ေလထုညစ္ညမ္းမႈ ဆိုး႐ြားလာသျဖင့္ ဘန္ေကာက္ၿမိဳ႕ရွိ စာသင္ေက်ာင္းမ်ားအားလုံး ပိတ္ထားရ

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ အေဆာက္အအုံမ်ားအား ျမဴခိုးမ်ားျဖင့္ ဖုံးလႊမ္းေနသည္ကို ေတြ႕ရစဥ္ (ဆင္ဟြာ)
(Zawgyi)⤵⤵⤵
 ဘန္ေကာက္၊ ေဖေဖာ္ဝါရီ ၂၆ ရက္ (ဆင္ဟြာ)

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕တြင္ ေဖေဖာ္ဝါရီ ၂၅ ရက္က ေလထုအရည္အေသြး ဆိုးဝါးလာသျဖင့္ ၿမိဳ႕ေတာ္စီမံအုပ္ခ်ဳပ္မႈ (BMA) ေအာက္ရွိ စာသင္ေက်ာင္းမ်ားအားလုံးကို ေဖေဖာ္ဝါရီ ၂၆ ရက္မွ ၂၈ ရက္အထိ ပိတ္ထားရန္ ၫႊန္ၾကားထားေၾကာင္း သိရသည္။

ေလထုအတြင္း PM2.5 ပမာဏရွိေသာဖုန္မႈန႔္မ်ား ပါဝင္မႈႏွင့္ ေလထုလည္ပတ္မႈ နိမ့္က်လာျခင္းရလဒ္အျဖစ္ ေလထုအရည္အေသြး ဆိုး႐ြားမႈမွာ ဆက္လက္တည္ရွိေနမည္ျဖစ္ေၾကာင္း BMA က သတိေပးထားခဲ့သည္။အထပ္ျမင့္ေဆာက္လုပ္ျခင္းႏွင့္ လွ်ပ္စစ္ရထား တည္ေဆာက္မႈလုပ္ငန္းမ်ားကိုလည္း ေဖေဖာ္ဝါရီ ၂၈ ရက္အထိ ဆိုင္းငံ့ထားရန္ ၫႊန္ၾကားထားေၾကာင္း BMA ေျပာေရးဆိုခြင့္ရွိသူ ပြန္ဆတ္ခြန္ ကြမ္မြမ္က ေဖေဖာ္ဝါရီ ၂၅ ရက္၌ ေျပာၾကားခဲ့သည္။

ထို႔ျပင္ ေျခာက္ဘီးကားမ်ား ေန႔အခ်ိန္ ဘန္ေကာက္ၿမိဳ႕တြင္းဝင္ေရာက္ျခင္းကို တားဆီးရန္ ထိုင္းရဲတပ္ဖြဲ႕က အရွိန္ျမႇင့္ႀကိဳးပမ္းေဆာင္႐ြက္ခဲ့ၿပီး ေမာ္ေတာ္ယာဥ္ မီးခိုးေငြ႕ထုတ္လႊတ္မႈမ်ား စစ္ေဆးရန္လည္း လမ္းအတားအဆီးမ်ား ခ်ထားေၾကာင္း သိရသည္။ ဘန္ေကာက္ၿမိဳ႕ တစ္ၿမိဳ႕လုံးႏွင့္ အနီးဝန္းက်င္တြင္ ေဖေဖာ္ဝါရီ ၂၅ ရက္ နံနက္ပိုင္းမွစတင္ကာ PM2.5 အ႐ြယ္အစား ဖုန္မႈန႔္မ်ား ပါဝင္မႈပမာဏ လြန္ကဲေနသည္ကို ေတြ႕ရွိခဲ့ေၾကာင္း၊ အရည္အေသြး သတ္မွတ္အဆင့္ ၅၅ မွ ၉၀ ၾကားတြင္ ရွိသည္ကို တိုင္းတာမိခဲ့ေၾကာင္း ေလထုညစ္ညမ္းမႈ ထိန္းခ်ဳပ္ေရးဌာနက ေဖေဖာ္ဝါရီ ၂၅ ရက္က ေျပာၾကားခဲ့သည္။

(Xinhua)
http://www.xinhuamyanmar.com
----------------
(Unicode)⤵⤵⤵
လေထုညစ်ညမ်းမှု ဆိုးရွားလာသဖြင့် ဘန်ကောက်မြို့ရှိ စာသင်ကျောင်းများအားလုံး ပိတ်ထားရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အဆောက်အအုံများအား မြူခိုးများဖြင့် ဖုံးလွှမ်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

    ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ)

    ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဖေဖော်ဝါရီ ၂၅ ရက်က လေထုအရည်အသွေး ဆိုးဝါးလာသဖြင့် မြို့တော်စီမံအုပ်ချုပ်မှု (BMA) အောက်ရှိ စာသင်ကျောင်းများအားလုံးကို ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ ပိတ်ထားရန် ညွှန်ကြားထားကြောင်း သိရသည်။

လေထုအတွင်း PM2.5 ပမာဏရှိသောဖုန်မှုန့်များ ပါဝင်မှုနှင့် လေထုလည်ပတ်မှု နိမ့်ကျလာခြင်းရလဒ်အဖြစ် လေထုအရည်အသွေး ဆိုးရွားမှုမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း BMA က သတိပေးထားခဲ့သည်။အထပ်မြင့်ဆောက်လုပ်ခြင်းနှင့် လျှပ်စစ်ရထား တည်ဆောက်မှုလုပ်ငန်းများကိုလည်း ဖေဖော်ဝါရီ ၂၈ ရက်အထိ ဆိုင်းငံ့ထားရန် ညွှန်ကြားထားကြောင်း BMA ပြောရေးဆိုခွင့်ရှိသူ ပွန်ဆတ်ခွန် ကွမ်မွမ်က ဖေဖော်ဝါရီ ၂၅ ရက်၌ ပြောကြားခဲ့သည်။

ထို့ပြင် ခြောက်ဘီးကားများ နေ့အချိန် ဘန်ကောက်မြို့တွင်းဝင်ရောက်ခြင်းကို တားဆီးရန် ထိုင်းရဲတပ်ဖွဲ့က အရှိန်မြှင့်ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး မော်တော်ယာဉ် မီးခိုးငွေ့ထုတ်လွှတ်မှုများ စစ်ဆေးရန်လည်း လမ်းအတားအဆီးများ ချထားကြောင်း သိရသည်။ ဘန်ကောက်မြို့ တစ်မြို့လုံးနှင့် အနီးဝန်းကျင်တွင် ဖေဖော်ဝါရီ ၂၅ ရက် နံနက်ပိုင်းမှစတင်ကာ PM2.5 အရွယ်အစား ဖုန်မှုန့်များ ပါဝင်မှုပမာဏ လွန်ကဲနေသည်ကို တွေ့ရှိခဲ့ကြောင်း၊ အရည်အသွေး သတ်မှတ်အဆင့် ၅၅ မှ ၉၀ ကြားတွင် ရှိသည်ကို တိုင်းတာမိခဲ့ကြောင်း လေထုညစ်ညမ်းမှု ထိန်းချုပ်ရေးဌာနက ဖေဖော်ဝါရီ ၂၅ ရက်က ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
ေလထုညစ္ညမ္းမႈ ဆိုး႐ြားလာသျဖင့္ ဘန္ေကာက္ၿမိဳ႕ရွိ စာသင္ေက်ာင္းမ်ားအားလုံး ပိတ္ထားရ ေလထုညစ္ညမ္းမႈ ဆိုး႐ြားလာသျဖင့္ ဘန္ေကာက္ၿမိဳ႕ရွိ စာသင္ေက်ာင္းမ်ားအားလုံး ပိတ္ထားရ Reviewed by THITHTOOLWIN on 01:17 Rating: 5
Powered by Blogger.