အတိုင္ပင္ခံ ခရီးစဥ္ေတြ ေဝဖန္ခံေနရ

(Zawgyi)⤵⤵⤵
တိုင္းရင္းသားေဒသတခ်ိဳ႕မွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က လူထုနဲ႔  ေတြ႕ဆုံေနတာ ဟာ ေ႐ြးေကာက္ပြဲအတြက္ မဲဆြယ္စည္း႐ုံးေနတာလို႔ တိုင္းရင္းသားပါတီေတြက ေဝဖန္လိုက္ပါတယ္။

အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ဟာ ဒီလအတြင္း ရွမ္းျပည္နယ္ ပင္လုံၿမိဳ႕၊ ခ်င္းျပည္နယ္ ထန္တလန္ ၿမိဳ႕၊ တြန္းဇံၿမိဳ႕နဲ႔ကရင္ျပည္နယ္ေတြမွာ  လူထုနဲ႔ ေတြ႕ဆုံခဲ့ပါတယ္။ ဒီလိုေတြ႕ဆုံပြဲေတြဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲ အတြက္ မဲဆြယ္စည္း႐ုံးေနတာလို႔ ခ်င္းအမ်ိဳးသားဒီမိုကေရစီပါတီ ပူးတြဲဥကၠ႒ ဦးငိုင္ဆာ့ခ္ က ေျပာပါတယ္။

သမၼတနဲ႔ ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ဟာ ႏိုင္ငံေတာ္စရိတ္နဲ႔ ခရီးေတြ သြားလာေနၿပီး ေ႐ြးေကာက္ပြဲႏွစ္အတြင္း ဒီခရီးစဥ္ေတြဟာ ပါတီမဲဆြယ္ေနတဲ့ပုံစံမ်ိဳး သက္ေရာက္ေနတယ္လို႔ ေဝဖန္ခံေနရ တာပါ။

သူတို႔ရဲ႕မိန႔္ခြန္းေတြဟာလည္း ပါတီမဲဆြယ္တဲ့သေဘာ သက္ေရာက္ေနတယ္လို႔ တခ်ိဳ႕က ယူဆၾကပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD အစိုးရဟာ အရင္က ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ အစိုးရလိုမ်ိဳး ေ႐ြးေကာက္ပြဲနီးမွ  မဲဆြယ္ခရီးထြက္ေနတယ္လို႔ ျမင္ေၾကာင္း ကခ်င္အမ်ိဳးသား ကြန္ဂရက္ပါတီ ဥကၠ႒ ဦးအန္ေကာလ္လ က ေျပာလိုက္ပါတယ္။

ႏိုင္ငံေတာ္သမၼတ႐ုံးေျပာေရးဆိုခြင့္ရွိသူ ဦးေဇာ္ေဌးကေတာ့ ေဒၚေအာင္ဆန္းစုၾကည္ဟာ  နယ္စပ္ေဒသ ဖြံ႕ၿဖိဳးတိုးတက္ေရးေကာ္မတီ ဥကၠ႒ တာဝန္ယူထားတဲ့အတြက္ လူထုေတြ႕ဆုံပြဲေတြ လုပ္ေဆာင္ေနတာလို႔ ေဖေဖာ္ဝါရီ ၂၁ ရက္ေန႔က သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြကို ေျဖၾကားခဲ့ပါတယ္။

ေ႐ြးေကာက္ပြဲနီးမွ ႏိုင္ငံေတာ္စရိတ္နဲ႔ သြားလာမဲဆြယ္ေနတာကို ေ႐ြးေကာက္ပြဲေကာ္မရွင္က ကန႔္ကြက္ျခင္း မရွိတဲ့အတြက္ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲဟာ လြတ္လပ္မွ်တပါ့မလားဆိုၿပီးလည္း ေမးခြန္းထုတ္ေနပါတယ္။

NLD ပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာမ်ိဳးၫြန႔္ကေတာ့ ဒီစြပ္စြဲခ်က္ကို ပယ္ခ်လိုက္ပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္ ဥကၠ႒ကို  သမၼတက ေ႐ြးခ်ယ္ခန႔္အပ္ႏိုင္တဲ့အတြက္ ပါတီစြဲမရွိရဆိုတဲ့ ကန႔္သတ္ခ်က္နဲ႔ ၿငိစြန္းေနတယ္လို႔လည္း ေျပာဆိုေနပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္နဲ႔ပတ္သက္ၿပီး အားနည္းခ်က္ေတြရွိေနတာလို႔  ေ႐ြးေကာက္ပြဲ ေစာင့္ၾကည့္ေလ့လာေရး အဖြဲ႕တစ္ခုျဖစ္တဲ့ နယူး-ျမန္မာေဖာင္ေဒးရွင္းက မျမနႏၵာသင္း က ေထာက္ျပပါတယ္။

NLD ပါတီဟာ ေ႐ြးေကာက္ပြဲမတိုင္ခင္မွာ တိုင္းရင္းသားေရးရာေကာ္မတီကို ဖြဲ႕စည္းလိုက္ၿပီး တိုင္းရင္းသား ပါတီေတြနဲ႔ ရင္းႏွီးတဲ့ဆက္ဆံေရးရဖို႔ ႀကိဳးစားသြားမယ္လို႔ ေျပာဆိုထားပါတယ္။

ေ႐ြးေကာက္ပြဲက်င္းပမယ့္ရက္ကို မေၾကညာရေသးတဲ့အတြက္ ႏိုင္ငံေရးပါတီေတြထဲမွာ  ေ႐ြးေကာက္ပြဲအတြက္ ျပင္ဆင္ခ်ိန္ မလုံေလာက္မွာ ပူပန္ေနခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ လူထုေတြ႕ဆုံပြဲေတြပါဝင္တဲ့ ခရီးစဥ္ေတြက ဆက္တိုက္ေပၚေပါက္လာတာျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
အတိုင်ပင်ခံ ခရီးစဉ်တွေ ဝေဖန်ခံနေရ

တိုင်းရင်းသားဒေသတချို့မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူထုနဲ့  တွေ့ဆုံနေတာ ဟာ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေတာလို့ တိုင်းရင်းသားပါတီတွေက ဝေဖန်လိုက်ပါတယ်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီလအတွင်း ရှမ်းပြည်နယ် ပင်လုံမြို့၊ ချင်းပြည်နယ် ထန်တလန် မြို့၊ တွန်းဇံမြို့နဲ့ကရင်ပြည်နယ်တွေမှာ  လူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီလိုတွေ့ဆုံပွဲတွေဟာ ၂၀၂၀ ရွေးကောက်ပွဲ အတွက် မဲဆွယ်စည်းရုံးနေတာလို့ ချင်းအမျိုးသားဒီမိုကရေစီပါတီ ပူးတွဲဥက္ကဋ္ဌ ဦးငိုင်ဆာ့ခ် က ပြောပါတယ်။

သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတော်စရိတ်နဲ့ ခရီးတွေ သွားလာနေပြီး ရွေးကောက်ပွဲနှစ်အတွင်း ဒီခရီးစဉ်တွေဟာ ပါတီမဲဆွယ်နေတဲ့ပုံစံမျိုး သက်ရောက်နေတယ်လို့ ဝေဖန်ခံနေရ တာပါ။

သူတို့ရဲ့မိန့်ခွန်းတွေဟာလည်း ပါတီမဲဆွယ်တဲ့သဘော သက်ရောက်နေတယ်လို့ တချို့က ယူဆကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရဟာ အရင်က ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ အစိုးရလိုမျိုး ရွေးကောက်ပွဲနီးမှ  မဲဆွယ်ခရီးထွက်နေတယ်လို့ မြင်ကြောင်း ကချင်အမျိုးသား ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးအန်ကောလ်လ က ပြောလိုက်ပါတယ်။

နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ  နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့အတွက် လူထုတွေ့ဆုံပွဲတွေ လုပ်ဆောင်နေတာလို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။

ရွေးကောက်ပွဲနီးမှ နိုင်ငံတော်စရိတ်နဲ့ သွားလာမဲဆွယ်နေတာကို ရွေးကောက်ပွဲကော်မရှင်က ကန့်ကွက်ခြင်း မရှိတဲ့အတွက် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲဟာ လွတ်လပ်မျှတပါ့မလားဆိုပြီးလည်း မေးခွန်းထုတ်နေပါတယ်။

NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကတော့ ဒီစွပ်စွဲချက်ကို ပယ်ချလိုက်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို  သမ္မတက ရွေးချယ်ခန့်အပ်နိုင်တဲ့အတွက် ပါတီစွဲမရှိရဆိုတဲ့ ကန့်သတ်ချက်နဲ့ ငြိစွန်းနေတယ်လို့လည်း ပြောဆိုနေပါတယ်။

ရွေးကောက်ပွဲကော်မရှင်နဲ့ပတ်သက်ပြီး အားနည်းချက်တွေရှိနေတာလို့  ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်တဲ့ နယူး-မြန်မာဖောင်ဒေးရှင်းက မမြနန္ဒာသင်း က ထောက်ပြပါတယ်။

NLD ပါတီဟာ ရွေးကောက်ပွဲမတိုင်ခင်မှာ တိုင်းရင်းသားရေးရာကော်မတီကို ဖွဲ့စည်းလိုက်ပြီး တိုင်းရင်းသား ပါတီတွေနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရဖို့ ကြိုးစားသွားမယ်လို့ ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲကျင်းပမယ့်ရက်ကို မကြေညာရသေးတဲ့အတွက် နိုင်ငံရေးပါတီတွေထဲမှာ  ရွေးကောက်ပွဲအတွက် ပြင်ဆင်ချိန် မလုံလောက်မှာ ပူပန်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲတွေပါဝင်တဲ့ ခရီးစဉ်တွေက ဆက်တိုက်ပေါ်ပေါက်လာတာဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
အတိုင္ပင္ခံ ခရီးစဥ္ေတြ ေဝဖန္ခံေနရ အတိုင္ပင္ခံ ခရီးစဥ္ေတြ ေဝဖန္ခံေနရ Reviewed by THITHTOOLWIN on 09:40 Rating: 5
Powered by Blogger.