ေက်ာက္ေတာ္ပစ္ခတ္မႈ အရပ္သားသုံးေယာက္ ဒဏ္ရာရ

(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕နယ္မွာ မေန႔ညက လက္နက္ႀကီးက်လို႔ အရပ္သား သုံးေယာက္ ထိခိုက္ဒဏ္ရာရ ခဲ့ပါတယ္။ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တႏွစ္ေက်ာ္ၾကာ တိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္မွာ ထိခိုက္ ဒဏ္ရာရသူ ၂၅၀ ေက်ာ္ ရွိေနပါၿပီ။

မေန႔ညက လက္နက္ႀကီးက်လို႔ ဒဏ္ရာရခဲ့တဲ့ အရပ္သားသုံးေယာက္ဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္ ပိုက္သည္ရပ္ ကြက္မွာ ေနထိုင္သူေတြပါ။ အဲဒီလက္နက္ႀကီးဟာ ကစၦပနဒီတံတားအနီးမွာရွိတဲ့ တပ္မေတာ္က ပစ္တာလို႔ ေဒသခံေတြက ေျပာၾကပါတယ္။

“ကစၦပနဒီတံတားနားက လွမ္းၿပီးေတာ့ လက္နက္ႀကီးနဲ႔ လွမ္းပစ္တယ္လို႔ေျပာတယ္။ တပ္မေတာ္ကလို႔ ေျပာသံၾကားတယ္။ အခုလက္ရွိ ေက်ာက္ေတာ္ၿမိဳ႕ထဲမွာေရာ၊ ပိုက္သည္ရပ္ကြက္ထဲမွာေရာ စစ္သားေတြက အကုန္လုံးေနရာျဖန႔္ၿပီး ေနရာယူထားတယ္“

ေဒသခံေတြ စြပ္စြဲသလို တပ္မေတာ္ဘက္က ပစ္တာမဟုတ္ဘူးလို႔ တုံ႔ျပန္တာက အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီးဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးပါ။

“ကြၽန္ေတာ္ေျပာႏိုင္တာကေတာ့ ေက်ာက္ေတာ္ဆိုတဲ့နယ္ေျမက AA ေတြဝင္ထြက္သြားလာေနတဲ့ ေနရာေတြ ျဖစ္တယ္။ မေန႔ကတိုက္ပြဲျဖစ္တာေတာ့ မရွိပါဘူး။ တျခားတိုက္ပြဲေတြက ပလက္ဝေျမာက္ျခမ္းမွာျဖစ္ေနတာ။ ႐ြာေတြနဲ႔ အေဝးႀကီးပဲ“

လက္နက္ႀကီးက်ည္က်လို႔ ဒဏ္ရာရခဲ့သူေတြဟာအသက္ ၅၀ ေက်ာ္အ႐ြယ္ အမ်ိဳးသမီးႀကီးႏွစ္ဦးနဲ႔ ၁၇ ႏွစ္အ႐ြယ္ ေယာက်ာ္းေလးတစ္ေယာက္ပါ။

အဲဒီအထဲက တစ္ဦးက အေျခအေနစိုးရိမ္ရတယ္လို႔ ေျပာတာက ဒဏ္ရာရသူေတြကို စစ္ေတြေဆး႐ုံဆီ အေရးေပၚပို႔ေဆာင္ေပးခဲ့တဲ့ ျဖဴစင္ေမတၱာပရဟိတအဖြဲ႕ ဥကၠ႒ ဦးညီပု ပါ။

“လက္နက္ႀကီး က်သံေတြၾကားလို႔ ဘယ္ဘက္ကပစ္တယ္ဆိုတာကို စုံစမ္းေနတုန္းမွာ ဖုန္းလာတာ။ ပိုက္သည္ရပ္ကြက္မွာ လူသုံးေယာက္ လက္နက္ႀကီးက်လို႔ ဒဏ္ရာရထားတယ္ဆိုၿပီး သတင္းလာပို႔လို႔ ပိုက္သည္ရပ္ကြက္က လူနာေတြကိုတင္ၿပီး ေက်ာက္ေတာ္ျပည္သူ႔ေဆး႐ုံကို ပို႔ရတယ္။ အိမ္ထဲမွာေနတဲ့ သားအမိႏွစ္ေယာက္နဲ႔ သူ႔အိမ္နားကကပ္ရပ္ တစ္ေယာက္ကို ထိသြားတယ္“

ေက်ာက္ေတာ္ဘက္မွာ တိုက္ပြဲျဖစ္တာမရွိဘဲ တပ္မေတာ္ကသာ တစ္ဖက္သတ္ပစ္ခတ္တာလို႔ AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခက စြပ္စြဲလိုက္ပါတယ္။

"မေန႔ကညက ေက်ာက္ေတာ္မွာ တိုက္ပြဲျဖစ္ပြားတာေတာ့ မရွိပါဘူး။ အဲဒီမွာ တိုက္ပြဲျဖစ္တာ ဘာမွမရွိဘဲနဲ႔ တပ္မေတာ္ဘက္က တစ္ဖက္သတ္ ပစ္ခတ္တာေတာ့ရွိတယ္။ အရပ္သားျပည္သူေတြေနတဲ့ ေနရာကို ပစ္ခတ္တဲ့အတြက္ အရပ္သား သုံးဦးဒဏ္ရာရတာရွိတယ္လို႔ သိရတယ္။ ျမန္မာစစ္တပ္က သူတို႔ဘက္က အထိအခိုက္အက်ဆုံးေတြရွိၿပီဆိုရင္ အၿမဲတမ္း အရပ္သားျပည္သူေတြေနတဲ့ ေနရာေတြကို လက္နက္ႀကီး၊ လက္နက္ငယ္ေတြနဲ႔ ပစ္ခတ္တာမ်ိဳးေတြရွိတယ္“

ေက်ာက္ေတာ္ၿမိဳ႕မွာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔က တပ္မေတာ္သား အရာရွိတစ္ေယာက္ အသတ္ခံရၿပီး ေနာက္ပိုင္း ၿမိဳ႕ထဲေနရာအႏွံ႔အျပားမွာ တပ္မေတာ္သားေတြ ေရာက္ရွိေနတာလို႔ ေဒသခံေတြက ေျပာပါတယ္။

ဒီလို ေက်ာက္ေတာ္ၿမိဳ႕ေဈးနဲ႔ အထက္ၿမိဳ႕မေက်ာင္းအနီးမွ ာတပ္မေတာ္သားေတြ ေနရာယူသြားလာေနၾက တာေၾကာင့္ အခုဆိုရင္ ေဈးေတြပိတ္ထားတာ ႏွစ္ရက္ရွိေနပါၿပီ။

မနက္ျဖန္ဆိုရင္ အလယ္တန္းအဆင့္ စာေမးပြဲေျဖဆိုရေတာ့မွာျဖစ္လို႔ ေက်ာင္းအနီးမွာ ေနရာယူထားတဲ့ တပ္ေတြကို ၿမိဳ႕ထဲကေန ထြက္သြားေစခ်င္တယ္လို႔ ေက်ာက္ေတာ္ၿမိဳ႕ခံေတြက ေျပာၾကပါတယ္။

ေက်ာင္းသား၊ ေက်ာင္းသူေတြ၊ မိဘေတြ အားလုံးက စိုးရိမ္ေနၾကတယ္လို႔ အမည္မေဖာ္လိုတဲ့ ေက်ာက္ေတာ္ၿမိဳ႕ခံ တစ္ဦးက ေျပာပါတယ္။

“မနက္ျဖန္မွာ ေလးတန္း၊ ရွစ္တန္း စာေမးပြဲရွိေနတယ္။ အဲဒီေက်ာင္းေရွ႕မွာ သူတို႔ေတြမရွိရင္ ပိုၿပီး ေကာင္းမယ္။ ကြၽန္မတို႔ ကေလးေတြအတြက္ စိုးရိမ္ပါတယ္။ ကြၽန္မတို႔ ေတာင္းဆိုခ်င္တာက မနက္ျဖန္ ၿမိဳ႕ေပၚမွာျဖစ္ျဖစ္၊ ေက်း႐ြာမွာျဖစ္ျဖစ္ ကေလးေတြ ေလးတန္း၊ ရွစ္တန္း အစိုးရစစ္ ေနာက္ဆုတ္လို႔မရတဲ့ စာေမးပြဲေတြရွိေနတယ္။ ဒီအတြက္ စိုးရိမ္မိတယ္“

ဒီရက္ပိုင္းအတြင္း ေက်ာက္ေတာ္အျပင္ မင္းျပားၿမိဳ႕နယ္ မင္း႐ြာအေရွ႕ေျမာက္ဘက္ ရာေမာင္ေတာင္တန္း အနီးမွာလည္း ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္တို႔ၾကား တိုက္ပြဲျပင္းထန္ေနပါတယ္။

မင္းျပားၿမိဳ႕နယ္ ဖားၿပိဳေက်း႐ြာအနီးမွာလည္း ဒီေန႔အထိ တိုက္ပြဲျပင္းထန္ေနဆဲပါ။

တပ္မေတာ္ဘက္က ရဟတ္ယာဥ္ႏွစ္စီးနဲ႔ လာေရာက္ပစ္ခတ္တာေတြရွိတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

“ ရဟတ္ယာဥ္ သုံးတယ္။ ေလယာဥ္ႏွစ္စီးနဲ႔ ဝဲၿပီးေတာ့ နာရီဝက္ေက်ာ္ေက်ာ္ေလာက္ ပစ္ခဲ့တယ္။ သူတို႔ ရန္သူေတြရွိမယ္လို႔ထင္ေလာက္တဲ့ ေနရာေတြကို မွန္းပစ္တာေပါ့။ ႐ြာေတြမွာလည္း ထိတယ္ေျပာတယ္။ ငစ႐ိုင္းေခ်ာင္းက အိမ္ႏွစ္လုံး ပါသြားတယ္ေျပာတယ္“

ပလက္ဝၿမိဳ႕နယ္ မီးေခ်ာင္းတံတားထိပ္က ဗ်ဴဟာကုန္းမွာလည္း တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ AA တို႔ တိုက္ပြဲျဖစ္ေနတာ ၁၇ ရက္ ရွိပါၿပီ။

တႏွစ္ေက်ာ္ၾကာ ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္တို႔ၾကား တိုက္ပြဲေတြေၾကာင့္ ရခိုင္ျပည္နယ္မွာ အရပ္သားေသဆုံးသူ ၁၀၀ ေက်ာ္နဲ႔ ဒဏ္ရာရသူ ၂၅၀ ေက်ာ္အထိ ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
---------------
(Unicode)⤵⤵⤵
ကျောက်တော်ပစ်ခတ်မှု အရပ်သားသုံးယောက် ဒဏ်ရာရ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ မနေ့ညက လက်နက်ကြီးကျလို့ အရပ်သား သုံးယောက် ထိခိုက်ဒဏ်ရာရ ခဲ့ပါတယ်။ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တနှစ်ကျော်ကြာ တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ ထိခိုက် ဒဏ်ရာရသူ ၂၅၀ ကျော် ရှိနေပါပြီ။

မနေ့ညက လက်နက်ကြီးကျလို့ ဒဏ်ရာရခဲ့တဲ့ အရပ်သားသုံးယောက်ဟာ ကျောက်တော်မြို့နယ် ပိုက်သည်ရပ် ကွက်မှာ နေထိုင်သူတွေပါ။ အဲဒီလက်နက်ကြီးဟာ ကစ္ဆပနဒီတံတားအနီးမှာရှိတဲ့ တပ်မတော်က ပစ်တာလို့ ဒေသခံတွေက ပြောကြပါတယ်။

“ကစ္ဆပနဒီတံတားနားက လှမ်းပြီးတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တယ်လို့ပြောတယ်။ တပ်မတော်ကလို့ ပြောသံကြားတယ်။ အခုလက်ရှိ ကျောက်တော်မြို့ထဲမှာရော၊ ပိုက်သည်ရပ်ကွက်ထဲမှာရော စစ်သားတွေက အကုန်လုံးနေရာဖြန့်ပြီး နေရာယူထားတယ်“

ဒေသခံတွေ စွပ်စွဲသလို တပ်မတော်ဘက်က ပစ်တာမဟုတ်ဘူးလို့ တုံ့ပြန်တာက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးဗိုလ်မှူးကြီး ဝင်းဇော်ဦးပါ။

“ကျွန်တော်ပြောနိုင်တာကတော့ ကျောက်တော်ဆိုတဲ့နယ်မြေက AA တွေဝင်ထွက်သွားလာနေတဲ့ နေရာတွေ ဖြစ်တယ်။ မနေ့ကတိုက်ပွဲဖြစ်တာတော့ မရှိပါဘူး။ တခြားတိုက်ပွဲတွေက ပလက်ဝမြောက်ခြမ်းမှာဖြစ်နေတာ။ ရွာတွေနဲ့ အဝေးကြီးပဲ“

လက်နက်ကြီးကျည်ကျလို့ ဒဏ်ရာရခဲ့သူတွေဟာအသက် ၅၀ ကျော်အရွယ် အမျိုးသမီးကြီးနှစ်ဦးနဲ့ ၁၇ နှစ်အရွယ် ယောကျာ်းလေးတစ်ယောက်ပါ။

အဲဒီအထဲက တစ်ဦးက အခြေအနေစိုးရိမ်ရတယ်လို့ ပြောတာက ဒဏ်ရာရသူတွေကို စစ်တွေဆေးရုံဆီ အရေးပေါ်ပို့ဆောင်ပေးခဲ့တဲ့ ဖြူစင်မေတ္တာပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးညီပု ပါ။

“လက်နက်ကြီး ကျသံတွေကြားလို့ ဘယ်ဘက်ကပစ်တယ်ဆိုတာကို စုံစမ်းနေတုန်းမှာ ဖုန်းလာတာ။ ပိုက်သည်ရပ်ကွက်မှာ လူသုံးယောက် လက်နက်ကြီးကျလို့ ဒဏ်ရာရထားတယ်ဆိုပြီး သတင်းလာပို့လို့ ပိုက်သည်ရပ်ကွက်က လူနာတွေကိုတင်ပြီး ကျောက်တော်ပြည်သူ့ဆေးရုံကို ပို့ရတယ်။ အိမ်ထဲမှာနေတဲ့ သားအမိနှစ်ယောက်နဲ့ သူ့အိမ်နားကကပ်ရပ် တစ်ယောက်ကို ထိသွားတယ်“

ကျောက်တော်ဘက်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ တပ်မတော်ကသာ တစ်ဖက်သတ်ပစ်ခတ်တာလို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက စွပ်စွဲလိုက်ပါတယ်။

"မနေ့ကညက ကျောက်တော်မှာ တိုက်ပွဲဖြစ်ပွားတာတော့ မရှိပါဘူး။ အဲဒီမှာ တိုက်ပွဲဖြစ်တာ ဘာမှမရှိဘဲနဲ့ တပ်မတော်ဘက်က တစ်ဖက်သတ် ပစ်ခတ်တာတော့ရှိတယ်။ အရပ်သားပြည်သူတွေနေတဲ့ နေရာကို ပစ်ခတ်တဲ့အတွက် အရပ်သား သုံးဦးဒဏ်ရာရတာရှိတယ်လို့ သိရတယ်။ မြန်မာစစ်တပ်က သူတို့ဘက်က အထိအခိုက်အကျဆုံးတွေရှိပြီဆိုရင် အမြဲတမ်း အရပ်သားပြည်သူတွေနေတဲ့ နေရာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တာမျိုးတွေရှိတယ်“

ကျောက်တော်မြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က တပ်မတော်သား အရာရှိတစ်ယောက် အသတ်ခံရပြီး နောက်ပိုင်း မြို့ထဲနေရာအနှံ့အပြားမှာ တပ်မတော်သားတွေ ရောက်ရှိနေတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီလို ကျောက်တော်မြို့ဈေးနဲ့ အထက်မြို့မကျောင်းအနီးမှ ာတပ်မတော်သားတွေ နေရာယူသွားလာနေကြ တာကြောင့် အခုဆိုရင် ဈေးတွေပိတ်ထားတာ နှစ်ရက်ရှိနေပါပြီ။

မနက်ဖြန်ဆိုရင် အလယ်တန်းအဆင့် စာမေးပွဲဖြေဆိုရတော့မှာဖြစ်လို့ ကျောင်းအနီးမှာ နေရာယူထားတဲ့ တပ်တွေကို မြို့ထဲကနေ ထွက်သွားစေချင်တယ်လို့ ကျောက်တော်မြို့ခံတွေက ပြောကြပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေ၊ မိဘတွေ အားလုံးက စိုးရိမ်နေကြတယ်လို့ အမည်မဖော်လိုတဲ့ ကျောက်တော်မြို့ခံ တစ်ဦးက ပြောပါတယ်။

“မနက်ဖြန်မှာ လေးတန်း၊ ရှစ်တန်း စာမေးပွဲရှိနေတယ်။ အဲဒီကျောင်းရှေ့မှာ သူတို့တွေမရှိရင် ပိုပြီး ကောင်းမယ်။ ကျွန်မတို့ ကလေးတွေအတွက် စိုးရိမ်ပါတယ်။ ကျွန်မတို့ တောင်းဆိုချင်တာက မနက်ဖြန် မြို့ပေါ်မှာဖြစ်ဖြစ်၊ ကျေးရွာမှာဖြစ်ဖြစ် ကလေးတွေ လေးတန်း၊ ရှစ်တန်း အစိုးရစစ် နောက်ဆုတ်လို့မရတဲ့ စာမေးပွဲတွေရှိနေတယ်။ ဒီအတွက် စိုးရိမ်မိတယ်“

ဒီရက်ပိုင်းအတွင်း ကျောက်တော်အပြင် မင်းပြားမြို့နယ် မင်းရွာအရှေ့မြောက်ဘက် ရာမောင်တောင်တန်း အနီးမှာလည်း ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ကြား တိုက်ပွဲပြင်းထန်နေပါတယ်။

မင်းပြားမြို့နယ် ဖားပြိုကျေးရွာအနီးမှာလည်း ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေဆဲပါ။

တပ်မတော်ဘက်က ရဟတ်ယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်တာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ ရဟတ်ယာဉ် သုံးတယ်။ လေယာဉ်နှစ်စီးနဲ့ ဝဲပြီးတော့ နာရီဝက်ကျော်ကျော်လောက် ပစ်ခဲ့တယ်။ သူတို့ ရန်သူတွေရှိမယ်လို့ထင်လောက်တဲ့ နေရာတွေကို မှန်းပစ်တာပေါ့။ ရွာတွေမှာလည်း ထိတယ်ပြောတယ်။ ငစရိုင်းချောင်းက အိမ်နှစ်လုံး ပါသွားတယ်ပြောတယ်“

ပလက်ဝမြို့နယ် မီးချောင်းတံတားထိပ်က ဗျူဟာကုန်းမှာလည်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲဖြစ်နေတာ ၁၇ ရက် ရှိပါပြီ။

တနှစ်ကျော်ကြာ ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေကြောင့် ရခိုင်ပြည်နယ်မှာ အရပ်သားသေဆုံးသူ ၁၀၀ ကျော်နဲ့ ဒဏ်ရာရသူ ၂၅၀ ကျော်အထိ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ေက်ာက္ေတာ္ပစ္ခတ္မႈ အရပ္သားသုံးေယာက္ ဒဏ္ရာရ ေက်ာက္ေတာ္ပစ္ခတ္မႈ အရပ္သားသုံးေယာက္ ဒဏ္ရာရ Reviewed by THITHTOOLWIN on 01:49 Rating: 5
Powered by Blogger.