ေတာင္ကိုရီးယားမွာ ကို႐ိုနာဗိုင္းရပ္ အျမင့္ဆုံး သတိရမယ့္ အေျခအေန ထုတ္ျပန္

 ေတာင္ကိုရီးယားမွာ ကို႐ိုနာ ဗိုင္းရပ္ ကူးစက္ခံရသူ ၆ဝဝ ေက်ာ္သြားၿပီ
(Zawgyi)⤵⤵⤵
ေတာင္ကိုရီးယား ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္ ျပန္႔ပြားမႈ တရွိန္ထိုး တက္လာလို႔ အျမင့္ဆုံး စိုးရိမ္ရတဲ့ အေျခအေန အျဖစ္ အစိုးရက ေၾကညာထားပါတယ္။

ေတာင္ကိုရီးယားမွာ ကိုဗစ္ ၁၉ ကို႐ိုနာ ဗိုင္းရပ္ကူးသူ ၆ဝဝ ေက်ာ္နဲ႔ ေသဆုံးသူ ငါးဦးရွိ လာတဲ့အတြက္ သမၼတမြန္ေဂ်အင္းက ျပည္တြင္းမွာ အျမင့္ဆုံး သတိထားရမယ့္ အဆင့္ တိုးျမႇင့္လိုက္ပါတယ္။

ကူးစက္ေရာဂါ ကြၽမ္းက်င္သူေတြရဲ႕ အႀကံေပးခ်က္အရ သတိထားရမယ့္ အဆင့္ကို အျမင့္ဆုံးတင္လိုက္ၿပီး ရွင္ခြၽန္ဂ်ီ ခရစ္ယာန္ ဘာသာေရး အသိုင္းအဝိုင္း အတြင္း လူအမ်ားစုေဝးၾကရင္း စျဖစ္တာမို႔ လူအမ်ားစုေဝးရတဲ့ အခမ္းအနားေတြကို ေရွာင္ၾကဖို႔ လိုပါတယ္ လို႔ ေတာင္ကိုရီးယားသမၼတက ေျပာပါတယ္။

အခုလို ေတာင္ကိုရီးယားႏိုင္ငံအတြင္း ကူးစက္ခံရသူ အားလုံးရဲ႕ တဝက္ေက်ာ္ေက်ာ္ဟာ အဲဒီ ခရစ္ယာန္အသိုင္းအဝိုင္းကတဆင့္ ကူးစက္ခံရတာလို႔ ဆိုပါတယ္။

မူႀကိဳေက်ာင္းေတြ အပါအဝင္ ေက်ာင္းေတြ မဖြင့္ေသးဘဲ ေနာက္တပတ္ ဆက္ပိတ္ထားဖို႔လည္း အာဏာပိုင္ေတြက ၫႊန္ၾကားထားပါတယ္။

 ေရာဂါ ကူးစက္ခံရသူ အမ်ိဳးသမီးႀကီး သြားခဲ့တဲ့ ေနရာေတြကို ပိုးသတ္ေဆးျဖန္း ၊ သူသြားၾကည့္ခဲ့တဲ့ ႐ုပ္ရွင္႐ုံလည္း ပိတ္လိုက္ၿပီ

ျမန္မာေတြ အမ်ားဆုံးေနထိုင္ စုေဝးရာ ဆိုးလ္ၿမိဳ႕ ဘူေဖ်ာင္းအရပ္မွာလည္း ကိုဗစ္ႏိုင္တီး ဗိုင္းရပ္ကူးစက္သူ တဦး စတင္ေတြ႕ရွိရတယ္လို႔ ယြန္းေဆာင္းတကၠသိုလ္မွာ ဟိုတယ္နဲ႔ခရီးသြား စီမံခန႔္ခြဲမႈ ဘာသာရပ္နဲ႔ တက္ေရာက္ေနတဲ့ ျမန္မာ ေက်ာင္းသူ မအိမ္သူစုစံ က ေျပာပါတယ္။

ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔ အထိ ကူးစက္မႈႏႈန္း ခုေလာက္ မျမန္ေသးဘဲ ကိုရီးယားေရာက္ ျမန္မာ အမ်ားစု ေနထိုင္ရာ ရပ္ကြက္ျဖစ္တဲ့ ဘူေဖ်ာင္း အရပ္မွာေတာ့ စိုးရိမ္မႈ ျမင့္တက္လ်က္ ရွိပါတယ္။

အဲဒီ အရပ္မွာ ျမန္မာ စားေသာက္ဆိုင္ အမ်ားဆုံးရွိၿပီး အခုလို ႐ုံးပိတ္ရက္ေတြမွာ ျမန္မာေတြ ဆုံေလ့ရွိၾကပါတယ္။

ေဖေဖာ္ဝါရီ ၂၂ ရက္ ေန႔လယ္မွာေတာ့ ျမန္မာလူမ်ိဳးေတြ အမ်ားစု သြားလာရာ ဘူေဖ်ာင္းအရပ္က အသက္ ၅၉ႏွစ္ အ႐ြယ္ အမ်ိဳးသမီးႀကီး တေယာက္ဆီမွာ ကို႐ိုနာ ဗိုင္းရပ္ ကူးခံထားရတယ္လို႔ အစိုးရက အတည္ျပဳခဲ့ေၾကာင္း ကိုရီးယားေရာက္ ျမန္မာ ေက်ာင္းသူ မအိမ္သူစုစံ က ေျပာပါတယ္။

သူဟာ ေဒဂ်ဴးက ကူးစက္ လာတာ ျဖစ္တဲ့ အတြက္ ေဒဂ်ဴး သြားသူေတြ ရွိခဲ့ရင္ ဒါမွမဟုတ္ ေဖေဖာ္ဝါရီ ၁၈ ကေန ၂၂ ရက္အတြင္း အဲဒီ အမ်ိဳးသမီး သြားလာခဲ့ရာ ဘူေဖ်ာင္းေစ်း ၊ ဘူေဖ်ာင္း ဘူတာ တဝိုက္ကို သြားထားသူေတြ ရွိရင္ ကိုယ္ပူခ်ိန္ တက္တာဘဲ ျဖစ္ျဖစ္ ကိုယ္လက္ ကိုက္ခဲတာ ျဖစ္ျဖစ္ ရွိလာခဲ့ရင္ အခမဲ့ စစ္ေဆးေပးမယ့္ အေၾကာင္း အစိုးရက သက္ဆိုင္ရာ မိုဘိုင္းလ္ ဖုန္းေတြကို emergency alarm အေနနဲ႔ နာရီတိုင္း ပို႔ေပးေနတယ္လို႔ သူက အေျခအေန ကို ရွင္းျပပါတယ္။
 ေတာင္ကိုရီးယား အစိုးရက ေက်ာသားရင္သား မခြဲျခားဘဲ ေစာင့္ေရွာက္ေပးေနတယ္လို႔ ျမန္မာေက်ာင္းသူေျပာ

ေတာင္ကိုရီးယား အစိုးရဟာ သူတို႔ ႏိုင္ငံသား ၊ ႏိုင္ငံျခားသား ရယ္လို႔ ခြဲျခားျခင္း မရွိဘဲ ဂ႐ုတစိုက္ ေဆာင္႐ြက္ေပးေနရာမွာ ေက်ာသား ရင္သား မခြဲျခားဘဲ တရားမဝင္ ေနထိုင္သူေတြကိုေတာင္ ဘယ္သူမွ မဖမ္းဘဲ အခမဲ့ စစ္ေဆးေပးလ်က္ ရွိတယ္လို႔ ကိုရီးယားမွာ ပညာသင္ၾကားေနတဲ့ မအိမ္သူစုစံက ဆိုပါတယ္။

အခ်ိန္နဲ႔အမွ် မိုဘိုင္း ဖုန္းေတြကေန တဆင့္ အေရးေပၚ သတိေပးခ်က္ေတြလည္း ပို႔လႊတ္ေပးေနၿပီး ရထား ဘူတာေတြနဲ႔ လူအ၀င္အထြက္ မ်ားတဲ့ ေနရာတိုင္းမွာ ကိုယ္အပူခ်ိန္ တိုင္းေပးတာ အေဝးေျပး ကားဂိတ္လို ေနရာမ်ိဳးေတြမွာပါ မ်က္ႏွာဖုံးေတြေဝ ကိုယ္ပူခ်ိန္ တိုင္းတာေတြ အခမဲ့ လုပ္ေဆာင္ ေပးလ်က္ ရွိတယ္လို႔ သူက ေျပာပါတယ္။

သူ႔အေနနဲ႔လည္း ကိုယ္တိုင္ ကူးစက္ခံမွာထက္ တကယ္လို႔ ကိုယ့္ဆီ ကူးစက္လာခဲ့ရင္ အဲဒီကတဆင့္ ျမန္မာ အသိုင္းအဝိုင္းထဲ ကူးစက္ခံရမွာ စိုးတဲ့ အတြက္ မ်က္ႏွာဖုံးတပ္ ၊ လက္ေဆးတာ ၊ လက္သန္႔စင္ေဆး ေဆာင္တာေတြ လုပ္ေဆာင္လ်က္ ရွိတယ္လို႔ သူက ဆိုပါတယ္။

လက္ရွိမွာေတာ့ သူ႔အေနနဲ႔ စိုးရိမ္စိတ္ မရွိဘဲ ျဖစ္လာခဲ့ရင္ေတာင္ ကိုရီးယား အစိုးရက ေထာက္ပံ့ ကူညီေပးလိမ့္မယ္ ဆိုတာ သိေနတဲ့အတြက္ စိတ္ထဲမွာေတာ့ ၅၀ - ၅၀ ပဲလို႔ သူက ေျပာပါတယ္။

ျမန္မာ သံ႐ုံး အေနနဲ႔လည္း ေန႔စဥ္နဲ႔ အမွ် သတိေပး ေၾကညာခ်က္ေတြ ထုတ္ျပန္လ်က္ ရွိၿပီး ျမန္မာႏိုင္ငံသူ ႏိုင္ငံသားေတြကို ေဆးခန္း လိုက္ျပေပးတာေတြ လုပ္ေဆာင္ ေပးလ်က္ ရွိတယ္လို႔ သူက ရွင္းျပပါတယ္။

ဒါ့အျပင္ တျခား ႏိုင္ငံသားေတြနဲ႔ အတူေနထိုင္ရလို႔ စိုးရိမ္ေနတဲ့ ျမန္မာ ေ႐ႊ႕ေျပာင္း လုပ္သားေတြကိုလည္း အလုပ္သမား သံအရာရွိက ႏွစ္သိမ့္ ေပးေနတဲ့ အျပင္ ေဆးစစ္မႈေတြကို အတူတကြ လိုက္ပါ စစ္ေဆးေပးတယ္လို႔ သူက ေျပာပါတယ္။

ကိုရီးယားေရာက္ ျမန္မာေတြ အေနနဲ႔ အသားငါးေတြကို က်က္ေအာင္ ခ်က္ၿပီးမွ စားသင့္သလို ေစ်းသြားရင္လည္း သားစိမ္း ငါးစိမ္းေတြကို မထိဖို႔ စာထုတ္ အသိေပး ထားတယ္လို႔ သူက ဆိုပါတယ္။

လက္ရွိေတာ့ သူတို႔ေနထိုင္ရာ အနီးတဝိုက္ လမ္းမေပၚမွာ လူသူ ေျခာက္ကပ္ေနၿပီး ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ေတြ႕ရွိရတဲ့ အသက္ ၅၉ႏွစ္ အ႐ြယ္ အမ်ိဳးသမီးႀကီး သြားခဲ့တဲ့ ေနရာေတြကို ပိုးသတ္ေဆး ျဖန္းလ်က္ ရွိသလို အဲဒီ အမ်ိဳးသမီးက ႐ုပ္ရွင္ ၾကည့္ခဲ့တဲ့အတြက္ သူၾကည့္ခဲ့တဲ့ ႐ုပ္ရွင္႐ုံလည္း ပိတ္လိုက္ၿပီလို႔ ကိုရီးယားမွာ ပညာသင္ၾကားေနတဲ့ ျမန္မာ ေက်ာင္းသူက မ်က္ျမင္ အေျခအေနကို ရွင္းျပပါတယ္။

သူေနထိုင္ သြားလာရာ တဝိုက္မွာေတာ့ အစားအေသာက္နဲ႔ က်န္းမာေရး ပစၥည္းေတြ အလုအယက္ ဝယ္တာမ်ိဳး မေတြ႕ရဘူးလို႔ သူက ဆိုပါတယ္။

အခုလို ေတာင္ကိုရီးယားမွာ ကို႐ိုနာ ဗိုင္းရပ္ျပန္႔ပြားမႈ တမဟုတ္ခ်င္း တိုးလာတာဟာ အစိုးရ တာဝန္ရွိသူေတြရဲ႕ ေပါ့ေလ်ာ့ေၾကာင့္ မဟုတ္ဘဲ လူထု ကိုယ္တိုင္က အေလးအနက္ ထားမႈ နည္းလို႔ ျဖစ္တာ ထင္ေၾကာင္း ၊ ဒီေလာက္ ျဖစ္ေနတဲ့ အေျခအေနမွာေတာင္ မ်က္ႏွာဖုံး မတပ္တဲ့သူေတြ ေတြ႕ေနရသလို ေခ်ာင္းဆိုးရင္ေတာင္ လက္အုပ္မဆိုးသူေတြ ရွိေနတဲ့အတြက္ ခုလို အလ်င္အျမန္ ကူးစက္တာလို႔ ယူဆေၾကာင္း သူက ရွင္းျပပါတယ္။

ဒါ့အျပင္ ဘယ္သူမဆို ေဆး႐ုံ ေဆးခန္းတိုင္းမွာ ေရာဂါပိုး ရွိမရွိ အခမဲ့ စစ္ေဆးေပးေနၿပီး ေတာင္ကိုရီးယားအစိုးရဘက္ကလည္း ေရာဂါလကၡဏာရွိတယ္လို႔ ယူဆရင္ အခမဲ့ စစ္ေဆးေပးတာ အပါအဝင္ တျခား ကာကြယ္ေရး လုပ္ေဆာင္မႈေတြ ဂ႐ုတစိုက္ လုပ္ေပးေနတယ္လို႔လည္း သူက ေျပာပါတယ္။
အီတလီမွာလည္း ေသဆုံးသူ ၂ေယာက္နဲ႔ ကူးစက္ခံရသူ ၁၀၀ေက်ာ္လာၿပီ

အခုလို ေတာင္ကိုရီးယားမွာ ကို႐ိုနာ ဗိုင္းရပ္ေၾကာင့္ လူ ငါးေယာက္ ေသဆုံးၿပီး လူ ၆ဝဝ နီးပါး ကူးစက္ခံေနရခ်ိန္မွာ အီတလီမွာလည္း ကိုဗစ္ ႏိုင္တီး ဗိုင္းရပ္ ကူးစက္သူ တရာေက်ာ္နဲ႔ ေသဆုံးသူ ႏွစ္ဦး ရွိလာတဲ့အတြက္ ကူးစက္ခံရသူေတြ စတင္ေတြ႕ရွိရာ ဗနက္တိုနဲ႔ လြန္ဘာဒီ ေဒသက ၿမိဳ႕အေတာ္မ်ားမ်ားကို အဝင္အထြက္ပိတ္ထားပါတယ္။

အဲဒီ ေဒသ ႏွစ္ခုဟာ ၿမိဳ႕ႀကီးေတြျဖစ္တဲ့ မီလန္နဲ႔ ဗင္းနစ္တို႔နဲ႔ နီးတဲ့ ေဒသေတြလည္း ျဖစ္ေနၿပီး ဒီေဒသတြင္း ၿမိဳ႕ကလူေတြ အေနနဲ႔ အထူးခြင့္ျပဳမရဘဲ အဝင္အထြက္ မလုပ္ဖို႔ ႏွစ္ပတ္ ပိတ္ထားမယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ေက်ာင္းနဲ႔ စီးပြားေရးဆိုင္ရာ အခမ္းအနားေတြကို ဆိုင္းငံ့ထားၿပီး အီတလီထိပ္တန္း ဆီးရီးေအ ေဘာလုံးပြဲစဥ္တခ်ိဳ႕ပါ ဖ်က္သိမ္းထားပါတယ္။

အီရန္ႏိုင္ငံမွာေတာ့ ဘာသာေရးေခါင္းေဆာင္ႀကီး အယာတိုလာ ခါေမနီကေတာ့ ျပည္တြင္း ကိုဗစ္ႏိုင္တီး ဗိုင္းရပ္ ျပန္႔ႏွံ႔မႈကို ခ်ဲ႕ကား ဝါဒျဖန္႔တာေတြ ရွိခဲ့တယ္လို႔ စြပ္စြဲခဲ့ပါတယ္။

အခုလို ရန္သူက ဝါဒျဖန္႔တာ ရွိတဲ့ၾကားက ပါလီမန္ ေ႐ြးေကာက္ပြဲကို မဲလာထည့္သူ အေရအတြက္ မ်ားခဲ့တယ္လို႔လည္း သူက ေျပာပါတယ္။

ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က စၿပီး အီရန္မွာ ဒီဗိုင္းရပ္စ္ကူးသူ စတင္ ေတြ႕ရွိခဲ့ရာမွာ ကူးစက္ခံရသူ ၃၅ ဦး အထိ ရွိလာၿပီး ေသဆုံးသူကေတာ့ ၈ ဦး ရွိေနပါတယ္။

အဲဒီလို အေျခအေနေတြေၾကာင့္ ဒီကေန႔မွာ အီရန္ျပည္နယ္ ၁၄ ခု အတြင္းက ေက်ာင္း၊ တကၠသိုလ္နဲ႔ ယဥ္ေက်းမႈစင္တာေတြကို ပိတ္ထားၿပီး အီရတ္ဘက္ကလည္း အီရန္ကို နယ္စပ္ပိတ္ထားပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ် အမြင့်ဆုံး သတိရမယ့် အခြေအနေ ထုတ်ပြန်
ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ကိုရီးယားမှာ ကိုရိုနာ ဗိုင်းရပ် ကူးစက်ခံရသူ ၆ဝဝ ကျော်သွားပြီ

တောင်ကိုရီးယား နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှု တရှိန်ထိုး တက်လာလို့ အမြင့်ဆုံး စိုးရိမ်ရတဲ့ အခြေအနေ အဖြစ် အစိုးရက ကြေညာထားပါတယ်။

တောင်ကိုရီးယားမှာ ကိုဗစ် ၁၉ ကိုရိုနာ ဗိုင်းရပ်ကူးသူ ၆ဝဝ ကျော်နဲ့ သေဆုံးသူ ငါးဦးရှိ လာတဲ့အတွက် သမ္မတမွန်ဂျေအင်းက ပြည်တွင်းမှာ အမြင့်ဆုံး သတိထားရမယ့် အဆင့် တိုးမြှင့်လိုက်ပါတယ်။

ကူးစက်ရောဂါ ကျွမ်းကျင်သူတွေရဲ့ အကြံပေးချက်အရ သတိထားရမယ့် အဆင့်ကို အမြင့်ဆုံးတင်လိုက်ပြီး ရှင်ချွန်ဂျီ ခရစ်ယာန် ဘာသာရေး အသိုင်းအဝိုင်း အတွင်း လူအများစုဝေးကြရင်း စဖြစ်တာမို့ လူအများစုဝေးရတဲ့ အခမ်းအနားတွေကို ရှောင်ကြဖို့ လိုပါတယ် လို့ တောင်ကိုရီးယားသမ္မတက ပြောပါတယ်။

အခုလို တောင်ကိုရီးယားနိုင်ငံအတွင်း ကူးစက်ခံရသူ အားလုံးရဲ့ တဝက်ကျော်ကျော်ဟာ အဲဒီ ခရစ်ယာန်အသိုင်းအဝိုင်းကတဆင့် ကူးစက်ခံရတာလို့ ဆိုပါတယ်။

မူကြိုကျောင်းတွေ အပါအဝင် ကျောင်းတွေ မဖွင့်သေးဘဲ နောက်တပတ် ဆက်ပိတ်ထားဖို့လည်း အာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption ရောဂါ ကူးစက်ခံရသူ အမျိုးသမီးကြီး သွားခဲ့တဲ့ နေရာတွေကို ပိုးသတ်ဆေးဖြန်း ၊ သူသွားကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံလည်း ပိတ်လိုက်ပြီ

မြန်မာတွေ အများဆုံးနေထိုင် စုဝေးရာ ဆိုးလ်မြို့ ဘူဖျောင်းအရပ်မှာလည်း ကိုဗစ်နိုင်တီး ဗိုင်းရပ်ကူးစက်သူ တဦး စတင်တွေ့ရှိရတယ်လို့ ယွန်းဆောင်းတက္ကသိုလ်မှာ ဟိုတယ်နဲ့ခရီးသွား စီမံခန့်ခွဲမှု ဘာသာရပ်နဲ့ တက်ရောက်နေတဲ့ မြန်မာ ကျောင်းသူ မအိမ်သူစုစံ က ပြောပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့ အထိ ကူးစက်မှုနှုန်း ခုလောက် မမြန်သေးဘဲ ကိုရီးယားရောက် မြန်မာ အများစု နေထိုင်ရာ ရပ်ကွက်ဖြစ်တဲ့ ဘူဖျောင်း အရပ်မှာတော့ စိုးရိမ်မှု မြင့်တက်လျက် ရှိပါတယ်။

အဲဒီ အရပ်မှာ မြန်မာ စားသောက်ဆိုင် အများဆုံးရှိပြီး အခုလို ရုံးပိတ်ရက်တွေမှာ မြန်မာတွေ ဆုံလေ့ရှိကြပါတယ်။

ဖေဖော်ဝါရီ ၂၂ ရက် နေ့လယ်မှာတော့ မြန်မာလူမျိုးတွေ အများစု သွားလာရာ ဘူဖျောင်းအရပ်က အသက် ၅၉နှစ် အရွယ် အမျိုးသမီးကြီး တယောက်ဆီမှာ ကိုရိုနာ ဗိုင်းရပ် ကူးခံထားရတယ်လို့ အစိုးရက အတည်ပြုခဲ့ကြောင်း ကိုရီးယားရောက် မြန်မာ ကျောင်းသူ မအိမ်သူစုစံ က ပြောပါတယ်။

သူဟာ ဒေဂျူးက ကူးစက် လာတာ ဖြစ်တဲ့ အတွက် ဒေဂျူး သွားသူတွေ ရှိခဲ့ရင် ဒါမှမဟုတ် ဖေဖော်ဝါရီ ၁၈ ကနေ ၂၂ ရက်အတွင်း အဲဒီ အမျိုးသမီး သွားလာခဲ့ရာ ဘူဖျောင်းဈေး ၊ ဘူဖျောင်း ဘူတာ တဝိုက်ကို သွားထားသူတွေ ရှိရင် ကိုယ်ပူချိန် တက်တာဘဲ ဖြစ်ဖြစ် ကိုယ်လက် ကိုက်ခဲတာ ဖြစ်ဖြစ် ရှိလာခဲ့ရင် အခမဲ့ စစ်ဆေးပေးမယ့် အကြောင်း အစိုးရက သက်ဆိုင်ရာ မိုဘိုင်းလ် ဖုန်းတွေကို emergency alarm အနေနဲ့ နာရီတိုင်း ပို့ပေးနေတယ်လို့ သူက အခြေအနေ ကို ရှင်းပြပါတယ်။
ဓာတ်ပုံ မူပိုင် EPA
Image caption တောင်ကိုရီးယား အစိုးရက ကျောသားရင်သား မခွဲခြားဘဲ စောင့်ရှောက်ပေးနေတယ်လို့ မြန်မာကျောင်းသူပြော

တောင်ကိုရီးယား အစိုးရဟာ သူတို့ နိုင်ငံသား ၊ နိုင်ငံခြားသား ရယ်လို့ ခွဲခြားခြင်း မရှိဘဲ ဂရုတစိုက် ဆောင်ရွက်ပေးနေရာမှာ ကျောသား ရင်သား မခွဲခြားဘဲ တရားမဝင် နေထိုင်သူတွေကိုတောင် ဘယ်သူမှ မဖမ်းဘဲ အခမဲ့ စစ်ဆေးပေးလျက် ရှိတယ်လို့ ကိုရီးယားမှာ ပညာသင်ကြားနေတဲ့ မအိမ်သူစုစံက ဆိုပါတယ်။

အချိန်နဲ့အမျှ မိုဘိုင်း ဖုန်းတွေကနေ တဆင့် အရေးပေါ် သတိပေးချက်တွေလည်း ပို့လွှတ်ပေးနေပြီး ရထား ဘူတာတွေနဲ့ လူအဝင်အထွက် များတဲ့ နေရာတိုင်းမှာ ကိုယ်အပူချိန် တိုင်းပေးတာ အဝေးပြေး ကားဂိတ်လို နေရာမျိုးတွေမှာပါ မျက်နှာဖုံးတွေဝေ ကိုယ်ပူချိန် တိုင်းတာတွေ အခမဲ့ လုပ်ဆောင် ပေးလျက် ရှိတယ်လို့ သူက ပြောပါတယ်။

သူ့အနေနဲ့လည်း ကိုယ်တိုင် ကူးစက်ခံမှာထက် တကယ်လို့ ကိုယ့်ဆီ ကူးစက်လာခဲ့ရင် အဲဒီကတဆင့် မြန်မာ အသိုင်းအဝိုင်းထဲ ကူးစက်ခံရမှာ စိုးတဲ့ အတွက် မျက်နှာဖုံးတပ် ၊ လက်ဆေးတာ ၊ လက်သန့်စင်ဆေး ဆောင်တာတွေ လုပ်ဆောင်လျက် ရှိတယ်လို့ သူက ဆိုပါတယ်။

လက်ရှိမှာတော့ သူ့အနေနဲ့ စိုးရိမ်စိတ် မရှိဘဲ ဖြစ်လာခဲ့ရင်တောင် ကိုရီးယား အစိုးရက ထောက်ပံ့ ကူညီပေးလိမ့်မယ် ဆိုတာ သိနေတဲ့အတွက် စိတ်ထဲမှာတော့ ၅၀ - ၅၀ ပဲလို့ သူက ပြောပါတယ်။

မြန်မာ သံရုံး အနေနဲ့လည်း နေ့စဉ်နဲ့ အမျှ သတိပေး ကြေညာချက်တွေ ထုတ်ပြန်လျက် ရှိပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေကို ဆေးခန်း လိုက်ပြပေးတာတွေ လုပ်ဆောင် ပေးလျက် ရှိတယ်လို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် တခြား နိုင်ငံသားတွေနဲ့ အတူနေထိုင်ရလို့ စိုးရိမ်နေတဲ့ မြန်မာ ရွှေ့ပြောင်း လုပ်သားတွေကိုလည်း အလုပ်သမား သံအရာရှိက နှစ်သိမ့် ပေးနေတဲ့ အပြင် ဆေးစစ်မှုတွေကို အတူတကွ လိုက်ပါ စစ်ဆေးပေးတယ်လို့ သူက ပြောပါတယ်။

ကိုရီးယားရောက် မြန်မာတွေ အနေနဲ့ အသားငါးတွေကို ကျက်အောင် ချက်ပြီးမှ စားသင့်သလို ဈေးသွားရင်လည်း သားစိမ်း ငါးစိမ်းတွေကို မထိဖို့ စာထုတ် အသိပေး ထားတယ်လို့ သူက ဆိုပါတယ်။

လက်ရှိတော့ သူတို့နေထိုင်ရာ အနီးတဝိုက် လမ်းမပေါ်မှာ လူသူ ခြောက်ကပ်နေပြီး ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိရတဲ့ အသက် ၅၉နှစ် အရွယ် အမျိုးသမီးကြီး သွားခဲ့တဲ့ နေရာတွေကို ပိုးသတ်ဆေး ဖြန်းလျက် ရှိသလို အဲဒီ အမျိုးသမီးက ရုပ်ရှင် ကြည့်ခဲ့တဲ့အတွက် သူကြည့်ခဲ့တဲ့ ရုပ်ရှင်ရုံလည်း ပိတ်လိုက်ပြီလို့ ကိုရီးယားမှာ ပညာသင်ကြားနေတဲ့ မြန်မာ ကျောင်းသူက မျက်မြင် အခြေအနေကို ရှင်းပြပါတယ်။

သူနေထိုင် သွားလာရာ တဝိုက်မှာတော့ အစားအသောက်နဲ့ ကျန်းမာရေး ပစ္စည်းတွေ အလုအယက် ဝယ်တာမျိုး မတွေ့ရဘူးလို့ သူက ဆိုပါတယ်။

အခုလို တောင်ကိုရီးယားမှာ ကိုရိုနာ ဗိုင်းရပ်ပြန့်ပွားမှု တမဟုတ်ချင်း တိုးလာတာဟာ အစိုးရ တာဝန်ရှိသူတွေရဲ့ ပေါ့လျော့ကြောင့် မဟုတ်ဘဲ လူထု ကိုယ်တိုင်က အလေးအနက် ထားမှု နည်းလို့ ဖြစ်တာ ထင်ကြောင်း ၊ ဒီလောက် ဖြစ်နေတဲ့ အခြေအနေမှာတောင် မျက်နှာဖုံး မတပ်တဲ့သူတွေ တွေ့နေရသလို ချောင်းဆိုးရင်တောင် လက်အုပ်မဆိုးသူတွေ ရှိနေတဲ့အတွက် ခုလို အလျင်အမြန် ကူးစက်တာလို့ ယူဆကြောင်း သူက ရှင်းပြပါတယ်။

ဒါ့အပြင် ဘယ်သူမဆို ဆေးရုံ ဆေးခန်းတိုင်းမှာ ရောဂါပိုး ရှိမရှိ အခမဲ့ စစ်ဆေးပေးနေပြီး တောင်ကိုရီးယားအစိုးရဘက်ကလည်း ရောဂါလက္ခဏာရှိတယ်လို့ ယူဆရင် အခမဲ့ စစ်ဆေးပေးတာ အပါအဝင် တခြား ကာကွယ်ရေး လုပ်ဆောင်မှုတွေ ဂရုတစိုက် လုပ်ပေးနေတယ်လို့လည်း သူက ပြောပါတယ်။
Image caption အီတလီမှာလည်း သေဆုံးသူ ၂ယောက်နဲ့ ကူးစက်ခံရသူ ၁၀၀ကျော်လာပြီ

အခုလို တောင်ကိုရီးယားမှာ ကိုရိုနာ ဗိုင်းရပ်ကြောင့် လူ ငါးယောက် သေဆုံးပြီး လူ ၆ဝဝ နီးပါး ကူးစက်ခံနေရချိန်မှာ အီတလီမှာလည်း ကိုဗစ် နိုင်တီး ဗိုင်းရပ် ကူးစက်သူ တရာကျော်နဲ့ သေဆုံးသူ နှစ်ဦး ရှိလာတဲ့အတွက် ကူးစက်ခံရသူတွေ စတင်တွေ့ရှိရာ ဗနက်တိုနဲ့ လွန်ဘာဒီ ဒေသက မြို့အတော်များများကို အဝင်အထွက်ပိတ်ထားပါတယ်။

အဲဒီ ဒေသ နှစ်ခုဟာ မြို့ကြီးတွေဖြစ်တဲ့ မီလန်နဲ့ ဗင်းနစ်တို့နဲ့ နီးတဲ့ ဒေသတွေလည်း ဖြစ်နေပြီး ဒီဒေသတွင်း မြို့ကလူတွေ အနေနဲ့ အထူးခွင့်ပြုမရဘဲ အဝင်အထွက် မလုပ်ဖို့ နှစ်ပတ် ပိတ်ထားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျောင်းနဲ့ စီးပွားရေးဆိုင်ရာ အခမ်းအနားတွေကို ဆိုင်းငံ့ထားပြီး အီတလီထိပ်တန်း ဆီးရီးအေ ဘောလုံးပွဲစဉ်တချို့ပါ ဖျက်သိမ်းထားပါတယ်။

အီရန်နိုင်ငံမှာတော့ ဘာသာရေးခေါင်းဆောင်ကြီး အယာတိုလာ ခါမေနီကတော့ ပြည်တွင်း ကိုဗစ်နိုင်တီး ဗိုင်းရပ် ပြန့်နှံ့မှုကို ချဲ့ကား ဝါဒဖြန့်တာတွေ ရှိခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။

အခုလို ရန်သူက ဝါဒဖြန့်တာ ရှိတဲ့ကြားက ပါလီမန် ရွေးကောက်ပွဲကို မဲလာထည့်သူ အရေအတွက် များခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က စပြီး အီရန်မှာ ဒီဗိုင်းရပ်စ်ကူးသူ စတင် တွေ့ရှိခဲ့ရာမှာ ကူးစက်ခံရသူ ၃၅ ဦး အထိ ရှိလာပြီး သေဆုံးသူကတော့ ၈ ဦး ရှိနေပါတယ်။

အဲဒီလို အခြေအနေတွေကြောင့် ဒီကနေ့မှာ အီရန်ပြည်နယ် ၁၄ ခု အတွင်းက ကျောင်း၊ တက္ကသိုလ်နဲ့ ယဉ်ကျေးမှုစင်တာတွေကို ပိတ်ထားပြီး အီရတ်ဘက်ကလည်း အီရန်ကို နယ်စပ်ပိတ်ထားပါတယ်။

BBC Burmese
https://www.bbc.com
ေတာင္ကိုရီးယားမွာ ကို႐ိုနာဗိုင္းရပ္ အျမင့္ဆုံး သတိရမယ့္ အေျခအေန ထုတ္ျပန္ ေတာင္ကိုရီးယားမွာ ကို႐ိုနာဗိုင္းရပ္ အျမင့္ဆုံး သတိရမယ့္ အေျခအေန ထုတ္ျပန္ Reviewed by THITHTOOLWIN on 02:02 Rating: 5
Powered by Blogger.