ဧရာဝတီျမစ္အတြင္းဖားဥဟုယူဆရေသာ ဥမ်ားစားမိရာမွကေလးငယ္ ၆ဦး အစာအဆိပ္သင့္မႈျဖစ္ပြား၊တစ္ဦးေသဆုံး

ကသာၿမိဳ႕တြင္းရွိ ျမစ္ဆိပ္တစ္ခုအားေတြ႕ရစဥ္(အင္တာနက)
(Zawgyi)⤵⤵⤵
 ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၆ ရက္ (ဆင္ဟြာ)

စစ္ကိုင္းတိုင္းေဒသႀကီး ကသာၿမိဳ႕နယ္၊ သာစည္ေက်း႐ြာတြင္ ေဖေဖာ္ဝါရီ ၂၅ ရက္ ညေန ၄နာရီဝန္းက်င္ခန႔္က ကေလးငယ္ ၆ဦးသည္ ဧရာဝတီျမစ္အတြင္းမွ ဖားဥဟုယူဆရေသာ ဥမ်ားေကာက္ယူေၾကာ္စားမိၿပီး အစာအဆိပ္သင့္မႈျဖစ္ကာ တစ္ဦးေသဆုံးခဲ့ေၾကာင္း စစ္ကိုင္းတိုင္းေဒသႀကီးရဲတပ္ဖြဲ႕ထံမွ သိရသည္။

အဆိုပါ ဥမ်ားကို ျမစ္အတြင္းကာက္ယူၿပီး ကေလးငယ္တစ္ဦးေနအိမ္၌ မိဘမ်ားမရွိခ်ိန္ ေၾကာ္စားရာ မူးေဝေအာ့အန္မႈျဖစ္ပြားခဲ့ေၾကာင္း၊ ယင္း မူးေဝေအာ့အန္ေသာ ကေလး၆ဦးအား ကသာျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသေနစဥ္အတြင္း အသက္ ၄ ႏွစ္အ႐ြယ္ မိန္းကေလးငယ္တစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။ဖားဥဟုယူဆရေသာ ဥမ်ားအား ေကာက္ယူေၾကာ္စားသည့္ ကေလးငယ္မ်ားသည္ အသက္ ၁၂ႏွစ္၊ ၁၁ႏွစ္ ၊ ၅ႏွစ္ႏွင့္ ၄ႏွစ္အ႐ြယ္ကေလးငယ္မ်ားျဖစ္ေၾကာင္း၊ အဆိုပါ ကေလးငယ္မ်ားထဲမွ အသက္အငယ္ဆုံး မိန္းကေလးငယ္သည္ ေဆး႐ုံေရာက္ၿပီး တစ္နာရီခြဲခန႔္အၾကာတြင္ ေသဆုံးခဲ့ေၾကာင္း ၊ က်န္ကေလးငယ္ ၅ဦး မွာ ေဆးကုသမႈ ဆက္လက္ခံယူေနဆဲျဖစ္ေၾကာင္း သိရသည္။" ကေလးမေလး ေသတာကို ဓမၼတာတိုင္းေသဆုံးတာ ဟုတ္မဟုတ္ စစ္ေဆးေနပါတယ္၊ က်န္ကေလးေတြလည္း ေဆးကုသမႈခံယူေနဆဲပါ" ဟု ကသာၿမိဳ႕ရဲစခန္းမွ တာဝန္ရွိသူတစ္ဦးက ေျပာၾကားသည္။

(Xinhua)
http://www.xinhuamyanmar.com
-------------
(Unicode)⤵⤵⤵
ဧရာဝတီမြစ်အတွင်းဖားဥဟုယူဆရသော ဥများစားမိရာမှကလေးငယ် ၆ဦး အစာအဆိပ်သင့်မှုဖြစ်ပွား၊တစ်ဦးသေဆုံး

ကသာမြို့တွင်းရှိ မြစ်ဆိပ်တစ်ခုအားတွေ့ရစဉ်(အင်တာနက)

    ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

    စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၊ သာစည်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄နာရီဝန်းကျင်ခန့်က ကလေးငယ် ၆ဦးသည် ဧရာဝတီမြစ်အတွင်းမှ ဖားဥဟုယူဆရသော ဥများကောက်ယူကြော်စားမိပြီး အစာအဆိပ်သင့်မှုဖြစ်ကာ တစ်ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ ဥများကို မြစ်အတွင်းကာက်ယူပြီး ကလေးငယ်တစ်ဦးနေအိမ်၌ မိဘများမရှိချိန် ကြော်စားရာ မူးဝေအော့အန်မှုဖြစ်ပွားခဲ့ကြောင်း၊ ယင်း မူးဝေအော့အန်သော ကလေး၆ဦးအား ကသာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသနေစဉ်အတွင်း အသက် ၄ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။ဖားဥဟုယူဆရသော ဥများအား ကောက်ယူကြော်စားသည့် ကလေးငယ်များသည် အသက် ၁၂နှစ်၊ ၁၁နှစ် ၊ ၅နှစ်နှင့် ၄နှစ်အရွယ်ကလေးငယ်များဖြစ်ကြောင်း၊ အဆိုပါ ကလေးငယ်များထဲမှ အသက်အငယ်ဆုံး မိန်းကလေးငယ်သည် ဆေးရုံရောက်ပြီး တစ်နာရီခွဲခန့်အကြာတွင် သေဆုံးခဲ့ကြောင်း ၊ ကျန်ကလေးငယ် ၅ဦး မှာ ဆေးကုသမှု ဆက်လက်ခံယူနေဆဲဖြစ်ကြောင်း သိရသည်။" ကလေးမလေး သေတာကို ဓမ္မတာတိုင်းသေဆုံးတာ ဟုတ်မဟုတ် စစ်ဆေးနေပါတယ်၊ ကျန်ကလေးတွေလည်း ဆေးကုသမှုခံယူနေဆဲပါ" ဟု ကသာမြို့ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

(Xinhua)
http://www.xinhuamyanmar.com
ဧရာဝတီျမစ္အတြင္းဖားဥဟုယူဆရေသာ ဥမ်ားစားမိရာမွကေလးငယ္ ၆ဦး အစာအဆိပ္သင့္မႈျဖစ္ပြား၊တစ္ဦးေသဆုံး ဧရာဝတီျမစ္အတြင္းဖားဥဟုယူဆရေသာ ဥမ်ားစားမိရာမွကေလးငယ္ ၆ဦး အစာအဆိပ္သင့္မႈျဖစ္ပြား၊တစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 01:15 Rating: 5
Powered by Blogger.