အာဆာ နဲ႔ နယ္ျခားေစာင့္တပ္ ေမာင္ေတာမွာ တိုက္ပြဲျဖစ္

 ေတာင္ၿပိဳလက္ဝဲၿမိဳ႕ကို သြားတဲ့လမ္းမွာ လက္နက္ႀကီး၊ လက္နက္ငယ္နဲ႔ ႏွစ္နာရီဝန္းက်င္ၾကာ တိုက္ခိုက္မႈ ျဖစ္ခဲ့
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေျမာက္ပိုင္း နယ္စပ္ေဒသ ေမာင္ေတာၿမိဳ႕နယ္မွာ ေဖေဖာ္ဝါရီ ၁၉ ရက္ မနက္ ၈ နာရီေက်ာ္ ေလာက္မွာ အာဆာနဲ႔ နယ္ျခားေစာင့္တပ္တို႔ ထိေတြ႕တိုက္ပြဲ ျဖစ္ပြားခဲ့ၾကတယ္လို႔ သတင္းရရွိပါတယ္။

အဲဒီ့တိုက္ပြဲ ျဖစ္ပြားခဲ့တဲ့ေနရာဟာ ေမာင္ေတာၿမိဳ႕နယ္ ေျမာက္ပိုင္းေဒသ ေတာင္ၿပိဳလက္ဝဲၿမိဳ႕ကို သြားတဲ့လမ္းမွာ ရွိတဲ့ မီးတိုက္ေက်း႐ြာအနီး မိုင္တိုင္ ၃၉ နဲ႔ ၄၀ အၾကားမွာ ျဖစ္ပြားခဲ့ၾကတာ ျဖစ္တယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

လက္နက္ႀကီး၊လက္နက္ငယ္ ပစ္ခတ္မႈေတြ ရွိခဲ့ၿပီး ၁၀ နာရီေက်ာ္ေလာက္မွာေတာ့ ပစ္ခတ္သံေတြ ရပ္စဲသြားခဲ့ေၾကာင္း ေဒသခံေတြရဲ႕ ေျပာဆိုခ်က္ အရ သိရပါတယ္။

အဲဒီတိုက္ပြဲ ျဖစ္ပြားခဲ့တာနဲ႔ ပတ္သက္လို႔ ေမာင္ေတာခ႐ိုင္ အေထြေထြအုပ္ခ်ဳပ္ေရးမႉး ဦးစိုးေအာင္ဆီကို ဖုန္းဆက္သြယ္ ေမးျမန္းခဲ့ရာမွာ တိုက္ပြဲျဖစ္ပြားခဲ့ေၾကာင္း အတည္ျပဳ ေျပာဆိုေပမယ့္ ျဖစ္စဥ္နဲ႔ ပတ္သက္လို႔ အေသးစိတ္ မေျပာႏိုင္ေသးဘူးလို႔ ေျပာပါတယ္။


"ျဖစ္တာေတာ့ဟုတ္တယ္ဗ်။ ဒီမနက္ပိုင္းက ျဖစ္တာပါ။ နယ္ျခားေစာင့္တပ္နဲ႔ ျဖစ္တာဆိုေတာ့ ကြၽန္ေတာ္တို႔ကလည္း အဲ့ဒီအေျခအေနေတြကို မသိလို႔ နယ္ျခားေစာင့္ကပဲ ေျပာႏိုင္မွာျဖစ္ပါတယ္"လို႔ ဦးစိုးေအာင္က ေျပာပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္အုန္းကလည္း တိုက္ပြဲျဖစ္ပြားတာ မွန္ကန္ေၾကာင္းနဲ႔ မီးတိုက္ေက်း႐ြာအနီး နယ္စပ္ ေနရာေတြမွာ ျဖစ္ပြားခဲ့တယ္လို႔ သတင္းရရွိၿပီး တျခားအခ်က္အလက္ေတြကို စုံစမ္းလို႔ မရႏိုင္ေသးဘူးလို႔ ဆိုပါတယ္။

အာဆာ အၾကမ္းဖက္အဖြဲ႕ဟာ ဘဂၤလားေဒ့ရွ္နယ္စပ္ေဒသ ျဖစ္တဲ့ ေမာင္ေတာၿမိဳ႕နယ္အတြင္းမွာ ဝင္ေရာက္ လႈပ္ရွားေနတာေတြ ရွိေနၿပီး အခုလိုမ်ိဳး ႀကိဳၾကားႀကိဳၾကား တိုက္ပြဲျဖစ္ပြားတာေတြ ရွိလာႏိုင္တယ္လို႔ ေဒခံေတြက ဆိုပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
အာဆာ နဲ့ နယ်ခြားစောင့်တပ် မောင်တောမှာ တိုက်ပွဲဖြစ်

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption တောင်ပြိုလက်ဝဲမြို့ကို သွားတဲ့လမ်းမှာ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ နှစ်နာရီဝန်းကျင်ကြာ တိုက်ခိုက်မှု ဖြစ်ခဲ့

ရခိုင်ပြည်နယ် မြောက်ပိုင်း နယ်စပ်ဒေသ မောင်တောမြို့နယ်မှာ ဖေဖော်ဝါရီ ၁၉ ရက် မနက် ၈ နာရီကျော် လောက်မှာ အာဆာနဲ့ နယ်ခြားစောင့်တပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အဲဒီ့တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နေရာဟာ မောင်တောမြို့နယ် မြောက်ပိုင်းဒေသ တောင်ပြိုလက်ဝဲမြို့ကို သွားတဲ့လမ်းမှာ ရှိတဲ့ မီးတိုက်ကျေးရွာအနီး မိုင်တိုင် ၃၉ နဲ့ ၄၀ အကြားမှာ ဖြစ်ပွားခဲ့ကြတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်မှုတွေ ရှိခဲ့ပြီး ၁၀ နာရီကျော်လောက်မှာတော့ ပစ်ခတ်သံတွေ ရပ်စဲသွားခဲ့ကြောင်း ဒေသခံတွေရဲ့ ပြောဆိုချက် အရ သိရပါတယ်။

အဲဒီတိုက်ပွဲ ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်လို့ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးအောင်ဆီကို ဖုန်းဆက်သွယ် မေးမြန်းခဲ့ရာမှာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း အတည်ပြု ပြောဆိုပေမယ့် ဖြစ်စဉ်နဲ့ ပတ်သက်လို့ အသေးစိတ် မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

"ဖြစ်တာတော့ဟုတ်တယ်ဗျ။ ဒီမနက်ပိုင်းက ဖြစ်တာပါ။ နယ်ခြားစောင့်တပ်နဲ့ ဖြစ်တာဆိုတော့ ကျွန်တော်တို့ကလည်း အဲ့ဒီအခြေအနေတွေကို မသိလို့ နယ်ခြားစောင့်ကပဲ ပြောနိုင်မှာဖြစ်ပါတယ်"လို့ ဦးစိုးအောင်က ပြောပါတယ်။

မောင်တောမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကလည်း တိုက်ပွဲဖြစ်ပွားတာ မှန်ကန်ကြောင်းနဲ့ မီးတိုက်ကျေးရွာအနီး နယ်စပ် နေရာတွေမှာ ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပြီး တခြားအချက်အလက်တွေကို စုံစမ်းလို့ မရနိုင်သေးဘူးလို့ ဆိုပါတယ်။

အာဆာ အကြမ်းဖက်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသ ဖြစ်တဲ့ မောင်တောမြို့နယ်အတွင်းမှာ ဝင်ရောက် လှုပ်ရှားနေတာတွေ ရှိနေပြီး အခုလိုမျိုး ကြိုကြားကြိုကြား တိုက်ပွဲဖြစ်ပွားတာတွေ ရှိလာနိုင်တယ်လို့ ဒေခံတွေက ဆိုပါတယ်။

BBC Burmese
https://www.bbc.com
အာဆာ နဲ႔ နယ္ျခားေစာင့္တပ္ ေမာင္ေတာမွာ တိုက္ပြဲျဖစ္ အာဆာ နဲ႔ နယ္ျခားေစာင့္တပ္ ေမာင္ေတာမွာ တိုက္ပြဲျဖစ္ Reviewed by THITHTOOLWIN on 21:52 Rating: 5
Powered by Blogger.