တူရကီ ေတာင္ေပၚႏွင္းထုၿပိဳက် ၃၈ ဦးမက ေသဆုံး

(Zawgyi)⤵⤵⤵
တူရကီႏိုင္ငံ အေရွ႕ပိုင္းမွာ ေတာင္ေပၚက ႏွင္းထုေတြ ၂ ႀကိမ္ ၿပိဳက်ခဲ့တဲ့အတြက္ အနည္းဆုံး လူ ၃၈ ဦး ေသဆုံးသြားေၾကာင္း အာဏာပိုင္ေတြက ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။ ေသဆုံးသူ အမ်ားစုဟာ ပထမအႀကိမ္ ေတာင္ေပၚက ႏွင္းထုၿပိဳက်လို႔ ကူညီကယ္ဆယ္ေရး လုပ္ေနၾကစဥ္ ဒုတိယအႀကိမ္ ၿပိဳက်တဲ့ အဲဒီ ႏွင္းေတြ ပိမိ ေသဆုံးသြားတာလို႔ ဆိုပါတယ္။

ပထမအႀကိမ္ ႏွင္းထုၿပိဳက်တုန္းက ေပ်ာက္ဆုံးေနသူ ၂ ဦးကို ကယ္ဆယ္ေရး အဖြဲ႕ေတြက လိုက္လံရွာေဖြေနစဥ္ ဒုတိယအႀကိမ္ၿပိဳက်တဲ့ ေတာင္ေပၚကႏွင္းထု ပိမိၿပီး လူ ၃၃ ဦး ေသဆုံးခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီ ႏွင္းထုၿပိဳက်မႈေတြေၾကာင့္ အနည္းဆုံး လူ ၇၅ ေယာက္ ထိခိုက္ဒဏ္ရာ ရခဲ့ေၾကာင္းနဲ႔ ကယ္ဆယ္ ကူညီေရး လုပ္ငန္းေတြ ေဆာင္႐ြက္ဖို႔ အေရးေပၚ ကယ္ဆယ္ေရး ဝန္ထမ္း ၇၀၀ ကို အခင္းျဖစ္တဲ့ေနရာကို ေစလႊတ္ထားေၾကာင္း တူရကီ က်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။

တူရကီႏိုင္ငံအေရွ႕ပိုင္း Van ခ႐ိုင္အတြင္းက Bahcesaray ၿမိဳ႕မွာ ဒါဇင္နဲ႔ခ်ီတဲ့ လူေတြ ႏွင္းထုေတြေအာက္မွာ ပိမိေနတဲ့ ေမာ္ေတာ္ယာဥ္ေတြကို ေဂၚျပားေတြနဲ႔ တူးထုတ္ေနတဲ့ ပုံေတြကိုလည္း ႐ုပ္ျမင္သံၾကား သတင္းေတြမွာ ျပသေနပါတယ္။ အဂၤါေန႔ေႏွာင္းပိုင္းမွာ အဲဒီ ႏွင္းထုေတြ ၿပိဳက်ခဲ့တာလို႔ ဆိုပါတယ္။

(Unicode)

တူရကီ တောင်ပေါ်နှင်းထုပြိုကျ ၃၈ ဦးမက သေဆုံး

တူရကီနိုင်ငံ အရှေ့ပိုင်းမှာ တောင်ပေါ်က နှင်းထုတွေ ၂ ကြိမ် ပြိုကျခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၈ ဦး သေဆုံးသွားကြောင်း အာဏာပိုင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။ သေဆုံးသူ အများစုဟာ ပထမအကြိမ် တောင်ပေါ်က နှင်းထုပြိုကျလို့ ကူညီကယ်ဆယ်ရေး လုပ်နေကြစဉ် ဒုတိယအကြိမ် ပြိုကျတဲ့ အဲဒီ နှင်းတွေ ပိမိ သေဆုံးသွားတာလို့ ဆိုပါတယ်။

ပထမအကြိမ် နှင်းထုပြိုကျတုန်းက ပျောက်ဆုံးနေသူ ၂ ဦးကို ကယ်ဆယ်ရေး အဖွဲ့တွေက လိုက်လံရှာဖွေနေစဉ် ဒုတိယအကြိမ်ပြိုကျတဲ့ တောင်ပေါ်ကနှင်းထု ပိမိပြီး လူ ၃၃ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ နှင်းထုပြိုကျမှုတွေကြောင့် အနည်းဆုံး လူ ၇၅ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်းနဲ့ ကယ်ဆယ် ကူညီရေး လုပ်ငန်းတွေ ဆောင်ရွက်ဖို့ အရေးပေါ် ကယ်ဆယ်ရေး ဝန်ထမ်း ၇၀၀ ကို အခင်းဖြစ်တဲ့နေရာကို စေလွှတ်ထားကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

တူရကီနိုင်ငံအရှေ့ပိုင်း Van ခရိုင်အတွင်းက Bahcesaray မြို့မှာ ဒါဇင်နဲ့ချီတဲ့ လူတွေ နှင်းထုတွေအောက်မှာ ပိမိနေတဲ့ မော်တော်ယာဉ်တွေကို ဂေါ်ပြားတွေနဲ့ တူးထုတ်နေတဲ့ ပုံတွေကိုလည်း ရုပ်မြင်သံကြား သတင်းတွေမှာ ပြသနေပါတယ်။ အင်္ဂါနေ့နှောင်းပိုင်းမှာ အဲဒီ နှင်းထုတွေ ပြိုကျခဲ့တာလို့ ဆိုပါတယ်။

VOA (Burmese)
https://burmese.voanews.com
တူရကီ ေတာင္ေပၚႏွင္းထုၿပိဳက် ၃၈ ဦးမက ေသဆုံး တူရကီ ေတာင္ေပၚႏွင္းထုၿပိဳက် ၃၈ ဦးမက ေသဆုံး Reviewed by THITHTOOLWIN on 01:16 Rating: 5
Powered by Blogger.