ေရာဂါကင္းရွင္းခ်က္ရၿပီးသား ဂ်ပန္အမ်ိဳးသမီးတဦး ေရာဂါပိုးေတြ႔


(Zawgyi / Unicode)

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ဂ်ပန္ကမ္းေျခမွာ သီးျခား ေစာင့္ၾကည့္ခံေနရတဲ့ Diamond Princess အေပ်ာ္စီးသေဘၤာႀကီးေပၚကေန ေရာဂါပိုး မေတြ႔ရတာေၾကာင့္ ကမ္းဆင္းခြင့္ေပးလိုက္တဲ့ အမ်ိဳးသမီးဆီမွာ ေနာက္ပိုင္းက်ေတာ့ ေရာဂါပိုးရွိေနတယ္ဆိုတာ ေတြ႔ရတဲ့အေၾကာင္း ဂ်ပန္ႏိုင္ငံက အတည္ျပဳပါတယ္။

ဒါေၾကာင့္ ေရာဂါမျဖစ္ေအာင္ သီးျခားခဲြထုတ္ထားတဲ့ လုပ္ငန္းစဥ္ေတြရဲ႕ ထိေရာက္မႈနဲ႔ ပတ္သက္လို႔ အေတာ္ေလး သံသယျဖစ္လာၾကပါတယ္။

ခရီးသည္ ၂၃ ဦးကို ေသေသခ်ာခ်ာ စစ္ေဆးမႈမလုပ္ဘဲ ကမ္းဆင္းခြင့္ေပးခဲ့တဲ့အတြက္ ဂ်ပန္က်န္းမာေရး၀န္ႀကီး Katsunobu က ေတာင္းပန္ပါတယ္။

သေဘၤာေပၚကေန ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔တုန္းက ကမ္းဆင္းခြင့္ေပးခဲ့တဲ့ အသက္ ၆၀ အရြယ္ အမ်ိဳးသမီးႀကီးဟာ သူ႔ေနအိမ္ကို ရထားနဲ႔ ျပန္လာခဲ့ၿပီးတဲ့ေနာက္ ေသာၾကာေန႔တုန္းက ကိုယ္အပူခ်ိန္တက္ၿပီး စေနေန႔က်ေတာ့ သူ႔မွာ ကို႐ိုနာေရာဂါပိုး ရွိေနတာကို စမ္းသပ္ေတြ႔ရတယ္လို႔ ေဒသတာ၀န္ရွိသူတဦးက AFP သတင္းဌာနကို ေျပာပါတယ္။

ဒါဟာဆိုရင္ Diamond Princess သေဘၤာေပၚကေန ကမ္းဆင္းခြင့္ ရခဲ့ၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ ရွိေနတယ္ဆိုတာ ေတြ႔ရတဲ့ ပထမဆံုးခရီးသည္ ျဖစ္ပါတယ္။

ဒါေၾကာင့္ ဒီသေဘၤာကို သီးျခားခဲြထားတာ ထိေရာက္မႈရွိရဲ႕လား ဆိုတာကို ေရာဂါေဗဒ ကြ်မ္းက်င္သူေတြနဲ႔ ေဒသတာ၀န္ရွိသူေတြ ေမးခြန္းထုတ္ေနၾကပါတယ္။

Kobe တကၠသိုလ္ ပါေမာကၡတဦးကေတာ့ သေဘၤာေပၚကလူေတြကို သီးျခားခဲြထုတ္ထားတာ အေျခအေန တိုးတက္မႈ ရွိလာေပမယ့္လို႔ သေဘၤာေပၚက ဆင္းခြင့္ေပးလိုက္တဲ့ သူေတြကိုလည္း အျခားသူေတြနဲ႔ မထိမေတြ႔ေအာင္ ေနာက္ထပ္ အနည္းဆံုး ၁၄ ရက္ ခဲြထုတ္ထားသင့္တယ္လို႔ အႀကံျပဳပါတယ္။

သေဘၤာကို ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ကစလို႔ ကမ္းကပ္ခြင့္မေပးဘဲ သီးျခားေစာင့္ၾကည့္ခဲ့ၿပီး အဲဒီသေဘၤာေပၚပါတဲ့ ခရီးသည္ေတြထဲက ေရာဂါပိုးမေတြ႔တဲ့ ခရီးသည္ ၉၇၀ ထက္မနည္းကို ဗုဒၶဟူးေန႔က ကမ္းဆင္းခြင့္ေပးခဲ့တာ ျဖစ္ပါတယ္။

---------------------------

(Unicode)

ရောဂါကင်းရှင်းချက်ရပြီးသား ဂျပန်အမျိုးသမီးတဦး ရောဂါပိုးတွေ့

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်ကမ်းခြေမှာ သီးခြား စောင့်ကြည့်ခံနေရတဲ့ Diamond Princess အပျော်စီးသင်္ဘောကြီးပေါ်ကနေ ရောဂါပိုး မတွေ့ရတာကြောင့် ကမ်းဆင်းခွင့်ပေးလိုက်တဲ့ အမျိုးသမီးဆီမှာ နောက်ပိုင်းကျတော့ ရောဂါပိုးရှိနေတယ်ဆိုတာ တွေ့ရတဲ့အကြောင်း ဂျပန်နိုင်ငံက အတည်ပြုပါတယ်။

ဒါကြောင့် ရောဂါမဖြစ်အောင် သီးခြားခွဲထုတ်ထားတဲ့ လုပ်ငန်းစဉ်တွေရဲ့ ထိရောက်မှုနဲ့ ပတ်သက်လို့ အတော်လေး သံသယဖြစ်လာကြပါတယ်။

ခရီးသည် ၂၃ ဦးကို သေသေချာချာ စစ်ဆေးမှုမလုပ်ဘဲ ကမ်းဆင်းခွင့်ပေးခဲ့တဲ့အတွက် ဂျပန်ကျန်းမာရေးဝန်ကြီး Katsunobu က တောင်းပန်ပါတယ်။

သင်္ဘောပေါ်ကနေ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ကမ်းဆင်းခွင့်ပေးခဲ့တဲ့ အသက် ၆၀ အရွယ် အမျိုးသမီးကြီးဟာ သူ့နေအိမ်ကို ရထားနဲ့ ပြန်လာခဲ့ပြီးတဲ့နောက် သောကြာနေ့တုန်းက ကိုယ်အပူချိန်တက်ပြီး စနေနေ့ကျတော့ သူ့မှာ ကိုရိုနာရောဂါပိုး ရှိနေတာကို စမ်းသပ်တွေ့ရတယ်လို့ ဒေသတာဝန်ရှိသူတဦးက AFP သတင်းဌာနကို ပြောပါတယ်။

ဒါဟာဆိုရင် Diamond Princess သင်္ဘောပေါ်ကနေ ကမ်းဆင်းခွင့် ရခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ရှိနေတယ်ဆိုတာ တွေ့ရတဲ့ ပထမဆုံးခရီးသည် ဖြစ်ပါတယ်။

ဒါကြောင့် ဒီသင်္ဘောကို သီးခြားခွဲထားတာ ထိရောက်မှုရှိရဲ့လား ဆိုတာကို ရောဂါဗေဒ ကျွမ်းကျင်သူတွေနဲ့ ဒေသတာဝန်ရှိသူတွေ မေးခွန်းထုတ်နေကြပါတယ်။

Kobe တက္ကသိုလ် ပါမောက္ခတဦးကတော့ သင်္ဘောပေါ်ကလူတွေကို သီးခြားခွဲထုတ်ထားတာ အခြေအနေ တိုးတက်မှု ရှိလာပေမယ့်လို့ သင်္ဘောပေါ်က ဆင်းခွင့်ပေးလိုက်တဲ့ သူတွေကိုလည်း အခြားသူတွေနဲ့ မထိမတွေ့အောင် နောက်ထပ် အနည်းဆုံး ၁၄ ရက် ခွဲထုတ်ထားသင့်တယ်လို့ အကြံပြုပါတယ်။

သင်္ဘောကို ဖေဖော်ဝါရီလ ၅ ရက်နေ့ကစလို့ ကမ်းကပ်ခွင့်မပေးဘဲ သီးခြားစောင့်ကြည့်ခဲ့ပြီး အဲဒီသင်္ဘောပေါ်ပါတဲ့ ခရီးသည်တွေထဲက ရောဂါပိုးမတွေ့တဲ့ ခရီးသည် ၉၇၀ ထက်မနည်းကို ဗုဒ္ဓဟူးနေ့က ကမ်းဆင်းခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

VOA (Burmese)
https://burmese.voanews.com
ေရာဂါကင္းရွင္းခ်က္ရၿပီးသား ဂ်ပန္အမ်ိဳးသမီးတဦး ေရာဂါပိုးေတြ႔ ေရာဂါကင္းရွင္းခ်က္ရၿပီးသား ဂ်ပန္အမ်ိဳးသမီးတဦး ေရာဂါပိုးေတြ႔ Reviewed by THITHTOOLWIN on 01:56 Rating: 5
Powered by Blogger.