ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ တ႐ုတ္ကုန္ၾကမ္းသုံး ျမန္မာလုပ္ငန္းေတြ ရပ္ဆုိင္း


(Zawgyi / Unicode)

တ႐ုတ္ႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ႀကိဳးစား ထိန္းခ်ဳပ္ေနရခ်ိန္ တ႐ုတ္ရဲ႕ကုန္ၾကမ္းကို မွီခိုရတဲ့ ျမန္မာႏုိင္ငံတြင္းက စက္႐ုံတခ်ိဳ႕လည္း လုပ္ငန္းေတြ ပိတ္သိမ္းေနရပါတယ္။ ဒီစက္႐ုံေတြ ျပန္ဖြင့္လာရင္ အလုပ္အကိုင္ ျပန္လည္ရရွိေရးအတြက္ စာခ်ဳပ္စာတမ္းနဲ႔ ေဆာင္ရြက္ႏုိင္ဖို႔လည္း အလုပ္သမားအဖြဲ႔ေတြ ႀကိဳးစားေနၾကပါတယ္။ အျပည့္အစုံကို မသိဂႌထုိက္ တင္ျပေပးထားပါတယ္။

တ႐ုတ္ႏုိင္ငံမွာ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ ႏုိင္ငံတြင္း ခရီးသြားလာေရး၊ လုပ္ငန္းေတြ လည္ပတ္မႈကိုပါ ထိန္းခ်ဳပ္ထားတာပါ။ တ႐ုတ္ရဲ႕ ကုန္ၾကမ္းအေပၚမွာ မွီခိုေနရတဲ့ ျမန္မာႏုိင္ငံတြင္းက စက္႐ုံေတြလည္း လုပ္ငန္းပိတ္သိမ္းရတဲ့ အေနအထား ျဖစ္လာေၾကာင္း အလုပ္သမားအေရး ေဆာင္ရြက္တဲ့ Action Labor Rights က ကိုသူရိန္ေအာင္က ေျပာပါတယ္။

“စက္႐ုံပိတ္သိမ္းတာကေတာ့ အခုလတ္တေလာမွာ ဒီစက္႐ုံေတြဘက္က အေၾကာင္းျပတာကေတာ့ ဝူဟန္ဗုိင္းရပ္စ္ေၾကာင့္ေပါ့၊ ကုန္ၾကမ္းေတြ မရလို႔ လုပ္ငန္းေတြ ရပ္တယ္ေပါ့။ ဒီလုိမ်ဳိးေျပာၾကတယ္။ အစိုးရဘက္ကိုလည္း အဲဒီလိုအေၾကာင္းၾကားၿပီး ပိတ္ၾကတယ္။”

ကိုသူရိန္ေအာင္ကို Skype ကေနတဆင့္ ေမးျမန္းခဲ့တာမွာေတာ့ ပိတ္သိမ္းတဲ့အထဲမွာ အထည္ခ်ဳပ္စက္႐ုံေတြတင္ မဟုတ္ဘဲ ဖိနပ္စက္႐ုံေတြပါ ပါ၀င္ေနေၾကာင္း၊ ပိတ္သိမ္းတဲ့ စက္႐ုံစာရင္းကိုလည္း ရန္ကုန္တိုင္းအစိုးရက ဒီရက္ပိုင္းေတြအတြင္း ထုတ္ျပန္ဖို႔ရွိေနေၾကာင္း ေျပာပါတယ္။ ပိတ္သိမ္းတဲ့ စက္႐ုံေတြက လုပ္သားေတြအေနနဲ႔ ဘယ္လိုအေျခအေန ႀကံဳေတြ႔ရမလဲ ဆိုတာကို ေမးတဲ့အခါမွာေတာ့ သူက အခုလိုေျပာပါတယ္။

“အစိုးရမွာလည္း အဲဒီအတြက္ ဘာအစီအစဥ္မွ ရွိမထားဘူး။ အလုပ္သမားေတြကေတာ့ အဲလိုမ်ဳိး ျဖစ္လာခဲ့မယ္ဆုိရင္လည္း သူတုိ႔က နည္းလမ္းႏွစ္ခုပဲရွိမယ္။ ေနာက္ထပ္ စက္႐ုံေတြကုိ ထပ္ေလွ်ာက္ေပါ့။ ေလွ်ာက္လို႔မရဘူးဆုိလည္း ရြာခနျပန္ၾကေပါ့။”

ကုန္ၾကမ္းျပတ္လပ္မႈေၾကာင့္ စက္႐ုံပိတ္သိမ္းမယ့္အေရးကို လုပ္သားေတြက မကန္႔ကြက္ေပမယ့္ စက္႐ုံ ျပန္လည္ လည္ပတ္တဲ့အခါမွာ သူတို႔ အလုပ္ျပန္ရေရး စီစဥ္ေနၾကေၾကာင္း Action Labor Rights က ကိုသူရိန္ေအာင္က ေျပာပါတယ္။

“စက္႐ုံ ပိတ္သြားခဲ့သည့္တုိင္ေအာင္ အကယ္၍ ဒီေနရာမွာ ဒီလူပဲ။ စက္႐ုံနာမည္ေတာ့ တူခ်င္မွ တူမွာေပါ့ေနာ္။ ဒီလိပ္စာနဲ႔ အခုပိတ္သြားတဲ့ စက္႐ုံရဲ႕ ရင္းႏွီးျမႇဳပ္ႏွံမႈ MIC မွာတင္ထားတဲ့ လူေတြကပဲ ျပန္ဖြင့္တယ္ဆုိရင္ လက္ရွိပိတ္လုိက္တဲ့ စက္႐ုံက အလုပ္သမားေတြကိုပဲ ျပန္ခန္႔ရမယ္ဆုိတဲ့ စာခ်ဳပ္ကုိ က်ေနာ္တုိ႔က ခ်ဳပ္ခုိင္းတယ္။ အဲဒီနည္းနဲ႔ေတာ့ က်ေနာ္တုိ႔ ေျဖရွင္းေနတယ္။”

တ႐ုတ္ႏုိင္ငံမွာေတာ့ ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈကို ထိန္းခ်ဳပ္ႏုိင္ေရး ႀကိဳးစားေနရဆဲ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီကိစၥေၾကာင့္ တ႐ုတ္ရဲ႕ စီးပြားေရးအေပၚမွာ ေရရွည္သက္ေရာက္မႈ မရွိႏုိင္ဘူးလို႔ တ႐ုတ္ဘက္က ေျပာဆိုထားတာပါ။ တ႐ုတ္ ကူးသန္းေရာင္း၀ယ္ေရး ၀န္ႀကီးဌာန ကုန္သြယ္ေရးဌာန ညႊန္ၾကားေရးမွဴး Xian Guoyi က အခုလို ေျပာပါတယ္။

“က်ေနာ္တို႔ႏုိင္ငံရဲ႕ ႏုိင္ငံျခားကုန္သြယ္ေရး၊ ႏိုင္ငံျခား ေငြလံုးေငြရင္း၊ ၀ယ္ယူစားသံုးမႈ အေပၚမွာ ေရတိုသက္ေရာက္မႈနဲ႔ ႀကံဳေတြ႔ေနရပါတယ္။ အေႂကြးမဆပ္ႏုိင္တဲ့ အေျခအေနက တိုးလာေနတာေၾကာင့္ ျပည္တြင္းျပည္ပ ေစ်းကြက္ေတြရွာေရး လုပ္ငန္းႀကီးေတြအတြက္ ပိုၿပီး ခက္ခဲလာပါတယ္။”

ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈ မျဖစ္ခင္ကတည္းက တ႐ုတ္စီးပြားေရးက ေႏွးေကြးေနတာျဖစ္ၿပီး အခုအခ်ိန္မွာေတာ့ ဗိုင္းရပ္စ္ပ်ံ႕ႏွံ႔ကူးစက္မႈကို ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ စီးပြားေရးလုပ္ငန္းေတြ၊ စက္႐ုံေတြ၊ ခရီးသြားေဒသေတြနဲ႔ ခရီးသြားလာေရးလုပ္ငန္းေတြ အမ်ားအျပားကို ပိတ္ထားရပါတယ္။ တ႐ုတ္ႏုိင္ငံကေန လာမယ့္သူေတြကိုေရာ တ႐ုတ္နဲ႔ ေလေၾကာင္းပ်ံသန္းမႈေတြကိုပါ ႏုိင္ငံအမ်ားအျပားက ရပ္ဆိုင္းထားပါတယ္။

-------------------------------

(Unicode)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ကုန်ကြမ်းသုံး မြန်မာလုပ်ငန်းတွေ ရပ်ဆိုင်း

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ကြိုးစား ထိန်းချုပ်နေရချိန် တရုတ်ရဲ့ကုန်ကြမ်းကို မှီခိုရတဲ့ မြန်မာနိုင်ငံတွင်းက စက်ရုံတချို့လည်း လုပ်ငန်းတွေ ပိတ်သိမ်းနေရပါတယ်။ ဒီစက်ရုံတွေ ပြန်ဖွင့်လာရင် အလုပ်အကိုင် ပြန်လည်ရရှိရေးအတွက် စာချုပ်စာတမ်းနဲ့ ဆောင်ရွက်နိုင်ဖို့လည်း အလုပ်သမားအဖွဲ့တွေ ကြိုးစားနေကြပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် နိုင်ငံတွင်း ခရီးသွားလာရေး၊ လုပ်ငန်းတွေ လည်ပတ်မှုကိုပါ ထိန်းချုပ်ထားတာပါ။ တရုတ်ရဲ့ ကုန်ကြမ်းအပေါ်မှာ မှီခိုနေရတဲ့ မြန်မာနိုင်ငံတွင်းက စက်ရုံတွေလည်း လုပ်ငန်းပိတ်သိမ်းရတဲ့ အနေအထား ဖြစ်လာကြောင်း အလုပ်သမားအရေး ဆောင်ရွက်တဲ့ Action Labor Rights က ကိုသူရိန်အောင်က ပြောပါတယ်။

“စက်ရုံပိတ်သိမ်းတာကတော့ အခုလတ်တလောမှာ ဒီစက်ရုံတွေဘက်က အကြောင်းပြတာကတော့ ဝူဟန်ဗိုင်းရပ်စ်ကြောင့်ပေါ့၊ ကုန်ကြမ်းတွေ မရလို့ လုပ်ငန်းတွေ ရပ်တယ်ပေါ့။ ဒီလိုမျိုးပြောကြတယ်။ အစိုးရဘက်ကိုလည်း အဲဒီလိုအကြောင်းကြားပြီး ပိတ်ကြတယ်။”

ကိုသူရိန်အောင်ကို Skype ကနေတဆင့် မေးမြန်းခဲ့တာမှာတော့ ပိတ်သိမ်းတဲ့အထဲမှာ အထည်ချုပ်စက်ရုံတွေတင် မဟုတ်ဘဲ ဖိနပ်စက်ရုံတွေပါ ပါဝင်နေကြောင်း၊ ပိတ်သိမ်းတဲ့ စက်ရုံစာရင်းကိုလည်း ရန်ကုန်တိုင်းအစိုးရက ဒီရက်ပိုင်းတွေအတွင်း ထုတ်ပြန်ဖို့ရှိနေကြောင်း ပြောပါတယ်။ ပိတ်သိမ်းတဲ့ စက်ရုံတွေက လုပ်သားတွေအနေနဲ့ ဘယ်လိုအခြေအနေ ကြုံတွေ့ရမလဲ ဆိုတာကို မေးတဲ့အခါမှာတော့ သူက အခုလိုပြောပါတယ်။

“အစိုးရမှာလည်း အဲဒီအတွက် ဘာအစီအစဉ်မှ ရှိမထားဘူး။ အလုပ်သမားတွေကတော့ အဲလိုမျိုး ဖြစ်လာခဲ့မယ်ဆိုရင်လည်း သူတို့က နည်းလမ်းနှစ်ခုပဲရှိမယ်။ နောက်ထပ် စက်ရုံတွေကို ထပ်လျှောက်ပေါ့။ လျှောက်လို့မရဘူးဆိုလည်း ရွာခနပြန်ကြပေါ့။”

ကုန်ကြမ်းပြတ်လပ်မှုကြောင့် စက်ရုံပိတ်သိမ်းမယ့်အရေးကို လုပ်သားတွေက မကန့်ကွက်ပေမယ့် စက်ရုံ ပြန်လည် လည်ပတ်တဲ့အခါမှာ သူတို့ အလုပ်ပြန်ရရေး စီစဉ်နေကြကြောင်း Action Labor Rights က ကိုသူရိန်အောင်က ပြောပါတယ်။

“စက်ရုံ ပိတ်သွားခဲ့သည့်တိုင်အောင် အကယ်၍ ဒီနေရာမှာ ဒီလူပဲ။ စက်ရုံနာမည်တော့ တူချင်မှ တူမှာပေါ့နော်။ ဒီလိပ်စာနဲ့ အခုပိတ်သွားတဲ့ စက်ရုံရဲ့ ရင်းနှီးမြှုပ်နှံမှု MIC မှာတင်ထားတဲ့ လူတွေကပဲ ပြန်ဖွင့်တယ်ဆိုရင် လက်ရှိပိတ်လိုက်တဲ့ စက်ရုံက အလုပ်သမားတွေကိုပဲ ပြန်ခန့်ရမယ်ဆိုတဲ့ စာချုပ်ကို ကျနော်တို့က ချုပ်ခိုင်းတယ်။ အဲဒီနည်းနဲ့တော့ ကျနော်တို့ ဖြေရှင်းနေတယ်။”

တရုတ်နိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေး ကြိုးစားနေရဆဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီကိစ္စကြောင့် တရုတ်ရဲ့ စီးပွားရေးအပေါ်မှာ ရေရှည်သက်ရောက်မှု မရှိနိုင်ဘူးလို့ တရုတ်ဘက်က ပြောဆိုထားတာပါ။ တရုတ် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ကုန်သွယ်ရေးဌာန ညွှန်ကြားရေးမှူး Xian Guoyi က အခုလို ပြောပါတယ်။

“ကျနော်တို့နိုင်ငံရဲ့ နိုင်ငံခြားကုန်သွယ်ရေး၊ နိုင်ငံခြား ငွေလုံးငွေရင်း၊ ဝယ်ယူစားသုံးမှု အပေါ်မှာ ရေတိုသက်ရောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။ အကြွေးမဆပ်နိုင်တဲ့ အခြေအနေက တိုးလာနေတာကြောင့် ပြည်တွင်းပြည်ပ ဈေးကွက်တွေရှာရေး လုပ်ငန်းကြီးတွေအတွက် ပိုပြီး ခက်ခဲလာပါတယ်။”

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု မဖြစ်ခင်ကတည်းက တရုတ်စီးပွားရေးက နှေးကွေးနေတာဖြစ်ပြီး အခုအချိန်မှာတော့ ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် စီးပွားရေးလုပ်ငန်းတွေ၊ စက်ရုံတွေ၊ ခရီးသွားဒေသတွေနဲ့ ခရီးသွားလာရေးလုပ်ငန်းတွေ အများအပြားကို ပိတ်ထားရပါတယ်။ တရုတ်နိုင်ငံကနေ လာမယ့်သူတွေကိုရော တရုတ်နဲ့ လေကြောင်းပျံသန်းမှုတွေကိုပါ နိုင်ငံအများအပြားက ရပ်ဆိုင်းထားပါတယ်။

မသိဂႌထုိက္/VOA (Burmese)
https://burmese.voanews.com
ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ တ႐ုတ္ကုန္ၾကမ္းသုံး ျမန္မာလုပ္ငန္းေတြ ရပ္ဆုိင္း ကုိ႐ုိနာဗုိင္းရပ္စ္ေၾကာင့္ တ႐ုတ္ကုန္ၾကမ္းသုံး ျမန္မာလုပ္ငန္းေတြ ရပ္ဆုိင္း Reviewed by THITHTOOLWIN on 01:54 Rating: 5
Powered by Blogger.