Corona ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၅၆၀ေက်ာ္


(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံမွာ Coronavirus ပိုးေၾကာင့္ ေနာက္ထပ္ ၇၃ ေယာက္ေသဆံုးသူခဲ့တဲ့အတြက္ ဒီေန႔ ၾကာသပေတးေန႔မွာ ေသဆံုးသူ ၅၆၃ ေယာက္႐ွိသြားၿပီလို႔ တ႐ုတ္က်န္းမာေရးတာဝန္႐ွိသူေတြက ေျပာၾကားပါတယ္။ ပိုးကူးစက္ေနသူကလည္း (၂၈၀၁၈) ႐ွိၿပီလို႔ တ႐ုတ္က်န္းမာေရးေကာ္မ႐ွင္ ေျပာခြင့္ရသူက ဒီကေန႔ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ခုလုိ Coronavirus ပိုးကူးစက္ပ်ံ႕ႏွံ႔မႈ တားဆီးႏိုင္ေအာင္ တ႐ုတ္ႏိုင္ငံထဲက ေဒသေတြမွာ ခရီးသြားလာမႈေတြကို ပိတ္ပင္ထားသလို၊ ေက်ာင္းေတြ လုပ္ငန္းေတြကိုလည္း ဆက္ပိတ္ထားပါတယ္။ အေမရိကန္နဲ႔ ျမန္မာအပါအဝင္ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားက တ႐ုတ္ကလာတဲ့ ခရီးသည္ေတြကို တားျမစ္ ကန္႔သတ္ေနပါတယ္။

ေရာဂါပိုး စတင္ပ်ံ႕ႏွံ႔တဲ့ Wuhan ၿမိဳ႕ကေန အေမရိကန္ ၃၅၀ ေလာက္ဟာ ေလယာဥ္ ၂ စင္းနဲ႔ ဗုဒၶဟူးေန႔ျပန္လည္ ထြက္ခြာလာခဲ့ၾကပါတယ္။ သူတုိ႔ကို California ျပည္နယ္ထဲမွာ႐ွိတဲ့ အေမရိကန္အေျခစိုက္ စခန္း ၂ ခုမွာ သီးျခားထားၿပီး ေစာင့္ၾကည့္မွာျဖစ္ပါတယ္။ ဒီကေန႔ ၾကာသပေတးေန႔မွာလည္း အေမရိကန္ေတြပါလာတဲ့ ေလယာဥ္ေတြ တ႐ုတ္ကေန ဆိုက္ေရာက္လာဖို႔႐ွိတယ္လို႔ အေမရိကန္ႏုိင္ငံျခားေရးဌာနက ေျပာပါတယ္။

အေမရိကန္ေလေၾကာင္းလိုင္းေတြျဖစ္တဲ့ American Airlines နဲ႔ United Airlines ေလေၾကာင္းလိုင္းေတြကေတာ့ ေဟာင္ေကာင္ကိုပ်ံသန္းတဲ့ခရီးစဥ္ေတြကို ယာယီရပ္ထားတယ္လို႔ ဗုဒၶဟူးေန႔က ေျပာပါတယ္။

ဂ်ပန္ႏိုင္ငံ Yokohama ဆိပ္ကမ္းမွာ သီးျခားခဲြထားၿပီး ေစာင့္ၾကည့္ေနတဲ့ အေပ်ာ္စီး ဇိမ္ခံသေဘၤာႀကီးေပၚမွာ Coronavirus ပိုးကူးစက္သူ ေနာက္ထပ္ ၁၀ ေယာက္ေတြ႔႐ွိတယ္လုိ႔ ဂ်ပန္က်န္းမာေရးတာဝန္႐ွိသူေတြက ေျပာပါတယ္။

ဒါေၾကာင့္ ခရီးသည္နဲ႔အမႈထမ္း စုစုေပါင္း ၃၇၀၀ ပါလာတဲ့ Diamond Princess သေဘၤာႀကီးေပၚမွာ ပိုးကူးစက္သူ အေယာက္ ၂၀ ႐ွိသြားပါၿပီ။ တခ်ိန္ထဲမွာပဲ ထိုင္ဝမ္က ႏိုင္ငံတကာ ဇိမ္ခံသေဘၤာအားလံုးကုိ ထိုင္ဝမ္ဆိပ္ကမ္းေတြမွာ ကမ္းကပ္ခြင့္ မျပဳဘူးလို႔ ဒီကေန႔ ေၾကညာခဲ့ပါတယ္။
coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား


......................

Corona ဗိုင်းရပ်ကြောင့် သေဆုံးသူ ၅၆၀ကျော်
(Unicode)

တရုတ်နိုင်ငံမှာ Coronavirus ပိုးကြောင့် နောက်ထပ် ၇၃ ယောက်သေဆုံးသူခဲ့တဲ့အတွက် ဒီနေ့ ကြာသပတေးနေ့မှာ သေဆုံးသူ ၅၆၃ ယောက်ရှိသွားပြီလို့ တရုတ်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောကြားပါတယ်။ ပိုးကူးစက်နေသူကလည်း (၂၈၀၁၈) ရှိပြီလို့ တရုတ်ကျန်းမာရေးကော်မရှင် ပြောခွင့်ရသူက ဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ခုလို Coronavirus ပိုးကူးစက်ပျံ့နှံ့မှု တားဆီးနိုင်အောင် တရုတ်နိုင်ငံထဲက ဒေသတွေမှာ ခရီးသွားလာမှုတွေကို ပိတ်ပင်ထားသလို၊ ကျောင်းတွေ လုပ်ငန်းတွေကိုလည်း ဆက်ပိတ်ထားပါတယ်။ အမေရိကန်နဲ့ မြန်မာအပါအဝင် နိုင်ငံတော်တော်များများက တရုတ်ကလာတဲ့ ခရီးသည်တွေကို တားမြစ် ကန့်သတ်နေပါတယ်။

ရောဂါပိုး စတင်ပျံ့နှံ့တဲ့ Wuhan မြို့ကနေ အမေရိကန် ၃၅၀ လောက်ဟာ လေယာဉ် ၂ စင်းနဲ့ ဗုဒ္ဓဟူးနေ့ပြန်လည် ထွက်ခွာလာခဲ့ကြပါတယ်။ သူတို့ကို California ပြည်နယ်ထဲမှာရှိတဲ့ အမေရိကန်အခြေစိုက် စခန်း ၂ ခုမှာ သီးခြားထားပြီး စောင့်ကြည့်မှာဖြစ်ပါတယ်။ ဒီကနေ့ ကြာသပတေးနေ့မှာလည်း အမေရိကန်တွေပါလာတဲ့ လေယာဉ်တွေ တရုတ်ကနေ ဆိုက်ရောက်လာဖို့ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

အမေရိကန်လေကြောင်းလိုင်းတွေဖြစ်တဲ့ American Airlines နဲ့ United Airlines လေကြောင်းလိုင်းတွေကတော့ ဟောင်ကောင်ကိုပျံသန်းတဲ့ခရီးစဉ်တွေကို ယာယီရပ်ထားတယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

ဂျပန်နိုင်ငံ Yokohama ဆိပ်ကမ်းမှာ သီးခြားခွဲထားပြီး စောင့်ကြည့်နေတဲ့ အပျော်စီး ဇိမ်ခံသင်္ဘောကြီးပေါ်မှာ Coronavirus ပိုးကူးစက်သူ နောက်ထပ် ၁၀ ယောက်တွေ့ရှိတယ်လို့ ဂျပန်ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဒါကြောင့် ခရီးသည်နဲ့အမှုထမ်း စုစုပေါင်း ၃၇၀၀ ပါလာတဲ့ Diamond Princess သင်္ဘောကြီးပေါ်မှာ ပိုးကူးစက်သူ အယောက် ၂၀ ရှိသွားပါပြီ။ တချိန်ထဲမှာပဲ ထိုင်ဝမ်က နိုင်ငံတကာ ဇိမ်ခံသင်္ဘောအားလုံးကို ထိုင်ဝမ်ဆိပ်ကမ်းတွေမှာ ကမ်းကပ်ခွင့် မပြုဘူးလို့ ဒီကနေ့ ကြေညာခဲ့ပါတယ်။

VOA (Burmese)
https://burmese.voanews.com
Corona ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၅၆၀ေက်ာ္ Corona ဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးသူ ၅၆၀ေက်ာ္ Reviewed by THITHTOOLWIN on 01:20 Rating: 5
Powered by Blogger.