တာခ်ီလိတ္ၿမိဳ႕နယ္အရန္မီးသတ္႐ုံးအနီး ေရေခ်ာင္းမွာ ငါးမိုင္းခြဲရာက ေပါက္ကြဲမႈျဖစ္ပြား

(Zawgyi)⤵⤵⤵
တာခ်ီလိတ္၊ ေဖေဖၚဝါရီ ၂၁

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕၊ ဝမ္ေကာင္းရပ္ကြက္၊ ရတနာလမ္းသြယ္ရွိ အရန္မီးသတ္႐ုံးအနီး ေရေခ်ာင္းအတြင္းမွာ ဒီကေန႔ ေဖေဖာ္ဝါရီလ (၂၁)ရက္ေန႔ မြန္းလြဲပိုင္းက ငါးမိုင္းခြဲရာက ေပါက္ကြဲမႈျဖစ္ပြားခဲ့တယ္လို႔ သတင္းရရွိပါတယ္။


" သူမ်ားက ဖုန္းဆက္လာတယ္ ႐ုံးအနားမွာ အုန္း အုန္းနဲ႔ ေပါက္ေနတယ္အသံၾကားေနတယ္။ ကားေတြကိုလည္း ခဲနဲ႔ထုမလို႔ဆိုၿပီး ဖုန္းဆက္လို႔ သြားတာ ေရာက္ေတာ့ သူလက္ကသုံးစားမရေတာ့ဘူး။ လက္ထဲမွာေပါက္သြားမယ္ ထင္တယ္ " လို႔ ျဖစ္တဲ့ေနရာကို အရင္ေရာက္ရွိသြားတဲ့ ၿမိဳ႕နယ္အရန္မီးသတ္ဦးစီးဌာနမွ ဒုတပ္ရင္းမႉး ဦးရဲနႏၵာလင္း က ေ႐ႊႀတိဂံေဒသ သတင္းဌာန ကိုေျပာျပခဲ့ၿပီး ထိုသူဟာ အခင္းျဖစ္ေနတုန္းမွာ အရန္မီးသတ္႐ုံးေရွ႕အေက်ာ္မွာ လဲေနတာေတြ႕ရလို႔ အရန္မီးသတ္တပ္ဖြဲ႕ဝင္ေတြနဲ႔ ၾကက္ေျခနီအဖြဲ႕ဝင္ေတြက ခ႐ိုင္ျပည္သူ႔ေဆး႐ုံကို ပို႔ေဆာင္ခဲ့တယ္လို႔ သတင္းရရွိပါတယ္။


အဆိုပါျဖစ္စဥ္မွာ မကာဟိုခမ္းရပ္ကြက္ေန အာခါလူမ်ိဳး၊ အားေဂ်႕ (၃၃)ႏွစ္ခန္႔ က ဝမ္ေကာင္းရပ္ကြက္၊ ရတနာလမ္းသြယ္၊ အရန္မီးသတ္႐ုံးအနီးရွိ ေခ်ာင္းေရအတြင္းမွာ လစ္ပိုပုလင္း(M 150)အ႐ြယ္ ဖန္ပုလင္းထဲမွာ ယမ္းမ်ားထည့္ၿပီး ငါးမိုင္းခြဲရာမွ လက္ထဲမွာ ေပါက္သြားတဲ့အတြက္ ညာဘက္လက္ဖဝါး၊ လက္ေခ်ာင္းမ်ားစုတ္ၿပဲဒဏ္ရာ၊ ​ညာဘက္ေျခေထာက္ ပြန္းပဲ့ဒဏ္ရာတို႔ရရွိခဲ့ၿပီး ရဲတပ္ဖြဲ႕ဝင္မ်ားက စစ္ေဆးေနတယ္လို႔ သတင္းရရရွိပါတယ္။

သတင္း/ဓါတ္ပုံ-ဇင္လတ္(ေ႐ႊႀတိဂံ)
Golden Triangle Regional News - ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵

တာချီလိတ်မြို့နယ်အရန်မီးသတ်ရုံးအနီး ရေချောင်းမှာ ငါးမိုင်းခွဲရာက ပေါက်ကွဲမှုဖြစ်ပွား

တာချီလိတ်၊ ဖေဖေါ်ဝါရီ ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းသွယ်ရှိ အရန်မီးသတ်ရုံးအနီး ရေချောင်းအတွင်းမှာ ဒီကနေ့ ဖေဖော်ဝါရီလ (၂၁)ရက်နေ့ မွန်းလွဲပိုင်းက ငါးမိုင်းခွဲရာက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

" သူများက ဖုန်းဆက်လာတယ် ရုံးအနားမှာ အုန်း အုန်းနဲ့ ပေါက်နေတယ်အသံကြားနေတယ်။ ကားတွေကိုလည်း ခဲနဲ့ထုမလို့ဆိုပြီး ဖုန်းဆက်လို့ သွားတာ ရောက်တော့ သူလက်ကသုံးစားမရတော့ဘူး။ လက်ထဲမှာပေါက်သွားမယ် ထင်တယ် " လို့ ဖြစ်တဲ့နေရာကို အရင်ရောက်ရှိသွားတဲ့ မြို့နယ်အရန်မီးသတ်ဦးစီးဌာနမှ ဒုတပ်ရင်းမှူး ဦးရဲနန္ဒာလင်း က ရွှေတြိဂံဒေသ သတင်းဌာန ကိုပြောပြခဲ့ပြီး ထိုသူဟာ အခင်းဖြစ်နေတုန်းမှာ အရန်မီးသတ်ရုံးရှေ့အကျော်မှာ လဲနေတာတွေ့ရလို့ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ကြက်ခြေနီအဖွဲ့ဝင်တွေက ခရိုင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါဖြစ်စဉ်မှာ မကာဟိုခမ်းရပ်ကွက်နေ အာခါလူမျိုး၊ အားဂျေ့ (၃၃)နှစ်ခန့် က ဝမ်ကောင်းရပ်ကွက်၊ ရတနာလမ်းသွယ်၊ အရန်မီးသတ်ရုံးအနီးရှိ ချောင်းရေအတွင်းမှာ လစ်ပိုပုလင်း(M 150)အရွယ် ဖန်ပုလင်းထဲမှာ ယမ်းများထည့်ပြီး ငါးမိုင်းခွဲရာမှ လက်ထဲမှာ ပေါက်သွားတဲ့အတွက် ညာဘက်လက်ဖဝါး၊ လက်ချောင်းများစုတ်ပြဲဒဏ်ရာ၊ ညာဘက်ခြေထောက် ပွန်းပဲ့ဒဏ်ရာတို့ရရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးနေတယ်လို့ သတင်းရရရှိပါတယ်။

သတင်း/ဓါတ်ပုံ-ဇင်လတ်(ရွှေတြိဂံ)
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တာခ်ီလိတ္ၿမိဳ႕နယ္အရန္မီးသတ္႐ုံးအနီး ေရေခ်ာင္းမွာ ငါးမိုင္းခြဲရာက ေပါက္ကြဲမႈျဖစ္ပြား တာခ်ီလိတ္ၿမိဳ႕နယ္အရန္မီးသတ္႐ုံးအနီး ေရေခ်ာင္းမွာ ငါးမိုင္းခြဲရာက ေပါက္ကြဲမႈျဖစ္ပြား Reviewed by THITHTOOLWIN on 11:13 Rating: 5
Powered by Blogger.