ပုဂံမွာ႐ိုက္တဲ႔ ညစ္ညမ္းဗီြဒီယို ျမန္မာေတြ ေဒါသထြက္


(Zawgyi/Unicode)

ျမန္မာႏုိင္ငံက အထင္ရွားဆုံး သမုိင္း၀င္ေနရာတခုလည္းျဖစ္၊ ဘာသာေရးအရ အထြတ္အျမတ္ ထားတဲ့ေနရာလည္းျဖစ္တဲ့အျပင္ UNESCO အဖြဲ႔ႀကီးက ကမၻာ့ေရွးေဟာင္းအေမြအႏွစ္အျဖစ္ သတ္မွတ္ထားတဲ့ ပုဂံေျမမွာ ၁၂ မိနစ္ၾကာ ရုိက္ကူးထားတဲ့ ညစ္ညမ္းဗီြဒီယုိ ထြက္လာတဲ့အေပၚ ျမန္မာေတြအၾကား အမ်က္ေဒါသထြက္ေနၾကပါတယ္။

သူတုိ႔ကုိယ္သူတုိ႔ အသက္ ၂၃ ႏွစ္အရြယ္ရွိ အီတလီႏုိင္ငံသားေတြလုိ႔ ဆုိတဲ့ ခႏၶာကုိယ္မွာ နားသန္သီးေတြဆြဲၿပီး ေဆးမင္ေၾကာင္ထုိးထားတဲ့ အဲဒီ စုံတဲြက သူတုိ႔ရဲ႕ ဗီြဒီယုိကုိ Yeees Yeees Yeees လုိ႔ အမည္ေပးထားၿပီး PornHub အင္တာနက္ ၀က္ဘ္ဆုိက္မွာ တင္ထားတယ္လုိ႔ ဆုိပါတယ္။

ဒီ အီတလီစုံတြဲ အင္တာနက္ ၀က္ဘ္ဆုိက္မွာ စတင္ပါ၀င္လာတဲ့ လြန္ခဲ့တဲ့ ၁၁ လကစလုိ႔ PornHub ထံ ၾကည့္ရႈခြင့္ ေလွ်ာက္ထားသူ ၈၁,၀၀၀ ေက်ာ္ တုိးလာၿပီး သူတုိ႔ထံ လာေရာက္ ၾကည့္ရႈသူအေရအတြက္ဟာလည္း ၃၅ သန္းအထိ ရွိခဲ့တယ္လုိ႔ ဆုိပါတယ္။

ဒါေပမယ့္ ဒီ အီတလီစုံတြဲ ပုဂံဘုရားေတြၾကားမွာ ရုိက္ထားတဲ့ ဒီ ဗီြဒီယုိကေတာ့ ျမန္မာႏုိင္ငံသားေတြအၾကား ေရပန္းမစားတဲ့အျပင္ ျပစ္တင္ ေ၀ဖန္မႈေတြ ထြက္ေပၚေနတယ္လုိ႔ ဆုိပါတယ္။အခု ပုဂံမွာရုိက္ထားတဲ့ ဗီြဒီယုိကုိေတာ့ ၾကည့္ရႈသူကေတာ့ ၾကာသပေတးေန႔ ညေနပုိင္းအထိ ၂ သိန္းခြဲေလာက္ ရွိေနၿပီး ဒါကုိ မႀကိဳက္ေၾကာင္း ဆႏၵေဖာ္ထုတ္သူ အေရအတြက္ဟာ အဲဒီထက္ ၂ ဆေလာက္ရွိတယ္လုိ႔ ဆုိပါတယ္။

ဘာသာေရးအရ အထြတ္အျမတ္ထားတဲ့ေနရာမွာ မဖြယ္ရာတဲ့ ညစ္ညမ္း ဗီြဒီယုိေတြ ရုိက္ကူးျခင္းဟာ လုံၿခံဳေရး အားနည္းတဲ့အတြက္ျဖစ္ေၾကာင္း ျမန္မာႏုိင္ငံက ခရီးသြားလုပ္ငန္းရွင္တခ်ဳိ႕က ေထာက္ျပ ေျပာဆုိၾကပါတယ္။

ဒီျဖစ္ရပ္က Coronavirus ေၾကာင့္ အထိနာေနတဲ့ ျမန္မာႏုိင္ငံရဲ႕ ခရီးသြားလုပ္ငန္းကုိ ပုိမုိ ထိခုိက္ေစႏုိင္ေၾကာင္း မႏၱေလးၿမိဳ႕ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းဥကၠဌကလည္း ေျပာပါတယ္။

...............

ပုဂံမှာရိုက်တဲ့ ညစ်ညမ်းဗွီဒီယို မြန်မာတွေ ဒေါသထွက်

(Unicode)

မြန်မာနိုင်ငံက အထင်ရှားဆုံး သမိုင်းဝင်နေရာတခုလည်းဖြစ်၊ ဘာသာရေးအရ အထွတ်အမြတ် ထားတဲ့နေရာလည်းဖြစ်တဲ့အပြင် UNESCO အဖွဲ့ကြီးက ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ ပုဂံမြေမှာ ၁၂ မိနစ်ကြာ ရိုက်ကူးထားတဲ့ ညစ်ညမ်းဗွီဒီယို ထွက်လာတဲ့အပေါ် မြန်မာတွေအကြား အမျက်ဒေါသထွက်နေကြပါတယ်။

သူတို့ကိုယ်သူတို့ အသက် ၂၃ နှစ်အရွယ်ရှိ အီတလီနိုင်ငံသားတွေလို့ ဆိုတဲ့ ခန္ဓာကိုယ်မှာ နားသန်သီးတွေဆွဲပြီး ဆေးမင်ကြောင်ထိုးထားတဲ့ အဲဒီ စုံတွဲက သူတို့ရဲ့ ဗွီဒီယိုကို Yeees Yeees Yeees လို့ အမည်ပေးထားပြီး PornHub အင်တာနက် ဝက်ဘ်ဆိုက်မှာ တင်ထားတယ်လို့ ဆိုပါတယ်။

ဒီ အီတလီစုံတွဲ အင်တာနက် ဝက်ဘ်ဆိုက်မှာ စတင်ပါဝင်လာတဲ့ လွန်ခဲ့တဲ့ ၁၁ လကစလို့ PornHub ထံ ကြည့်ရှုခွင့် လျှောက်ထားသူ ၈၁,၀၀၀ ကျော် တိုးလာပြီး သူတို့ထံ လာရောက် ကြည့်ရှုသူအရေအတွက်ဟာလည်း ၃၅ သန်းအထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီ အီတလီစုံတွဲ ပုဂံဘုရားတွေကြားမှာ ရိုက်ထားတဲ့ ဒီ ဗွီဒီယိုကတော့ မြန်မာနိုင်ငံသားတွေအကြား ရေပန်းမစားတဲ့အပြင် ပြစ်တင် ဝေဖန်မှုတွေ ထွက်ပေါ်နေတယ်လို့ ဆိုပါတယ်။အခု ပုဂံမှာရိုက်ထားတဲ့ ဗွီဒီယိုကိုတော့ ကြည့်ရှုသူကတော့ ကြာသပတေးနေ့ ညနေပိုင်းအထိ ၂ သိန်းခွဲလောက် ရှိနေပြီး ဒါကို မကြိုက်ကြောင်း ဆန္ဒဖော်ထုတ်သူ အရေအတွက်ဟာ အဲဒီထက် ၂ ဆလောက်ရှိတယ်လို့ ဆိုပါတယ်။

ဘာသာရေးအရ အထွတ်အမြတ်ထားတဲ့နေရာမှာ မဖွယ်ရာတဲ့ ညစ်ညမ်း ဗွီဒီယိုတွေ ရိုက်ကူးခြင်းဟာ လုံခြုံရေး အားနည်းတဲ့အတွက်ဖြစ်ကြောင်း မြန်မာနိုင်ငံက ခရီးသွားလုပ်ငန်းရှင်တချို့က ထောက်ပြ ပြောဆိုကြပါတယ်။

ဒီဖြစ်ရပ်က Coronavirus ကြောင့် အထိနာနေတဲ့ မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းကို ပိုမို ထိခိုက်စေနိုင်ကြောင်း မန္တလေးမြို့ ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဌကလည်း ပြောပါတယ်။

VOA (Burmese)
https://burmese.voanews.com
ပုဂံမွာ႐ိုက္တဲ႔ ညစ္ညမ္းဗီြဒီယို ျမန္မာေတြ ေဒါသထြက္ ပုဂံမွာ႐ိုက္တဲ႔ ညစ္ညမ္းဗီြဒီယို ျမန္မာေတြ ေဒါသထြက္ Reviewed by THITHTOOLWIN on 00:46 Rating: 5
Powered by Blogger.