တိုက္ပြဲေၾကာင့္ ထြက္ေျပးလာၾကသည့္ ဘူးသီးေတာင္ၿမိဳ႕နယ္ ငွက္ေပ်ာေခ်ာင္းေက်းရြာမွ ေက်းရြာသား ၁၀၀ ေက်ာ္အတြက္ ဆန္ရိကၡာမ်ား အပူတျပင္း လိုအပ္ေန

(Zawgyi)⤵⤵⤵
စစ္ေတြ၊ ေဖေဖာ္၀ါရီ ၁/၂၀၂၀

ရခုိင္ျပည္နယ္၊ ဘူးသီးေတာင္ၿမိဳ႕နယ္၊ ဂူတာျပင္ အုပ္စု၊ ငွက္ေပ်ာေခ်ာင္း ေက်းရြာအနီးတြင္ ယမန္ေန႕ ဇန္န၀ါရီ ၃၁ ရက္ေန႕ က ျဖစ္ပြားခဲ့ေသာ တိုက္ပြဲေၾကာင့္ ေၾကာက္လန္႕ ထြက္ေျပးလာၾကရသူ ေက်းရြာသားမ်ား အတြက္ ဆန္ရိကၡာမ်ား အပူတျပင္းလိုအပ္ေနေၾကာင္း သတင္းရရွိသည္။

တိုက္ပြဲၾကားမွ ထြက္ေျပးလာၾကသည့္ ေက်းရြာသားမ်ားမွာ လူေပါင္း ၁၀၀ ေက်ာ္ျဖစ္ျပီး လက္ရွိတြင္ ဘူးသီးေတာင္ျမိဳ႕နယ္ ဖရံုေခ်ာင္းေက်းရြာတြင္ ခိုလံႈေနၾကသည္ဟု ထြက္ေျပး လာသူမ်ားက နိရဥၥရာ သတင္းဌာနသို႕ ေျပာဆိုသည္။

“ ကၽြန္ေတာ္တို႕ ငွက္ေပ်ာေခ်ာင္းရြာက ၂၆ ေဆာင္၊ လူဦးေရ ၁၁၀ ေက်ာ္ဘဲ ရွိပါတယ္။ မေန႕က မြန္းလြဲ ၁ နာရီမွာ ရြာေျမာက္ဘက္ ခရုေခ်ာင္းတံတားအနီးက ေသနတ္စေပါက္ပါတယ္။ ရြာက တစ္ဖါလံုေလာက္ဘဲ ေ၀းပါတယ္။ ၁၀ မိနစ္၊ ၁၅ မိနစ္ ေလာက္ျဖစ္ၾကပါတယ္။ ေနာက္ထပ္ ဆက္ၾကားရပါတယ္။ ပစ္လိုက္၊ ရပ္လိုက္နဲ႕ ည ၄ နာရီ ေက်ာ္သြားေတာ့ ကၽြန္ေတာ္တို႕လည္း အကုန္လံုးေၾကာက္ျပီး ထြက္ေျပးၾကပါတယ္” ဟု ဖရံုေခ်ာင္းေက်းရြာတြင္ ေရာက္ရွိေနသူ ငွက္ေပ်ာေခ်ာင္း ေက်းရြာ တာ၀န္ခံက ေျပာၾကားသည္။

ေၾကာက္လန္႕ျပီး ထြက္ေျပးၾကသျဖင့္ ဖရံုေခ်ာင္းေက်းရြာတြင္ အမ်ားစုေရာက္ရွိေနျပီး ေညာင္ေခ်ာင္းႏွင့္ ဦးေက်ာ္ေက်းရြာသုိ႕ ေရာက္ရွိသြားသူမ်ားလည္း ရွိသည္ဟု သိရသည္။

ဖရံုေခ်ာင္းေက်းရြာမွ အရပ္လူၾကီး တစ္ဦးျဖစ္သူ ဦးေအာင္ေစာထြန္းက “ ဖရုံေခ်ာင္းဆိုတဲ့ ရြာကလည္း အိမ္ေျခ ၂၀ သာရွိပါတယ္။ ရြာသားေတြက ဆင္းရဲၾကပါတယ္။ ေရာက္လာတဲ့ လူေတြလည္း ဆင္းရဲ၊ ရြာသားေတြလည္း ဆင္းရဲေတာ့ ထမင္းက ဒီေန႕ နဲ႕ မနက္ျဖန္ အဆင္ေျပႏိုင္ေပမယ့္ သဘက္ခါဆိုရင္ အခက္အခဲ ျဖစ္ႏိုင္ပါတယ္။ အခု အဲဒီရြာနားက ေတာထဲမွာ စစ္တပ္က ဆက္ရွိေနတယ္လို႕ ၾကားရတဲ့ အတြက္ ရြာသားေတြ ျပန္ႏိုင္မွာ မဟုတ္ေသးဘူး။ ဒါေၾကာင့္ သူတို႕အတြက္ ဆန္ရိကၡာေတြ အပူတျပင္း လိုအပ္ေနပါတယ္” ဟု ေျပာသည္။

အဆိုပါတိုက္ပြဲႏွင့္ ပတ္သက္ျပီး ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေသာင္းေရႊက ဘူးသီးေတာင္ျမိဳ႕နယ္ ဂူတာျပင္ေက်းရြာအုပ္စု၊ ငွက္ေပ်ာေခ်ာင္းေက်းရြာအနီိး တိုက္ပြဲျဖစ္ပြားေနသည္ကို ေဒသခံမ်ား၏ သတင္းေပးပို႔ခ်က္အရ ၾကားသိရေၾကာင္း အတည္ျပဳ ေျပာၾကားသည္။

-----------------------

(Unicode)⤵⤵⤵

တိုက်ပွဲကြောင့် ထွက်ပြေးလာကြသည့် ဘူးသီးတောင်မြို့နယ် ငှက်ပျောချောင်းကျေးရွာမှ ကျေးရွာသား ၁၀၀ ကျော်အတွက် ဆန်ရိက္ခာများ အပူတပြင်း လိုအပ်နေ

သန့်မြတ်ခိုင်
စစ်တွေ၊ ဖေဖော်ဝါရီ ၁/၂၀၂၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင် အုပ်စု၊ ငှက်ပျောချောင်း ကျေးရွာအနီးတွင် ယမန်နေ့ ဇန်နဝါရီ ၃၁ ရက်နေ့ က ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့် ကြောက်လန့် ထွက်ပြေးလာကြရသူ ကျေးရွာသားများ အတွက် ဆန်ရိက္ခာများ အပူတပြင်းလိုအပ်နေကြောင်း သတင်းရရှိသည်။

တိုက်ပွဲကြားမှ ထွက်ပြေးလာကြသည့် ကျေးရွာသားများမှာ လူပေါင်း ၁၀၀ ကျော်ဖြစ်ပြီး လက်ရှိတွင် ဘူးသီးတောင်မြို့နယ် ဖရုံချောင်းကျေးရွာတွင် ခိုလှုံနေကြသည်ဟု ထွက်ပြေး လာသူများက နိရဥ္စရာ သတင်းဌာနသို့ ပြောဆိုသည်။

“ ကျွန်တော်တို့ ငှက်ပျောချောင်းရွာက ၂၆ ဆောင်၊ လူဦးရေ ၁၁၀ ကျော်ဘဲ ရှိပါတယ်။ မနေ့က မွန်းလွဲ ၁ နာရီမှာ ရွာမြောက်ဘက် ခရုချောင်းတံတားအနီးက သေနတ်စပေါက်ပါတယ်။ ရွာက တစ်ဖါလုံလောက်ဘဲ ဝေးပါတယ်။ ၁၀ မိနစ်၊ ၁၅ မိနစ် လောက်ဖြစ်ကြပါတယ်။ နောက်ထပ် ဆက်ကြားရပါတယ်။ ပစ်လိုက်၊ ရပ်လိုက်နဲ့ ည ၄ နာရီ ကျော်သွားတော့ ကျွန်တော်တို့လည်း အကုန်လုံးကြောက်ပြီး ထွက်ပြေးကြပါတယ်” ဟု ဖရုံချောင်းကျေးရွာတွင် ရောက်ရှိနေသူ ငှက်ပျောချောင်း ကျေးရွာ တာဝန်ခံက ပြောကြားသည်။

ကြောက်လန့်ပြီး ထွက်ပြေးကြသဖြင့် ဖရုံချောင်းကျေးရွာတွင် အများစုရောက်ရှိနေပြီး ညောင်ချောင်းနှင့် ဦးကျော်ကျေးရွာသို့ ရောက်ရှိသွားသူများလည်း ရှိသည်ဟု သိရသည်။

ဖရုံချောင်းကျေးရွာမှ အရပ်လူကြီး တစ်ဦးဖြစ်သူ ဦးအောင်စောထွန်းက “ ဖရုံချောင်းဆိုတဲ့ ရွာကလည်း အိမ်ခြေ ၂၀ သာရှိပါတယ်။ ရွာသားတွေက ဆင်းရဲကြပါတယ်။ ရောက်လာတဲ့ လူတွေလည်း ဆင်းရဲ၊ ရွာသားတွေလည်း ဆင်းရဲတော့ ထမင်းက ဒီနေ့ နဲ့ မနက်ဖြန် အဆင်ပြေနိုင်ပေမယ့် သဘက်ခါဆိုရင် အခက်အခဲ ဖြစ်နိုင်ပါတယ်။ အခု အဲဒီရွာနားက တောထဲမှာ စစ်တပ်က ဆက်ရှိနေတယ်လို့ ကြားရတဲ့ အတွက် ရွာသားတွေ ပြန်နိုင်မှာ မဟုတ်သေးဘူး။ ဒါကြောင့် သူတို့အတွက် ဆန်ရိက္ခာတွေ အပူတပြင်း လိုအပ်နေပါတယ်” ဟု ပြောသည်။

အဆိုပါတိုက်ပွဲနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအုပ်စု၊ ငှက်ပျောချောင်းကျေးရွာအနီိး တိုက်ပွဲဖြစ်ပွားနေသည်ကို ဒေသခံများ၏ သတင်းပေးပို့ချက်အရ ကြားသိရကြောင်း အတည်ပြု ပြောကြားသည်။

သန္႔ျမတ္ခိုင္
Narinjara
https://www.facebook.com/narinjara.info
တိုက္ပြဲေၾကာင့္ ထြက္ေျပးလာၾကသည့္ ဘူးသီးေတာင္ၿမိဳ႕နယ္ ငွက္ေပ်ာေခ်ာင္းေက်းရြာမွ ေက်းရြာသား ၁၀၀ ေက်ာ္အတြက္ ဆန္ရိကၡာမ်ား အပူတျပင္း လိုအပ္ေန တိုက္ပြဲေၾကာင့္ ထြက္ေျပးလာၾကသည့္ ဘူးသီးေတာင္ၿမိဳ႕နယ္ ငွက္ေပ်ာေခ်ာင္းေက်းရြာမွ ေက်းရြာသား ၁၀၀ ေက်ာ္အတြက္ ဆန္ရိကၡာမ်ား အပူတျပင္း လိုအပ္ေန Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.