တ႐ုတ္ႏိုင္ငံျပင္ပမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပထမဆုံးအႀကိမ္ေသဆုံး

တ႐ုတ္ကႏိုင္ငံျခားသားခရီးသြားေတြကိုဖိလစ္ပိုင္က ျပည္ဝင္ခြင့္ရပ္နားၿပီးမၾကာမီမွာ ေသဆုံးမႈကိုအတည္ျပဳခဲ့
(Zawgyi)⤵⤵⤵
ဖိလစ္ပိုင္ႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဖဖဝါရီလ ၂ ရက္ေန႔က လူတစ္ေယာက္ ေသဆုံးခဲ့ပါတယ္။

ဒီလိုေသဆုံးတာ ဟာ တ႐ုတ္ႏိုင္ငံ ျပင္ပမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပထမဆုံးအႀကိမ္ ေသဆုံးခဲ့တာျဖစ္တယ္လို႔ တာဝန္ရွိသူေတြကေျပာပါတယ္။

အဲဒီလူနာဟာ တ႐ုတ္ႏိုင္ငံ ဟူေဘးျပည္နယ္ ဝူဟန္က အသက္ ၄၄ ႏွစ္အ႐ြယ္တ႐ုတ္လူမ်ိဳးျဖစ္ၿပီး သူဟာ ဖိလစ္ပိုင္ကို မေရာက္လာခင္ကတည္းက ေရာဂါကူးစက္ခံထားရေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကေျပာၾကားခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံသား အမ်ိဳးသားတစ္ဦး ယင္းဗိုင္းရပ္စ္ ကူးစက္ခံရၿပီးေနာက္ ယခုအခါ ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ကေဆး႐ုံမွာ ေသဆုံးသြားတာ ျဖစ္ပါတယ္။

ၿပီးခဲ့သည့္အပတ္ကဖိလစ္ပိုင္ မွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာက္ေနေၾကာင္းပထမဆုံးအႀကိမ္အတည္ျပဳၿပီးေနာက္မနီလာရွိလူမ်ား ဟာ မ်က္ႏွာဖုံး ေတြအလုအယက္ဝယ္ေနၾက

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ဒီေရာဂါေၾကာင့္ လူေပါင္း ၃၀၀ ေက်ာ္ေသဆုံးခဲ့ၿပီျဖစ္ၿပီး လူေပါင္း ၁၄၀၀၀ ေက်ာ္ကူးစက္ခံထားရတယ္။

အေမရိကန္နဲ႔ ၾသစေတးလ်ႏိုင္ငံေတြအပါအဝင္ အျခားႏိုင္ငံေတြမွာလည္း ကူးစက္မႈက ျမႇင့္တက္ေနၿပီး တ႐ုတ္ႏိုင္ငံက လာတဲ့ေလေၾကာင့္ခရီးစဥ္ေတြကို တားျမစ္ထားရတဲ့အေျခအေနကို ေရာက္ရွိကာ၊ ကူးစက္ ခံရတဲ့ ႏိုင္ငံသားေတြကိုလည္း ေစာင့္ၾကည့္ကုသမႈေတြလုပ္ေပးေနၾကရပါတယ္။

ကမာၻတဝွမ္းမွာ ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါျဖစ္ပြားမႈ ဟာ၂၀၀၃ ခုႏွစ္တြင္ႏိုင္ငံေပါင္းႏွစ္ဒါဇင္ေက်ာ္သို႔ပ်ံ႕ႏွံ႔ခဲ့တဲ့ SARS ေရာဂါ ကူးစက္မႈထက္ အခုအခါ မွာ အေက်ာ္လြန္သြားခဲ့ၿပီျဖစ္ပါတယ္။

မနီလာမွာေသဆုံးခဲ့သူဟာ ၃၈ ႏွစ္အ႐ြယ္တ႐ုတ္အမ်ိဳးသမီးတစ္ ဦး နဲ႔အတူ ဝူဟန္က ေန ဖိလစ္ပိုင္ႏိုင္ငံကို ခရီးထြက္လာခဲ့တာလို႔ ဖိလစ္ပိုင္က်န္းမာေရးဌာန ကေျပာပါတယ္။

အခုလိုေသဆုံးမႈဟာ တ႐ုတ္ႏိုင္ငံျပင္ပမွာ ပထမဆုံးအႀကိမ္ေသဆုံးတာျဖစ္ေပမယ့္ ဒီလူနာဟာဒီေရာဂါ စတင္ျဖစ္ပြားတဲ့ေနရာကလာတဲ့သူျဖစ္တယ္လို႔လည္း ကမာၻ႔က်န္းမာေရးအဖြဲ႕ (WHO) ကေျပာၾကားခဲ့ ပါတယ္။
 ကူမင္းေလဆိပ္က လိုက္ပါလာသူကို ဝူဟန္ဗိုင္းရပ္စ္ သံသယလူနာအျဖစ္စေတြ႕
တ႐ုတ္ႏိုင္ငံနဲ႔ နယ္နိမိတ္ မိုင္ႏွစ္ေထာင္ေက်ာ္ထိစပ္ေနတဲ့ အိမ္နီးခ်င္း ျမန္မာႏိုင္ငံမွာလည္း ဇန္နဝါရီ ၃၁ ရက္က ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ သံသယလူနာကို စတင္ေတြ႕ရွိခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံ ဟူေဘးျပည္နယ္ ဝူဟန္ၿမိဳ႕မွာ ဒီဇင္ဘာလက စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ ႏိုဗယ္ကို႐ိုနာ ဗိုင္းရပ္စ္ပ်ံႏွံ႔မႈကို ဇန္နဝါရီ ၇ ရက္မွာ တ႐ုတ္အစိုးရက အတည္ျပဳလိုက္ၿပီး ၃၀ ရက္မွာေတာ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO က က်န္းမာေရး အေရးေပၚအေျခအေန သတ္မွတ္ခဲ့ပါတယ္။

ဇန္နဝါရီ ၃၁ ရက္အထိ ေသဆုံးသူ ၂၁၃ ဦးရွိခဲ့ၿပီး အခုေတာ့ ၃၀၀ ေက်ာ္ရွိသြားပါၿပီ။ ကူးစက္သူအမ်ားစုက တ႐ုတ္ႏိုင္ငံက ျဖစ္ပါတယ္။

အခုဆိုရင္ တျခားႏိုင္ငံေပါင္း ၂၂ ႏိုင္ငံမွာ ကူးစက္မႈ ၁၀၀ ေက်ာ္ ရွိေနပါၿပီ။

၂၀၀၃ ခုႏွစ္ ဆားစ္ (ကူးစက္ျမန္ အဆုတ္ေရာင္ ေရာဂါ) ျဖစ္ပြားစဥ္ ရွစ္လတာအတြင္းမွာ ကူးစက္မႈ ၈၀၀၀ ေက်ာ္ ရွိခဲ့ၿပီး လူ ၇၇၄ ေယာက္ ေသဆုံးခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ ေလဆိပ္နဲ႔ နယ္စပ္ဝင္ေပါက္ေတြမွာ က်န္းမာေရး စစ္ေဆးမႈေတြ လုပ္ေနၿပီး ေတာ့ သံသယလူနာ ၅ ဦးေတြ႕ထားတယ္လို႔ က်န္းမားေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္အရ သိရပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
တရုတ်နိုင်ငံပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးအကြိမ်သေဆုံး

Image caption တရုတ်ကနိုင်ငံခြားသားခရီးသွားတွေကိုဖိလစ်ပိုင်က ပြည်ဝင်ခွင့်ရပ်နားပြီးမကြာမီမှာ သေဆုံးမှုကိုအတည်ပြုခဲ့

ဖိလစ်ပိုင်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖဝါရီလ ၂ ရက်နေ့က လူတစ်ယောက် သေဆုံးခဲ့ပါတယ်။

ဒီလိုသေဆုံးတာ ဟာ တရုတ်နိုင်ငံ ပြင်ပမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးအကြိမ် သေဆုံးခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

အဲဒီလူနာဟာ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်က အသက် ၄၄ နှစ်အရွယ်တရုတ်လူမျိုးဖြစ်ပြီး သူဟာ ဖိလစ်ပိုင်ကို မရောက်လာခင်ကတည်းက ရောဂါကူးစက်ခံထားရကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံသား အမျိုးသားတစ်ဦး ယင်းဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ယခုအခါ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ကဆေးရုံမှာ သေဆုံးသွားတာ ဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် Reuters
Image caption ပြီးခဲ့သည့်အပတ်ကဖိလစ်ပိုင် မှာ ကိုရိုနာဗိုင်းရပ်စ် ရောက်နေကြောင်းပထမဆုံးအကြိမ်အတည်ပြုပြီးနောက်မနီလာရှိလူများ ဟာ မျက်နှာဖုံး တွေအလုအယက်ဝယ်နေကြ

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ဒီရောဂါကြောင့် လူပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပြီဖြစ်ပြီး လူပေါင်း ၁၄၀၀၀ ကျော်ကူးစက်ခံထားရတယ်။

အမေရိကန်နဲ့ သြစတေးလျနိုင်ငံတွေအပါအဝင် အခြားနိုင်ငံတွေမှာလည်း ကူးစက်မှုက မြှင့်တက်နေပြီး တရုတ်နိုင်ငံက လာတဲ့လေကြောင့်ခရီးစဉ်တွေကို တားမြစ်ထားရတဲ့အခြေအနေကို ရောက်ရှိကာ၊ ကူးစက် ခံရတဲ့ နိုင်ငံသားတွေကိုလည်း စောင့်ကြည့်ကုသမှုတွေလုပ်ပေးနေကြရပါတယ်။

ကမ္ဘာတဝှမ်းမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားမှု ဟာ၂၀၀၃ ခုနှစ်တွင်နိုင်ငံပေါင်းနှစ်ဒါဇင်ကျော်သို့ပျံ့နှံ့ခဲ့တဲ့ SARS ရောဂါ ကူးစက်မှုထက် အခုအခါ မှာ အကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။

မနီလာမှာသေဆုံးခဲ့သူဟာ ၃၈ နှစ်အရွယ်တရုတ်အမျိုးသမီးတစ် ဦး နဲ့အတူ ဝူဟန်က နေ ဖိလစ်ပိုင်နိုင်ငံကို ခရီးထွက်လာခဲ့တာလို့ ဖိလစ်ပိုင်ကျန်းမာရေးဌာန ကပြောပါတယ်။

အခုလိုသေဆုံးမှုဟာ တရုတ်နိုင်ငံပြင်ပမှာ ပထမဆုံးအကြိမ်သေဆုံးတာဖြစ်ပေမယ့် ဒီလူနာဟာဒီရောဂါ စတင်ဖြစ်ပွားတဲ့နေရာကလာတဲ့သူဖြစ်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကပြောကြားခဲ့ ပါတယ်။
ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ကူမင်းလေဆိပ်က လိုက်ပါလာသူကို ဝူဟန်ဗိုင်းရပ်စ် သံသယလူနာအဖြစ်စတွေ့

တရုတ်နိုင်ငံနဲ့ နယ်နိမိတ် မိုင်နှစ်ထောင်ကျော်ထိစပ်နေတဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာလည်း ဇန်နဝါရီ ၃၁ ရက်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု သံသယလူနာကို စတင်တွေ့ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံ ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ ဒီဇင်ဘာလက စတင်ပျံ့နှံ့ခဲ့တဲ့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ပျံနှံ့မှုကို ဇန်နဝါရီ ၇ ရက်မှာ တရုတ်အစိုးရက အတည်ပြုလိုက်ပြီး ၃၀ ရက်မှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကျန်းမာရေး အရေးပေါ်အခြေအနေ သတ်မှတ်ခဲ့ပါတယ်။

ဇန်နဝါရီ ၃၁ ရက်အထိ သေဆုံးသူ ၂၁၃ ဦးရှိခဲ့ပြီး အခုတော့ ၃၀၀ ကျော်ရှိသွားပါပြီ။ ကူးစက်သူအများစုက တရုတ်နိုင်ငံက ဖြစ်ပါတယ်။

အခုဆိုရင် တခြားနိုင်ငံပေါင်း ၂၂ နိုင်ငံမှာ ကူးစက်မှု ၁၀၀ ကျော် ရှိနေပါပြီ။

၂၀၀၃ ခုနှစ် ဆားစ် (ကူးစက်မြန် အဆုတ်ရောင် ရောဂါ) ဖြစ်ပွားစဉ် ရှစ်လတာအတွင်းမှာ ကူးစက်မှု ၈၀၀၀ ကျော် ရှိခဲ့ပြီး လူ ၇၇၄ ယောက် သေဆုံးခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ လေဆိပ်နဲ့ နယ်စပ်ဝင်ပေါက်တွေမှာ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေပြီး တော့ သံသယလူနာ ၅ ဦးတွေ့ထားတယ်လို့ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ချက်အရ သိရပါတယ်။

BBC Burmese
https://www.bbc.com
တ႐ုတ္ႏိုင္ငံျပင္ပမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပထမဆုံးအႀကိမ္ေသဆုံး တ႐ုတ္ႏိုင္ငံျပင္ပမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပထမဆုံးအႀကိမ္ေသဆုံး Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.