ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာ တိုးလာ

ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေဝဘာဂီေဆး႐ုံကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ သံသယနဲ႔ ရန္ကုန္ၿမိဳ႕ ေအာင္ရတနာပုဂၢလိက အထူးကုေဆး႐ုံက လူနာတစ္ဦး ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္ခဲ့ၿပီး ျမန္မာႏိုင္ငံတြင္း သံသယနဲ႔ ေစာင့္ၾကည့္စစ္ေဆးေနတဲ့ လူနာ ‌ေလးဦးရွိသြားၿပီျဖစ္ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္ပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ညေနပိုင္းမွာ ရန္ကုန္ၿမိဳ႕ ေအာင္ရတနာ ပုဂၢလိကအထူးကုေဆး႐ုံကို လာေရာက္ျပသတဲ့ ၁၅ ႏွစ္အ႐ြယ္ ထိုင္ဝမ္ႏိုင္ငံသား ကေလးတစ္ဦးမွာ ဖ်ားနာ၊ ေခ်ာင္းဆိုးေသြးပါ၊ အသက္ရႉၾကပ္တဲ့ လကၡဏာေတြေၾကာင့္ ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္ခဲ့ရတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ဇန္နဝါရီ ၃၁ ရက္ေန႔ ကေတာ့ ရန္ကုန္ေလဆိပ္မွာ ကြမ္က်ိဳးကလိုက္ပါလာတဲ့ တ႐ုတ္ႏိုင္ငံ သားတစ္ဦးကို ကို႐ိုလာဗိုင္းရပ္ သံသယလူနာအျဖစ္ ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္ထားတာပါ။

အခုဆိုရင္ ေဝဘာဂီေဆး႐ုံမွာ ကို႐ိုနာဗိုင္းရပ္စ္ ေစာင့္ၾကည့္စမ္းသပ္လူနာ ႏွစ္ဦး ရွိေနၿပီလို႔ ရန္ကုန္တိုင္း က်န္းမာေရးဦးစီးဌာန ဦးစီးဌာနမႉး ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ ထြန္းျမင့္က ေျပာပါတယ္။

ေဝဘာဂီေဆး႐ုံက ေဒါက္တာ စံပယ္ျဖဴက သံသယလူနာ ႏွစ္ဦးနဲ႔ ပတ္သက္ဆက္ႏြယ္သူ  ေတြကိုလည္း ေစာင့္ၾကည့္ စစ္ေဆးေနတယ္လို႔ အတည္ျပဳေျပာပါတယ္။

သံသယလူနာ ႏွစ္ဦးပါ ေစာင့္ၾကည့္တဲ့ သူကေတာ့ရွိတာေပါ့ သူတို႔နဲ႔ ပတ္သက္ဆက္ႏြယ္သူ  ေတြကိုေတာ့ ေစာင့္ၾကည့္အေနနဲ႔ ထားထားပါတယ္။

တ႐ုတ္ႏိုင္ငံမွာ အလုပ္လုပ္ၿပီး ဇန္နဝါရီ ၂၀ ရက္ေန႔က ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ကို ျပန္လာသူ တစ္ဦးမွာလည္း ေရာဂါလကၡဏာ ေတြ႕ရွိရတဲ့အတြက္ ေစာင့္ၾကည့္ကုသေပးေနေၾကာင္းနဲ႔ ဇန္နဝါရီ ၁၉ ရက္ေန႔က က်ိဳင္းတုံၿမိဳ႕ကို တ႐ုတ္ႏိုင္ငံစီခြၽမ္ၿမိဳ႕နယ္က လာေရာက္လည္ပတ္တဲ့ တ႐ုတ္ႏိုင္ငံသား မိသားစုထဲက ၁ ႏွစ္ ၂ လအ႐ြယ္ ကေလးတစ္ဦးမွာလည္း ေရာဂါ လကၡဏာေတြ႕ရွိရတဲ့အတြက္ မိသားစုေတြကိုပါ ေစာင့္ၾကည့္ စစ္ေဆးေပးေနတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာက သတင္းထုတ္ျပန္ပါတယ္။

မိတၳီလာၿမိဳ႕မွာလည္း သံသယလူနာ တစ္ဦးရွိေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနေပမယ့္ အဲဒီလူနာနဲ႔ ပတ္သက္လို႔ေတာ့ အစိုးရက ထုတ္ျပန္ထားတာမရွိေသးပါဘူး။

အခုခ်ိန္မွာ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာျဖစ္ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ျပည္မွာ မေနရဲေတာ့ဘဲ ေန႔စဥ္ နယ္စပ္ဂိတ္ကေန ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ရာနဲ႔ခ်ီ ျပန္လာေနၾကပါတယ္။

နယ္စပ္ဂိတ္ေတြမွာ အဝင္အထြက္ ေလွ်ာ့ခ်တာ၊ ယာယီပိတ္တာေတြ လုပ္ေဆာင္ႏိုင္ေရးအတြက္ သက္ဆိုင္ရာ ဝန္ႀကီးဌာနေတြနဲ႔ ဆက္သြယ္ေဆာင္႐ြက္သြားမယ္လို႔ က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က ျပည္တြင္းမီဒီယာတခ်ိဳ႕ကို ေျဖၾကားထားပါတယ္။

မူဆယ္ဂိတ္မွာေန႔စဥ္ဝင္ထြက္ သြားလာေနတာေတြကို အပူခ်ိန္တိုင္းကိရိယာနဲ႔ စစ္ေဆးၿပီး ကိုယ္အပူခ်ိန္ ျမင့္တက္ေနသူေတြကို ေစာင့္ၾကည့္စစ္ေဆးေပးေနတာပါ။

လတ္တေလာမွာ နယ္စပ္ဂိတ္ေတြကို ယာယီပိတ္ဖို႔ မရွိေသးေၾကာင္းနဲ႔ က်န္းမာေရးေစာင့္ေရွာက္မႈေတြ ပိုမိုလုပ္ေဆာင္ဖို႔ အစိုးရက ၫႊန္ၾကားထားတယ္လို႔ မူဆယ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္စိုးက ေျပာပါတယ္။

နယ္စပ္ဂိတ္ပိတ္ဖို႔ ေဆြးေႏြးတာမဟုတ္ပါဘူး နယ္စပ္ဂိတ္ က်မ္းမာေရးေစာင့္ေရွာက္မႈ တိုးျမႇင့္ေဆာင္႐ြက္ဖို႔ ရွိတာပါ။ အပူခ်ိန္တိုင္းကိရိယာနဲ႔ တိုင္းၿပီး မသကၤာတဲ့သူေတြကို ေစာင့္ၾကည့္တာေတြလုပ္တယ္ ေဆး႐ုံမွာ သံသယရွိတာေတာ့မေတြ႕ပါဘူး အပူခ်ိန္ သာမာန္အပူခ်ိန္ထက္မ်ားတာေတြကို ေစာင့္ၾကည့္ၿပီး အဖ်ားက်တာနဲ႔ ျပန္လႊတ္တာေတြေတာ့ရွိတယ္။

အရင္က မူဆယ္ဂိတ္မွာ ေန႔စဥ္ဝင္ထြက္သြားလာသူ ေထာင္နဲ႔ခ်ီရွိေပမယ့္ အခုရက္ပိုင္းမွာ ေလးငါးရာ ဝန္းက်င္သာရွိၿပီး တ႐ုတ္ႏိုင္ငံသားေတြ သြားလာတာ မရွိေတာ့ဘဲ ျမန္မာႏိုင္ငံသားေတြ ျပန္လာတာမ်ားတယ္လို႔ သိရပါတယ္။

“ဝ”ေဒသ ပန္ဆန္းနယ္စိပ္ဂိတ္လည္း လတ္တေလာ ပိတ္ထားတာမရွိဘဲ ေန႔စဥ္သြားလာ သူေတြကိုသာ က်န္းမာေရး စစ္ေဆးေပးေနတယ္လို႔ လားရႈိးဆက္ဆံေရး႐ုံး တာဝန္ခံဦးညီရမ္း က ေျပာပါတယ္။

တရားဝင္ေပါက္ကလာတဲ့ သူေတြလည္းလာၾကဖို႔ ေကာင္းေကာင္းမြန္မြန္ စမ္းသပ္စစ္ေဆးမႈေတြ လုပ္ႏိုင္ေအာင္ စည္းကမ္း ထုတ္ျပန္တာရွိတယ္ ခိုးဝင္ခိုးထြက္တာေတြလည္းမလုပ္ဖို႔ စီစစ္မႈေတြလုပ္ေနတယ္။ ဝျပည္ထဲကို ခိုးဝင္တာေတြကို ေပးမဝင္ဘူး ေတြ႕ရင္လဲ အေရးယူတာေတြ ျပန္လွည့္ခိုင္းတာေတြလုပ္ေနပါတယ္။

ဒီလိုေဆာင္႐ြက္ခ်က္ေတြနဲ႔ပတ္သက္လို႔ ျပည္ေထာင္စု အစိုးရအေနနဲ႔ “ဝ”ေဒသကို သီးျခား ညႇိႏႈိင္းေျပာဆိုခ်က္ တစ္စုံတစ္ရာ မရွိေသးေပမယ့္ ေဒသအတြင္းမွာ လူစုလူေဝးမျဖစ္ေအာင္ ပြဲလမ္းသဘင္ေတြ၊ မဂၤလာေဆာင္ေတြ မလုပ္ဖို႔ တားျမစ္ထားၿပီး လက္ရွိအခ်ိန္အထိေတာ့ ကို႐ိုနာဗိုင္းရပ္စ္ သံသယရွိသူတစ္ဦးတစ္ေယာက္မွ မေတြ႕ရေသးဘူးလို႔ ဆိုပါတယ္။

တ႐ုတ္ - ျမန္မာနယ္စပ္ဂိတ္ေတြကေတာ့ ကခ်င္ျပည္နယ္ ကန္ပိုက္တီး၊ ဆဒုံး၊ လြယ္ဂ်ယ္၊ ပန္ဝါ၊ ရွမ္းျပည္နယ္ နမ့္ခမ္းမွာ နယ္စပ္ဂိတ္ ႏွစ္ခု၊ မူဆယ္မွာ ေလးခုနဲ႔ ကိုးကန႔္ကိုယ္ပိုင္ အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဝ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသေတြမွာ ရွိပါတယ္။

RFA Burmese
https://www.rfa.org
-----------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ တိုးလာ

မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကို တွေ့ရစဉ်
Photo: RFA

ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ ရန်ကုန်မြို့ အောင်ရတနာပုဂ္ဂလိက အထူးကုဆေးရုံက လူနာတစ်ဦး ဝေဘာဂီဆေးရုံကို ပို့ဆောင်ခဲ့ပြီး မြန်မာနိုင်ငံတွင်း သံသယနဲ့ စောင့်ကြည့်စစ်ဆေးနေတဲ့ လူနာ ‌လေးဦးရှိသွားပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ အောင်ရတနာ ပုဂ္ဂလိကအထူးကုဆေးရုံကို လာရောက်ပြသတဲ့ ၁၅ နှစ်အရွယ် ထိုင်ဝမ်နိုင်ငံသား ကလေးတစ်ဦးမှာ ဖျားနာ၊ ချောင်းဆိုးသွေးပါ၊ အသက်ရှူကြပ်တဲ့ လက္ခဏာတွေကြောင့် ဝေဘာဂီဆေးရုံကို ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ ကတော့ ရန်ကုန်လေဆိပ်မှာ ကွမ်ကျိုးကလိုက်ပါလာတဲ့ တရုတ်နိုင်ငံ သားတစ်ဦးကို ကိုရိုလာဗိုင်းရပ် သံသယလူနာအဖြစ် ဝေဘာဂီဆေးရုံကို ပို့ဆောင်ထားတာပါ။

အခုဆိုရင် ဝေဘာဂီဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်စမ်းသပ်လူနာ နှစ်ဦး ရှိနေပြီလို့ ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာန ဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ထွန်းမြင့်က ပြောပါတယ်။

ဝေဘာဂီဆေးရုံက ဒေါက်တာ စံပယ်ဖြူက သံသယလူနာ နှစ်ဦးနဲ့ ပတ်သက်ဆက်နွယ်သူ  တွေကိုလည်း စောင့်ကြည့် စစ်ဆေးနေတယ်လို့ အတည်ပြုပြောပါတယ်။

သံသယလူနာ နှစ်ဦးပါ စောင့်ကြည့်တဲ့ သူကတော့ရှိတာပေါ့ သူတို့နဲ့ ပတ်သက်ဆက်နွယ်သူ  တွေကိုတော့ စောင့်ကြည့်အနေနဲ့ ထားထားပါတယ်။

တရုတ်နိုင်ငံမှာ အလုပ်လုပ်ပြီး ဇန်နဝါရီ ၂၀ ရက်နေ့က ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ကို ပြန်လာသူ တစ်ဦးမှာလည်း ရောဂါလက္ခဏာ တွေ့ရှိရတဲ့အတွက် စောင့်ကြည့်ကုသပေးနေကြောင်းနဲ့ ဇန်နဝါရီ ၁၉ ရက်နေ့က ကျိုင်းတုံမြို့ကို တရုတ်နိုင်ငံစီချွမ်မြို့နယ်က လာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသား မိသားစုထဲက ၁ နှစ် ၂ လအရွယ် ကလေးတစ်ဦးမှာလည်း ရောဂါ လက္ခဏာတွေ့ရှိရတဲ့အတွက် မိသားစုတွေကိုပါ စောင့်ကြည့် စစ်ဆေးပေးနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာက သတင်းထုတ်ပြန်ပါတယ်။

မိတ္ထီလာမြို့မှာလည်း သံသယလူနာ တစ်ဦးရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အဲဒီလူနာနဲ့ ပတ်သက်လို့တော့ အစိုးရက ထုတ်ပြန်ထားတာမရှိသေးပါဘူး။

အခုချိန်မှာ တရုတ်နိုင်ငံ ဝူဟန်မြို့မှာဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ပြည်မှာ မနေရဲတော့ဘဲ နေ့စဉ် နယ်စပ်ဂိတ်ကနေ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရာနဲ့ချီ ပြန်လာနေကြပါတယ်။

နယ်စပ်ဂိတ်တွေမှာ အဝင်အထွက် လျှော့ချတာ၊ ယာယီပိတ်တာတွေ လုပ်ဆောင်နိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေနဲ့ ဆက်သွယ်ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြည်တွင်းမီဒီယာတချို့ကို ဖြေကြားထားပါတယ်။

မူဆယ်ဂိတ်မှာနေ့စဉ်ဝင်ထွက် သွားလာနေတာတွေကို အပူချိန်တိုင်းကိရိယာနဲ့ စစ်ဆေးပြီး ကိုယ်အပူချိန် မြင့်တက်နေသူတွေကို စောင့်ကြည့်စစ်ဆေးပေးနေတာပါ။

လတ်တလောမှာ နယ်စပ်ဂိတ်တွေကို ယာယီပိတ်ဖို့ မရှိသေးကြောင်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ပိုမိုလုပ်ဆောင်ဖို့ အစိုးရက ညွှန်ကြားထားတယ်လို့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်စိုးက ပြောပါတယ်။

နယ်စပ်ဂိတ်ပိတ်ဖို့ ဆွေးနွေးတာမဟုတ်ပါဘူး နယ်စပ်ဂိတ် ကျမ်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်ဖို့ ရှိတာပါ။ အပူချိန်တိုင်းကိရိယာနဲ့ တိုင်းပြီး မသင်္ကာတဲ့သူတွေကို စောင့်ကြည့်တာတွေလုပ်တယ် ဆေးရုံမှာ သံသယရှိတာတော့မတွေ့ပါဘူး အပူချိန် သာမာန်အပူချိန်ထက်များတာတွေကို စောင့်ကြည့်ပြီး အဖျားကျတာနဲ့ ပြန်လွှတ်တာတွေတော့ရှိတယ်။

အရင်က မူဆယ်ဂိတ်မှာ နေ့စဉ်ဝင်ထွက်သွားလာသူ ထောင်နဲ့ချီရှိပေမယ့် အခုရက်ပိုင်းမှာ လေးငါးရာ ဝန်းကျင်သာရှိပြီး တရုတ်နိုင်ငံသားတွေ သွားလာတာ မရှိတော့ဘဲ မြန်မာနိုင်ငံသားတွေ ပြန်လာတာများတယ်လို့ သိရပါတယ်။

“ဝ”ဒေသ ပန်ဆန်းနယ်စိပ်ဂိတ်လည်း လတ်တလော ပိတ်ထားတာမရှိဘဲ နေ့စဉ်သွားလာ သူတွေကိုသာ ကျန်းမာရေး စစ်ဆေးပေးနေတယ်လို့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံဦးညီရမ်း က ပြောပါတယ်။

တရားဝင်ပေါက်ကလာတဲ့ သူတွေလည်းလာကြဖို့ ကောင်းကောင်းမွန်မွန် စမ်းသပ်စစ်ဆေးမှုတွေ လုပ်နိုင်အောင် စည်းကမ်း ထုတ်ပြန်တာရှိတယ် ခိုးဝင်ခိုးထွက်တာတွေလည်းမလုပ်ဖို့ စီစစ်မှုတွေလုပ်နေတယ်။ ဝပြည်ထဲကို ခိုးဝင်တာတွေကို ပေးမဝင်ဘူး တွေ့ရင်လဲ အရေးယူတာတွေ ပြန်လှည့်ခိုင်းတာတွေလုပ်နေပါတယ်။

ဒီလိုဆောင်ရွက်ချက်တွေနဲ့ပတ်သက်လို့ ပြည်ထောင်စု အစိုးရအနေနဲ့ “ဝ”ဒေသကို သီးခြား ညှိနှိုင်းပြောဆိုချက် တစ်စုံတစ်ရာ မရှိသေးပေမယ့် ဒေသအတွင်းမှာ လူစုလူဝေးမဖြစ်အောင် ပွဲလမ်းသဘင်တွေ၊ မင်္ဂလာဆောင်တွေ မလုပ်ဖို့ တားမြစ်ထားပြီး လက်ရှိအချိန်အထိတော့ ကိုရိုနာဗိုင်းရပ်စ် သံသယရှိသူတစ်ဦးတစ်ယောက်မှ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။

တရုတ် - မြန်မာနယ်စပ်ဂိတ်တွေကတော့ ကချင်ပြည်နယ် ကန်ပိုက်တီး၊ ဆဒုံး၊ လွယ်ဂျယ်၊ ပန်ဝါ၊ ရှမ်းပြည်နယ် နမ့်ခမ်းမှာ နယ်စပ်ဂိတ် နှစ်ခု၊ မူဆယ်မှာ လေးခုနဲ့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ရှိပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာ တိုးလာ ကို႐ိုနာဗိုင္းရပ္စ္ သံသယလူနာ တိုးလာ Reviewed by THITHTOOLWIN on 21:29 Rating: 5
Powered by Blogger.