ကို႐ိုနာဗိုင္းရပ္စ္- က်န္းမာေရးေစာင့္ေရွာက္မႈ ခ်ိဳ႕တဲ့တဲ့ ျမန္မာနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာ

ဒီဗိုင္းရပ္စ္ဟာ က်ယ္က်ယ္ျပန႔္ျပန႔္ ကူးစက္ ပ်ံ႕ႏွံ႔ႏိုင္တဲ့ အလားအလာ ရွိတယ္လို႔ WHOက သတိေပးထား
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ သံသယရွိသူ အားလုံးေပါင္း ၅ ဦးရွိေနပါၿပီ။ ဒါကလည္း က်န္းမာေရး ဝန္ႀကီးဌာန ေဖေဖာ္ဝါရီ ၂ရက္ေန႔ ေန႔လည္ပိုင္းအထိရရွိထားတဲ့ အေရအတြက္ ျဖစ္ပါတယ္။

အဲဒီ ၅ဦးထဲက ရန္ကုန္ေလဆိပ္မွာ ေတြ႕ခဲ့ရသူ သံသယလူနာရဲ႕ ႏွာေခါင္းတို႔ဘတ္နမူနာ (Nasopharyngeal Swab) က ထိုင္းႏိုင္ငံရဲ႕ ဓါတ္ခြဲခန္းကို ေဖေဖာ္ဝါရီ ၁ရက္ေန႔မွာ ေရာက္ရွိသြားပါၿပီ။

ဒါေၾကာင့္ ႐ုံးဖြင့္ရက္ ၂ရက္အတြင္းမွာဘဲ အဲဒီသံသယလူနာရဲ႕ အေျဖကိုသိရွိႏိုင္မယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ေမွ်ာ္မွန္းထားပါတယ္။

က်န္တဲ့ ေလးဦးရဲ႕ နမူနာေတြကိုေတာ့ ျမန္မာအမ်ိဳးသားဓါတ္ခြဲခန္းမွာ ရယူ၊ ေရာက္ရွိေနၿပီလို႔ ဝန္ႀကီး ဌာနက ဘီဘီစီကို အတည္ျပဳေျပာပါတယ္။

အဲဒီေလးေယာက္ကေတာ့ က်ိဳင္းတုံက တစ္ႏွစ္ေက်ာ္ကေလးငယ္၊ မင္ျပားက အသက္ ၃၈ႏွစ္အ႐ြယ္ အမ်ိဳး သား၊ ရန္ကုန္ေရာက္ေနတဲ့ အသက္ ၁၅ႏွစ္အ႐ြယ္ ထိုင္ဝမ္ကေလးငယ္ရယ္၊ လြိဳင္ေကာ္က တဦးတို႔ ျဖစ္ပါတယ္။

ထိုင္ဝမ္က ကေလးငယ္ကိုေတာ့ ရန္ကုန္၊ ေျမာက္ဥကၠလာေဝဘာဂီေဆး႐ုံမွာ သီးသန႔္ထားရွိထားပါတယ္။ က်န္တဲ့ ၃ဦးကိုေတာ့ သူတို႔ကိုေတြ႕ရွိတဲ့ မူလေနရာေတြက ေဆး႐ုံေတြမွာပဲ သီးသန႔္ထားရွိထားပါတယ္။

တ႐ုတ္ႏိုင္ငံ၊ ဟူေဘးျပည္နယ္၊ ဝူဟန္ၿမိဳ႕မွာ ဗိုင္းရပ္စ္ စေတြ႕တဲ့အခ်ိန္ကစၿပီး ျမန္မာေက်ာင္းသား ၆၃ေယာက္ ျပည္ေတာ္မျပန္ႏိုင္ပဲ ႏွစ္ပတ္ေက်ာ္ေလာက္ ဝူဟန္မွာ ေသာင္တင္ခဲ့ပါတယ္။

ေဖေဖာ္ဝါရီ ၂ရက္ေန႔မနက္မွာေတာ့ မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္ကို ျမန္မာေက်ာင္းသား ၆၃ ေယာက္ထဲက ၅၉ ေယာက္ျပန္ေရာက္လာပါၿပီ။ သူတို႔ကို မႏၲေလးက ကန္ေတာ္နဒီေဆး႐ုံမွာ ထားထား ပါတယ္။

က်န္ခဲ့တဲ့ ၄ေယာက္ကေတာ့ ျပန္ထြက္ခြာတဲ့အခ်ိန္မွာ ဗီဇာသက္တမ္းကုန္ဆုံးေနသူရယ္၊ အဖ်ားရွိေနတဲ့ သူေတြျဖစ္ေနလို႔ ဝူဟန္မွာ ထပ္မံေစာင့္ၾကည့္ဖို႔ က်န္ခဲ့ပါတယ္။

ဒါေပမယ့္ အဖ်ားရွိတဲ့အေျခအေနဆိုေပမယ့္ က်န္းမာေရးစစ္ေဆးမႈ မွတ္တမ္းေတြအရေတာ့ ဘယ္လို ေရာဂါ လကၡဏာမွ မရွိဘူးလို႔ ျပန္ေရာက္လာတဲ့ ေက်ာင္းသားေတြထံကသိရပါတယ္။

"မထြက္လာခင္ကလည္းစစ္တယ္၊ ဝူဟန္ေလဆိပ္မွာလည္း ၂ခါစစ္တယ္၊ ဒီဘက္ေလဆိပ္ေရာက္ ေတာ့လည္း စစ္တာ ၅၉ ဦးလုံးက ရွင္းပါတယ္။ ဟိုမွာက်န္ခဲ့တဲ့သူေတြကေတာ့ စိတ္လႈပ္ရွားၿပီး စိုးရိမ္ေန လို႔ထင္တယ္၊ ေဆးစစ္ထားတာေတြေတာ့အကုန္လုံးက အဆင္ေျပခဲ့တဲ့သူေတြပါပဲ" လို႔ ဝူဟန္က ျပန္ေရာက္လာတဲ့ မသင္းသင္းထက္က ဘီဘီစီကိုေျပာပါတယ္။

သူတို႔ ျပန္လာႏိုင္ဖို႔အတြက္ကိုလည္း ျမန္မာအစိုးရနဲ႔ ေဘဂ်င္းကျမန္မာသံ႐ုံးတို႔က ထပ္မံေဆာင္႐ြက္မယ္လို႔ လည္း ျမန္မာသံ႐ုံးေဘဂ်င္းက ေျပာပါတယ္။

ဒီေန႔ျပန္ေရာက္တဲ့ ေက်ာင္းသား ၅၉ ဦးလုံးမွာလည္း အပူခ်ိန္ျမႇင့္တာ၊ အျခားအသက္ရႈလမ္းေၾကာင္း ဆိုင္ရာ ေရာဂါအျပင္ အျခားဘယ္လို လကၡဏာမ်ိဳးမွ မေတြ႕ရဘူးလို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

ဒါေပမယ့္လည္း သူတို႔ကို ၁၄ရက္ၾကာထားရွိကာ၊ ဆက္လက္ေစာင့္ၾကည့္သြားမွာလို႔ သူကေျပာပါတယ္။

၁၄ရက္ၾကာၿပီး ဗိုင္းရပ္စ္ကူးစက္ခံရတဲ့ လကၡဏာေတြမရွိမွ အိမ္ကိုျပန္ခြင့္ျပဳမွာျဖစ္ၿပီး၊ ရွိခဲ့ရင္လည္း ေနရာေ႐ႊ႕ေျပာင္းကာ သီးသန႔္ကုသမႈနဲ႔ စစ္ေဆးမႈေတြကို ဆက္လုပ္မယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီးဌာနကသိရပါတယ္။
ကို႐ိုနာဗိုင္းရပ္စ္ကို ထိန္းခ်ဳပ္ႏိုင္ဖို႔ တ႐ုတ္ပိုႀကိဳးစာလာ
သံသယရွိလူနာေတြကို ကုသႏိုင္မႈ လုံလုံေလာက္ေလာက္ ျမန္မာမွာရွိေနၿပီလား

ဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီးေတာ့ ကုသႏိုင္တဲ့ေဆးဝါးကေတာ့ တစ္ကမာၻလုံးမွာ မရေသးပါဘူး။ ဒါေပမယ့္ သံသယလူေတြျဖစ္ေနတဲ့ ေခ်ာင္းဆိုးတာ၊ ဖ်ားတာ၊ အသက္ရႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါေတြကိုေတာ့ က်န္းမာေရးက ေဆးဝါးလုံလုံေလာက္ေလာက္နဲ႔ ကုသႏိုင္စြမ္းရွိတယ္လို႔ ေဒါက္တာခင္ခင္ႀကီးက ေျပာပါတယ္။

ဒါ့အျပင္ ကုသမႈပိုင္းက က်န္းမာေရးဝန္ထမ္းေတြအတြက္လည္း ကမာၻ႔က်န္းမာေရးအဖြဲ႕ရဲ႕ လမ္းၫႊန္ခ်က္နဲ႔ အညီ ကာကြယ္ေစာင့္ေရွာက္မႈမ်ိဳးေတြကို ေပးထားတယ္လို႔ သူကဆိုပါတယ္။

သတ္မွတ္ပုံစံ ကာကြယ္ေရးပစၥည္းေတြကိုသုံးတာ၊ ဒါ့အျပင္ ကာကြယ္ေရးဝတ္စုံအျပည့္အစုံနဲ႔ အေထာက္ အပံ့ေပးတာေတြကို က်န္းမာေရးဝန္ႀကီးဌာနက လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

WHO ကမာၻ႔က်န္းမာေရးအဖြဲ႕ နဲ႔ ပူးေပါင္းၿပီးေတာ့လည္း ဗိုင္းရပ္စ္ဆိုင္ရာ သတင္းအခ်က္အလက္၊ ေဆးပညာဆိုင္ရာ အခ်က္အလက္ရရွိေရးအျပင္၊ ဓာတ္ခြဲခန္းဆိုင္ရာ ပစၥည္းမ်ားရရွိႏိုင္ေရးအတြက္ လတ္တေလာမွာ က်န္းမာေရးဝန္ႀကီးဌာနက ပူးေပါင္း လုပ္ေဆာင္ေနတယ္လို႔ ေဒါက္တာခင္ခင္ႀကီးကေျပာပါတယ္။

လတ္တေလာမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္အတြက္ ကာကြယ္ေဆးမရွိေသးပါဘူး။ ဒါေပမယ့္ က်န္းမာေရးနဲ႔ သိပၸံပညာရွင္ေတြကေတာ့ ကာကြယ္ေဆးနဲ႔ ေရာဂါတိုက္ဖ်က္ႏိုင္ဖို႔ အတြက္ စူးစမ္းေလ့လာမႈေတြေတာ့ လုပ္ေနပါတယ္။
လတ္တေလာမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္အတြက္ ကာကြယ္ေဆးမရွိေသးပါဘူး။ ဒါေပမယ့္ က်န္းမာေရးနဲ႔ သိပၸံပညာရွင္ေတြကေတာ့ ကာကြယ္ေဆးနဲ႔ ေရာဂါတိုက္ဖ်က္ႏိုင္ဖို႔ အတြက္ စူးစမ္းေလ့လာမႈေတြေတာ့ လုပ္ေနပါတယ္။

အခုထိေတာ့ လူေတြကိုယ္တိုင္ပဲ မိမိကို မကူးစက္ေအာင္ ေနထိုင္ကာ၊ ကာကြယ္ရမယ့္အေျခအေနျဖစ္ ပါတယ္။ ကို႐ိုနာဗိုင္းရပ္စ္က အရင္တခါမွမသိဘူးခဲ့တဲ့ ထူးဆန္းတဲ့ ဗိုင္းရပ္စ္မ်ိဳးျဖစ္ပါတယ္။ အခုထိေတာင္ ဆရာဝန္ေတြလည္း ဘယ္လိုေၾကာင့္ ျဖစ္တယ္ဆိုတာကို မေလ့လာႏိုင္ေလာက္ေအာင္ ျဖစ္ေနပါတယ္။

လူထူထပ္တဲ့ေနရာေတြကို သြားလာတာေရွာင္ဖို႔၊ လက္ကို သန႔္စင္ေအာင္ေအာင္ မၾကာခဏေဆး ေၾကာဖို႔၊ ေခ်ာင္းဆိုး ႏွာေခ်ရင္ အကာအကြယ္နဲ႔ ကာကြယ္ၿပီး ေခ်ာင္းဆိုႏွာေခ်တာ၊ တိရိစာၦန္ေတြကို ထိေတြ႕ကိုင္ တြယ္တာကို ေရွာင္ဖို႔၊ အျခားေရာဂါအခံရွိသူေတြအေနနဲ႔ ဂ႐ုစိုက္ၿပီး ကုသမႈေတြလုပ္ဖို႔၊ ေရမ်ားမ်ားေသာက္ သုံးတာ၊ သန႔္ရွင္းတဲ့ေလထုကို ရႈရႈိက္ဖို႔ အစရွိတာေတြကို ျပဳလုပ္သင့္တယ္လို႔ ေဒါက္တာ ခင္ခင္ႀကီးက အႀကံျပဳပါတယ္။

ဖိလစ္ပိုင္က ကို႐ိုနာဗိုင္းရပ္ကူးစက္ခံရသူ လူနာတဦး ေသဆုံးသြားပါၿပီ။ ဒါက တ႐ုတ္ႏိုင္ငံျပင္ပမွာ ဗိုင္းရပ္စ္ကူးစက္ခံရၿပီးေသဆုံးတဲ့ ပထမဆုံးသူလည္းျဖစ္ပါတယ္။

ေသဆုံးသြားသူ အသက္ ၄၄ႏွစ္အ႐ြယ္ အမ်ိဳးသားက ဝူဟန္ကျဖစ္ၿပီး ဖိလစ္ပိုင္မွာ ေရာက္ရွိေနသူတဦး ျဖစ္ပါတယ္။

သူဖိလစ္ပိုင္ကိုမေရာက္ခင္ကတည္းက ဒီဗိုင္းရပ္စ္ကို ကူစက္ခံထားရတာလို႔ WHO က ေျပာပါတယ္။

လက္ရွိ ေဖေဖာ္ဝါရီလ ၂ ရက္ေန႔အထိ လူ ၃၀၀ေက်ာ္အထိ ေသဆုံးသြားပါၿပီ။ အားလုံးနီးပါးကလည္း ဟူေဘးျပည္နယ္၊ ဝူဟန္ကျဖစ္ပါတယ္။ လူေပါင္း ၁ ေသာင္း ၄ေထာင္ေက်ာ္ကိုလည္း ကူးစက္ပ်ံ႕ႏွံ႔ခဲ့ပါၿပီ။ ေသဆုံးတဲ့အေရအတြက္က ေန႔စဥ္တိုးလာေနသလို၊ ကူးစက္တဲ့အေရအတြက္ကလည္း ေန႔စဥ္တိုးေနပါတယ္။

ႏိုင္ငံေပါင္း ၂၄ႏိုင္ငံကိုလည္း ပ်ံ႕ႏွံသြားၿပီလို႔ WHO က အစီရင္ခံထားပါတယ္။

အေမရိကန္နဲ႔ ၾသစေတးလ်ႏိုင္ငံေတြအပါအဝင္ အျခားႏိုင္ငံေတြမွာလည္း ကူးစက္မႈက ျမႇင့္တက္ေနၿပီး တ႐ုတ္ႏိုင္ငံက လာတဲ့ေလေၾကာင့္ခရီးစဥ္ေတြကို တားျမစ္ထားရတဲ့အေျခအေနကို ေရာက္ရွိကာ၊ ကူးစက္ ခံရတဲ့ ႏိုင္ငံသားေတြကိုလည္း ေစာင့္ၾကည့္ကုသမႈေတြလုပ္ေပးေနၾကရပါတယ္။

ျမန္မာႏိုင္ငံကေတာ့ တ႐ုတ္ႏိုင္ငံသားေတြကို ဆိုက္ေရာက္ဗီဇာေပးေနတာကို ေဖေဖာ္ဝါရီကစလို႔ ယာယီ ရပ္ဆိုင္းလိုက္ပါတယ္။

ကို႐ိုနာဗိုင္းရပ္ ပ်ံႏွံ႔ကူးစက္မႈက ဆာ့စ္ (Sars) ေရာဂါ ကူးစက္မႈထက္ ႏိုင္ငံအေရအတြက္ ပိုမ်ားလာပါၿပီ။ ၂၀၀၃ခုႏွစ္တုန္းက ျဖစ္ခဲ့တဲ့ အဲဒီဆာ့စ္က ႏိုင္ငံေပါင္း ၂၀ေက်ာ္ကိုကူးစက္ခဲ့ပါတယ္။ ဒါေပမယ့္ ေသဆုံးတဲ့ အေရအတြက္အရ ဆိုရင္ေတာ့ ဆာစ္ေရာဂါက ပိုမ်ားပါတယ္။

BBC Burmese
https://www.bbc.com
-----------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်- ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့တဲ့ မြန်မာနဲ့ ကိုရိုနာဗိုင်းရပ်စ် ပြဿနာ

ဓာတ်ပုံ မူပိုင် Getty Images
Image caption ဒီဗိုင်းရပ်စ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက် ပျံ့နှံ့နိုင်တဲ့ အလားအလာ ရှိတယ်လို့ WHOက သတိပေးထား

မြန်မာနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူ အားလုံးပေါင်း ၅ ဦးရှိနေပါပြီ။ ဒါကလည်း ကျန်းမာရေး ဝန်ကြီးဌာန ဖေဖော်ဝါရီ ၂ရက်နေ့ နေ့လည်ပိုင်းအထိရရှိထားတဲ့ အရေအတွက် ဖြစ်ပါတယ်။

အဲဒီ ၅ဦးထဲက ရန်ကုန်လေဆိပ်မှာ တွေ့ခဲ့ရသူ သံသယလူနာရဲ့ နှာခေါင်းတို့ဘတ်နမူနာ (Nasopharyngeal Swab) က ထိုင်းနိုင်ငံရဲ့ ဓါတ်ခွဲခန်းကို ဖေဖော်ဝါရီ ၁ရက်နေ့မှာ ရောက်ရှိသွားပါပြီ။

ဒါကြောင့် ရုံးဖွင့်ရက် ၂ရက်အတွင်းမှာဘဲ အဲဒီသံသယလူနာရဲ့ အဖြေကိုသိရှိနိုင်မယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မျှော်မှန်းထားပါတယ်။
\
ကျန်တဲ့ လေးဦးရဲ့ နမူနာတွေကိုတော့ မြန်မာအမျိုးသားဓါတ်ခွဲခန်းမှာ ရယူ၊ ရောက်ရှိနေပြီလို့ ဝန်ကြီး ဌာနက ဘီဘီစီကို အတည်ပြုပြောပါတယ်။

အဲဒီလေးယောက်ကတော့ ကျိုင်းတုံက တစ်နှစ်ကျော်ကလေးငယ်၊ မင်ပြားက အသက် ၃၈နှစ်အရွယ် အမျိုး သား၊ ရန်ကုန်ရောက်နေတဲ့ အသက် ၁၅နှစ်အရွယ် ထိုင်ဝမ်ကလေးငယ်ရယ်၊ လွိုင်ကော်က တဦးတို့ ဖြစ်ပါတယ်။

ထိုင်ဝမ်က ကလေးငယ်ကိုတော့ ရန်ကုန်၊ မြောက်ဥက္ကလာဝေဘာဂီဆေးရုံမှာ သီးသန့်ထားရှိထားပါတယ်။ ကျန်တဲ့ ၃ဦးကိုတော့ သူတို့ကိုတွေ့ရှိတဲ့ မူလနေရာတွေက ဆေးရုံတွေမှာပဲ သီးသန့်ထားရှိထားပါတယ်။

တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်၊ ဝူဟန်မြို့မှာ ဗိုင်းရပ်စ် စတွေ့တဲ့အချိန်ကစပြီး မြန်မာကျောင်းသား ၆၃ယောက် ပြည်တော်မပြန်နိုင်ပဲ နှစ်ပတ်ကျော်လောက် ဝူဟန်မှာ သောင်တင်ခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂ရက်နေ့မနက်မှာတော့ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မြန်မာကျောင်းသား ၆၃ ယောက်ထဲက ၅၉ ယောက်ပြန်ရောက်လာပါပြီ။ သူတို့ကို မန္တလေးက ကန်တော်နဒီဆေးရုံမှာ ထားထား ပါတယ်။

ကျန်ခဲ့တဲ့ ၄ယောက်ကတော့ ပြန်ထွက်ခွာတဲ့အချိန်မှာ ဗီဇာသက်တမ်းကုန်ဆုံးနေသူရယ်၊ အဖျားရှိနေတဲ့ သူတွေဖြစ်နေလို့ ဝူဟန်မှာ ထပ်မံစောင့်ကြည့်ဖို့ ကျန်ခဲ့ပါတယ်။
ဝူဟန် မြို့တွင်းမှာ ပိတ်မိနေသူတွ အနာဂတ် ဘာဖြစ်လာမလဲ

ဒါပေမယ့် အဖျားရှိတဲ့အခြေအနေဆိုပေမယ့် ကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းတွေအရတော့ ဘယ်လို ရောဂါ လက္ခဏာမှ မရှိဘူးလို့ ပြန်ရောက်လာတဲ့ ကျောင်းသားတွေထံကသိရပါတယ်။

"မထွက်လာခင်ကလည်းစစ်တယ်၊ ဝူဟန်လေဆိပ်မှာလည်း ၂ခါစစ်တယ်၊ ဒီဘက်လေဆိပ်ရောက် တော့လည်း စစ်တာ ၅၉ ဦးလုံးက ရှင်းပါတယ်။ ဟိုမှာကျန်ခဲ့တဲ့သူတွေကတော့ စိတ်လှုပ်ရှားပြီး စိုးရိမ်နေ လို့ထင်တယ်၊ ဆေးစစ်ထားတာတွေတော့အကုန်လုံးက အဆင်ပြေခဲ့တဲ့သူတွေပါပဲ" လို့ ဝူဟန်က ပြန်ရောက်လာတဲ့ မသင်းသင်းထက်က ဘီဘီစီကိုပြောပါတယ်။

သူတို့ ပြန်လာနိုင်ဖို့အတွက်ကိုလည်း မြန်မာအစိုးရနဲ့ ဘေဂျင်းကမြန်မာသံရုံးတို့က ထပ်မံဆောင်ရွက်မယ်လို့ လည်း မြန်မာသံရုံးဘေဂျင်းက ပြောပါတယ်။

ဒီနေ့ပြန်ရောက်တဲ့ ကျောင်းသား ၅၉ ဦးလုံးမှာလည်း အပူချိန်မြှင့်တာ၊ အခြားအသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါအပြင် အခြားဘယ်လို လက္ခဏာမျိုးမှ မတွေ့ရဘူးလို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဒါပေမယ့်လည်း သူတို့ကို ၁၄ရက်ကြာထားရှိကာ၊ ဆက်လက်စောင့်ကြည့်သွားမှာလို့ သူကပြောပါတယ်။

၁၄ရက်ကြာပြီး ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လက္ခဏာတွေမရှိမှ အိမ်ကိုပြန်ခွင့်ပြုမှာဖြစ်ပြီး၊ ရှိခဲ့ရင်လည်း နေရာရွှေ့ပြောင်းကာ သီးသန့်ကုသမှုနဲ့ စစ်ဆေးမှုတွေကို ဆက်လုပ်မယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနကသိရပါတယ်။

ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီးတော့ ကုသနိုင်တဲ့ဆေးဝါးကတော့ တစ်ကမ္ဘာလုံးမှာ မရသေးပါဘူး။ ဒါပေမယ့် သံသယလူတွေဖြစ်နေတဲ့ ချောင်းဆိုးတာ၊ ဖျားတာ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုတော့ ကျန်းမာရေးက ဆေးဝါးလုံလုံလောက်လောက်နဲ့ ကုသနိုင်စွမ်းရှိတယ်လို့ ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

ဒါ့အပြင် ကုသမှုပိုင်းက ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ အညီ ကာကွယ်စောင့်ရှောက်မှုမျိုးတွေကို ပေးထားတယ်လို့ သူကဆိုပါတယ်။

သတ်မှတ်ပုံစံ ကာကွယ်ရေးပစ္စည်းတွေကိုသုံးတာ၊ ဒါ့အပြင် ကာကွယ်ရေးဝတ်စုံအပြည့်အစုံနဲ့ အထောက် အပံ့ပေးတာတွေကို ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ နဲ့ ပူးပေါင်းပြီးတော့လည်း ဗိုင်းရပ်စ်ဆိုင်ရာ သတင်းအချက်အလက်၊ ဆေးပညာဆိုင်ရာ အချက်အလက်ရရှိရေးအပြင်၊ ဓာတ်ခွဲခန်းဆိုင်ရာ ပစ္စည်းများရရှိနိုင်ရေးအတွက် လတ်တလောမှာ ကျန်းမာရေးဝန်ကြီးဌာနက ပူးပေါင်း လုပ်ဆောင်နေတယ်လို့ ဒေါက်တာခင်ခင်ကြီးကပြောပါတယ်။
ဓာတ်ပုံ မူပိုင် EPA
Image caption လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသေးပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ သိပ္ပံပညာရှင်တွေကတော့ ကာကွယ်ဆေးနဲ့ ရောဂါတိုက်ဖျက်နိုင်ဖို့ အတွက် စူးစမ်းလေ့လာမှုတွေတော့ လုပ်နေပါတယ်။
ဗိုင်းရပ်စ်မကူးစက်အောင် ဘယ်လိုလုပ်နိုင်သလဲ၊ ကာကွယ်ဆေးရှိနေပြီလား

လတ်တလောမှာတော့ ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးမရှိသေးပါဘူး။ ဒါပေမယ့် ကျန်းမာရေးနဲ့ သိပ္ပံပညာရှင်တွေကတော့ ကာကွယ်ဆေးနဲ့ ရောဂါတိုက်ဖျက်နိုင်ဖို့ အတွက် စူးစမ်းလေ့လာမှုတွေတော့ လုပ်နေပါတယ်။

အခုထိတော့ လူတွေကိုယ်တိုင်ပဲ မိမိကို မကူးစက်အောင် နေထိုင်ကာ၊ ကာကွယ်ရမယ့်အခြေအနေဖြစ် ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်က အရင်တခါမှမသိဘူးခဲ့တဲ့ ထူးဆန်းတဲ့ ဗိုင်းရပ်စ်မျိုးဖြစ်ပါတယ်။ အခုထိတောင် ဆရာဝန်တွေလည်း ဘယ်လိုကြောင့် ဖြစ်တယ်ဆိုတာကို မလေ့လာနိုင်လောက်အောင် ဖြစ်နေပါတယ်။

လူထူထပ်တဲ့နေရာတွေကို သွားလာတာရှောင်ဖို့၊ လက်ကို သန့်စင်အောင်အောင် မကြာခဏဆေး ကြောဖို့၊ ချောင်းဆိုး နှာချေရင် အကာအကွယ်နဲ့ ကာကွယ်ပြီး ချောင်းဆိုနှာချေတာ၊ တိရိစ္ဆာန်တွေကို ထိတွေ့ကိုင် တွယ်တာကို ရှောင်ဖို့၊ အခြားရောဂါအခံရှိသူတွေအနေနဲ့ ဂရုစိုက်ပြီး ကုသမှုတွေလုပ်ဖို့၊ ရေများများသောက် သုံးတာ၊ သန့်ရှင်းတဲ့လေထုကို ရှုရှိုက်ဖို့ အစရှိတာတွေကို ပြုလုပ်သင့်တယ်လို့ ဒေါက်တာ ခင်ခင်ကြီးက အကြံပြုပါတယ်။

ကမ္ဘာ့လုံးဆိုင်ရာ အရေးပေါ်အခြေအနေ အဖြစ်လည်း WHO က သတ်မှတ်ထားပါပြီ။

ဖိလစ်ပိုင်က ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ လူနာတဦး သေဆုံးသွားပါပြီ။ ဒါက တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်ခံရပြီးသေဆုံးတဲ့ ပထမဆုံးသူလည်းဖြစ်ပါတယ်။

သေဆုံးသွားသူ အသက် ၄၄နှစ်အရွယ် အမျိုးသားက ဝူဟန်ကဖြစ်ပြီး ဖိလစ်ပိုင်မှာ ရောက်ရှိနေသူတဦး ဖြစ်ပါတယ်။

သူဖိလစ်ပိုင်ကိုမရောက်ခင်ကတည်းက ဒီဗိုင်းရပ်စ်ကို ကူစက်ခံထားရတာလို့ WHO က ပြောပါတယ်။

လက်ရှိ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ လူ ၃၀၀ကျော်အထိ သေဆုံးသွားပါပြီ။ အားလုံးနီးပါးကလည်း ဟူဘေးပြည်နယ်၊ ဝူဟန်ကဖြစ်ပါတယ်။ လူပေါင်း ၁ သောင်း ၄ထောင်ကျော်ကိုလည်း ကူးစက်ပျံ့နှံ့ခဲ့ပါပြီ။ သေဆုံးတဲ့အရေအတွက်က နေ့စဉ်တိုးလာနေသလို၊ ကူးစက်တဲ့အရေအတွက်ကလည်း နေ့စဉ်တိုးနေပါတယ်။

နိုင်ငံပေါင်း ၂၄နိုင်ငံကိုလည်း ပျံ့နှံသွားပြီလို့ WHO က အစီရင်ခံထားပါတယ်။

အမေရိကန်နဲ့ သြစတေးလျနိုင်ငံတွေအပါအဝင် အခြားနိုင်ငံတွေမှာလည်း ကူးစက်မှုက မြှင့်တက်နေပြီး တရုတ်နိုင်ငံက လာတဲ့လေကြောင့်ခရီးစဉ်တွေကို တားမြစ်ထားရတဲ့အခြေအနေကို ရောက်ရှိကာ၊ ကူးစက် ခံရတဲ့ နိုင်ငံသားတွေကိုလည်း စောင့်ကြည့်ကုသမှုတွေလုပ်ပေးနေကြရပါတယ်။

မြန်မာနိုင်ငံကတော့ တရုတ်နိုင်ငံသားတွေကို ဆိုက်ရောက်ဗီဇာပေးနေတာကို ဖေဖော်ဝါရီကစလို့ ယာယီ ရပ်ဆိုင်းလိုက်ပါတယ်။

ကိုရိုနာဗိုင်းရပ် ပျံနှံ့ကူးစက်မှုက ဆာ့စ် (Sars) ရောဂါ ကူးစက်မှုထက် နိုင်ငံအရေအတွက် ပိုများလာပါပြီ။ ၂၀၀၃ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ အဲဒီဆာ့စ်က နိုင်ငံပေါင်း ၂၀ကျော်ကိုကူးစက်ခဲ့ပါတယ်။ ဒါပေမယ့် သေဆုံးတဲ့ အရေအတွက်အရ ဆိုရင်တော့ ဆာစ်ရောဂါက ပိုများပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္- က်န္းမာေရးေစာင့္ေရွာက္မႈ ခ်ိဳ႕တဲ့တဲ့ ျမန္မာနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာ ကို႐ိုနာဗိုင္းရပ္စ္- က်န္းမာေရးေစာင့္ေရွာက္မႈ ခ်ိဳ႕တဲ့တဲ့ ျမန္မာနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ ျပႆနာ Reviewed by THITHTOOLWIN on 21:37 Rating: 5
Powered by Blogger.