ေက်ာက္ျဖဴစီမံကိန္းအတြက္ ဧက ႏွစ္ေထာင္နီးပါး ေလ်ာ္ေၾကးေပး သိမ္းယူမည္

ေနျပည္ေတာ္ သမၼတအိမ္ေတာ္မွာ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံကိန္းအပါအဝင္ နားလည္မႈစာခြၽန္လႊာမ်ားကို ၂၀၂၀၊ ဇန္နဝါရီ ၁၈ ရက္ေန႔က လက္မွတ္ေရးထိုးခဲ့စဥ္
Photo credit - Pool
(Zawgyi)⤵⤵⤵
ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံကိန္းမွာ ေရနက္ဆိပ္ကမ္း စီမံကိန္း၊ စက္မႈဇုန္စီမံကိန္း၊ အဆင့္ျမင့္အိမ္ယာ စီမံကိန္းေတြ ပါဝင္မွာပါ။ ေရနက္ဆိပ္ကမ္းစီမံကိန္းအတြက္ကို ဧက ၆၀၀ ေက်ာ္၊ စက္မႈဇုန္စီမံကိန္းအတြက္ ဧက ၂၅၀၀ နီးပါးနဲ႔ အဆင့္ျမင့္ အိမ္ယာစီမံကိန္းအတြက္ကိုေတာ့ ဧက ၁၂၀၀ ေက်ာ္ အသုံးျပဳသြားမယ္လို႔ စီးပြားကူးသန္း ဒုဝန္ႀကီး ဦးေအာင္ထူး က ေျပာပါတယ္။

အဲဒီထဲကမွ စီမံကိန္းစတင္ဖို႔အတြက္ ေျမဧက ၁၈၀၀ ေက်ာ္ကို သိမ္းဆည္းသြားဖို႔ရွိၿပီး၊ သိမ္းဆည္းမယ့္ ေျမဧကေတြကို ေခတ္ကာလနဲ႔ ေလ်ာ္ညီတဲ့ ေပါက္ေစ်းအတိုင္း ေလ်ာ္ေၾကးေပးသြားမယ္လို႔ ဒုဝန္ႀကီး ဦးေအာင္ထူးက ေျပာပါတယ္။

"အထူးစီးပြားေရးဇုန္ဥပေဒအရဆိုရင္ ႏိုင္ငံေတာ္အတြက္ အက်ိဳးရွိမယ္ဆိုရင္ ဒါေတြကို ေျမယာေတြကို သိမ္းယူၿပီးေတာ့မွ က်ေတာ္တို႔အေနနဲ႔ ေဆာင္႐ြက္ႏိုင္ပါတယ္ အဲလိုေဆာင္႐ြက္တဲ့ ေနရာမွာဆိုလို႔ရွိရင္ သတ္မွတ္ထားတဲ့ ေျမယာေလ်ာ္ေၾကးေပးမွာျဖစ္ပါတယ္။ သတ္မွတ္ထားတဲ့ ေျမယာေလ်ာ္ေၾကးေတြ ေပးတဲ့အျပင္ သီလဝါအထူးစီးပြားေရးဇုန္မွာဆိုလို႔ရွိရင္ လူမႈေရးအရ ေပးတာေတြရွိပါတယ္ အိမ္ေဆာက္ေပးတာ အသက္ေမြးဝမ္းေၾကာင္းပညာေတြ သင္ေပးတယ္ ေလ်ာ္ေၾကးအျပင္ေပါ့ေနာ္၊ အခုေက်ာက္ျဖဴမွာေဆာင္႐ြက္ရင္ ဒီတိုင္းပဲျဖစ္ပါတယ္ ေဒသကသတ္မွတ္ထားတဲ့ ေျမယာေလ်ာ္ေၾကးေတြ သီးႏွံေလ်ာ္ေၾကးေတြ ေပးသြားမွာျဖစ္တယ္ အဲဒီအျပင္ လူမႈေရးဆိုင္ရာေလ်ာ္ေၾကးေတြလည္း ေပးဖို႔ေဆာင္႐ြက္သြားမွာျဖစ္ပါတယ္"

ဒီေန႔က်င္းပတဲ့ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးမွာ လႈိင္းဘြဲ႕ မဲဆႏၵနယ္က ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ခ်ိဳက “ျမန္မာႏိုင္ငံအတြင္းမွာ ေဆာင္႐ြက္ေနတဲ့ သီလဝါအထူးစီးပြားေရးဇုန္၊ ထားဝယ္အထူးစီးပြားေရးဇုန္ႏွင့္ ေက်ာက္ျဖဳအထူးစီးပြားေရးဇုန္တို႔ ရဲ႕ အေျခအေန” နဲ႔ ပတ္သက္ၿပီး သိလိုေၾကာင္း ေမးခြန္းေမးျမန္းစဥ္၊ ဒု၀န္ႀကီး ဦးေအာင္ထူးက ျပန္လည္ေျဖၾကားသြားတာ ျဖစ္ပါတယ္။

ေက်ာက္ျဖဴေက်းလက္ေဒသဖြံ႕ၿဖိဳးေရးအသင္း ညႇိႏႈိင္းေရးမႈး ဦးထြန္းၾကည္ကေတာ့ ဒီစီမံကိန္းေၾကာင့္ ေဒသခံေတြ ေျမယာဆုံးရႈံး႐ုံမက၊ ႏွစ္ေပါင္းမ်ားစြာ အသက္ေမြးလုပ္ကိုင္လာတဲ့ ႐ိုးရာေရလုပ္ငန္းကိုပါ ထိခိုက္ႏိုင္တယ္လို႔ ေျပာပါတယ္။

"အဓိက က က်ေနာ္တို႔ အပိုင္း ႏွစ္ပိုင္းရွိတယ္ဗ်ာ။ ပထမတစ္ပိုင္းက ရခိုင္ျပည္နယ္ရဲ႕ အက်ိဳးခံစားခြင့္မရွိဘူး၊ ဒီစီမံကိန္းကေနၿပီးေတာ့ ရခိုင္လူထုရဲ႕ စီမံခန႔္ခြဲပိုင္ခြင့္၊ ဆုံးျဖတ္ပိုင္ခြင့္ မရွိဘူး။ အဲဒါေၾကာင့္ ျပည္ေထာင္စုအစိုးရကပဲ လက္မွတ္ထိုးၿပီးေတာ့ ဆုံးျဖတ္ေနတာရွိတယ္။ ဒုတိယတစ္ပိုင္းက ရခိုင္ျပည္နယ္ အေျခအေနအရ လက္ရွိအခ်ိန္မွာ တိုက္ပြဲေတြ အမ်ားႀကီး ျပင္းထန္ေနတယ္။ ၿငိမ္းခ်မ္းမူမရွိဘူး။ တတိယတစ္ခ်က္ကေတာ့ ေက်ာက္ျဖဴစီးပြားေရးဇုံနဲ႔ ဆက္စပ္ၿပီးေတာ့ အစိုးရဘက္က ပြင့္လင္းျမင္သာမႈ မရွိဘူး။ အဲဒါေၾကာင့္မို႔လို႔ ဒီစီမံကိန္းနဲ႔ ဆက္စပ္ၿပီးေတာ့ လက္ရွိအခ်ိန္မွာ အရမ္းႀကီး အစိုးရဘက္က ဇြတ္အတင္း လုပ္မယ္ဆိုရင္ေတာ့ ေဒသတြင္း ပဋိပကၡေတြရွိလာႏိုင္တယ္လို႔ က်ေနာ့္ အေနနဲ႔ စိုးရိမ္မိတယ္။ "

ဒု၀န္ႀကီး ဦးေအာင္ထူးကေတာ့ ဒီစီမံကိန္းနဲ႔ပတ္သက္ၿပီး ပြင့္လင္းျမင္သာမႈ ရွိဖို႔အတြက္ စီးပြားေရးနဲ႔ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးကိုယ္တိုင္ မၾကာခင္ ေဒသခံေတြနဲ႔ေတြ႕ဆုံၿပီး ရွင္းလင္းေျပာၾကားသြားမယ္လို႔ ဆိုပါတယ္။

ေဒသအေျခစိုက္ အရပ္ဖက္အဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ ေက်ာက္ျဖဴေရနက္ဆိပ္ကမ္း ေလ့လာေစာင့္ၾကည့္ေရး အဖြဲ႕ကလည္း ေျမယာဆုံးရႈံးမယ့္ ေဒသခံေတြကို ေလ်ာ္ေၾကးေပး႐ုံမက သူတို႔အတြက္ သင့္ေတာ္တဲ့ အလုပ္အကိုင္ေတြကို ျပန္လည္ဖန္တီးေပးဖို႔ ဒီစီမံကိန္းကို တ႐ုတ္သမၼတနဲ႔ ျမန္မာအစိုးရတာ၀န္ရွိသူေတြ လက္မွတ္ထိုးခ်ိန္မွာ ေၾကျငာခ်က္ထုတ္ျပန္ သတိေပးခဲ့ပါတယ္။

ဒါ့အျပင္ ဒီစီမံကိန္းေၾကာင့္ သဘာ၀ ၀န္းက်င္ထိခိုက္ပ်က္ဆီးမႈေတြကို ေကာ္ဖီအာနန္ေကာ္မရွင္ အႀကံေပးခ်က္ အတိုင္း မဟာဗ်ဴဟာစီမံကိန္းခ်ၿပီး ေလ့လာဆန္းစစ္ဖို႔ သတိေပးထားပါတယ္။

ေက်ာက္ျဖဴၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဘရွိန္ကေတာ့ အထူးစီးပြားေရးဇုန္ အေကာင္အထည္ေဖာ္မွာကို ေဒသခံေတြက ႀကိဳဆိုေပမယ့္လည္း အရင္စီမံကိန္းေတြလို ေဒသခံေတြအတြက္ အက်ိဳးအျမတ္မျဖစ္ဘဲ လာလုပ္တဲ့ ကုမၸဏီေတြကသာ အက်ိဳးအျမတ္ရသြားမွာကိုေတာ့ ေဒသခံေတြက မလိုလားၾကဘူးလို႔ေျပာပါတယ္။

"အဲလို ရင္းႏွီးျမႇဳပ္ႏွံမႈေတြလုပ္တဲ့အခါ အေနာက္ႏိုင္ငံေတြနဲ႔ လုပ္ရတဲ့လုပ္ငန္းေတြက အေနာက္ႏိုင္ငံေတြမွာ  စာနာမႈေတြ ဂ႐ုဏာေတြနဲ႔ ေတာ္ေတာ္မ်ားမ်ားက်င့္သားရၿပီ တ႐ုတ္ေတြမွာေတာ့ ေမတၱာေတြ ဂ႐ုဏာေတြ စာနာမႈေတြ သိပ္နည္းတဲ့အခါ ဒီကလူေတြ အရင္ပိုက္လိုင္းကိစၥမွာလည္း တ႐ုတ္ေတြမ႐ိုးသားတာလည္းပါတယ္ ကိုယ့္အစိုးရ ညံ့ဖ်င္းတာလည္းပါတယ္ အဲလို ေျမယာေလ်ာ္ေၾကးေတြေပးတဲ့အခါ ထိုက္တန္တဲ့ဟာ မေပးတာရယ္ ထိုက္တန္တဲ့ဟာမရတာရယ္ အဲလိုအခက္အခဲေတြနဲ႔ ႀကဳံရမလားလို႔ စိုးရိမ္ထိတ္လန႔္မႈေတာ့ ရွိတာေပါ့"

ေက်ာက္ျဖဴေရနက္စီမံကိန္း မူေဘာင္သေဘာတူညီခ်က္ကို ၂၀၁၈ ခုႏွစ္ ႏိုဝင္ဘာ ၈ ရက္ေန႔ကေနျပည္ေတာ္မွာ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံခန႔္ခြဲမႈေကာ္မတီနဲ႔ တ႐ုတ္ကုမၸဏီတို႔ ႏွစ္ဖက္အျပန္အလွန္ လက္မွတ္ေရးထိုးခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ရဲ႕ ဇန္န၀ါရီလခရီးစဥ္အတြင္းမွာ ေက်ာက္ျဖဴအထူးစီးပြားေရးဇုန္ စီမံကိန္းနဲ႔ပတ္သက္တဲ့ နားလည္မႈစာခြၽန္လႊာေတြကို လက္မွတ္ေရးထိုးခဲ့တာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ အေကာင္အထည္ေဖၚဖို႔ရွိတဲ့ အထူးစီးပြားေရးဇုန္ စီမံကိန္းႀကီး သုံးခုရွိၿပီး ေက်ာက္ျဖဴ အထူးစီးပြားေရးဇုန္နဲ႔ ထားဝယ္အထူးစီးပြားေရးဇုန္တို႔က လက္ေတြ႕လုပ္ငန္း မစတင္ႏိုင္ေသးဘဲ သီလဝါ အထူးစီးပြားေရးဇုန္ကေတာ့ စုစုေပါင္းဧရိယာရဲ႕ ၂၈ ရာခိုင္ႏႈန္းေလာက္ကို လက္ေတြ႕အေကာင္အထည္ ေဖာ္ေနၿပီလို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ကျောက်ဖြူစီမံကိန်းအတွက် ဧက နှစ်ထောင်နီးပါး လျော်ကြေးပေး သိမ်းယူမည်

နေပြည်တော် သမ္မတအိမ်တော်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းအပါအဝင် နားလည်မှုစာချွန်လွှာများကို ၂၀၂၀၊ ဇန်နဝါရီ ၁၈ ရက်နေ့က လက်မှတ်ရေးထိုးခဲ့စဉ်
Photo credit - Pool

ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းမှာ ရေနက်ဆိပ်ကမ်း စီမံကိန်း၊ စက်မှုဇုန်စီမံကိန်း၊ အဆင့်မြင့်အိမ်ယာ စီမံကိန်းတွေ ပါဝင်မှာပါ။ ရေနက်ဆိပ်ကမ်းစီမံကိန်းအတွက်ကို ဧက ၆၀၀ ကျော်၊ စက်မှုဇုန်စီမံကိန်းအတွက် ဧက ၂၅၀၀ နီးပါးနဲ့ အဆင့်မြင့် အိမ်ယာစီမံကိန်းအတွက်ကိုတော့ ဧက ၁၂၀၀ ကျော် အသုံးပြုသွားမယ်လို့ စီးပွားကူးသန်း ဒုဝန်ကြီး ဦးအောင်ထူး က ပြောပါတယ်။

အဲဒီထဲကမှ စီမံကိန်းစတင်ဖို့အတွက် မြေဧက ၁၈၀၀ ကျော်ကို သိမ်းဆည်းသွားဖို့ရှိပြီး၊ သိမ်းဆည်းမယ့် မြေဧကတွေကို ခေတ်ကာလနဲ့ လျော်ညီတဲ့ ပေါက်ဈေးအတိုင်း လျော်ကြေးပေးသွားမယ်လို့ ဒုဝန်ကြီး ဦးအောင်ထူးက ပြောပါတယ်။

"အထူးစီးပွားရေးဇုန်ဥပဒေအရဆိုရင် နိုင်ငံတော်အတွက် အကျိုးရှိမယ်ဆိုရင် ဒါတွေကို မြေယာတွေကို သိမ်းယူပြီးတော့မှ ကျတော်တို့အနေနဲ့ ဆောင်ရွက်နိုင်ပါတယ် အဲလိုဆောင်ရွက်တဲ့ နေရာမှာဆိုလို့ရှိရင် သတ်မှတ်ထားတဲ့ မြေယာလျော်ကြေးပေးမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ မြေယာလျော်ကြေးတွေ ပေးတဲ့အပြင် သီလဝါအထူးစီးပွားရေးဇုန်မှာဆိုလို့ရှိရင် လူမှုရေးအရ ပေးတာတွေရှိပါတယ် အိမ်ဆောက်ပေးတာ အသက်မွေးဝမ်းကြောင်းပညာတွေ သင်ပေးတယ် လျော်ကြေးအပြင်ပေါ့နော်၊ အခုကျောက်ဖြူမှာဆောင်ရွက်ရင် ဒီတိုင်းပဲဖြစ်ပါတယ် ဒေသကသတ်မှတ်ထားတဲ့ မြေယာလျော်ကြေးတွေ သီးနှံလျော်ကြေးတွေ ပေးသွားမှာဖြစ်တယ် အဲဒီအပြင် လူမှုရေးဆိုင်ရာလျော်ကြေးတွေလည်း ပေးဖို့ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ လှိုင်းဘွဲ့ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချိုက “မြန်မာနိုင်ငံအတွင်းမှာ ဆောင်ရွက်နေတဲ့ သီလဝါအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ကျောက်ဖြုအထူးစီးပွားရေးဇုန်တို့ ရဲ့ အခြေအနေ” နဲ့ ပတ်သက်ပြီး သိလိုကြောင်း မေးခွန်းမေးမြန်းစဉ်၊ ဒုဝန်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားသွားတာ ဖြစ်ပါတယ်။

ကျောက်ဖြူကျေးလက်ဒေသဖွံ့ဖြိုးရေးအသင်း ညှိနှိုင်းရေးမှုး ဦးထွန်းကြည်ကတော့ ဒီစီမံကိန်းကြောင့် ဒေသခံတွေ မြေယာဆုံးရှုံးရုံမက၊ နှစ်ပေါင်းများစွာ အသက်မွေးလုပ်ကိုင်လာတဲ့ ရိုးရာရေလုပ်ငန်းကိုပါ ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။

"အဓိက က ကျနော်တို့ အပိုင်း နှစ်ပိုင်းရှိတယ်ဗျာ။ ပထမတစ်ပိုင်းက ရခိုင်ပြည်နယ်ရဲ့ အကျိုးခံစားခွင့်မရှိဘူး၊ ဒီစီမံကိန်းကနေပြီးတော့ ရခိုင်လူထုရဲ့ စီမံခန့်ခွဲပိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူး။ အဲဒါကြောင့် ပြည်ထောင်စုအစိုးရကပဲ လက်မှတ်ထိုးပြီးတော့ ဆုံးဖြတ်နေတာရှိတယ်။ ဒုတိယတစ်ပိုင်းက ရခိုင်ပြည်နယ် အခြေအနေအရ လက်ရှိအချိန်မှာ တိုက်ပွဲတွေ အများကြီး ပြင်းထန်နေတယ်။ ငြိမ်းချမ်းမူမရှိဘူး။ တတိယတစ်ချက်ကတော့ ကျောက်ဖြူစီးပွားရေးဇုံနဲ့ ဆက်စပ်ပြီးတော့ အစိုးရဘက်က ပွင့်လင်းမြင်သာမှု မရှိဘူး။ အဲဒါကြောင့်မို့လို့ ဒီစီမံကိန်းနဲ့ ဆက်စပ်ပြီးတော့ လက်ရှိအချိန်မှာ အရမ်းကြီး အစိုးရဘက်က ဇွတ်အတင်း လုပ်မယ်ဆိုရင်တော့ ဒေသတွင်း ပဋိပက္ခတွေရှိလာနိုင်တယ်လို့ ကျနော့် အနေနဲ့ စိုးရိမ်မိတယ်။ "

ဒုဝန်ကြီး ဦးအောင်ထူးကတော့ ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု ရှိဖို့အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးကိုယ်တိုင် မကြာခင် ဒေသခံတွေနဲ့တွေ့ဆုံပြီး ရှင်းလင်းပြောကြားသွားမယ်လို့ ဆိုပါတယ်။

ဒေသအခြေစိုက် အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း လေ့လာစောင့်ကြည့်ရေး အဖွဲ့ကလည်း မြေယာဆုံးရှုံးမယ့် ဒေသခံတွေကို လျော်ကြေးပေးရုံမက သူတို့အတွက် သင့်တော်တဲ့ အလုပ်အကိုင်တွေကို ပြန်လည်ဖန်တီးပေးဖို့ ဒီစီမံကိန်းကို တရုတ်သမ္မတနဲ့ မြန်မာအစိုးရတာဝန်ရှိသူတွေ လက်မှတ်ထိုးချိန်မှာ ကြေငြာချက်ထုတ်ပြန် သတိပေးခဲ့ပါတယ်။

ဒါ့အပြင် ဒီစီမံကိန်းကြောင့် သဘာ၀ ဝန်းကျင်ထိခိုက်ပျက်ဆီးမှုတွေကို ကော်ဖီအာနန်ကော်မရှင် အကြံပေးချက် အတိုင်း မဟာဗျူဟာစီမံကိန်းချပြီး လေ့လာဆန်းစစ်ဖို့ သတိပေးထားပါတယ်။

ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်ကတော့ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်မှာကို ဒေသခံတွေက ကြိုဆိုပေမယ့်လည်း အရင်စီမံကိန်းတွေလို ဒေသခံတွေအတွက် အကျိုးအမြတ်မဖြစ်ဘဲ လာလုပ်တဲ့ ကုမ္ပဏီတွေကသာ အကျိုးအမြတ်ရသွားမှာကိုတော့ ဒေသခံတွေက မလိုလားကြဘူးလို့ပြောပါတယ်။

"အဲလို ရင်းနှီးမြှုပ်နှံမှုတွေလုပ်တဲ့အခါ အနောက်နိုင်ငံတွေနဲ့ လုပ်ရတဲ့လုပ်ငန်းတွေက အနောက်နိုင်ငံတွေမှာ  စာနာမှုတွေ ဂရုဏာတွေနဲ့ တော်တော်များများကျင့်သားရပြီ တရုတ်တွေမှာတော့ မေတ္တာတွေ ဂရုဏာတွေ စာနာမှုတွေ သိပ်နည်းတဲ့အခါ ဒီကလူတွေ အရင်ပိုက်လိုင်းကိစ္စမှာလည်း တရုတ်တွေမရိုးသားတာလည်းပါတယ် ကိုယ့်အစိုးရ ညံ့ဖျင်းတာလည်းပါတယ် အဲလို မြေယာလျော်ကြေးတွေပေးတဲ့အခါ ထိုက်တန်တဲ့ဟာ မပေးတာရယ် ထိုက်တန်တဲ့ဟာမရတာရယ် အဲလိုအခက်အခဲတွေနဲ့ ကြုံရမလားလို့ စိုးရိမ်ထိတ်လန့်မှုတော့ ရှိတာပေါ့"

ကျောက်ဖြူရေနက်စီမံကိန်း မူဘောင်သဘောတူညီချက်ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၈ ရက်နေ့ကနေပြည်တော်မှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီနဲ့ တရုတ်ကုမ္ပဏီတို့ နှစ်ဖက်အပြန်အလှန် လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဇန်နဝါရီလခရီးစဉ်အတွင်းမှာ ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်းနဲ့ပတ်သက်တဲ့ နားလည်မှုစာချွန်လွှာတွေကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ အကောင်အထည်ဖေါ်ဖို့ရှိတဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းကြီး သုံးခုရှိပြီး ကျောက်ဖြူ အထူးစီးပွားရေးဇုန်နဲ့ ထားဝယ်အထူးစီးပွားရေးဇုန်တို့က လက်တွေ့လုပ်ငန်း မစတင်နိုင်သေးဘဲ သီလဝါ အထူးစီးပွားရေးဇုန်ကတော့ စုစုပေါင်းဧရိယာရဲ့ ၂၈ ရာခိုင်နှုန်းလောက်ကို လက်တွေ့အကောင်အထည် ဖော်နေပြီလို့ သိရပါတယ်။

RFA Burmese
https://www.rfa.org

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား