ျပည္ထဲေရးဝန္ႀကီးသစ္ ဒုဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ဘယ္သူလဲ

စစ္ဘက္ေရးရာ ရာလုံၿခဳံေရး အရာရွိခ်ဳပ္ တာဝန္ထမ္းေဆာင္ေနသူကို ျပည္ထဲေရးဝန္ႀကီးသစ္အျဖစ္ခန္႔အပ္မယ္
(Zawgyi)⤵⤵⤵
ျပည္ထဲေရးဝန္ႀကီး ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ စစ္ဘက္တာဝန္ေတြ ျပန္လည္ ထမ္းေဆာင္မွာ ျဖစ္လို႔ သူ႔ေနရာမွာ အစားထိုးဖို႔ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ကို ခန႔္အပ္မွာ ျဖစ္ပါတယ္။

ဒီလို ခန႔္ထားဖို႔အတြက္ အေျခခံ ဥပေဒအရ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က အမည္စာရင္း ေပးပို႔ခဲ့သူကို ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕ သေဘာတူညီခ်က္ ရယူဖို႔ သမၼတက လႊတ္ေတာ္ကို တင္သြင္းခဲ့ပါတယ္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီးစိုးထြဋ္က အသက္ ၅၉ ႏွစ္နဲ႔၉ လရွိသူျဖစ္ၿပီး တပ္မေတာ္မွာ စစ္ဘက္ေရးရာ လုံၿခဳံေရး အရာရွိခ်ဳပ္ တာဝန္ထမ္းေဆာင္ေနသူ ျဖစ္ပါတယ္။

သူဟာ ဗိုလ္သင္တန္းေက်ာင္း OTS အမွတ္စဥ္ ၆၄ သင္တန္းဆင္း တစ္ဦးျဖစ္ပါတယ္။

စစ္တိုင္းမႉးတာဝန္ေတြကို ေတာင္ပိုင္းတိုင္း၊ အေရွ႕ ပိုင္းတိုင္းနဲ႔အလယ္ပိုင္းတိုင္းတို႔မွာ ထမ္းေဆာင္ခဲ့ပါတယ္။

ဒါ့အျပင္ စစ္ဥပေဒခ်ဳပ္၊ ကာကြယ္ေရးဝန္ႀကီးဌာန ကစထ ၆ စစ္ဆင္ေရး အထူးအဖြဲ႕မႉး တာဝန္ ေတြလည္း ထမ္းေဆာင္ခဲ့သူပါ။

စစ္ဘက္ေရးရာ လုံၿခဳံေရး အရာရွိခ်ဳပ္ ရာထူးကိုေတာ့ ၂၀၁၆ ခုႏွစ္က စတင္တာဝန္ယူခဲ့တာျဖစ္ပါတယ္။

သူဟာ၂၀၀၁ ခုႏွစ္ ရဟတ္ယာဥ္ပ်က္က်တဲ့ ျဖစ္စဥ္မွာ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးတင္ဦးနဲ႔အတူ ကြယ္လြန္သြားသူ ဗိုလ္မႉးခ်ဳပ္လြန္းေမာင္ရဲ႕ သားျဖစ္ပါတယ္။

 ေဒၚေအာင္ဆန္းစုၾကည္နဲ႔ တပ္မေတာ္က ခန္႔အပ္တဲ့ ဝန္ႀကီးေတြ။ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ(ညာအစြန္)
ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ ျပည္ထဲေရး ဝန္ႀကီးအျဖစ္ နယ္ဘက္တာဝန္ေတြ ထမ္းေဆာင္ခ်ိန္မွာေတာ့ လက္ရွိ စစ္ဘက္တာဝန္ေတြ ဆက္ထမ္းေဆာင္ေတာ့မွာ မဟုတ္ဘူးလို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဘီဘီစီကို ေျပာပါတယ္။

ဒါေၾကာင့္ ျပည္ေထာင္စုလႊတ္ေတာ္က သူ႔ကို အတည္ျပဳခန္႔အပ္ၿပီးတဲ့ေနာက္မွာေတာ့ လစ္လပ္သြားတဲ့ စစ္ဘက္ေရးရာ လုံၿခဳံေရး အရာရွိခ်ဳပ္ေနရာကို အစားထိုး ခန႔္အပ္သြားဖို႔ရွိတယ္လို႔လည္း ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

ေ႐ြးေကာက္ပြဲ က်င္းပမယ့္ ႏွစ္ထဲမွာ ျပည္ထဲေရး ဝန္ႀကီး အေျပာင္းအလဲ လုပ္တာနဲ႔ ပတ္သက္ၿပီး ႏိုင္ငံေရး ေလ့လာသူ ေဒါက္တာရန္မ်ိဳးသိမ္းက တစ္ဖက္က ၾကည့္ရင္ ထူးျခားသလို ထင္ရေပမဲ့ သမား႐ိုးက် ျဖစ္႐ိုးျဖစ္စဥ္လို႔ပဲ ျမင္တယ္လို႔ ေျပာပါတယ္။

"ေသခ်ာတာ တစ္ခုကေတာ့ ၂၀၂၀ အလြန္ အစိုးရအဖြဲ႕မွာ ျပည္ထဲေရးဝန္ႀကီး တာဝန္ေပးဖို႔အတြက္ ရည္႐ြယ္ထားတဲ့ အေၾကာင္း ရွိလိမ့္မယ္လို႔ သုံးသပ္ပါတယ္"လို႔ သူက ေျပာပါတယ္။

ျပည္ထဲေရးဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေက်ာ္ေဆြကို ေဖေဖာ္ဝါရီလ ၄ ရက္ေန႔ကစၿပီး မူလ စစ္ဘက္တာဝန္ေတြ ျပန္လည္ထမ္းေဆာင္ဖို႔သမၼတက ခြင့္ျပဳခဲ့ပါတယ္။

သမၼတက အဆိုျပဳလာတဲ့သူကို လႊတ္ေတာ္က ကန႔္ကြက္သူမရွိရင္ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔တနလၤာေန႔မွာ ျပည္ထဲေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးအျဖစ္ အတည္ျပဳ ခန္႔အပ္မွာ ျဖစ္ပါတယ္။

ဖြဲ႕စည္းပုံ အေျခခံ ဥပေဒအရ ျပည္ထဲေရးဝန္ႀကီး အေနနဲ႔ႏိုင္ငံေတာ္သမၼတကို တာဝန္ခံ ေဆာင္႐ြက္ရေပမဲ့ ဝန္ႀကီးအသစ္နဲ႔ အစိုးရၾကား ဆက္ဆံေရးကိုေတာ့ ႏိုင္ငံေရးေလ့လာသူေတြက စိတ္တဝင္တစား ေစာင့္ ၾကည့္ေနၾကပါတယ္။

ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေက်ာ္ေဆြ ျပည္ထဲေရး ဝန္ႀကီး တာဝန္ထမ္းေဆာင္ေနစဥ္ NLD အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ အစိုးရနဲ႔ တပ္မေတာ္ အၾကားဆက္ဆံေရးနဲ႔ ပတ္သက္ၿပီး၂၀၁၈ စင္ကာပူ ခရီးစဥ္မွာ ေဒၚေအာင္ဆန္းစုၾကည္က သူတို႔ အစိုးရ အဖြဲ႕ထဲမွာ တပ္မေတာ္က ဗိုလ္ခ်ဳပ္ႀကီး သုံးေယာက္ရွိေနၿပီး သူတို႔ေတြက ေတာ္ေတာ္ေလး သေဘာထားေကာင္းၾကပါတယ္လို႔ ေျပာထားဖူးပါတယ္။

BBC Burmese
https://www.bbc.com
------------
(Unicode)⤵⤵⤵
ပြည်ထဲရေးဝန်ကြီးသစ် ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ဘယ်သူလဲ

ဓာတ်ပုံ မူပိုင် ACDFM 2019
Image caption စစ်ဘက်ရေးရာ ရာလုံခြုံရေး အရာရှိချုပ် တာဝန်ထမ်းဆောင်နေသူကို ပြည်ထဲရေးဝန်ကြီးသစ်အဖြစ်ခန့်အပ်မယ်

ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ စစ်ဘက်တာဝန်တွေ ပြန်လည် ထမ်းဆောင်မှာ ဖြစ်လို့ သူ့နေရာမှာ အစားထိုးဖို့ ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ခန့်အပ်မှာ ဖြစ်ပါတယ်။

ဒီလို ခန့်ထားဖို့အတွက် အခြေခံ ဥပဒေအရ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း ပေးပို့ခဲ့သူကို ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီချက် ရယူဖို့ သမ္မတက လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်က အသက် ၅၉ နှစ်နဲ့၉ လရှိသူဖြစ်ပြီး တပ်မတော်မှာ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

သူဟာ ဗိုလ်သင်တန်းကျောင်း OTS အမှတ်စဉ် ၆၄ သင်တန်းဆင်း တစ်ဦးဖြစ်ပါတယ်။

စစ်တိုင်းမှူးတာဝန်တွေကို တောင်ပိုင်းတိုင်း၊ အရှေ့ ပိုင်းတိုင်းနဲ့အလယ်ပိုင်းတိုင်းတို့မှာ ထမ်းဆောင်ခဲ့ပါတယ်။

ဒါ့အပြင် စစ်ဥပဒေချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ကစထ ၆ စစ်ဆင်ရေး အထူးအဖွဲ့မှူး တာဝန် တွေလည်း ထမ်းဆောင်ခဲ့သူပါ။

စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ် ရာထူးကိုတော့ ၂၀၁၆ ခုနှစ်က စတင်တာဝန်ယူခဲ့တာဖြစ်ပါတယ်။

သူဟာ၂၀၀၁ ခုနှစ် ရဟတ်ယာဉ်ပျက်ကျတဲ့ ဖြစ်စဉ်မှာ ဒုတိယ ဗိုလ်ချုပ်ကြီးတင်ဦးနဲ့အတူ ကွယ်လွန်သွားသူ ဗိုလ်မှူးချုပ်လွန်းမောင်ရဲ့ သားဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်က ခန့်အပ်တဲ့ ဝန်ကြီးတွေ။ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ(ညာအစွန်)

ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ပြည်ထဲရေး ဝန်ကြီးအဖြစ် နယ်ဘက်တာဝန်တွေ ထမ်းဆောင်ချိန်မှာတော့ လက်ရှိ စစ်ဘက်တာဝန်တွေ ဆက်ထမ်းဆောင်တော့မှာ မဟုတ်ဘူးလို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် ပြည်ထောင်စုလွှတ်တော်က သူ့ကို အတည်ပြုခန့်အပ်ပြီးတဲ့နောက်မှာတော့ လစ်လပ်သွားတဲ့ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်နေရာကို အစားထိုး ခန့်အပ်သွားဖို့ရှိတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရွေးကောက်ပွဲ ကျင်းပမယ့် နှစ်ထဲမှာ ပြည်ထဲရေး ဝန်ကြီး အပြောင်းအလဲ လုပ်တာနဲ့ ပတ်သက်ပြီး နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက တစ်ဖက်က ကြည့်ရင် ထူးခြားသလို ထင်ရပေမဲ့ သမားရိုးကျ ဖြစ်ရိုးဖြစ်စဉ်လို့ပဲ မြင်တယ်လို့ ပြောပါတယ်။

"သေချာတာ တစ်ခုကတော့ ၂၀၂၀ အလွန် အစိုးရအဖွဲ့မှာ ပြည်ထဲရေးဝန်ကြီး တာဝန်ပေးဖို့အတွက် ရည်ရွယ်ထားတဲ့ အကြောင်း ရှိလိမ့်မယ်လို့ သုံးသပ်ပါတယ်"လို့ သူက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကစပြီး မူလ စစ်ဘက်တာဝန်တွေ ပြန်လည်ထမ်းဆောင်ဖို့သမ္မတက ခွင့်ပြုခဲ့ပါတယ်။

သမ္မတက အဆိုပြုလာတဲ့သူကို လွှတ်တော်က ကန့်ကွက်သူမရှိရင် ဖေဖော်ဝါရီလ ၁၀ ရက်နေ့တနင်္လာနေ့မှာ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် အတည်ပြု ခန့်အပ်မှာ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထဲရေးဝန်ကြီး အနေနဲ့နိုင်ငံတော်သမ္မတကို တာဝန်ခံ ဆောင်ရွက်ရပေမဲ့ ဝန်ကြီးအသစ်နဲ့ အစိုးရကြား ဆက်ဆံရေးကိုတော့ နိုင်ငံရေးလေ့လာသူတွေက စိတ်တဝင်တစား စောင့် ကြည့်နေကြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ပြည်ထဲရေး ဝန်ကြီး တာဝန်ထမ်းဆောင်နေစဉ် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရနဲ့ တပ်မတော် အကြားဆက်ဆံရေးနဲ့ ပတ်သက်ပြီး၂၀၁၈ စင်ကာပူ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က သူတို့ အစိုးရ အဖွဲ့ထဲမှာ တပ်မတော်က ဗိုလ်ချုပ်ကြီး သုံးယောက်ရှိနေပြီး သူတို့တွေက တော်တော်လေး သဘောထားကောင်းကြပါတယ်လို့ ပြောထားဖူးပါတယ်။

BBC Burmese
https://www.bbc.com
ျပည္ထဲေရးဝန္ႀကီးသစ္ ဒုဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ဘယ္သူလဲ ျပည္ထဲေရးဝန္ႀကီးသစ္ ဒုဗိုလ္ခ်ဳပ္ႀကီး စိုးထြဋ္ဘယ္သူလဲ Reviewed by THITHTOOLWIN on 01:03 Rating: 5
Powered by Blogger.