ရခိုင္စစ္မက္ဇုန္နဲ႔ ဆယ္တန္းစာေမးပြဲ

(Zawgyi)⤵⤵⤵
ဆယ္တန္းစာေမးပြဲေျဖဆိုဖို႔ တစ္လေတာင္ မက်န္ေတာ့တဲ့အခ်ိန္မွ ာရခိုင္ျပည္နယ္အစိုးရက စာစစ္ဌာန ၂၀ ဝန္းက်င္ကို ပိတ္သိမ္းၿပီး၊ ၿမိဳ႕ေပၚစာစစ္ဌာနဲ႔ လုံၿခဳံရာေနရာေတြမွာ ေျဖဆိုခိုင္းဖို႔ စီစဥ္ေနပါတယ္။ ဆယ္တန္းစာေမးပြဲဆိုတာဟာ ေက်ာင္းသားေတြရဲ႕ ဘဝကိုအလွည့္အေျပာင္းျဖစ္ေစႏိုင္တာေၾကာင့္ ဒီလို ႐ုတ္တရက္ ကပ္စီစဥ္တဲ့အျဖစ္ဟာ ေက်ာင္းသားေတြအတြက္ေကာ၊ မိဘေတြအတြက္ပါ စိုးရိမ္စရာအေျခအေနပါ။

ရခိုင္ျပည္နယ္ ၿမိဳ႕နယ္ ကိုးခုကေက်ာင္းသူ၊ ေက်ာင္းသား ‌ေျခာက္ေထာင္နီးပါးကို အစိုးရကစာစစ္ဌာနေတြ ေျပာင္းေ႐ႊ႕ၿပီး ဆယ္တန္းစာေမးပြဲေျဖခိုင္းဖို႔ စီစဥ္ေနပါတယ္။ ဆယ္တန္းစာေမးပြဲေျဖဆိုဖို႔ကအခ်ိန္ တစ္လေတာင္ မက်န္ေတာ့ပါဘူး။

စာစစ္ဌာန ၂၀ ဝန္းက်င္ကို ပိတ္သိမ္းၿပီးေတာ့ လုံၿခဳံစိတ္ခ်ရတဲ့ေနရာကို ေျပာင္းေ႐ႊ႕ၿပီးေတာ့စစ္ေဆးရမယ့္ အေျခအေနကိုနားလည္ေပးဖို႔ ရခိုင္ျပည္နယ္ ပညာေရးမႉး ဦးတင္သိန္းက ေျပာပါတယ္။

ပိတ္သိမ္းတဲ့ စာစစ္ဌာနမ်ားစုဟာ ရခိုင္ေျမာက္ပိုင္းက ရေသ့ေတာင္၊ ဘူးသီးေတာင္၊ ေျမာက္ဦး၊ ေက်ာက္ေတာ္၊ ပု႑ားကြၽန္း၊ မင္းျပား၊ ေျမပုံနဲ႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ရွိရာ အမ္းၿမိဳ႕နယ္တို႔ျဖစ္ၿပီး၊ အနာဂတ္ ဆိပ္ကမ္းၿမိဳ႕ေတာ္အျဖစ္ လူသိမ်ားတဲ့ ေက်ာက္ျဖဴၿမိဳ႕နယ္လည္းပါ ပါတယ္။

စာေမးပြဲနီးကပ္ခ်ိန္မွာ ႐ုတ္တရက္ စီစဥ္တာေၾကာင့္ စာေမးပြဲေျဖဆိုရမယ့္ ဆယ္တန္းေက်ာင္းသားနဲ႔ မိဘေတြလည္းအခက္ ႀကဳံႏိုင္တယ္လို႔ ရခိုင္အမ်ိဳးသားပါတီ (ANP) ရဲ႕ ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘရွိန္က ေျပာပါတယ္။

ရေသ့ေတာင္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ေစာေဝကလည္း သူ႔ရဲ႕မဲဆႏၵနယ္တစ္ခုတည္းမွာတင္ ဆယ္တန္းေက်ာင္းသား သုံးေထာင္ဝန္းက်င္ရွိတာမို႔ အစိုးရက ဘယ္လိုစီစဥ္မလဲဆိုတာ အေရးႀကီးတယ္လို႔ ေျပာပါတယ္။

ခက္ခဲတဲ့ အေျခအေနေအာက္မွာ ေက်ာင္းသားေတြ ႐ုန္းကန္ရမွာမို႔ ဆယ္တန္းေျဖမယ့္သူေတြအတြက္ စိုးရိမ္တယ္လို႔လည္း ေဒၚခင္ေစာေဝက ေျပာပါတယ္။

စာစစ္ဌာနပိတ္မယ့္အထဲမွာ ေျမာက္ဦးၿမိဳ႕နယ္ထဲက တိန္ညိဳေက်း႐ြာလည္း ပါေနပါတယ္။ တိန္ညိဳဟာ စံျပ႐ြာႀကီးျဖစ္ၿပီးေတာ့ စာစစ္ဌာနရွိတဲ့႐ြာပါ။ ၂၀၁၉ ခုႏွစ္တုန္းက တိုက္ပြဲဒဏ္ကိုလည္းခံထားရတဲ့႐ြာျဖစ္ပါတယ္။ တိန္ညိဳ႐ြာက ေက်ာင္းသားမိဘေဒၚလွျမင့္ကေတာ့ သြားလာေရးအခက္အခဲႀကဳံရမယ္လို႔ ေျပာပါတယ္။

အင္တာနက္ျဖတ္ေတာက္ထားလို႔ တိန္ညိဳကေက်ာင္းသားမိဘေတြကို RFA က ႐ုပ္သံေခၚဆိုလို႔ မရခဲ့ပါဘူး။

လုံၿခဳံမႈအားနည္းတဲ့ ရခိုင္ေျမာက္ပိုင္းက စာစစ္ဌာနေတြကို ယာယီပိတ္သိမ္းၿပီေတာ့ ၿမိဳ႕ေပၚနဲ႔ စိတ္ခ်ရတဲ့ေနရာေတြမွာ တေပါင္းတည္း ဆယ္တန္းစာေမးပြဲေျဖဆိုေစဖို႔ ျပည္နယ္ပညာေရးမႉး႐ုံးက တင္ျပလာတာရွိေပမယ့္၊ အေသးစိတ္အစီအစဥ္ကိုေတာ့ မသိေသးဘူးလို႔ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕ ေျပာခြင့္ရ စည္ပင္သာယာေရးဝန္ႀကီး ဦးဝင္းျမင့္က ေျပာပါတယ္။

ေက်ာင္းသားေတြအတြက္ အေသးစိတ္ ဘယ္လိုစီစဥ္ထားရွိသလဲဆိုတာကိုေတာ့ ျပည္နယ္ပညာေရးမႉး႐ုံးကိုပဲ ဆက္သြယ္ေမးျမန္းဖို႔ စည္ပင္သာယာဝန္ႀကီးက ေျပာပါတယ္။

ျပည္နယ္ပညာေရးမႉး ဦးတင္သိန္းကေတာ့ ျမန္မာျပည္စာစစ္ဌာနရဲ႕ဆုံးျဖတ္ခ်က္ကိုခံယူမယ္လို႔ေျပာပါတယ္။ ရခိုင္တစ္ျပည္နယ္လုံး စာစစ္ဌာနစုစုေပါင္း ၁၂၇ ရွိၿပီး ေျဖဆိုမယ့္ေက်ာင္းသားဦးေရ ေလးေသာင္းကိုးေထာင္ေက်ာ္ပါတယ္။

ပညာေရးေရးဆိုင္ရာေတြကို ကူညီေပးေနတဲ့ သံလြင္ အစ္တီက်ဴအဖြဲ႕က ဦးေစာကပီးကေတာ့ စာေမးပြဲစစ္တဲ့အခ်ိန္မွာ ႏွစ္ဖက္တပ္ေတြ တိုက္ပြဲကိုခဏရပ္ဆိုင္းထားဖို႔ အေရးႀကီးတယ္လို႔ ေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္ေျပာခြင့္ရ ခိုင္သုခကလည္း စာေမးေျဖဆိုတဲ့အခ်ိန္မွာ သူတို႔အေနနဲ႔ တိုက္ပြဲေဖာ္စရာလည္း မရွိဘူးလို႔ ေျပာပါတယ္။

ျမန္မာျပည္ရဲ႕ ပညာေရးစနစ္အရ ဆယ္တန္းစာေမးပြဲဟာ လူငယ္ေတြရဲ႕ ဘဝတက္လွမ္းရာ အေရးႀကီးတဲ့ အစိတ္အပိုင္းျဖစ္တာေၾကာင့္ စိုးရိမ္တယ္လို႔ The Wings Institute အဖြဲ႕က ေဒၚၿဖိဳးၿဖိဳးေအာင္ကေျပာပါတယ္။

ရခိုင္ေျမာက္ပိုင္းနဲ႔ ေတာင္ပိုင္းက ၿမိဳ႕နယ္တခ်ိဳ႕မွာတပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲျဖစ္ပြားေနတာ တစ္ႏွစ္ေက်ာ္လာၿပီျဖစ္ပါတယ္။ မေန႔တုန္းက ဘူးသီးေတာင္ၿမိဳ႕နယ္က ခမြီေခ်ာင္း႐ြာထဲကစာသင္ေက်ာင္းေပၚကို လက္နက္ႀကီးက်လို႔ ကေလးငယ္ ၂၁ ဦးဒဏ္ရာရသြားခဲ့ပါတယ္။

ရခိုင္မွာစစ္ေဘးဒုကၡသည္ အေရအတြက္ တစ္သိန္းေက်ာ္ရွိလာၿပီျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ရခိုင်စစ်မက်ဇုန်နဲ့ ဆယ်တန်းစာမေးပွဲ

ဆယ်တန်းစာမေးပွဲဖြေဆိုဖို့ တစ်လတောင် မကျန်တော့တဲ့အချိန်မှ ာရခိုင်ပြည်နယ်အစိုးရက စာစစ်ဌာန ၂၀ ဝန်းကျင်ကို ပိတ်သိမ်းပြီး၊ မြို့ပေါ်စာစစ်ဌာနဲ့ လုံခြုံရာနေရာတွေမှာ ဖြေဆိုခိုင်းဖို့ စီစဉ်နေပါတယ်။ ဆယ်တန်းစာမေးပွဲဆိုတာဟာ ကျောင်းသားတွေရဲ့ ဘဝကိုအလှည့်အပြောင်းဖြစ်စေနိုင်တာကြောင့် ဒီလို ရုတ်တရက် ကပ်စီစဉ်တဲ့အဖြစ်ဟာ ကျောင်းသားတွေအတွက်ကော၊ မိဘတွေအတွက်ပါ စိုးရိမ်စရာအခြေအနေပါ။

ရခိုင်ပြည်နယ် မြို့နယ် ကိုးခုကကျောင်းသူ၊ ကျောင်းသား ‌ခြောက်ထောင်နီးပါးကို အစိုးရကစာစစ်ဌာနတွေ ပြောင်းရွှေ့ပြီး ဆယ်တန်းစာမေးပွဲဖြေခိုင်းဖို့ စီစဉ်နေပါတယ်။ ဆယ်တန်းစာမေးပွဲဖြေဆိုဖို့ကအချိန် တစ်လတောင် မကျန်တော့ပါဘူး။

စာစစ်ဌာန ၂၀ ဝန်းကျင်ကို ပိတ်သိမ်းပြီးတော့ လုံခြုံစိတ်ချရတဲ့နေရာကို ပြောင်းရွှေ့ပြီးတော့စစ်ဆေးရမယ့် အခြေအနေကိုနားလည်ပေးဖို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ပြောပါတယ်။

ပိတ်သိမ်းတဲ့ စာစစ်ဌာနများစုဟာ ရခိုင်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ မင်းပြား၊ မြေပုံနဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့နယ်တို့ဖြစ်ပြီး၊ အနာဂတ် ဆိပ်ကမ်းမြို့တော်အဖြစ် လူသိများတဲ့ ကျောက်ဖြူမြို့နယ်လည်းပါ ပါတယ်။

စာမေးပွဲနီးကပ်ချိန်မှာ ရုတ်တရက် စီစဉ်တာကြောင့် စာမေးပွဲဖြေဆိုရမယ့် ဆယ်တန်းကျောင်းသားနဲ့ မိဘတွေလည်းအခက် ကြုံနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က ပြောပါတယ်။

ရသေ့တောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကလည်း သူ့ရဲ့မဲဆန္ဒနယ်တစ်ခုတည်းမှာတင် ဆယ်တန်းကျောင်းသား သုံးထောင်ဝန်းကျင်ရှိတာမို့ အစိုးရက ဘယ်လိုစီစဉ်မလဲဆိုတာ အရေးကြီးတယ်လို့ ပြောပါတယ်။

ခက်ခဲတဲ့ အခြေအနေအောက်မှာ ကျောင်းသားတွေ ရုန်းကန်ရမှာမို့ ဆယ်တန်းဖြေမယ့်သူတွေအတွက် စိုးရိမ်တယ်လို့လည်း ဒေါ်ခင်စောဝေက ပြောပါတယ်။

စာစစ်ဌာနပိတ်မယ့်အထဲမှာ မြောက်ဦးမြို့နယ်ထဲက တိန်ညိုကျေးရွာလည်း ပါနေပါတယ်။ တိန်ညိုဟာ စံပြရွာကြီးဖြစ်ပြီးတော့ စာစစ်ဌာနရှိတဲ့ရွာပါ။ ၂၀၁၉ ခုနှစ်တုန်းက တိုက်ပွဲဒဏ်ကိုလည်းခံထားရတဲ့ရွာဖြစ်ပါတယ်။ တိန်ညိုရွာက ကျောင်းသားမိဘဒေါ်လှမြင့်ကတော့ သွားလာရေးအခက်အခဲကြုံရမယ်လို့ ပြောပါတယ်။

အင်တာနက်ဖြတ်တောက်ထားလို့ တိန်ညိုကကျောင်းသားမိဘတွေကို RFA က ရုပ်သံခေါ်ဆိုလို့ မရခဲ့ပါဘူး။

လုံခြုံမှုအားနည်းတဲ့ ရခိုင်မြောက်ပိုင်းက စာစစ်ဌာနတွေကို ယာယီပိတ်သိမ်းပြီတော့ မြို့ပေါ်နဲ့ စိတ်ချရတဲ့နေရာတွေမှာ တပေါင်းတည်း ဆယ်တန်းစာမေးပွဲဖြေဆိုစေဖို့ ပြည်နယ်ပညာရေးမှူးရုံးက တင်ပြလာတာရှိပေမယ့်၊ အသေးစိတ်အစီအစဉ်ကိုတော့ မသိသေးဘူးလို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က ပြောပါတယ်။

ကျောင်းသားတွေအတွက် အသေးစိတ် ဘယ်လိုစီစဉ်ထားရှိသလဲဆိုတာကိုတော့ ပြည်နယ်ပညာရေးမှူးရုံးကိုပဲ ဆက်သွယ်မေးမြန်းဖို့ စည်ပင်သာယာဝန်ကြီးက ပြောပါတယ်။

ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းကတော့ မြန်မာပြည်စာစစ်ဌာနရဲ့ဆုံးဖြတ်ချက်ကိုခံယူမယ်လို့ပြောပါတယ်။ ရခိုင်တစ်ပြည်နယ်လုံး စာစစ်ဌာနစုစုပေါင်း ၁၂၇ ရှိပြီး ဖြေဆိုမယ့်ကျောင်းသားဦးရေ လေးသောင်းကိုးထောင်ကျော်ပါတယ်။

ပညာရေးရေးဆိုင်ရာတွေကို ကူညီပေးနေတဲ့ သံလွင် အစ်တီကျူအဖွဲ့က ဦးစောကပီးကတော့ စာမေးပွဲစစ်တဲ့အချိန်မှာ နှစ်ဖက်တပ်တွေ တိုက်ပွဲကိုခဏရပ်ဆိုင်းထားဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

ရက္ခိုင့်တပ်တော်ပြောခွင့်ရ ခိုင်သုခကလည်း စာမေးဖြေဆိုတဲ့အချိန်မှာ သူတို့အနေနဲ့ တိုက်ပွဲဖော်စရာလည်း မရှိဘူးလို့ ပြောပါတယ်။

မြန်မာပြည်ရဲ့ ပညာရေးစနစ်အရ ဆယ်တန်းစာမေးပွဲဟာ လူငယ်တွေရဲ့ ဘဝတက်လှမ်းရာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် စိုးရိမ်တယ်လို့ The Wings Institute အဖွဲ့က ဒေါ်ဖြိုးဖြိုးအောင်ကပြောပါတယ်။

ရခိုင်မြောက်ပိုင်းနဲ့ တောင်ပိုင်းက မြို့နယ်တချို့မှာတပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်ပွားနေတာ တစ်နှစ်ကျော်လာပြီဖြစ်ပါတယ်။ မနေ့တုန်းက ဘူးသီးတောင်မြို့နယ်က ခမွီချောင်းရွာထဲကစာသင်ကျောင်းပေါ်ကို လက်နက်ကြီးကျလို့ ကလေးငယ် ၂၁ ဦးဒဏ်ရာရသွားခဲ့ပါတယ်။

ရခိုင်မှာစစ်ဘေးဒုက္ခသည် အရေအတွက် တစ်သိန်းကျော်ရှိလာပြီဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ရခိုင္စစ္မက္ဇုန္နဲ႔ ဆယ္တန္းစာေမးပြဲ ရခိုင္စစ္မက္ဇုန္နဲ႔ ဆယ္တန္းစာေမးပြဲ Reviewed by THITHTOOLWIN on 00:43 Rating: 5
Powered by Blogger.