ဗစ္တိုးရီးယားအမႈ ေနာက္ဆုံး အေျခအေန ဖခင္ ေျပာၾကားခ်က္

လူမႈကြန္ရက္ေပၚမွာ ေဝဖန္မႈေတြလည္း ျမင့္တက္ခဲ့တဲ့အမႈျဖစ္
(Zawgyi)⤵⤵⤵
ဗစ္တိုးရီးယားအမႈ တာဝန္ရွိသူေတြကို လိုအပ္သလို အေရးယူဖို႔ ၫႊန္ၾကားထားတယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့တဲ့ ေဖေဖာ္ဝါရီ ၂၁ ရက္ သမၼတ႐ုံး သတင္းစာရွင္းလင္းပြဲ မတိုင္မီ ဗစ္တိုးရီးယားရဲ႕ ဖခင္ ျဖစ္သူကို ဘီဘီစီ အႀကီးတန္း သတင္းေထာက္ ၿငိမ္းခ်မ္းေအးက ေမးျမန္းထားတာကို ေဖာ္ျပလိုက္ပါတယ္။

ဘီဘီစီ - ကိုေအာင္ႀကီးကို တရားရွင္ လႊတ္တဲ့ အမိန႔္အေပၚ ျပင္ဆင္ခ်က္တင္တာကို မႏၲေလးတိုင္း ဥပေဒ႐ုံးက ပယ္ခ်ၿပီး နစ္နာသူက ခိုင္လုံတဲ့ အေထာက္အထားရွိရင္ အမႈဖြင့္လို႔ရတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး မိသားစု အေနနဲ႔ ဘယ္လို မွတ္ခ်က္ေပးခ်င္သလဲ။

ေျဖ - ကြၽန္ေတာ္တို႔ကေလ သမီးေလး က်ဴးလြန္ ခံရတဲ့ အတြက္ကို ရဲစခန္းမွာ အမႈ သြား ဖြင့္တယ္။ ဖြင့္တဲ့ အခါမွာ ကြၽန္ေတာ္တို႔က သမီးေလးကို က်ဴးလြန္သူက ေအာင္ႀကီး ျဖစ္ႏိုင္ပါတယ္၊ သို႔မဟုတ္ ေအာင္ႀကီး ပါ ဆိုၿပီးေတာ့ ဖြင့္ခဲ့တာ မဟုတ္ဘူး။ က်ဴးလြန္ခံရတယ္၊ တရားခံကို ေဖာ္ထုတ္ေပးပါ ဆိုၿပီး ဖြင့္ခဲ့တာ။ ဆိုေတာ့ကာ ဒီ ေအာင္ႀကီးကို တရားခံ၊ သံသယ ရွိတဲ့ တရားခံ အျဖစ္ တရား႐ုံး စြဲတင္တယ္။ အခု ကို ေအာင္ႀကီး က အျပစ္မရွိဘူး ဆိုၿပီး ဆုံးျဖတ္ခ်က္ ခ်လိုက္ၿပီ။ အဲ့ေတာ့ တရားခံ မရွိဘူး။ အဲ့ေတာ့ ကြၽန္ေတာ္တို႔က အမႈဖြင့္ထားတဲ့ အတြက္ကို ဒီ က်ဴးလြန္တဲ့ တရားခံ ကို ရွာေပးရမွာက ရဲတပ္ဖြဲ႕မွာ တာဝန္ ရွိပါတယ္။ ကြၽန္ေတာ္တို႔က ပထမ အႀကိမ္ မွာ ကတည္းက အမႈ ဖြင့္ထားၿပီးသား ျဖစ္ပါတယ္။ ဒါ သမီးေလးကို က်ဴးလြန္တဲ့သူ၊ အမွန္တရား ရွာဖို႔ကို ေျပာတာေပါ့ေနာ္။

ဘီဘီစီ - လုံေလာက္တဲ့ သက္ေသ အေထာက္အထား ခိုင္ခိုင္မာမာ ဆိုတဲ့ ကိစၥမ်ိဳး အေပၚေရာ မိသားစု အေနနဲ႔ ဘာေတြ တင္ျပႏိုင္သလဲ။

ေျဖ - ၿပီးခဲ့တဲ့ ေအာင္ႀကီး နဲ႔ တရားစီရင္ေရး ေပါ့ေနာ္။ ကာလ တေလွ်ာက္မွာ ကြၽန္ေတာ္တို႔က ဘာ ထပ္ေတြ႕ရလဲ ဆိုေတာ့ ပို ခိုင္မာသြားတာေပါ့၊ တရား႐ုံးမွာ က်မ္းက်ိန္ၿပီးေတာ့ သက္ေသေတြက ထြက္ဆိုခ်က္ အရေပါ့ေနာ္၊ ဥပမာ ဆရာဝန္မႀကီးရဲ႕ ထြက္ဆိုခ်က္ အရ၊ ဆရာဝန္ရဲ႕ ထြက္ဆိုခ်က္ အရ သမီးေလး က်ဴးလြန္ခံရတယ္၊ ဒီ သုက္ပိုး ေတြ႕ရွိတယ္၊ အမ်ိဳးသား သုက္ပိုးေတြ႕ရွိတယ္။ ေက်ာင္းမွာ တာဝန္ထမ္းေဆာင္တဲ့ ဆရာမေတြရဲ႕ ထြက္ဆိုခ်က္ အရ သမီးေလး ေက်ာင္းကို လာတယ္၊ ဘယ္အခ်ိန္မွာ ျပန္သြားတယ္၊ ေနာက္ ဓာတုေဗဒဝန္႐ုံးအရ ျပန္ၾကားခ်က္ အရ သမီးေလး ဘယ္ အဝတ္အစားမွာ သမီးေလး သုက္ရည္ သုတ္ပိုးေတြ႕တယ္၊ အဲဒီ သုက္ရည္ သုက္ပိုး ေတြ႕တဲ့ အဝတ္အစားကို ဘယ္အခ်ိန္မွာ လဲ တယ္ ဆိုတာကို ထြက္ဆိုခ်က္ေတြ အရ အခ်ိန္ကာလ အားျဖင့္ ကြၽန္ေတာ္တို႔ ပိုင္းျခားႏိုင္ၿပီး ျဖစ္တယ္။ ဆိုေတာ့ ဒါေတြ အားလုံးက လုံေလာက္တဲ့ သက္ေသ အေထာက္အထားေတြ ျဖစ္တယ္။ အဲဒါေတြ အေပၚ မူတည္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ဒီ တရားဥပေဒ လမ္းေၾကာင္း အရ ဆက္လက္ စုံစမ္း စစ္ေဆး ေဖာ္ထုတ္ၿပီးေတာ့ ေဆာင္႐ြက္ ဖို႔ေတာ့ လိုအပ္တာေပါ့။

 ေမလ ၁၆ ရက္မွာ ကေလး လိင္မတရားက်င့္ခံခဲ့ရတယ္ဆိုတာ စစ္ေဆးေတြ႕ခဲ့ရတယ္လို႔ တိုင္ၾကားခဲ့
ဘီဘီစီ - သမၼတ႐ုံးကလည္း ေစာင့္ၾကည့္မယ္လို႔ ေျပာထားတယ္။ အမႈကလည္း ကိုးလေက်ာ္ၾကာလာၿပီ။ ပထမ တရား႐ုံးျဖစ္စဥ္ကလည္း ၿပီးသြားၿပီဆိုတဲ့ အေနအထားမ်ိဳးမွာ အဆင့္ျမင့္ အာဏာပိုင္ အဖြဲ႕အစည္း၊ အစိုးရကို မိသားစုက ဘာေတာင္းဆိုခ်င္လဲ။

ေျဖ - မိသားစု အေနနဲ႔ ေတာင္းဆိုခ်င္တာကေတာ့ေလ၊ ဒီ သမၼတ႐ုံး ကလည္း ၄ ႀကိမ္ ေလာက္ ရွိမယ္ ထင္တယ္၊ သတင္းစာရွင္းလင္းပြဲမွာ တရားေရး ျဖစ္စဥ္ထဲမွာ ျဖစ္ေနတဲ့အတြက္ကို သမၼတ႐ုံး အေနနဲ႔ ေစာင့္ၾကည့္ေနတယ္ ေပါ့ေလ။ အခု အခ်ိန္မွာေတာ့ ဒါ ေအာင္ႀကီး ကို သံသယ ရွိတဲ့ တရားခံ အျဖစ္နဲ႔ တရားစီရင္တဲ့ အမႈက လုံးဝ ၿပီးျပတ္သြားၿပီ၊ ၁၀၀ ရာခိုင္ႏႈန္းေလ။ ၿပီးျပတ္သြားတဲ့ အတြက္ကို ဒီ ကြၽန္ေတာ္တို႔ သမၼတ႐ုံးအေနနဲ႔ ေစာင့္ၾကည့္တဲ့ အေနအထားကေန ေက်ာ္လြန္ၿပီး တစ္စုံတစ္ခု လုပ္ေဆာင္ဖို႔ အတြက္ ကြၽန္ေတာ္တို႔ မိသားစု အေနနဲ႔ ေတာင္းဆိုခ်င္ပါတယ္။ ေနာက္ၿပီးေတာ့ကာ ဒီ ေအာင္ႀကီးကို စစ္ေဆးတဲ့ ကာလ အတြင္း မွာ ခုနက ေျပာသလို တရား႐ုံးမွာ သက္ေသေတြ က်မ္းက်ိန္ထြက္ဆိုခ်က္ေတြ အရ၊ ေတြ႕ရွိခ်က္ ေတြ အရ ထြက္ေပၚလာတဲ့ အေထာက္အထားေတြ အေပၚ မူတည္ၿပီးေတာ့လည္း သမၼတႀကီး အေနနဲ႔ ဝင္ေရာက္ တည့္မတ္ေပးဖို႔ ဝင္ေရာက္ ေဆာင္႐ြက္ ေပးဖို႔ ကြၽန္ေတာ္တို႔ မိသားစု အေနနဲ႔ ဝင္ေရာက္ ေတာင္းဆိုပါတယ္။

တစ္ဆက္တည္းမွာပဲ သမီးေလးကို စာနာၿပီးေတာ့ ဝန္းရံေနတဲ့ ျပည္သူေတြကိုလည္း ေက်းဇူးတင္တဲ့ အေၾကာင္း ေျပာရင္းနဲ႔ ျပည္သူေတြကပဲ တရားဥပေဒ ေဘာင္အတြင္းကေန ၿပီးေတာ့ သမီးေလး အမွန္တရား ရရွိေရး အတြက္ ကို ဆက္လက္ ေတာင္းဆိုေပးဖို႔ ကြၽန္ေတာ္ ေတာင္းဆိုခ်င္ပါတယ္။

ဘီဘီစီ - အမႈကိုးလေက်ာ္ ၾကာလာခ်ိန္မွာ ကေလးကို စိတ္ပိုင္းဆိုင္ရာ၊ ႐ုပ္ပိုင္းဆိုင္ရာ ဘယ္လို တည့္မတ္ေပးေနရသလဲ။

ေျဖ - စိတ္ပိုင္းဆိုင္ရာ ကေတာ့ ေတာ္ေတာ္ ထိခိုက္တာေပါ့ဗ်ာ။ ဒါေပမဲ့ ဒီ ကြၽန္ေတာ္တို႔မွာ ဒီအမွန္တရား ေပၚဖို႔ အတြက္ကိုမွ အားလုံး ပုံေအာ ထားရတာေလ၊ ဘဝေတြက။ ဒီၾကားထဲမွာ တစ္ခါ ထပ္ၿပီးေတာ့ ကြၽန္ေတာ္တို႔ မိသားစု နာမည္ေတြ၊ အလုပ္အကိုင္ေတြက တစ္ခါ၊ ထပ္ၿပီးေတာ့ ထုတ္ေဖာ္ ခံလိုက္ရတဲ့ အတြက္ကို ထပ္ၿပီးေတာ့ .. ပိုၿပီးေတာ့ စိတ္ခံစားမႈေတြ ျဖစ္ခဲ့ရတာေတြေတာ့ ရွိတာေပါ့ေလ။ ဒါေပမယ့္လည္း ကြၽန္ေတာ္တို႔ သမီးေလးရဲ႕ အမွန္တရား တစ္ေန႔ ေပၚရမယ္ ဆိုၿပီး အားတင္းၿပီးေတာ့ပဲ ေရွ႕ဆက္သြားေနပါတယ္။

အခု အခ်ိန္မွာေတာ့ ဗ်ာ၊ သမီးကိုေတာ့ ကြၽန္ေတာ္တို႔ကေတာ့ ေပ်ာ္ေအာင္ထားတယ္၊ သူ႔ကို စိတ္ေက်နပ္ေအာင္ထားတယ္ ေပါ့ေလ၊ ဒါေပမယ့္ အဲဒီလို ထားရင္းနဲ႔လည္း တစ္ဖက္မွာ သမီးက သူ စိတ္ေပ်ာ္ေအာင္ထားတာခ်ည္း အတြက္ကို တဖက္မွာလည္း ဆိုးက်ိဳး ျဖစ္လာမွာလည္း ေၾကာက္တယ္။ ၿပီးေတာ့ ဒီ အဓိက အားျဖင့္ေတာ့ ေပါ့ေနာ္၊ ဒီမူႀကိဳ ေပါ့။ ကြၽန္ေတာ္တို႔ကေပါ့ဗ်ာ၊ ေျပာရရင္ေတာ့ ကြၽန္ေတာ္တို႔က သာမန္လိုပဲ ျဖတ္သန္းခ်င္တာေပါ့။ မလႊဲသာ မေရွာင္သာ ဒီကိစၥႀကီး ျဖစ္လာတယ္၊ ျဖစ္လာတဲ့ ေနာက္ပိုင္းမွာ .. ဒီတခါ ထပ္ၿပီးေတာ့ ဆုံးရႈံးမႈ ေတြက ကြၽန္ေတာ္တို႔ သမီးေလးကို သာမန္ ကေလးလို မူႀကိဳ မပို႔ရဲေတာ့ ျပန္ဘူး။

ဗစ္တိုးရီးယားအမႈမွာ ကေလးရဲ႕ မိခင္က တရားလိုအျဖစ္တိုင္ၾကားထား
ကေလး ဆိုေတာ့ ကေလး ဘာသာဘာဝ သူ ကဗ်ာေလးေတြ ဆိုခ်င္မယ္၊ သီခ်င္းေလးေတြ ဆိုခ်င္မယ္၊ သူငယ္ခ်င္း အေပါင္းအသင္းနဲ႔ ေနခ်င္မယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာက သာမန္ကေလး ေတြလိုမ်ိဳး မူႀကိဳ ေက်ာင္း ပို႔ဖို႔လည္း မပို႔ရဲေတာ့ဘူး။ ကြၽန္ေတ့ာ္ မ်က္စိေအာက္မွာပဲ ကြၽန္ေတာ့္ အမ်ိဳးသမီးထိန္းတယ္၊ ကြၽန္ေတာ္ကေတာ့ အမႈကိစၥအတြက္ သြားရတာေတြ ရွိတယ္။

အဲဒီလိုမ်ိဳးထားတဲ့ အတြက္ကို သမီးအတြက္ေတာ့ဗ်ာ သူ သာမန္ ကေလးဘဝ ျဖတ္သန္းရတဲ့ အခ်ိန္မွာ ကေလးေလးေတြမ်ိဳး သူမျဖတ္သန္းရေတာ့ဘူးေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔ လူႀကီး ေတြနဲ႔ အတူတူ ေဆာ့ ေနရတာေပါ့။ အဲဒီ စိတ္ခံစားမႈေတြေတာ့ ရွိတယ္။

ဘီဘီစီ - တရားမွ်တမႈ ရဖို႔၊ အမႈမွန္ေပၚဖို႔ မိသားစု အေနနဲ႔ ဘယ္ေလာက္ ေမွ်ာ္လင့္ထားေသးလဲ။

ေျဖ - ကြၽန္ေတာ္တို႔ကေတာ့ ဗ်ာ၊ ေမွ်ာ္လင့္ခ်က္ကေတာ့ ထားတယ္ ဗ်ာ။ ကြၽန္ေတာ္တို႔ ေနာက္မဆုတ္ေသးသေ႐ြ႕ကေတာ့ ေမွ်ာ္လင့္ခ်က္ ရွိေနဦးမွာပဲေလ။ အခု ဆိုရင္ဗ်ာ၊ ကြၽန္ေတာ္တို႔ ဒါ တရားခြင္မွာ ထြက္ဆိုခ်က္ေတြ အရ၊ ဒါ လူသိရွင္ၾကား သမီးေလး က်ဴးလြန္ခံရတာ သိၿပီ။

ေနာက္ၿပီးေတာ့ ဥပမာ အားျဖင့္ဗ်ာ၊ စီစီတီဗီ မွတ္တမ္းေတြ ဆိုရင္လည္း တခ်ိဳ႕ ဖိုင္ေတြ ေပါင္းထားတာ ျဖတ္ထားတာ၊ သိခဲ့ရၿပီ ေပါ့ဗ်ာ။ ဒါေပမယ့္ အဲဒါ ေတြ အေပၚကို အေရးယူ လုပ္ေဆာင္ဖို႔က် ေတာ့ ကြၽန္ေတာ္တို႔ အေနနဲ႔ေတာ့ မျဖစ္ႏိုင္ဘူးဗ်ာ။

အဲ့ေတာ့ အဲဒီ ဟာေတြ အေရးယူလုပ္ေဆာင္ဖို႔ အတြက္ကိုေတာ့ တြန္းအားေပးဖို႔ လိုအပ္ပါတယ္။ အဲဒီ အေပၚလည္း ယုံၾကည္ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔ ဒီ သမၼတႀကီး ျဖစ္ျဖစ္၊ ဒီ အစိုးရပိုင္းဆိုင္ရာက တာဝန္ရွိတဲ့ လူႀကီးေတြ ျဖစ္ျဖစ္၊ ဒီဟာကို ထိန္းေက်ာင္း တည့္မတ္ေပးမယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ဗစ်တိုးရီးယားအမှု နောက်ဆုံး အခြေအနေ ဖခင် ပြောကြားချက်

Image caption လူမှုကွန်ရက်ပေါ်မှာ ဝေဖန်မှုတွေလည်း မြင့်တက်ခဲ့တဲ့အမှုဖြစ်

ဗစ်တိုးရီးယားအမှု တာဝန်ရှိသူတွေကို လိုအပ်သလို အရေးယူဖို့ ညွှန်ကြားထားတယ်လို့ ထုတ်ဖော်ပြောကြားခဲ့တဲ့ ဖေဖော်ဝါရီ ၂၁ ရက် သမ္မတရုံး သတင်းစာရှင်းလင်းပွဲ မတိုင်မီ ဗစ်တိုးရီးယားရဲ့ ဖခင် ဖြစ်သူကို ဘီဘီစီ အကြီးတန်း သတင်းထောက် ငြိမ်းချမ်းအေးက မေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။

ဘီဘီစီ - ကိုအောင်ကြီးကို တရားရှင် လွှတ်တဲ့ အမိန့်အပေါ် ပြင်ဆင်ချက်တင်တာကို မန္တလေးတိုင်း ဥပဒေရုံးက ပယ်ချပြီး နစ်နာသူက ခိုင်လုံတဲ့ အထောက်အထားရှိရင် အမှုဖွင့်လို့ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး မိသားစု အနေနဲ့ ဘယ်လို မှတ်ချက်ပေးချင်သလဲ။

ဖြေ - ကျွန်တော်တို့ကလေ သမီးလေး ကျူးလွန် ခံရတဲ့ အတွက်ကို ရဲစခန်းမှာ အမှု သွား ဖွင့်တယ်။ ဖွင့်တဲ့ အခါမှာ ကျွန်တော်တို့က သမီးလေးကို ကျူးလွန်သူက အောင်ကြီး ဖြစ်နိုင်ပါတယ်၊ သို့မဟုတ် အောင်ကြီး ပါ ဆိုပြီးတော့ ဖွင့်ခဲ့တာ မဟုတ်ဘူး။ ကျူးလွန်ခံရတယ်၊ တရားခံကို ဖော်ထုတ်ပေးပါ ဆိုပြီး ဖွင့်ခဲ့တာ။ ဆိုတော့ကာ ဒီ အောင်ကြီးကို တရားခံ၊ သံသယ ရှိတဲ့ တရားခံ အဖြစ် တရားရုံး စွဲတင်တယ်။ အခု ကို အောင်ကြီး က အပြစ်မရှိဘူး ဆိုပြီး ဆုံးဖြတ်ချက် ချလိုက်ပြီ။ အဲ့တော့ တရားခံ မရှိဘူး။ အဲ့တော့ ကျွန်တော်တို့က အမှုဖွင့်ထားတဲ့ အတွက်ကို ဒီ ကျူးလွန်တဲ့ တရားခံ ကို ရှာပေးရမှာက ရဲတပ်ဖွဲ့မှာ တာဝန် ရှိပါတယ်။ ကျွန်တော်တို့က ပထမ အကြိမ် မှာ ကတည်းက အမှု ဖွင့်ထားပြီးသား ဖြစ်ပါတယ်။ ဒါ သမီးလေးကို ကျူးလွန်တဲ့သူ၊ အမှန်တရား ရှာဖို့ကို ပြောတာပေါ့နော်။

ဘီဘီစီ - လုံလောက်တဲ့ သက်သေ အထောက်အထား ခိုင်ခိုင်မာမာ ဆိုတဲ့ ကိစ္စမျိုး အပေါ်ရော မိသားစု အနေနဲ့ ဘာတွေ တင်ပြနိုင်သလဲ။

ဖြေ - ပြီးခဲ့တဲ့ အောင်ကြီး နဲ့ တရားစီရင်ရေး ပေါ့နော်။ ကာလ တလျှောက်မှာ ကျွန်တော်တို့က ဘာ ထပ်တွေ့ရလဲ ဆိုတော့ ပို ခိုင်မာသွားတာပေါ့၊ တရားရုံးမှာ ကျမ်းကျိန်ပြီးတော့ သက်သေတွေက ထွက်ဆိုချက် အရပေါ့နော်၊ ဥပမာ ဆရာဝန်မကြီးရဲ့ ထွက်ဆိုချက် အရ၊ ဆရာဝန်ရဲ့ ထွက်ဆိုချက် အရ သမီးလေး ကျူးလွန်ခံရတယ်၊ ဒီ သုက်ပိုး တွေ့ရှိတယ်၊ အမျိုးသား သုက်ပိုးတွေ့ရှိတယ်။ ကျောင်းမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာမတွေရဲ့ ထွက်ဆိုချက် အရ သမီးလေး ကျောင်းကို လာတယ်၊ ဘယ်အချိန်မှာ ပြန်သွားတယ်၊ နောက် ဓာတုဗေဒဝန်ရုံးအရ ပြန်ကြားချက် အရ သမီးလေး ဘယ် အဝတ်အစားမှာ သမီးလေး သုက်ရည် သုတ်ပိုးတွေ့တယ်၊ အဲဒီ သုက်ရည် သုက်ပိုး တွေ့တဲ့ အဝတ်အစားကို ဘယ်အချိန်မှာ လဲ တယ် ဆိုတာကို ထွက်ဆိုချက်တွေ အရ အချိန်ကာလ အားဖြင့် ကျွန်တော်တို့ ပိုင်းခြားနိုင်ပြီး ဖြစ်တယ်။ ဆိုတော့ ဒါတွေ အားလုံးက လုံလောက်တဲ့ သက်သေ အထောက်အထားတွေ ဖြစ်တယ်။ အဲဒါတွေ အပေါ် မူတည်ပြီးတော့ ကျွန်တော်တို့ ဒီ တရားဥပဒေ လမ်းကြောင်း အရ ဆက်လက် စုံစမ်း စစ်ဆေး ဖော်ထုတ်ပြီးတော့ ဆောင်ရွက် ဖို့တော့ လိုအပ်တာပေါ့။
Image caption မေလ ၁၆ ရက်မှာ ကလေး လိင်မတရားကျင့်ခံခဲ့ရတယ်ဆိုတာ စစ်ဆေးတွေ့ခဲ့ရတယ်လို့ တိုင်ကြားခဲ့

ဘီဘီစီ - သမ္မတရုံးကလည်း စောင့်ကြည့်မယ်လို့ ပြောထားတယ်။ အမှုကလည်း ကိုးလကျော်ကြာလာပြီ။ ပထမ တရားရုံးဖြစ်စဉ်ကလည်း ပြီးသွားပြီဆိုတဲ့ အနေအထားမျိုးမှာ အဆင့်မြင့် အာဏာပိုင် အဖွဲ့အစည်း၊ အစိုးရကို မိသားစုက ဘာတောင်းဆိုချင်လဲ။

ဖြေ - မိသားစု အနေနဲ့ တောင်းဆိုချင်တာကတော့လေ၊ ဒီ သမ္မတရုံး ကလည်း ၄ ကြိမ် လောက် ရှိမယ် ထင်တယ်၊ သတင်းစာရှင်းလင်းပွဲမှာ တရားရေး ဖြစ်စဉ်ထဲမှာ ဖြစ်နေတဲ့အတွက်ကို သမ္မတရုံး အနေနဲ့ စောင့်ကြည့်နေတယ် ပေါ့လေ။ အခု အချိန်မှာတော့ ဒါ အောင်ကြီး ကို သံသယ ရှိတဲ့ တရားခံ အဖြစ်နဲ့ တရားစီရင်တဲ့ အမှုက လုံးဝ ပြီးပြတ်သွားပြီ၊ ၁၀၀ ရာခိုင်နှုန်းလေ။ ပြီးပြတ်သွားတဲ့ အတွက်ကို ဒီ ကျွန်တော်တို့ သမ္မတရုံးအနေနဲ့ စောင့်ကြည့်တဲ့ အနေအထားကနေ ကျော်လွန်ပြီး တစ်စုံတစ်ခု လုပ်ဆောင်ဖို့ အတွက် ကျွန်တော်တို့ မိသားစု အနေနဲ့ တောင်းဆိုချင်ပါတယ်။ နောက်ပြီးတော့ကာ ဒီ အောင်ကြီးကို စစ်ဆေးတဲ့ ကာလ အတွင်း မှာ ခုနက ပြောသလို တရားရုံးမှာ သက်သေတွေ ကျမ်းကျိန်ထွက်ဆိုချက်တွေ အရ၊ တွေ့ရှိချက် တွေ အရ ထွက်ပေါ်လာတဲ့ အထောက်အထားတွေ အပေါ် မူတည်ပြီးတော့လည်း သမ္မတကြီး အနေနဲ့ ဝင်ရောက် တည့်မတ်ပေးဖို့ ဝင်ရောက် ဆောင်ရွက် ပေးဖို့ ကျွန်တော်တို့ မိသားစု အနေနဲ့ ဝင်ရောက် တောင်းဆိုပါတယ်။

တစ်ဆက်တည်းမှာပဲ သမီးလေးကို စာနာပြီးတော့ ဝန်းရံနေတဲ့ ပြည်သူတွေကိုလည်း ကျေးဇူးတင်တဲ့ အကြောင်း ပြောရင်းနဲ့ ပြည်သူတွေကပဲ တရားဥပဒေ ဘောင်အတွင်းကနေ ပြီးတော့ သမီးလေး အမှန်တရား ရရှိရေး အတွက် ကို ဆက်လက် တောင်းဆိုပေးဖို့ ကျွန်တော် တောင်းဆိုချင်ပါတယ်။

ဘီဘီစီ - အမှုကိုးလကျော် ကြာလာချိန်မှာ ကလေးကို စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဘယ်လို တည့်မတ်ပေးနေရသလဲ။

ဖြေ - စိတ်ပိုင်းဆိုင်ရာ ကတော့ တော်တော် ထိခိုက်တာပေါ့ဗျာ။ ဒါပေမဲ့ ဒီ ကျွန်တော်တို့မှာ ဒီအမှန်တရား ပေါ်ဖို့ အတွက်ကိုမှ အားလုံး ပုံအော ထားရတာလေ၊ ဘဝတွေက။ ဒီကြားထဲမှာ တစ်ခါ ထပ်ပြီးတော့ ကျွန်တော်တို့ မိသားစု နာမည်တွေ၊ အလုပ်အကိုင်တွေက တစ်ခါ၊ ထပ်ပြီးတော့ ထုတ်ဖော် ခံလိုက်ရတဲ့ အတွက်ကို ထပ်ပြီးတော့ .. ပိုပြီးတော့ စိတ်ခံစားမှုတွေ ဖြစ်ခဲ့ရတာတွေတော့ ရှိတာပေါ့လေ။ ဒါပေမယ့်လည်း ကျွန်တော်တို့ သမီးလေးရဲ့ အမှန်တရား တစ်နေ့ ပေါ်ရမယ် ဆိုပြီး အားတင်းပြီးတော့ပဲ ရှေ့ဆက်သွားနေပါတယ်။

အခု အချိန်မှာတော့ ဗျာ၊ သမီးကိုတော့ ကျွန်တော်တို့ကတော့ ပျော်အောင်ထားတယ်၊ သူ့ကို စိတ်ကျေနပ်အောင်ထားတယ် ပေါ့လေ၊ ဒါပေမယ့် အဲဒီလို ထားရင်းနဲ့လည်း တစ်ဖက်မှာ သမီးက သူ စိတ်ပျော်အောင်ထားတာချည်း အတွက်ကို တဖက်မှာလည်း ဆိုးကျိုး ဖြစ်လာမှာလည်း ကြောက်တယ်။ ပြီးတော့ ဒီ အဓိက အားဖြင့်တော့ ပေါ့နော်၊ ဒီမူကြို ပေါ့။ ကျွန်တော်တို့ကပေါ့ဗျာ၊ ပြောရရင်တော့ ကျွန်တော်တို့က သာမန်လိုပဲ ဖြတ်သန်းချင်တာပေါ့။ မလွှဲသာ မရှောင်သာ ဒီကိစ္စကြီး ဖြစ်လာတယ်၊ ဖြစ်လာတဲ့ နောက်ပိုင်းမှာ .. ဒီတခါ ထပ်ပြီးတော့ ဆုံးရှုံးမှု တွေက ကျွန်တော်တို့ သမီးလေးကို သာမန် ကလေးလို မူကြို မပို့ရဲတော့ ပြန်ဘူး။
Image caption ဗစ်တိုးရီးယားအမှုမှာ ကလေးရဲ့ မိခင်က တရားလိုအဖြစ်တိုင်ကြားထား

ကလေး ဆိုတော့ ကလေး ဘာသာဘာဝ သူ ကဗျာလေးတွေ ဆိုချင်မယ်၊ သီချင်းလေးတွေ ဆိုချင်မယ်၊ သူငယ်ချင်း အပေါင်းအသင်းနဲ့ နေချင်မယ်။ ဒါပေမယ့် ကျွန်တော်တို့မှာက သာမန်ကလေး တွေလိုမျိုး မူကြို ကျောင်း ပို့ဖို့လည်း မပို့ရဲတော့ဘူး။ ကျွန်တေ့ာ် မျက်စိအောက်မှာပဲ ကျွန်တော့် အမျိုးသမီးထိန်းတယ်၊ ကျွန်တော်ကတော့ အမှုကိစ္စအတွက် သွားရတာတွေ ရှိတယ်။

အဲဒီလိုမျိုးထားတဲ့ အတွက်ကို သမီးအတွက်တော့ဗျာ သူ သာမန် ကလေးဘဝ ဖြတ်သန်းရတဲ့ အချိန်မှာ ကလေးလေးတွေမျိုး သူမဖြတ်သန်းရတော့ဘူးပေါ့ဗျာ။ ကျွန်တော်တို့ လူကြီး တွေနဲ့ အတူတူ ဆော့ နေရတာပေါ့။ အဲဒီ စိတ်ခံစားမှုတွေတော့ ရှိတယ်။

ဘီဘီစီ - တရားမျှတမှု ရဖို့၊ အမှုမှန်ပေါ်ဖို့ မိသားစု အနေနဲ့ ဘယ်လောက် မျှော်လင့်ထားသေးလဲ။

ဖြေ - ကျွန်တော်တို့ကတော့ ဗျာ၊ မျှော်လင့်ချက်ကတော့ ထားတယ် ဗျာ။ ကျွန်တော်တို့ နောက်မဆုတ်သေးသရွေ့ကတော့ မျှော်လင့်ချက် ရှိနေဦးမှာပဲလေ။ အခု ဆိုရင်ဗျာ၊ ကျွန်တော်တို့ ဒါ တရားခွင်မှာ ထွက်ဆိုချက်တွေ အရ၊ ဒါ လူသိရှင်ကြား သမီးလေး ကျူးလွန်ခံရတာ သိပြီ။

နောက်ပြီးတော့ ဥပမာ အားဖြင့်ဗျာ၊ စီစီတီဗီ မှတ်တမ်းတွေ ဆိုရင်လည်း တချို့ ဖိုင်တွေ ပေါင်းထားတာ ဖြတ်ထားတာ၊ သိခဲ့ရပြီ ပေါ့ဗျာ။ ဒါပေမယ့် အဲဒါ တွေ အပေါ်ကို အရေးယူ လုပ်ဆောင်ဖို့ကျ တော့ ကျွန်တော်တို့ အနေနဲ့တော့ မဖြစ်နိုင်ဘူးဗျာ။

အဲ့တော့ အဲဒီ ဟာတွေ အရေးယူလုပ်ဆောင်ဖို့ အတွက်ကိုတော့ တွန်းအားပေးဖို့ လိုအပ်ပါတယ်။ အဲဒီ အပေါ်လည်း ယုံကြည်မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ဒီ သမ္မတကြီး ဖြစ်ဖြစ်၊ ဒီ အစိုးရပိုင်းဆိုင်ရာက တာဝန်ရှိတဲ့ လူကြီးတွေ ဖြစ်ဖြစ်၊ ဒီဟာကို ထိန်းကျောင်း တည့်မတ်ပေးမယ်လို့လည်း မျှော်လင့်ပါတယ်။

BBC Burmese
https://www.bbc.com
ဗစ္တိုးရီးယားအမႈ ေနာက္ဆုံး အေျခအေန ဖခင္ ေျပာၾကားခ်က္ ဗစ္တိုးရီးယားအမႈ ေနာက္ဆုံး အေျခအေန ဖခင္ ေျပာၾကားခ်က္ Reviewed by THITHTOOLWIN on 02:02 Rating: 5
Powered by Blogger.