါဟာ အရမ်းအန္တရာယ်ရှိပါတယ် ဆိုတဲ့ဟာကို သတင်းတခု အနေနဲ့ ထုတ်ပြန်ဖို့၊ Message လေးတွေ ပေးနိုင်ရင်တော့ ပိုကောင်းတာပေါ့။ ဒါဆိုရင် သူတို့အနေနဲ့ နည်းနည်း သတိထားမိသွားမှာပေါ့။”

တရုတ်ခရီးသွားတွေကနေတဆင့် ရောဂါပိုး ကူးစက်လာမှာကို အများက စိုးရိမ်တကြီး ဖြစ်နေကြချိန်မှာပဲ မနေ့က တရုတ်နိုင်ငံ ကွမ်ကျိုးကနေ ရန်ကုန်မြို့ကို ဆိုက်ရောက်လာတဲ့ လေယာဉ်ပေါ် ပါလာတဲ့ အသက် ၆၀ ဝန်းကျင်ရှိ သံသယလူနာတယောက် တွေ့ရှိတာ‌ကြောင့် လေယာဉ်ပေါ်ပါ တရုတ်ခရီးသည်တွေ အကုန်ပြန်လွှတ်လိုက်ပြီး မြန်မာနိုင်ငံသား ၂ ဦးနဲ့ သံသယရှိ လူနာကိုတော့ ဝေဘာဂီ ကူးစက်ရောဂါကု ဆေးရုံကို ပို့ဆောင် စစ်ဆေးနေပါတယ်။

ဒီကနေ့မှာတော့ သူ့ရဲ့ ကျန်းမာရေးအခြေအနေဟာ ကောင်းမွန်စပြုလာပြီး သူ့မှာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ ထိုင်းနိုင်ငံက အထူးဓာတ်ခွဲခန်းကို စစ်ဆေးပေးပို့ပြီး အနီးကပ် စောင့်ကြည့်နေပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

“ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန Website မှာ လူနာရဲ့ အခြေအနေကို ကျမတို့ တင်ထားပါတယ်။ အဖျားလည်း ကျတယ်၊ လိုအပ်တဲ့ ကုသမှုတွေ ပေးနေတယ်၊ စိုးရိမ်စရာမရှိဘူး ဆိုတဲ့အကြောင်း တင်ထားပြီးဖြစ်ပါတယ်။ ကျမတို့ ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ကြေညာချက်တွေ ပြည်သူလူထု လိုက်နာရန် အချက်အလက်တွေ အကုန်လုံးကို QR Code နဲ့ ဖန်တီးပေးထားတာ ဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့အချက်တွေ အကုန်လုံးကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။”

ဒါ့အပြင် ဝူဟန်ရောက် ကျောင်းသူကျောင်းသားတွေအရေး နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားမှုအောက်ကနေ တိုက်ရိုက်စီစဉ် ဆောင်ရွက်နေပါတယ်လို့လည်း ဒေါက်တာခင်ခင်ကြီးက ကျောင်းသားတွေ နေရပ်ပြန်ခေါ်နိုင်ရေးနောက်ဆုံးအခြေအနေ အခုလိုပြောပြပါတယ်။

“ဝူဟန်နဲ့ပတ်သက်လို့ ဝူဟန်နမိုးနီးယားရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဆိုပြီးတော့ ဖွဲ့စည်းပြီးဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ် ၁၂ ချက်လည်း ရှိပါတယ်။ အဲဒီမှာလည်း ဝူဟန်မှာရောက်ရှိနေတဲ့ မြန်မာကျောင်းသားတွေကို ခေါ်ယူဖို့ကိစ္စ၊ တရုတ်နိုင်ငံ အစိုးရနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်နေပါတယ်။ ဖြစ်နိုင်ရင်တော့ ဒီနေ့ ဒီတရက်လောက် ပြန်ခေါ်နိုင်မယ်လို့ မှန်းထားပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာ သတင်းတွေကို စဉ်ဆက်မပြတ် ပြည်သူကို ပြောပြပေးနေသလို သံသယလူနာတွေ အဖြစ်အပျက်တွေကို ပြည်သူက တပြေးညီ သတင်းပေးပို့ပြီး ပူးပေါင်းပါဝင်ကြဖို့ နှိုးဆော်နေပါတယ်လို့ ဧရာဝတီတိုင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်ကလည်း ဗွီအိုအေကို ပြောပါတယ်။

“စားသောက်ဆိုင်တွေမှာလည်း အဲဒီ ဖျားတာတွေ့ရင် ကျနော်တို့က မကူးစက်အောင် လုပ်ထားတယ်။ နောက် ဘတ်စ်ကားတွေ စီးတဲ့လူတွေထဲမှာ နိုင်ငံခြားသားပါလာရင် ဖျားတယ်ဆို Mask တပ်မယ်၊ ပြီးရင် သတင်းပို့ရမယ်ပေါ့။ အဲဒါကို အဓိကထားလုပ်တယ်။ နောက် ပညာပေးတာကတော့ အမြဲတမ်း လက်ဆေးဖို့ရယ်၊ ပွဲလမ်းသဘင် ရှောင်ဖို့ရယ်၊ အိပ်ရေးဝဝအိပ်ဖို့ရယ်၊ တိရစ္ဆာန်အသားတွေ ချက်စားမယ်ဆို ကျက်အောင်ချက်ဖို့ရယ်၊ တိရစ္ဆာန်တွေ ထိတွေ့မှုရယ် ဒါတွေကို ပညာပေးနေပါတယ်။”

ပြည်သူလူထုအကြား ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနဲ့ပတ်သက်ပြီး ကျန်းမာရေးပညာပေး ဆေးနည်းအမှားအယွင်း သတင်းမှားတွေ ပျံ့နှံ့နေတာနဲ့ ပြည်သူဘက်က စိုးရိမ်တကြီးဖြစ်နေတဲ့ အနေအထားကို သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်က အလေးအနက်ထား ဆောင်ရွက်သင့်သလို ပြည်သူတွေဘက်ကလည်း ဒါကို မပေါ့ဆဘဲ သတိထား ရှောင်ကြဉ်သုံးသပ်သင့်တယ်လို့လည်း လူထုကို ကျန်းမာရေးပညာပေးနေတဲ့ အထူးကုဆရာဝန်ကြီး ဒေါက်တာမိုးအောင်ကျော်နိုင်ကလည်း အခုလို အကြံပေးပါတယ်။

“တိကျ ခိုင်မာတဲ့ သတင်းဌာနက ထုတ်ပြန်ချက်တွေကိုပဲ ကြည့်ရှုပြီး သုံးသပ်သင့်တယ်။ နောက်တချက်ကတော့ ဒီရောဂါနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ကိုယ်က ခြေခြေမြစ်မြစ် လေ့လာကြည့်ရှုမယ်ဆိုရင် သူများလုပ်နေတာထက်စာရင် ကိုယ်ဘာလုပ်သင့်လဲ၊ ကိုယ် ဘာတွေ စုံစမ်းထားသင့်လဲဆိုတာ ဦးစားပေးသင့်တယ်လို့လည်း ပြည်သူလူထုတွေကို ပြောချင်တယ်။ ပြီးတော့မှ ကျန်းမာရေးဝန်ကြီးဌာနကရော WHO က ထုတ်ပြန်ထားတဲ့ ကာကွယ်ရေးနည်းလမ်းတွေကိုပဲ အဓိက လိုက်နာမယ်ဆိုရင် ပြည်သူလူထုတာဝန် ကျေပြီလို့ အကြမ်းဖျင်း ပြောနိုင်တယ်။ ကိုယ့်ဆီကို ရောက်ရှိမလာအောင် ဘယ်လိုကြည့်ရှု စစ်ဆေးနေမလဲ ဆိုတာက အဓိကပိုကျတယ်လို့ ကျနော်ထင်တယ်။ အလကားနေ ကြောက်ရွံ့ထိတ်လန့်တာမျိုး မဖြစ်စေချင်သလို ကြားတဲ့သတင်းတွေကလည်း အကုန်လုံးက အမှန်မဟုတ်ဘူးဆိုတာ သိထားပြီးမှ မှန်တဲ့ဟာကို ဆက်လေ့လာ ကြည့်ရှုသင့်တယ်လို့ အကြံပေးချင်ပါတယ်။”

တရုတ်နိုင်ငံက ဒီ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်မှု စိုးရိမ်ချက်ကြောင့် လူစုလူဝေး အများအပြားနဲ့ ကျင်းပတဲ့ အခမ်းအနားတွေ မကျင်းပဖို့ မန္တလေးတိုင်း အစိုးရအဖွဲ့က ဆုံးဖြတ်ပြီး မဟာဘွဲ့နှင်းသဘင် အခမ်းအနားကို ရွှေ့ဆိုင်းလိုက်ကြောင်း သာသနာရေးဝန်ကြီးဌာနက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

တရုတ်ရဲ့အိမ်နီးချင်း မြန်မာနိုင်ငံထဲမှာ ဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် သေဆုံးသူ တရားဝင်စာရင်းအရ မရှိသေးသလို ကူးစက်မှု သံသယရှိတဲ့လူနာ သုံးဦးသာ ရှိသေးတယ်လို့လည်း သမ္မတရုံးပြောခွင့်ရက မနေ့ သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ဒီ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ကာကွယ်တဲ့အနေနဲ့ တရုတ်နိုင်ငံနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ နယ်စပ်ဒေသတွေနဲ့ နယ်စပ်ဂိတ်တွေမှာ အထူးစစ်ဆေး ကြပ်မတ်နေပါတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မဆုမြန္/ VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး လူထုၾကား အသိပညာျမႇင့္တင္ဖို႔ လိုအပ္ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေရး လူထုၾကား အသိပညာျမႇင့္တင္ဖို႔ လိုအပ္ Reviewed by THITHTOOLWIN on 21:01 Rating: 5
Powered by Blogger.