ျမန္မာျပည္ကဝင္လာတဲ့ မူးယစ္ေဆးေတြ ထိုင္းမွာ ဖမ္းမိ

၂၀၁၃ ခုႏွစ္ ေဖေဖာ္ဝါရီလက ထုိင္းႏုိင္ငံတြင္ ဖမ္းမိသည့္ စိတ္ႂကြေဆးထုတ္မ်ား။
(Zawgyi/Unicode)

ျမင္းေခါင္းတံဆိပ္သစ္ စိတ္ႂကြေဆးျပား ေလးသန္းေက်ာ္ကို ထိုင္းစစ္တပ္က ဖမ္းမိလိုက္ပါတယ္။ ဒီမူးယစ္ေဆး ဝါး ေတြဟာ ျမန္မာႏုိင္ငံ၊ ဝေဒသကထုတ္တာလို႔ ထိုင္းအာဏပိုင္ေတြက စြပ္စြဲေပမယ့္ UWSA တာဝန္ရွိသူတဦးေတာ့ ဒါကို ျငင္းပါ တယ္။

ထိုင္းအာဏာပိုင္ေတြကေတာ့ ထိုင္္းႏုိင္ငံဟာ မူးယစ္ေဆးဝါးသစ္ေတြရဲ႕ ၿခိမ္းေျခာက္တာကိုပါ ရင္ဆိုင္ေနရၿပီလို႔ ဆိုပါတယ္။ ဒီအေၾကာင္း ဗီြအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ေေဖၚ၀ါရီလ ၁၇ရက္ေန ့ က ထိုင္း ႏိုင္ငံ နေကာ္ဖနံုခရိုင္ အမွတ္ (၄) စစ္ ေဒသ အထူးတပ္ဖြဲ႕၀င္ ေတြက ဖမ္းဆီးနိုင္ခဲ့တဲ့ ဘတ္ေငြ သန္းေပါင္း ၅၀၀ ေက်ာ္ တန္ဖိိုးရွိ တဲ့စိတ္ၾကြေဆးျပား ၄သန္းေက်ာ္ ဟာ ၂၀၂၀ ႏွစ္စပိုင္းမွာ ပထဆံုး ဖမ္းဆီးနိုင္ခဲ့တဲ့ ၉၉၉ ျမင္းဦးေခါင္း သေကၤတ တံဆိပ္သစ္ အမ်ိဳးအစားေတြ ျဖစ္ေၾကာင္း ထုိင္းအာဏာပိုင္ေတြကို ကုိးကားၿပီး ထုိင္းသတင္းေတြမွာ ေဖာ္ျပေနတာပါ။

ဖမ္းမိတဲ့ မူးယစ္တရားခံေတြထဲမွာ ဆယ္ေက်ာ္သက္ လူငယ္ေတြ ပါဝင္ေနတာကို စိတ္မေကာင္းစရာ ေတြ႔ေနရသလို ဖမ္းမိတဲ့ မူးယစ္ ေဆးဝါးေတြဟာလည္း အမ်ိဳးအစား အသစ္ျဖစ္ၿပီး ၿခိမ္းေျခာက္မႈ အႏၱရာယ္ အသစ္နဲ႔ ႀကံဳေနရတယ္လုိ႔ အမွတ္ (၄) နယ္ေျမမွာ ျပဳလုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ထိုင္း စစ္တပ္ ဗိုလ္ခ်ဳပ္ စ၀ါရပ္ စန္ဖုန္း (Sawarat Saengphon ) က ထိုင္းဘာသာနဲ့ ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

“အခုလို မူးယစ္တရားခံ အသက္ ၁၉ နဲ ့ ၁၆ႏွစ္အရြယ္ လူငယ္ေတြအပါ၀င္ မူးယစ္ဂိုဏ္း၀င္ ငါးဦးကို ဖမ္းမိႏိုင္ခဲ့ ပါတယ္။ ေဒသခံ ေက်းရြာသားေတြ သတင္းေပး ခဲ့တာေၾကာင့္ က်ေနာ္တို႔ တပ္ဖြဲ ့၀င္ ေတြက စိတ္ၾကြေဆးျပားေတြ တင္ေဆာင္လာတဲ့ ကားႏွစ္စီးကို လမ္းေပၚမွာပဲ ပိတ္ဆို႔ ဖမ္းဆီး နိုင္ခဲ့တာ ျဖစ္ပါတယ္။ အခု အမ်ိဳးအစားအသစ္ေတြနဲ႕ ထုတ္လုပ္လာတဲ့ မူးယစ္ေဆး၀ါး ေတြရဲ႔ ့ျခိမ္းေျခာက္မႈ အသစ္ေတြကုိ ထုိင္းႏုိင္ငံက ရင္ဆိုင္ေနရၿပီ" လို ့ရွင္းလင္းေျပာဆိုသြားတာပါ။

လိုင္စင္ နံပတ္ျပား တပ္မထားတဲ့ ကားႏွစ္စီးေပၚမွာ ဆာလာအိပ္ (၁၉) ထုတ္နဲ ့ ထည့္လာတဲ့ ျမင္းေခါင္း တံဆိပ္သစ္နဲ႔ မူးယစ္ေဆးျပား ေတြကို ဖမ္းဆီး ရမိခဲ့တာ ျဖစ္ပါတယ္။ ဒီမူးယစ္ေဆးျပား ေတြဟာ အရည္ အေသြး ပိုမို ေကာင္းမြန္ ေၾကာင္းနဲ႔ ပန္းအနံ ့ပါ ထည့္ထားတဲ့ ဒီမူးယစ္ေဆးေတြဟာ အနံ ့ခံေခြးေတြ မသိနိုင္ေအာင္ အထူးထုတ္လုပ္ ထားတာ ျဖစ္တယ္ လို႔လည္း ထိုင္းအာဏာပုိင္ေတြက ေျပာပါတယ္ ။

၀ေဒသကလာတယ္လို႔ ထုိင္းဘက္ကစြပ္စဲြေပမဲ့ UWSA လားရိႈးၿမိဳ႕ ဆက္ဆံရံုးတာ၀န္ခံ ဦးညီရမ္းကေတာ ့အခုလိုေျပာသြားပါတယ္။

“က်ေနာ္တို႔ ၀ျပည္နယ္တာင္ပုိင္းက ယုိးဒယားနယ္စပ္နဲ ကီလို မီတာ သံုးေလးရာ ေလာက္ရွိေတာ့ ၁၀၀ရာခိုင္ႏႈန္း ပိုက္စိတ္တိုက္လံုး၀ ဖမ္းဆီးႏုိင္တာလည္းမျဖစ္ႏိုင္ဘူးေလ။ က်ေနာ္တို႔က ျခံစည္းရုိးလိုလည္း ျဖစ္ေတာ့ အေသးစိတ္ ဖမ္းဆီးပစ္သတ္တာက အစ က်ေနာ္တို ့ေဖာ္ျပေနတာပဲ က်ေနာ္တို့ ဘက္ကလာတယ္ဆုိေပမဲ့က်ေနာ္တို႔ လုပ္တာမွ မဟုတ္ဘူး ျမင္းပ်ံတံဆိပ္ေတြ နဲ႔ က်ေနာ္တို႔ ၀တပ္ဖဲြ႔ က ထုတ္လုပ္တယ္လို႔ ယတိျပတ္ေရးလို ့ရတာဘယ္လို သက္ေသေတြနဲ႔ ေဖာ္ျပသလဲဆိုတာ က်ေနာ္တို႔မွာ ေမးစရာေမးခြန္းေတြရွိတယ္။ဒီကိစၥက ယုိးဒယားက ဘာမွအေျခအျမစ္မရွိပဲ ဘာမွ သက္ေသမရွိပဲ ဒီလိုပဲစြတ္စဲြေနႀကပဲ ေရးသားတာ ဒီတခါတည္းမဟုတ္ေတာ့ဘူး။”

ထိုင္း-ျမန္မာ ၂ ႏိုင္ငံ မူးယစ္ေဆး၀ါး အေျခအေနေတြကို ေစာင့္ၾကည့္ေလ့လာေနသူ တဦးျဖစ္တဲ့ ရွမ္းသတင္းစဥ္ရဲ ႕ အယ္ဒီတာ ဦးစိုိင္းမိန္းကေတာ့

“ က်ေနာ္တို႔ အေနနဲ႔ ေလ့လာေတြ ့ရွိ ရသေလာက္ကေတာ့ ၊ ေတာ္လွန္ေရး လုပ္တယ္ဆုိကတည္းက အနည္းအက်ဥ္း ကေတာ့ ဒီဟာေတြနဲ႔ မကင္းဘူးလို ့က်ေနာ္တို့က ျမင္မိပါတယ္။ ၀ေတာင္ ၀ေျမာက္က ေတာ့ တဖဲြ ့တည္းပါပဲ ထုိင္းေတာင္ပုိင္းမွာေနလို႔ ေတာင္ပိုင္း ၀လို႔သာ ခဲြတယ္ေလ။ ဗဟုိဌာနခ်ဳပ္ကေတာ့ ပန္ဆန္းမွာပဲ။ ထုိင္းနယ္စပ္မွာကေတာ့ လက္နက္ကုိင္အုပ္စု မ်ားတယ္။ ျပည္သူစစ္အုပ္စု နယ္ျခားေစာင့္အုပ္စု ေတြလည္းရွိပါတယ္။”

ထိုင္း-ျမန္မာနယ္စပ္ ခ်င္းရိုင္- ခ်င္းမိုင္ေဒသေတြမွာ မူးယစ္ေဆး၀ါး ေတြကို အရွိန္ျမွင့္ ၿပီး ပိတ္ဆို ့ ရွာေဖြ ဖမ္းဆီး ေနတာေၾကာင့္ မူးယစ္ေမွာင္ခိုဂိုဏ္း ေတြဟာ ေရႊၾတိဂံေဒသ မဲေခါင္းျမစ္ေၾကာင္း အတိုင္း လာအိုနိုင္ငံ အတြင္း ကို ေရေၾကာင္းကေန ေလွ ေတြနဲ႔ သယ္ေဆာင္ျပီး ထိုင္းဘက္ကို ပို႕ေဆာင္ေန ၾကတာျဖစ္တယ္လို႔ ထုိင္းအာဏာပုိင္ေတြက ေျပာ ပါတယ္ ။

ထိုင္း-ျမန္မာနယ္စပ္ ခ်င္းရိုင္ခရိုင္ကုိ ထုိင္းဘက္က မူယစ္ေဆး၀ါး စစ္ဆင္ေရးဇံုအျဖစ္ သတ္မွတ္ျပီး ဖမ္းဆီးမူေတြ ဆက္တုိက္လုပ္ ေနတာ ျဖစ္ၿပီး ျမန္မာဘက္ကလာတဲ့ မူးယစ္ေမွာင္ခိုသမားေတြနဲ႔ လည္း တိုက္ပဲြေတြ မၾကာခဏျဖစ္ပြား ေနတာ ျဖစ္ပါတယ္။


.........................

မြန်မာပြည်ကဝင်လာတဲ့ မူးယစ်ဆေးတွေ ထိုင်းမှာ ဖမ်းမိ

(Unicode)

မြင်းခေါင်းတံဆိပ်သစ် စိတ်ကြွဆေးပြား လေးသန်းကျော်ကို ထိုင်းစစ်တပ်က ဖမ်းမိလိုက်ပါတယ်။ ဒီမူးယစ်ဆေး ဝါး တွေဟာ မြန်မာနိုင်ငံ၊ ဝဒေသကထုတ်တာလို့ ထိုင်းအာဏပိုင်တွေက စွပ်စွဲပေမယ့် UWSA တာဝန်ရှိသူတဦးတော့ ဒါကို ငြင်းပါ တယ်။ ထိုင်းအာဏာပိုင်တွေကတော့ ထိုင်းနိုင်ငံဟာ မူးယစ်ဆေးဝါးသစ်တွေရဲ့ ခြိမ်းခြောက်တာကိုပါ ရင်ဆိုင်နေရပြီလို့ ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ေဖေါ်ဝါရီလ ၁၇ရက်နေ့ က ထိုင်း နိုင်ငံ နကော်ဖနုံခရိုင် အမှတ် (၄) စစ် ဒေသ အထူးတပ်ဖွဲ့ဝင် တွေက ဖမ်းဆီးနိုင်ခဲ့တဲ့ ဘတ်ငွေ သန်းပေါင်း ၅၀၀ ကျော် တန်ဖိုးရှိ တဲ့စိတ်ကြွဆေးပြား ၄သန်းကျော် ဟာ ၂၀၂၀ နှစ်စပိုင်းမှာ ပထဆုံး ဖမ်းဆီးနိုင်ခဲ့တဲ့ ၉၉၉ မြင်းဦးခေါင်း သင်္ကေတ တံဆိပ်သစ် အမျိုးအစားတွေ ဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြနေတာပါ။

ဖမ်းမိတဲ့ မူးယစ်တရားခံတွေထဲမှာ ဆယ်ကျော်သက် လူငယ်တွေ ပါဝင်နေတာကို စိတ်မကောင်းစရာ တွေ့နေရသလို ဖမ်းမိတဲ့ မူးယစ် ဆေးဝါးတွေဟာလည်း အမျိုးအစား အသစ်ဖြစ်ပြီး ခြိမ်းခြောက်မှု အန္တရာယ် အသစ်နဲ့ ကြုံနေရတယ်လို့ အမှတ် (၄) နယ်မြေမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထိုင်း စစ်တပ် ဗိုလ်ချုပ် စဝါရပ် စန်ဖုန်း (Sawarat Saengphon ) က ထိုင်းဘာသာနဲ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။

“အခုလို မူးယစ်တရားခံ အသက် ၁၉ နဲ့ ၁၆နှစ်အရွယ် လူငယ်တွေအပါဝင် မူးယစ်ဂိုဏ်းဝင် ငါးဦးကို ဖမ်းမိနိုင်ခဲ့ ပါတယ်။ ဒေသခံ ကျေးရွာသားတွေ သတင်းပေး ခဲ့တာကြောင့် ကျနော်တို့ တပ်ဖွဲ့ဝင် တွေက စိတ်ကြွဆေးပြားတွေ တင်ဆောင်လာတဲ့ ကားနှစ်စီးကို လမ်းပေါ်မှာပဲ ပိတ်ဆို့ ဖမ်းဆီး နိုင်ခဲ့တာ ဖြစ်ပါတယ်။ အခု အမျိုးအစားအသစ်တွေနဲ့ ထုတ်လုပ်လာတဲ့ မူးယစ်ဆေးဝါး တွေရဲ့ခြိမ်းခြောက်မှု အသစ်တွေကို ထိုင်းနိုင်ငံက ရင်ဆိုင်နေရပြီ" လို့ရှင်းလင်းပြောဆိုသွားတာပါ။

လိုင်စင် နံပတ်ပြား တပ်မထားတဲ့ ကားနှစ်စီးပေါ်မှာ ဆာလာအိပ် (၁၉) ထုတ်နဲ့ ထည့်လာတဲ့ မြင်းခေါင်း တံဆိပ်သစ်နဲ့ မူးယစ်ဆေးပြား တွေကို ဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။ ဒီမူးယစ်ဆေးပြား တွေဟာ အရည် အသွေး ပိုမို ကောင်းမွန် ကြောင်းနဲ့ ပန်းအနံ့ပါ ထည့်ထားတဲ့ ဒီမူးယစ်ဆေးတွေဟာ အနံ့ခံခွေးတွေ မသိနိုင်အောင် အထူးထုတ်လုပ် ထားတာ ဖြစ်တယ် လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ် ။

ဝဒေသကလာတယ်လို့ ထိုင်းဘက်ကစွပ်စွဲပေမဲ့ UWSA လားရှိုးမြို့ ဆက်ဆံရုံးတာဝန်ခံ ဦးညီရမ်းကတော့အခုလိုပြောသွားပါတယ်။

“ကျနော်တို့ ဝပြည်နယ်တာင်ပိုင်းက ယိုးဒယားနယ်စပ်နဲ ကီလို မီတာ သုံးလေးရာ လောက်ရှိတော့ ၁၀၀ရာခိုင်နှုန်း ပိုက်စိတ်တိုက်လုံး၀ ဖမ်းဆီးနိုင်တာလည်းမဖြစ်နိုင်ဘူးလေ။ ကျနော်တို့က ခြံစည်းရိုးလိုလည်း ဖြစ်တော့ အသေးစိတ် ဖမ်းဆီးပစ်သတ်တာက အစ ကျနော်တို့ဖော်ပြနေတာပဲ ကျနော်တို့ ဘက်ကလာတယ်ဆိုပေမဲ့ကျနော်တို့ လုပ်တာမှ မဟုတ်ဘူး မြင်းပျံတံဆိပ်တွေ နဲ့ ကျနော်တို့ ဝတပ်ဖွဲ့ က ထုတ်လုပ်တယ်လို့ ယတိပြတ်ရေးလို့ရတာဘယ်လို သက်သေတွေနဲ့ ဖော်ပြသလဲဆိုတာ ကျနော်တို့မှာ မေးစရာမေးခွန်းတွေရှိတယ်။ဒီကိစ္စက ယိုးဒယားက ဘာမှအခြေအမြစ်မရှိပဲ ဘာမှ သက်သေမရှိပဲ ဒီလိုပဲစွတ်စွဲနေကြပဲ ရေးသားတာ ဒီတခါတည်းမဟုတ်တော့ဘူး။”

ထိုင်း-မြန်မာ ၂ နိုင်ငံ မူးယစ်ဆေးဝါး အခြေအနေတွေကို စောင့်ကြည့်လေ့လာနေသူ တဦးဖြစ်တဲ့ ရှမ်းသတင်းစဉ်ရဲ့ အယ်ဒီတာ ဦးစိုင်းမိန်းကတော့

“ ကျနော်တို့ အနေနဲ့ လေ့လာတွေ့ရှိ ရသလောက်ကတော့ ၊ တော်လှန်ရေး လုပ်တယ်ဆိုကတည်းက အနည်းအကျဉ်း ကတော့ ဒီဟာတွေနဲ့ မကင်းဘူးလို့ကျနော်တို့က မြင်မိပါတယ်။ ဝတောင် ဝမြောက်က တော့ တဖွဲ့တည်းပါပဲ ထိုင်းတောင်ပိုင်းမှာနေလို့ တောင်ပိုင်း ဝလို့သာ ခွဲတယ်လေ။ ဗဟိုဌာနချုပ်ကတော့ ပန်ဆန်းမှာပဲ။ ထိုင်းနယ်စပ်မှာကတော့ လက်နက်ကိုင်အုပ်စု များတယ်။ ပြည်သူစစ်အုပ်စု နယ်ခြားစောင့်အုပ်စု တွေလည်းရှိပါတယ်။”

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်- ချင်းမိုင်ဒေသတွေမှာ မူးယစ်ဆေးဝါး တွေကို အရှိန်မြှင့် ပြီး ပိတ်ဆို့ ရှာဖွေ ဖမ်းဆီး နေတာကြောင့် မူးယစ်မှောင်ခိုဂိုဏ်း တွေဟာ ရွှေတြိဂံဒေသ မဲခေါင်းမြစ်ကြောင်း အတိုင်း လာအိုနိုင်ငံ အတွင်း ကို ရေကြောင်းကနေ လှေ တွေနဲ့ သယ်ဆောင်ပြီး ထိုင်းဘက်ကို ပို့ဆောင်နေ ကြတာဖြစ်တယ်လို့ ထိုင်းအာဏာပိုင်တွေက ပြော ပါတယ် ။

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်ခရိုင်ကို ထိုင်းဘက်က မူယစ်ဆေးဝါး စစ်ဆင်ရေးဇုံအဖြစ် သတ်မှတ်ပြီး ဖမ်းဆီးမူတွေ ဆက်တိုက်လုပ် နေတာ ဖြစ်ပြီး မြန်မာဘက်ကလာတဲ့ မူးယစ်မှောင်ခိုသမားတွေနဲ့ လည်း တိုက်ပွဲတွေ မကြာခဏဖြစ်ပွား နေတာ ဖြစ်ပါတယ်။

ေအးေအးမာ/ VOA (Burmese)
https://burmese.voanews.com
ျမန္မာျပည္ကဝင္လာတဲ့ မူးယစ္ေဆးေတြ ထိုင္းမွာ ဖမ္းမိ ျမန္မာျပည္ကဝင္လာတဲ့ မူးယစ္ေဆးေတြ ထိုင္းမွာ ဖမ္းမိ Reviewed by THITHTOOLWIN on 21:45 Rating: 5
Powered by Blogger.