သိန္း၄၀၀၀ေက်ာ္အလြဲသုံးစားျပဳလုပ္ခဲ့တဲ့ ဟိုပန္ခ႐ိုင္ရဲတပ္ဖြဲ႕မႉးအပါအဝင္ ရဲတပ္ဖြဲ႕ဝင္၆ ဦးနဲ႔ ဘဏ္မန္ေနဂ်ာကို အေရးယူထား

(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ေဖေဖာ္ဝါရီ ၂၂

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ဟိုပန္ခ႐ိုင္ရဲတပ္ဖြဲ႕႐ုံးအတြင္းျဖစ္ပြားခဲ့တဲ့ ေငြက်ပ္သိန္း၄၀၀၀ေက်ာ္ အလြဲသုံးစားမႈနဲ႔ပါတ္သက္ၿပီး ဟိုပန္ခ႐ိုင္ရဲတပ္ဖြဲ႕မႉးအပါအဝင္ ရဲတပ္ဖြဲ႕ဝင္၆ဦးနဲ႔ ဘဏ္မန္ေနဂ်ာကို အေရးယူထား ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူက ေျပာပါတယ္။

ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ ၂၁ရက္က က်င္းပျပဳလုပ္ခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေဝးမွာ ျပည္ထဲေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္သူက ေငြက်ပ္သိန္း၄၀၀၀ေက်ာ္ အလြဲသုံးစားမႈနဲ႔ပတ္သက္ၿပီး ႀကီးၾကပ္ရန္တာဝန္ရွိတဲ့ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဒုတိယရဲမႉးႀကီးသီဟန္(ခ)သူရေဇာ္အပါအဝင္ တာဝန္ရွိသူေတြအားလုံး တစ္စီတစ္တန္းႀကီး အေရးယူခံထားရေၾကာင္း ရွင္းလင္းတင္ျပခဲ့တာ ျဖစ္ပါတယ္။

ခ႐ိုင္ရဲတပ္ဖြဲ႕မႉး ဒုတိယရဲမႉးႀကီးသီဟန္(ခ)သူရေဇာ္ကို ရဲစည္းကမ္းထိန္းသိမ္းေရးဥပေဒနဲ႔ ေထာင္ ၂ႏွစ္၊ ေငြထုတ္သူအရာရွိကို ရဲမႉးမွ ဒုရဲမႉးအဆင့္သို႔ ၂ႏွစ္ေလွ်ာ့ခ်ျခင္းအျပင္ ခ႐ိုင္ရဲတပ္ဖြဲ႕မႉး၊ေငြထုတ္သူအရာရွိနဲ႔ ဟိုပန္ၿမိဳ႕ ဘဏ္မန္ေနဂ်ာတို႔ကို ၁၉၆၃ခုႏွစ္အမ်ားႏွင့္ သက္ဆိုင္ေသာပစၥည္းကာကြယ္ေစာင့္ေရွာက္ေရးပုဒ္မ ၃နဲ႔ ထပ္မံတရားစြဲခဲ့ၿပီး လားရႈိးခ႐ိုင္တရား႐ုံးက ရာဇဝတ္မႈအမွတ္ ၁၈၅/၂၀၁၉နဲ႔ လက္ခံစစ္ေဆးကာ ၃၀၊၁၂၊၂၀၁၉ ရက္ေန႔မွာ ခ႐ိုင္ရဲတပ္ဖြဲ႕မႉးကို အလုပ္နဲ႔ ေထာင္ဒဏ္၁၀ႏွစ္က်ခံေစရန္၊ ေငြထုတ္သူအရာရွိနဲ႔ ဟိုပန္ၿမိဳ႕ ဘဏ္မန္ေနဂ်ာတို႔ကို ျပစ္မႈဆိုင္ရာ ရာဇဝတ္မႈက်င့္ထုံးဥပေဒ ပုဒ္မ၂၅၈(၁)အရ အမႈမွ အၿပီးအျပတ္လြတ္ေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရပါတယ္။

ဒါအျပင္ ဌာနတြင္းစာရင္းစစ္အဖြဲ႕ျဖစ္တဲ့ ရွမ္းျပည္နယ္ ဒုတိယျပည္နယ္ ရဲတပ္ဖြဲ႕မႉးနဲ႔
ဒုရဲမႉး ရဲေထာက္တာဝန္ခံတို႔ကို အၿငိမ္းစားလစာနဲ႔ ရဲမႈထမ္းသက္ ၁ႏွစ္စီေလွ်ာ့ခ်ကာ အႀကီးတန္းစာေရးကို ႏွစ္တိုး ၁ႏွစ္ရပ္ဆိုင္းတဲ့ျပစ္ဒဏ္ အသီးသီးခ်မွတ္ခဲ့ေၾကာင္း သိရသည္။

အဲဒီေနာက္ ဟိုပန္ခ႐ိုင္ရဲတပ္ဖြဲ႕႐ုံး အငယ္တန္းစာေရး(ထြက္ေျပးသြားတဲ့အတြက္ တရားခံေျပးအျဖစ္ေၾကညာခံထားရသူ)နဲ႔ ဟိုပန္ၿမိဳ႕ဘဏ္မန္ေနဂ်ာတို႔ရဲ႕ပိုင္ဆိုင္မႈေတြကို ေငြေၾကးခဝါခ်မႈတိုက္ဖ်က္ေရးဥပေဒအရ ညႇိစြန္းမႈရွိ၊မရွိ စစ္ေဆးေရးအဖြဲ႕ကို တာဝန္ေပးစစ္ေဆးခိုင္းခဲ့ၿပီး ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းႏိုင္ေရး စိစစ္ေဆာင္႐ြက္လွ်က္ရွိေၾကာင္းနဲ႔ ထြက္ေျပးတိမ္းေရွာင္ေနတဲ့ ယခင္ဟိုပန္ခ႐ိုင္ရဲတပ္ဖြဲ႕႐ုံး အငယ္တန္းစာေရးရဲ႕ေနအိမ္နဲ႔ပိုင္ဆိုင္မႈေတြကို ျပည္သူ႔ဘ႑ာအျဖစ္သိမ္းဆည္းႏိုင္ေရးေဆာင္႐ြက္ေနေၾကာင္း ဗိုလ္ခ်ဳပ္ေအာင္သူက ရွင္းလင္းတင္ျပခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ၂၀၁၉ခုႏွစ္၊ ဒီဇင္ဘာလ ၁၇ရက္ေန႔က က်င္းပခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ၆လအတြက္ ျမန္မာႏိုင္ငံစာရင္းစစ္ခ်ဳပ္ရဲ႕ အစီရင္ခံစာမွာ ဟိုပန္ခ႐ိုင္ရဲတပ္ဖြဲ႕မႉး႐ုံးက ေငြက်ပ္သိန္း၄၀၀၀ေက်ာ္ကို အလြဲသုံးစားျပဳလုပ္ထားေၾကာင္း တင္ျပခဲ့ၿပီးေနာက္ စစ္ေဆးခဲ့ရတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
သိန်း၄၀၀၀ကျော်အလွဲသုံးစားပြုလုပ်ခဲ့တဲ့ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်၆ ဦးနဲ့ ဘဏ်မန်နေဂျာကို အရေးယူထား

တောင်ကြီး၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့ရုံးအတွင်းဖြစ်ပွားခဲ့တဲ့ ငွေကျပ်သိန်း၄၀၀၀ကျော် အလွဲသုံးစားမှုနဲ့ပါတ်သက်ပြီး ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်၆ဦးနဲ့ ဘဏ်မန်နေဂျာကို အရေးယူထား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ပြောပါတယ်။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၂၁ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်သူက ငွေကျပ်သိန်း၄၀၀၀ကျော် အလွဲသုံးစားမှုနဲ့ပတ်သက်ပြီး ကြီးကြပ်ရန်တာဝန်ရှိတဲ့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသီဟန်(ခ)သူရဇော်အပါအဝင် တာဝန်ရှိသူတွေအားလုံး တစ်စီတစ်တန်းကြီး အရေးယူခံထားရကြောင်း ရှင်းလင်းတင်ပြခဲ့တာ ဖြစ်ပါတယ်။

ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးသီဟန်(ခ)သူရဇော်ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ ထောင် ၂နှစ်၊ ငွေထုတ်သူအရာရှိကို ရဲမှူးမှ ဒုရဲမှူးအဆင့်သို့ ၂နှစ်လျှော့ချခြင်းအပြင် ခရိုင်ရဲတပ်ဖွဲ့မှူး၊ငွေထုတ်သူအရာရှိနဲ့ ဟိုပန်မြို့ ဘဏ်မန်နေဂျာတို့ကို ၁၉၆၃ခုနှစ်အများနှင့် သက်ဆိုင်သောပစ္စည်းကာကွယ်စောင့်ရှောက်ရေးပုဒ်မ ၃နဲ့ ထပ်မံတရားစွဲခဲ့ပြီး လားရှိုးခရိုင်တရားရုံးက ရာဇဝတ်မှုအမှတ် ၁၈၅/၂၀၁၉နဲ့ လက်ခံစစ်ဆေးကာ ၃၀၊၁၂၊၂၀၁၉ ရက်နေ့မှာ ခရိုင်ရဲတပ်ဖွဲ့မှူးကို အလုပ်နဲ့ ထောင်ဒဏ်၁၀နှစ်ကျခံစေရန်၊ ငွေထုတ်သူအရာရှိနဲ့ ဟိုပန်မြို့ ဘဏ်မန်နေဂျာတို့ကို ပြစ်မှုဆိုင်ရာ ရာဇဝတ်မှုကျင့်ထုံးဥပဒေ ပုဒ်မ၂၅၈(၁)အရ အမှုမှ အပြီးအပြတ်လွတ်စေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရပါတယ်။

ဒါအပြင် ဌာနတွင်းစာရင်းစစ်အဖွဲ့ဖြစ်တဲ့ ရှမ်းပြည်နယ် ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူးနဲ့
ဒုရဲမှူး ရဲထောက်တာဝန်ခံတို့ကို အငြိမ်းစားလစာနဲ့ ရဲမှုထမ်းသက် ၁နှစ်စီလျှော့ချကာ အကြီးတန်းစာရေးကို နှစ်တိုး ၁နှစ်ရပ်ဆိုင်းတဲ့ပြစ်ဒဏ် အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။

အဲဒီနောက် ဟိုပန်ခရိုင်ရဲတပ်ဖွဲ့ရုံး အငယ်တန်းစာရေး(ထွက်ပြေးသွားတဲ့အတွက် တရားခံပြေးအဖြစ်ကြေညာခံထားရသူ)နဲ့ ဟိုပန်မြို့ဘဏ်မန်နေဂျာတို့ရဲ့ပိုင်ဆိုင်မှုတွေကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ညှိစွန်းမှုရှိ၊မရှိ စစ်ဆေးရေးအဖွဲ့ကို တာဝန်ပေးစစ်ဆေးခိုင်းခဲ့ပြီး ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး စိစစ်ဆောင်ရွက်လျှက်ရှိကြောင်းနဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ ယခင်ဟိုပန်ခရိုင်ရဲတပ်ဖွဲ့ရုံး အငယ်တန်းစာရေးရဲ့နေအိမ်နဲ့ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ရေးဆောင်ရွက်နေကြောင်း ဗိုလ်ချုပ်အောင်သူက ရှင်းလင်းတင်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ ၁၇ရက်နေ့က ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ၆လအတွက် မြန်မာနိုင်ငံစာရင်းစစ်ချုပ်ရဲ့ အစီရင်ခံစာမှာ ဟိုပန်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ငွေကျပ်သိန်း၄၀၀၀ကျော်ကို အလွဲသုံးစားပြုလုပ်ထားကြောင်း တင်ပြခဲ့ပြီးနောက် စစ်ဆေးခဲ့ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
သိန္း၄၀၀၀ေက်ာ္အလြဲသုံးစားျပဳလုပ္ခဲ့တဲ့ ဟိုပန္ခ႐ိုင္ရဲတပ္ဖြဲ႕မႉးအပါအဝင္ ရဲတပ္ဖြဲ႕ဝင္၆ ဦးနဲ႔ ဘဏ္မန္ေနဂ်ာကို အေရးယူထား သိန္း၄၀၀၀ေက်ာ္အလြဲသုံးစားျပဳလုပ္ခဲ့တဲ့ ဟိုပန္ခ႐ိုင္ရဲတပ္ဖြဲ႕မႉးအပါအဝင္ ရဲတပ္ဖြဲ႕ဝင္၆ ဦးနဲ႔ ဘဏ္မန္ေနဂ်ာကို အေရးယူထား Reviewed by THITHTOOLWIN on 11:08 Rating: 5
Powered by Blogger.