ကို႐ိုနာဗိုင္းရပ္စ္ - လူမ်ိဳးေရးခြဲျခားတယ္လို႔ ယူဆတဲ့ ေဆာင္းပါးေၾကာင့္ ေဝါလ္စထရိဂ်ာနယ္က သတင္းေထာက္ေတြကို တ႐ုတ္ႏိုင္ငံကေန ႏွင္ထုတ္

 ေဝါလ္စထရိဂ်ာနယ္ သတင္းသမား ၃ ဦးကို တ႐ုတ္ႏိုင္ငံကေန ၅ ရက္အတြင္း ထြက္ခြာဖို႔ အမိန္႔ေပးထား
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံမွာ လူမ်ိဳးေရး ခြဲျခားတယ္ဆိုတဲ့ အာေဘာ္ေဆာင္းပါးတစ္ပုဒ္နဲ႔ ပတ္သက္လို႔ ေဝါလ္စထရိဂ်ာနယ္ သတင္းစာက ႏိုင္ငံျခားသား သတင္းေထာက္ ၃ ဦးကို ႏိုင္ငံထဲကေန ထြက္ခြာဖို႔ တ႐ုတ္အစိုးရက အမိန္႔ေပးလိုက္ပါတယ္။

ေဖေဖာ္ဝါရီလ ၃ ရက္ေန႔က ထုတ္ေဝတဲ့ ေဆာင္းပါးထဲမွာ လူအမ်ားအျပား ေသဆုံးခဲ့ရတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ကူးစက္ျဖစ္ပြားေနမႈအေပၚ တ႐ုတ္အစိုးရရဲ႕ ကိုင္တြယ္ေျဖရွင္းပုံနဲ႔ ပတ္သက္လို႔ ေဝဖန္ေရးသားထားတာပါ။

ဒီကိစၥနဲ႔ ပတ္သက္လို႔ ဝန္ခ်ေတာင္းပန္ဖို႔ ေဝါလ္စထရိဂ်ာနယ္ သတင္းစာကို တ႐ုတ္အစိုးရက အႀကိမ္ႀကိမ္ ေျပာခဲ့ေပမဲ့ လက္မခံခဲ့ဘူးလို႔ တ႐ုတ္ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေျပာပါတယ္။

ေဝါလ္စထရိဂ်ာနယ္ သတင္းစာကေတာ့ ဒီေဆာင္းပါးကို အဲဒီ သတင္းေထာက္ေတြ ေရးခဲ့တာ မဟုတ္ေၾကာင္းနဲ႔ သူတို႔ကို ၅ ရက္အတြင္း ႏိုင္ငံထဲကေန ထြက္ခြာဖို႔ တ႐ုတ္အစိုးရက အမိန္႔ေပးထားေၾကာင္း ေျပာပါတယ္။

အဲဒီေဆာင္းပါးထဲမွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ျဖစ္ပြားမႈအေပၚ တ႐ုတ္အာဏာပိုင္ေတြရဲ႕ ကနဦး တုံ႔ျပန္ေဆာင္႐ြက္မႈေတြဟာ လွ်ိဳ႕ဝွက္ၿပီး ကိုယ့္အတြက္ပဲ ကိုယ္ၾကည့္ခဲ့တယ္လို႔ ေရးသားထားၿပီး တ႐ုတ္ႏိုင္ငံအေပၚ ကမာၻတဝန္းရဲ႕ ယုံၾကည္မႈက ေျပာင္းလဲသြားခဲ့တယ္လို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံျခားေရး ၀န္ႀကီးဌာန ေျပာခြင့္ရပုဂၢိဳလ္ ကန္း ႐ႊမ္ က ဒီေဆာင္းပါးဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါကို တိုက္ဖ်က္ဖို႔ တ႐ုတ္အစိုးရရဲ႕ ႀကိဳးပမ္းမႈေတြကို ေသးသိမ္သြားေအာင္ မမွ်မတ ေဖာ္ျပထားတဲ့ လူမ်ိဳးေရးခြဲျခားတဲ့ ေဆာင္းပါး ျဖစ္တယ္လို႔ ေျပာပါတယ္။

လူမ်ိဳးေရးခြဲျခားတဲ့ စာေတြ ထုတ္ေဝတဲ့၊ တ႐ုတ္အစိုးရကို ဒုကၡေရာက္ေအာင္ တိုက္ခိုက္လိုတဲ့ သတင္းမီဒီယာကို တ႐ုတ္လူမ်ိဳးေတြက လက္ခံမွာ မဟုတ္ဘူးလို႔ မစၥတာ ကန္းက ေျပာပါတယ္။ ႏိုင္ငံထဲက ႏွင္ထုတ္တဲ့ သတင္းသမားေတြရဲ႕ အမည္ကိုေတာ့ ထုတ္ေဖာ္ ေျပာမသြားခဲ့ပါဘူး။

ေဝါစထရိဂ်ာနယ္ သတင္းစာက အဲဒီ သတင္းေထာက္ေတြဟာ အေမရိကန္ ႏိုင္ငံသား လက္ေထာက္ဌာန အႀကီးအကဲ ေဂ်ာ့ရွ္ ခ်င္ နဲ႔ အေမရိကန္နဲ႔ ၾသစေၾတးလ် ပူးတြဲႏိုင္ငံသားခံယူထားသူ ေခ်ာင္ဒန္ တို႔ ျဖစ္တယ္လို႔ ဆိုပါတယ္။ ဒီကိစၥနဲ႔ ပတ္သက္လို႔ ေဝါစထရိဂ်ာနယ္ သတင္းစာဘက္က ဘာမွ တုံ႔ျပန္ ေဝဖန္တာမ်ိဳး မရွိေသးပါဘူး။

ဒါဟာ တ႐ုတ္ႏိုင္ငံထဲမွာ တရားဝင္ အေထာက္အထား စာ႐ြက္စာတမ္းေတြနဲ႔ ေနထိုင္ေနတဲ့ သတင္းေထာက္ေတြ ႏိုင္ငံထဲကေန ႏွင္ထုတ္ခံရတာ ႏွစ္ေပါင္း ၂၀ ေက်ာ္အတြင္း ပထမဆုံးအႀကိမ္ ျဖစ္တယ္လို႔ ေဘဂ်င္းၿမိဳ႕မွာ ရွိတဲ့ ဘီဘီစီ သတင္းေထာက္ ဂြၽန္ ဆပ္ဒ္ဝါ့သ္ က ေျပာပါတယ္။

တ႐ုတ္အစိုးရရဲ႕ ဒီဆုံးျဖတ္ခ်က္ဟာ ႏိုင္ငံျခား သတင္းအဖြဲ႕အစည္းေတြကို ၿခိမ္းေျခာက္ဖို႔ တ႐ုတ္အာဏာပိုင္ေတြရဲ႕ ေျဗာင္က်က် ႀကိဳးပမ္းမႈတစ္ခု ျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံမွာ ရွိတဲ့ ႏိုင္ငံျခားသတင္းေထာက္မ်ား ကလပ္အဖြဲ႕က ေျပာပါတယ္။

အေမရိကန္ႏိုင္ငံထဲမွာ လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ တ႐ုတ္အစိုးရပိုင္ မီဒီယာ ၅ ခုကို ႏိုင္ငံျခား သံ႐ုံးေတြအတိုင္း အေမရိကန္အစိုးရက စတင္ သတ္မွတ္မွာ ျဖစ္ၿပီး အေမရိကန္ အစိုးရထံမွာ သူတို႔ရဲ႕ ဝန္ထမ္းေတြ၊ ပိုင္ဆိုင္မႈ အေဆာက္အဦေတြကို မွတ္ပုံတင္တာေတြ လုပ္ရမယ္လို႔ အေမရိကန္ အစိုးရက ဆုံးျဖတ္ခဲ့အၿပီး တစ္ရက္အၾကာမွာပဲ တ႐ုတ္အစိုးရရဲ႕ ဒီအမိန္႔ ထြက္ေပၚလာတာပါ။

အေမရိကန္ အစိုးရရဲ႕ ဆုံးျဖတ္ခ်က္ဟာ ဆင္ဟြာ သတင္းဌာန၊ တ႐ုတ္ဂလိုဘယ္လ္၊ ႐ုပ္ျမင္သံၾကား ကြန္ရက္နဲ႔ တ႐ုတ္ေန႔စဥ္ သတင္းစာ ေကာ္ပိုေရးရွင္း တို႔အေပၚ အႀကဳံးဝင္မွာ ျဖစ္ပါတယ္။

တ႐ုတ္ႏိုင္ငံရဲ႕ လြတ္လပ္စြာ ထုတ္ေဖာ္ေရးသားခြင့္

    တ႐ုတ္ႏိုင္ငံဟာ လြတ္လပ္စြာ ေရးသားေဖာ္ျပခြင့္နဲ႔ပတ္သက္လို႔ အစဥ္တစိုက္ ေဝဖန္ခံေနရၿပီး ႏိုင္ငံျခားသား သတင္းေထာက္ေတြ အလုပ္လုပ္ဖို႔ ခက္ခဲတဲ့ ႏိုင္ငံတစ္ခု ျဖစ္ပါတယ္။
    ၂၀၁၉ ခုႏွစ္မွာ နယ္စည္းမျခား သတင္းေထာက္မ်ားအဖြဲ႕က တ႐ုတ္ႏိုင္ငံမွာ သတင္းမီဒီယာ လြတ္လပ္မႈ၊ သတင္းေထာက္ေတြရဲ႕ လုံၿခဳံမႈနဲ႔ လြတ္လပ္မႈေတြကို တိုင္းတာၿပီး သတင္းလြတ္လပ္ခြင့္ရွိတဲ့ ႏိုင္ငံ ၁၈၀ စာရင္းမွာ တ႐ုတ္ႏိုင္ငံကို အဆင့္ ၁၇၇ မွာ သတ္မွတ္ခဲ့ပါတယ္။
    တ႐ုတ္ႏိုင္ငံမွာ ပိတ္ပင္ခံထားရတဲ့ ဘီဘီစီက ၂၀၁၉ ခုႏွစ္မွာ တ႐ုတ္အပါအဝင္ ႏိုင္ငံအစိုးရေတြရဲ႕ ဆင္ဆာျဖတ္မႈကို ေက်ာ္လႊားႏိုင္ဖို႔ ႏိုင္ငံတကာသတင္းဝက္ဆိုက္တစ္ခုကို dark web ေပၚကေန တင္ခဲ့ပါတယ္။
    ၂၀၁၃ ခုႏွစ္ကတည္းကစလို႔ တ႐ုတ္ႏိုင္ငံထဲက ႏွင္ထုတ္ခံရတဲ့ ဒါမွမဟုတ္ ျပည္ဝင္ခြင့္ဗီဇာသက္တမ္း ထပ္တိုးမခံရတဲ့ သတင္းေထာက္ ၉ ဦး ရွိတယ္လို႔ တ႐ုတ္ႏိုင္ငံမွာ ရွိတဲ့ ႏိုင္ငံျခားသတင္းေထာက္မ်ား ကလပ္အဖြဲ႕က ေျပာပါတယ္။

မႏွစ္တုန္းက ေနာက္ ေဝါလ္စထရိဂ်ာနယ္ သတင္းေထာက္တစ္ဦးကို တ႐ုတ္ႏိုင္ငံထဲမွာ ႏိုင္ငံျခားသား သတင္းေထာက္ေတြ အလုပ္လုပ္ခြင့္ သက္တမ္း တိုးခြင့္ တ႐ုတ္အစိုးရက ပယ္ခ်ခဲ့ပါတယ္။

စကၤာပူႏိုင္ငံသား အဲဒီ သတင္းေထာက္ဟာ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္နဲ႔ တစ္ဝမ္းကြဲညီအစ္ကို ေတာ္စပ္သူ တစ္ဦး ဂိုဏ္းဖြဲ႕ ရာဇဝတ္မႈနဲ႔ ေငြေၾကးခဝါခ်မႈေတြမွာ ပါဝင္ပတ္သက္ေနတာအေပၚ ၾသစေၾတးလ် အာဏာပိုင္ေတြက စုံစမ္းစစ္ေဆးေနတယ္ ဆိုတဲ့အေၾကာင္း သတင္းတပုဒ္ကို ပူးတြဲ ေရးသားခဲ့တာပါ။

၂၀၁၈ ခုႏွစ္တုန္းကလည္း တ႐ုတ္ႏိုင္ငံ ရွင္က်န္းျပည္နယ္မွာ ဝိဂါ မြတ္ဆလင္ေတြနဲ႔ တျခား လူနည္းစု လူမ်ိဳးေတြ ထိန္းသိမ္းခံထားရတဲ့ အေၾကာင္း သတင္းေရးသားခဲ့တဲ့ BuzzFeed News သတင္းဌာနရဲ႕ ေဘဂ်င္းအေျခစိုက္ ဌာေနအႀကီးအကဲ မက္ဂါ ရာဂ်ာဂိုပါလန္ ကို တ႐ုတ္အစိုးရက ျပည္ဝင္ခြင့္ဗီဇာ သက္တမ္း မတိုးေပးခဲ့ပါဘူး။

ဒီအေတာအတြင္းမွာပဲ ဝူဟန္ျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါပိုး အေၾကာင္း ေရးသားေဖာ္ျပခဲ့အၿပီး ၿပီးခဲ့တဲ့ သီတင္းပတ္က ေပ်ာက္ဆုံးသြားခဲ့တဲ့ တ႐ုတ္ႏိုင္ငံသား သတင္းေထာက္ ႏွစ္ဦး ခုခ်ိန္ထိ ေပ်ာက္ဆုံးေနဆဲ ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ လူေတြကို အျပင္ေပးမထြက္ဘဲ ေစာင့္ၾကပ္စစ္ေဆးေနတဲ့ ဝူဟန္ၿမိဳ႕ထဲကေန ဖန္ဘင္နဲ႔ ခ်န္ကီရွီ ဆိုတဲ့ အဲဒီ သတင္းေထာက္ ႏွစ္ဦးက ဗီဒီယိုေတြ၊ ဓာတ္ပုံေတြကို ပို႔ေပးေနခဲ့တာ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် - လူမျိုးရေးခွဲခြားတယ်လို့ ယူဆတဲ့ ဆောင်းပါးကြောင့် ဝေါလ်စထရိဂျာနယ်က သတင်းထောက်တွေကို တရုတ်နိုင်ငံကနေ နှင်ထုတ်

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဝေါလ်စထရိဂျာနယ် သတင်းသမား ၃ ဦးကို တရုတ်နိုင်ငံကနေ ၅ ရက်အတွင်း ထွက်ခွာဖို့ အမိန့်ပေးထား

တရုတ်နိုင်ငံမှာ လူမျိုးရေး ခွဲခြားတယ်ဆိုတဲ့ အာဘော်ဆောင်းပါးတစ်ပုဒ်နဲ့ ပတ်သက်လို့ ဝေါလ်စထရိဂျာနယ် သတင်းစာက နိုင်ငံခြားသား သတင်းထောက် ၃ ဦးကို နိုင်ငံထဲကနေ ထွက်ခွာဖို့ တရုတ်အစိုးရက အမိန့်ပေးလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၃ ရက်နေ့က ထုတ်ဝေတဲ့ ဆောင်းပါးထဲမှာ လူအများအပြား သေဆုံးခဲ့ရတဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်ဖြစ်ပွားနေမှုအပေါ် တရုတ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ ပတ်သက်လို့ ဝေဖန်ရေးသားထားတာပါ။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဝန်ချတောင်းပန်ဖို့ ဝေါလ်စထရိဂျာနယ် သတင်းစာကို တရုတ်အစိုးရက အကြိမ်ကြိမ် ပြောခဲ့ပေမဲ့ လက်မခံခဲ့ဘူးလို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဝေါလ်စထရိဂျာနယ် သတင်းစာကတော့ ဒီဆောင်းပါးကို အဲဒီ သတင်းထောက်တွေ ရေးခဲ့တာ မဟုတ်ကြောင်းနဲ့ သူတို့ကို ၅ ရက်အတွင်း နိုင်ငံထဲကနေ ထွက်ခွာဖို့ တရုတ်အစိုးရက အမိန့်ပေးထားကြောင်း ပြောပါတယ်။

အဲဒီဆောင်းပါးထဲမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုအပေါ် တရုတ်အာဏာပိုင်တွေရဲ့ ကနဦး တုံ့ပြန်ဆောင်ရွက်မှုတွေဟာ လျှို့ဝှက်ပြီး ကိုယ့်အတွက်ပဲ ကိုယ်ကြည့်ခဲ့တယ်လို့ ရေးသားထားပြီး တရုတ်နိုင်ငံအပေါ် ကမ္ဘာတဝန်းရဲ့ ယုံကြည်မှုက ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကန်း ရွှမ် က ဒီဆောင်းပါးဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တိုက်ဖျက်ဖို့ တရုတ်အစိုးရရဲ့ ကြိုးပမ်းမှုတွေကို သေးသိမ်သွားအောင် မမျှမတ ဖော်ပြထားတဲ့ လူမျိုးရေးခွဲခြားတဲ့ ဆောင်းပါး ဖြစ်တယ်လို့ ပြောပါတယ်။

လူမျိုးရေးခွဲခြားတဲ့ စာတွေ ထုတ်ဝေတဲ့၊ တရုတ်အစိုးရကို ဒုက္ခရောက်အောင် တိုက်ခိုက်လိုတဲ့ သတင်းမီဒီယာကို တရုတ်လူမျိုးတွေက လက်ခံမှာ မဟုတ်ဘူးလို့ မစ္စတာ ကန်းက ပြောပါတယ်။ နိုင်ငံထဲက နှင်ထုတ်တဲ့ သတင်းသမားတွေရဲ့ အမည်ကိုတော့ ထုတ်ဖော် ပြောမသွားခဲ့ပါဘူး။

ဝေါစထရိဂျာနယ် သတင်းစာက အဲဒီ သတင်းထောက်တွေဟာ အမေရိကန် နိုင်ငံသား လက်ထောက်ဌာန အကြီးအကဲ ဂျော့ရှ် ချင် နဲ့ အမေရိကန်နဲ့ သြစတြေးလျ ပူးတွဲနိုင်ငံသားခံယူထားသူ ချောင်ဒန် တို့ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ ဝေါစထရိဂျာနယ် သတင်းစာဘက်က ဘာမှ တုံ့ပြန် ဝေဖန်တာမျိုး မရှိသေးပါဘူး။

ဒါဟာ တရုတ်နိုင်ငံထဲမှာ တရားဝင် အထောက်အထား စာရွက်စာတမ်းတွေနဲ့ နေထိုင်နေတဲ့ သတင်းထောက်တွေ နိုင်ငံထဲကနေ နှင်ထုတ်ခံရတာ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် ဖြစ်တယ်လို့ ဘေဂျင်းမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ဂျွန် ဆပ်ဒ်ဝါ့သ် က ပြောပါတယ်။

တရုတ်အစိုးရရဲ့ ဒီဆုံးဖြတ်ချက်ဟာ နိုင်ငံခြား သတင်းအဖွဲ့အစည်းတွေကို ခြိမ်းခြောက်ဖို့ တရုတ်အာဏာပိုင်တွေရဲ့ ဗြောင်ကျကျ ကြိုးပမ်းမှုတစ်ခု ဖြစ်တယ်လို့ တရုတ်နိုင်ငံမှာ ရှိတဲ့ နိုင်ငံခြားသတင်းထောက်များ ကလပ်အဖွဲ့က ပြောပါတယ်။

အမေရိကန်နိုင်ငံထဲမှာ လုပ်ကိုင်ဆောင်ရွက်နေတဲ့ တရုတ်အစိုးရပိုင် မီဒီယာ ၅ ခုကို နိုင်ငံခြား သံရုံးတွေအတိုင်း အမေရိကန်အစိုးရက စတင် သတ်မှတ်မှာ ဖြစ်ပြီး အမေရိကန် အစိုးရထံမှာ သူတို့ရဲ့ ဝန်ထမ်းတွေ၊ ပိုင်ဆိုင်မှု အဆောက်အဦတွေကို မှတ်ပုံတင်တာတွေ လုပ်ရမယ်လို့ အမေရိကန် အစိုးရက ဆုံးဖြတ်ခဲ့အပြီး တစ်ရက်အကြာမှာပဲ တရုတ်အစိုးရရဲ့ ဒီအမိန့် ထွက်ပေါ်လာတာပါ။

အမေရိကန် အစိုးရရဲ့ ဆုံးဖြတ်ချက်ဟာ ဆင်ဟွာ သတင်းဌာန၊ တရုတ်ဂလိုဘယ်လ်၊ ရုပ်မြင်သံကြား ကွန်ရက်နဲ့ တရုတ်နေ့စဉ် သတင်းစာ ကော်ပိုရေးရှင်း တို့အပေါ် အကြုံးဝင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်

    တရုတ်နိုင်ငံဟာ လွတ်လပ်စွာ ရေးသားဖော်ပြခွင့်နဲ့ပတ်သက်လို့ အစဉ်တစိုက် ဝေဖန်ခံနေရပြီး နိုင်ငံခြားသား သတင်းထောက်တွေ အလုပ်လုပ်ဖို့ ခက်ခဲတဲ့ နိုင်ငံတစ်ခု ဖြစ်ပါတယ်။
    ၂၀၁၉ ခုနှစ်မှာ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က တရုတ်နိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်မှု၊ သတင်းထောက်တွေရဲ့ လုံခြုံမှုနဲ့ လွတ်လပ်မှုတွေကို တိုင်းတာပြီး သတင်းလွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံ ၁၈၀ စာရင်းမှာ တရုတ်နိုင်ငံကို အဆင့် ၁၇၇ မှာ သတ်မှတ်ခဲ့ပါတယ်။
    တရုတ်နိုင်ငံမှာ ပိတ်ပင်ခံထားရတဲ့ ဘီဘီစီက ၂၀၁၉ ခုနှစ်မှာ တရုတ်အပါအဝင် နိုင်ငံအစိုးရတွေရဲ့ ဆင်ဆာဖြတ်မှုကို ကျော်လွှားနိုင်ဖို့ နိုင်ငံတကာသတင်းဝက်ဆိုက်တစ်ခုကို dark web ပေါ်ကနေ တင်ခဲ့ပါတယ်။
    ၂၀၁၃ ခုနှစ်ကတည်းကစလို့ တရုတ်နိုင်ငံထဲက နှင်ထုတ်ခံရတဲ့ ဒါမှမဟုတ် ပြည်ဝင်ခွင့်ဗီဇာသက်တမ်း ထပ်တိုးမခံရတဲ့ သတင်းထောက် ၉ ဦး ရှိတယ်လို့ တရုတ်နိုင်ငံမှာ ရှိတဲ့ နိုင်ငံခြားသတင်းထောက်များ ကလပ်အဖွဲ့က ပြောပါတယ်။

မနှစ်တုန်းက နောက် ဝေါလ်စထရိဂျာနယ် သတင်းထောက်တစ်ဦးကို တရုတ်နိုင်ငံထဲမှာ နိုင်ငံခြားသား သတင်းထောက်တွေ အလုပ်လုပ်ခွင့် သက်တမ်း တိုးခွင့် တရုတ်အစိုးရက ပယ်ချခဲ့ပါတယ်။

စင်္ကာပူနိုင်ငံသား အဲဒီ သတင်းထောက်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တစ်ဝမ်းကွဲညီအစ်ကို တော်စပ်သူ တစ်ဦး ဂိုဏ်းဖွဲ့ ရာဇဝတ်မှုနဲ့ ငွေကြေးခဝါချမှုတွေမှာ ပါဝင်ပတ်သက်နေတာအပေါ် သြစတြေးလျ အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေတယ် ဆိုတဲ့အကြောင်း သတင်းတပုဒ်ကို ပူးတွဲ ရေးသားခဲ့တာပါ။

၂၀၁၈ ခုနှစ်တုန်းကလည်း တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်မှာ ဝိဂါ မွတ်ဆလင်တွေနဲ့ တခြား လူနည်းစု လူမျိုးတွေ ထိန်းသိမ်းခံထားရတဲ့ အကြောင်း သတင်းရေးသားခဲ့တဲ့ BuzzFeed News သတင်းဌာနရဲ့ ဘေဂျင်းအခြေစိုက် ဌာနေအကြီးအကဲ မက်ဂါ ရာဂျာဂိုပါလန် ကို တရုတ်အစိုးရက ပြည်ဝင်ခွင့်ဗီဇာ သက်တမ်း မတိုးပေးခဲ့ပါဘူး။

ဒီအတောအတွင်းမှာပဲ ဝူဟန်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး အကြောင်း ရေးသားဖော်ပြခဲ့အပြီး ပြီးခဲ့တဲ့ သီတင်းပတ်က ပျောက်ဆုံးသွားခဲ့တဲ့ တရုတ်နိုင်ငံသား သတင်းထောက် နှစ်ဦး ခုချိန်ထိ ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် လူတွေကို အပြင်ပေးမထွက်ဘဲ စောင့်ကြပ်စစ်ဆေးနေတဲ့ ဝူဟန်မြို့ထဲကနေ ဖန်ဘင်နဲ့ ချန်ကီရှီ ဆိုတဲ့ အဲဒီ သတင်းထောက် နှစ်ဦးက ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို ပို့ပေးနေခဲ့တာ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ - လူမ်ိဳးေရးခြဲျခားတယ္လို႔ ယူဆတဲ့ ေဆာင္းပါးေၾကာင့္ ေဝါလ္စထရိဂ်ာနယ္က သတင္းေထာက္ေတြကို တ႐ုတ္ႏိုင္ငံကေန ႏွင္ထုတ္ ကို႐ိုနာဗိုင္းရပ္စ္ - လူမ်ိဳးေရးခြဲျခားတယ္လို႔ ယူဆတဲ့ ေဆာင္းပါးေၾကာင့္ ေဝါလ္စထရိဂ်ာနယ္က သတင္းေထာက္ေတြကို တ႐ုတ္ႏိုင္ငံကေန ႏွင္ထုတ္ Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.