အေမရိကန္ပညာရွင္မ်ားက ႏိုဗယ္လ္ကို႐ိုနာဗိုင္းရပ္စ္၏ မူလအစႏွင့္ပတ္သက္၍ အပုတ္ခ်ယူဆခ်က္အေပၚ ျငင္းဆို

ို႐ိုနာအဆုတ္ေရာင္ေရာဂါ ေပ်ာက္ကင္း၍ ဝူဟန႔္ေဆး႐ုံမွ ဆင္းခြင့္ရေတာ့မည့္ လူနာမစၥယန္းအား ေဆး႐ုံဝန္ထမ္းမ်ားက ေမြးေန႔လက္ေဆာင္ေပးအပ္ေနစဥ္(ဆင္ဟြာ)

(Zawgyi)⤵⤵⤵
    ဆန္ဖရန္စစၥကို ၊ ေဖေဖာ္ဝါရီ ၂၃ ရက္(ဆင္ဟြာ)

    ႏိုဗယ္လ္ကို႐ိုနာဗိုင္းရပ္စ္သည္ “ တိရစာၦန္မွတစ္ဆင့္ လူသားဆီသို႔ သဘာဝအတိုင္းကူးစက္ျဖစ္ေပၚလာျခင္း” ျဖစ္ေၾကာင္းႏွင့္ “ အခ်ိဳ႕ေသာ ဇီဝလက္နက္သုေသတနျပဳလုပ္မႈမွတစ္ဆင့္ ျဖစ္ေပၚလာျခင္း” ဆိုသည့္ ေျပာဆိုမႈမ်ိဳးကဲ့သို႔ မဟုတ္ေၾကာင္း အေမရိကန္ႏိုင္ငံ ကူးစက္ေရာဂါေဗဒဆိုင္ရာ ဦးေဆာင္ပညာရွင္တစ္ဦးက ထုတ္ေဖာ္ေျပာၾကားလိုက္ၿပီး ယင္းမွာ ဗိုင္းရပ္စ္ စတင္ျဖစ္ေပၚလာပုံမူလအစႏွင့္ပတ္သက္၍ အပုတ္ခ်ေျပာဆိုမႈယူဆခ်က္အေပၚ လုံးဝ ပယ္ခ်ႏိုင္ခဲ့သလို တ႐ုတ္ႏိုင္ငံ က်န္းမာေရးကြၽမ္းက်င္ပညာရွင္မ်ားအတြက္လည္း အေထာက္အကူျဖစ္ေစခဲ့ေၾကာင္း သိရသည္။

“ လက္ေတြ႕မက်တဲ့ သီအိုရီအယူအဆကို ကြၽန္ေတာ္ပယ္ခ်ပါတယ္။ တိရစာၦန္ကေန လူေတြဆီကို ကူးစက္ၿပီး ျဖစ္ေပၚလာတာနဲ႔ ပိုတူတယ္။ ဆားစ္(SARS) ေရာဂါ နဲ႔ မားစ္(MERS) ေရာဂါ ပုံစံမ်ိဳးပါပဲ” ဟု ကယ္လီဖိုးနီးယား Berkeley တကၠသိုလ္ ကူးစက္ေရာဂါေဗဒဆိုင္ရာ ပညာရွင္တစ္ဦးျဖစ္သူ Arthur Reingold က မၾကာေသးခင္က ျပဳလုပ္ေသာေတြ႕ဆုံေမးျမန္းခန္းတစ္ခုတြင္ ေျဖၾကားခဲ့သည္။

ႏိုဗယ္လ္ကို႐ိုနာဗိုင္းရပ္စ္ စတင္ျဖစ္ပြားကတည္းက တစ္ခ်ိဳ႕ေသာ အေမရိကန္ႏိုင္ငံေရးသမားမ်ားသည္ ယင္းဗိုင္းရပ္စ္ပိုးႏွင့္ပတ္သက္၍ ေကာလာဟလျဖန႔္ေဝမႈမ်ား ျပဳလုပ္ခဲ့သည္။ ဆီးနိတ္လႊတ္ေတာ္အမတ္ Tom Cotton က ကို႐ိုနာဗိုင္းရပ္စ္သည္ တ႐ုတ္ႏိုင္ငံအတြင္းရွိ ဇီဝဓာတ္ခြဲခန္းတစ္ခုမွ စတင္ျဖစ္ေပၚလာျခင္းျဖစ္ေၾကာင္း မၾကာေသးမီက ေျပာဆိုခဲ့သည္။

 “ အခ်ိဳ႕ေသာဇီဝလက္နက္ သုေတသနျပဳလုပ္မႈကတစ္ဆင့္ ျဖစ္လာတယ္ဆိုတာကို ကြၽန္ေတာ္လုံးဝ မယုံပါဘူး။ ကြၽန္ေတာ္ထင္တာကေတာ့ တိရစာၦန္ေတြဆီကေန လူေတြဆီ သဘာဝအတိုင္း ကူးစက္ပ်ံ႕ႏွံ႔ၿပီး ျဖစ္လာတာပါ”ဟု UC Berleley တကၠသိုလ္မွ ကူးစက္ေရာဂါေဗဒႏွင့္ ဇီဝစာရင္းအင္းေဗဒဌာန အႀကီးအကဲတစ္ဦးလည္းျဖစ္သူ Reingold က ဆိုသည္။အလားတူမွတ္ခ်က္စကားတစ္ခုကို ဝါရွင္တန္အေျခစိုက္ အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ ကူးစက္ေရာဂါပိုးမႊားမ်ားဆိုင္ရာအမ်ိဳးသားေဖာင္ေဒးရွင္းမွ ဆရာဝန္တစ္ဦးျဖစ္သူ William Schaffner က ေျပာၾကားခဲ့သည္။

“ ကြၽန္ေတာ္သိရသေလာက္ အဲဒီေမးခြန္းနဲ႔ပတ္သက္ၿပီး ေလးစားဖြယ္ေကာင္းတဲ့ ဘယ္ပညာရွင္မွ မွတ္ခ်က္ျပဳေျပာခဲ့တာမ်ိဳးမရွိဘူး။ အခုဒီမွာရွိတဲ့ သိပၸံဆိုင္ရာအခ်က္အလက္အရဆိုရင္ ဒီေရာဂါဟာ SARS ဒါမွမဟုတ္ MERS ေရာဂါလိုမ်ိဳးပဲ သဘာဝအဆုတ္ေရာင္ေရာဂါတစ္ခုပါ ” ဟု ဖုန္းအင္တာဗ်ဴးတစ္ခုတြင္ ေျဖၾကားခဲ့သည္။

အပုတ္ခ်ယူဆခ်က္အေပၚ ႏိုင္ငံတကာသိပၸံရွင္မ်ားက ဆန႔္က်င္တုံ႔ျပန္မႈမ်ားလည္း ျပဳလုပ္ခဲ့ေၾကာင္း သိရသည္။ေဆးပညာဆိုင္ရာဂ်ာနယ္တစ္ေစာင္ျဖစ္သည့္ The Lancet ဂ်ာနယ္က COVID-19 ဆန႔္က်င္တိုက္ဖ်က္မႈအား လြယ္လြယ္ကူကူမျပဳလုပ္ႏိုင္ေအာင္ တစ္စုံတစ္ဦးက ဟန႔္တာေႏွာင့္ယွက္မႈကဲ့သို႔ လုပ္ေဆာင္ေနေၾကာင္း ေဝဖန္ေရးသားခဲ့သည္။“ေကာလာဟလ သြားပုတ္ေလလြင့္ေျပာဆိုမႈေတြဟာ လူမႈကြန္ရက္မီဒီယာနဲ႔ သမာ႐ိုးနည္းလမ္းေတြကတစ္ဆင့္ ဆင့္ကဲဆင့္ကဲ့ ဆက္တိုက္ ေပၚထြက္ေနျခင္းဟာ ျပည္သူလူထုက်န္းမာေရးအတြက္ အက်ိဳးယုတ္ေစပါတယ္” ဟု ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔ထုတ္ Lancet ဂ်ာနယ္၏  အယ္ဒီတာ့အာေဘာ္တြင္ ေရးသား ေဖာ္ျပထားသည္။

(Xinhua)
http://www.xinhuamyanmar.com
--------------
(Unicode)⤵⤵⤵
အမေရိကန်ပညာရှင်များက နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်၏ မူလအစနှင့်ပတ်သက်၍ အပုတ်ချယူဆချက်အပေါ် ငြင်းဆို


ိုရိုနာအဆုတ်ရောင်ရောဂါ ပျောက်ကင်း၍ ဝူဟန့်ဆေးရုံမှ ဆင်းခွင့်ရတော့မည့် လူနာမစ္စယန်းအား ဆေးရုံဝန်ထမ်းများက မွေးနေ့လက်ဆောင်ပေးအပ်နေစဉ်(ဆင်ဟွာ)

    ဆန်ဖရန်စစ္စကို ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

    နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်သည် “ တိရစ္ဆာန်မှတစ်ဆင့် လူသားဆီသို့ သဘာဝအတိုင်းကူးစက်ဖြစ်ပေါ်လာခြင်း” ဖြစ်ကြောင်းနှင့် “ အချို့သော ဇီဝလက်နက်သုသေတနပြုလုပ်မှုမှတစ်ဆင့် ဖြစ်ပေါ်လာခြင်း” ဆိုသည့် ပြောဆိုမှုမျိုးကဲ့သို့ မဟုတ်ကြောင်း အမေရိကန်နိုင်ငံ ကူးစက်ရောဂါဗေဒဆိုင်ရာ ဦးဆောင်ပညာရှင်တစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ပြီး ယင်းမှာ ဗိုင်းရပ်စ် စတင်ဖြစ်ပေါ်လာပုံမူလအစနှင့်ပတ်သက်၍ အပုတ်ချပြောဆိုမှုယူဆချက်အပေါ် လုံးဝ ပယ်ချနိုင်ခဲ့သလို တရုတ်နိုင်ငံ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များအတွက်လည်း အထောက်အကူဖြစ်စေခဲ့ကြောင်း သိရသည်။

“ လက်တွေ့မကျတဲ့ သီအိုရီအယူအဆကို ကျွန်တော်ပယ်ချပါတယ်။ တိရစ္ဆာန်ကနေ လူတွေဆီကို ကူးစက်ပြီး ဖြစ်ပေါ်လာတာနဲ့ ပိုတူတယ်။ ဆားစ်(SARS) ရောဂါ နဲ့ မားစ်(MERS) ရောဂါ ပုံစံမျိုးပါပဲ” ဟု ကယ်လီဖိုးနီးယား Berkeley တက္ကသိုလ် ကူးစက်ရောဂါဗေဒဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ Arthur Reingold က မကြာသေးခင်က ပြုလုပ်သောတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖြေကြားခဲ့သည်။

နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားကတည်းက တစ်ချို့သော အမေရိကန်နိုင်ငံရေးသမားများသည် ယင်းဗိုင်းရပ်စ်ပိုးနှင့်ပတ်သက်၍ ကောလာဟလဖြန့်ဝေမှုများ ပြုလုပ်ခဲ့သည်။ ဆီးနိတ်လွှတ်တော်အမတ် Tom Cotton က ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံအတွင်းရှိ ဇီဝဓာတ်ခွဲခန်းတစ်ခုမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း မကြာသေးမီက ပြောဆိုခဲ့သည်။

 “ အချို့သောဇီဝလက်နက် သုတေသနပြုလုပ်မှုကတစ်ဆင့် ဖြစ်လာတယ်ဆိုတာကို ကျွန်တော်လုံးဝ မယုံပါဘူး။ ကျွန်တော်ထင်တာကတော့ တိရစ္ဆာန်တွေဆီကနေ လူတွေဆီ သဘာဝအတိုင်း ကူးစက်ပျံ့နှံ့ပြီး ဖြစ်လာတာပါ”ဟု UC Berleley တက္ကသိုလ်မှ ကူးစက်ရောဂါဗေဒနှင့် ဇီဝစာရင်းအင်းဗေဒဌာန အကြီးအကဲတစ်ဦးလည်းဖြစ်သူ Reingold က ဆိုသည်။အလားတူမှတ်ချက်စကားတစ်ခုကို ဝါရှင်တန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကူးစက်ရောဂါပိုးမွှားများဆိုင်ရာအမျိုးသားဖောင်ဒေးရှင်းမှ ဆရာဝန်တစ်ဦးဖြစ်သူ William Schaffner က ပြောကြားခဲ့သည်။

“ ကျွန်တော်သိရသလောက် အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး လေးစားဖွယ်ကောင်းတဲ့ ဘယ်ပညာရှင်မှ မှတ်ချက်ပြုပြောခဲ့တာမျိုးမရှိဘူး။ အခုဒီမှာရှိတဲ့ သိပ္ပံဆိုင်ရာအချက်အလက်အရဆိုရင် ဒီရောဂါဟာ SARS ဒါမှမဟုတ် MERS ရောဂါလိုမျိုးပဲ သဘာဝအဆုတ်ရောင်ရောဂါတစ်ခုပါ ” ဟု ဖုန်းအင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

အပုတ်ချယူဆချက်အပေါ် နိုင်ငံတကာသိပ္ပံရှင်များက ဆန့်ကျင်တုံ့ပြန်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ဆေးပညာဆိုင်ရာဂျာနယ်တစ်စောင်ဖြစ်သည့် The Lancet ဂျာနယ်က COVID-19 ဆန့်ကျင်တိုက်ဖျက်မှုအား လွယ်လွယ်ကူကူမပြုလုပ်နိုင်အောင် တစ်စုံတစ်ဦးက ဟန့်တာနှောင့်ယှက်မှုကဲ့သို့ လုပ်ဆောင်နေကြောင်း ဝေဖန်ရေးသားခဲ့သည်။“ကောလာဟလ သွားပုတ်လေလွင့်ပြောဆိုမှုတွေဟာ လူမှုကွန်ရက်မီဒီယာနဲ့ သမာရိုးနည်းလမ်းတွေကတစ်ဆင့် ဆင့်ကဲဆင့်ကဲ့ ဆက်တိုက် ပေါ်ထွက်နေခြင်းဟာ ပြည်သူလူထုကျန်းမာရေးအတွက် အကျိုးယုတ်စေပါတယ်” ဟု ဖေဖော်ဝါရီ ၂၂ ရက်နေ့ထုတ် Lancet ဂျာနယ်၏  အယ်ဒီတာ့အာဘော်တွင် ရေးသား ဖော်ပြထားသည်။

(Xinhua)
http://www.xinhuamyanmar.com
အေမရိကန္ပညာရွင္မ်ားက ႏိုဗယ္လ္ကို႐ိုနာဗိုင္းရပ္စ္၏ မူလအစႏွင့္ပတ္သက္၍ အပုတ္ခ်ယူဆခ်က္အေပၚ ျငင္းဆို အေမရိကန္ပညာရွင္မ်ားက ႏိုဗယ္လ္ကို႐ိုနာဗိုင္းရပ္စ္၏ မူလအစႏွင့္ပတ္သက္၍ အပုတ္ခ်ယူဆခ်က္အေပၚ ျငင္းဆို Reviewed by THITHTOOLWIN on 01:45 Rating: 5
Powered by Blogger.