ေတာင္ကိုရီးယားမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၈၃၃ ဦး

ကိုရိုနာဗိုင္းရပ္စ္ ကူးစပ္ခံရသူ တဦးအား ေတာင္ကိုရီးယားႏိုင္ငံ Chuncheon ၿမိဳ႕ရွိ ေဆးရံု တခုသို႔ သယ္ေဆာင္ေနၾကေသာ ေဆး၀န္ထမ္းမ်ား (ေဖေဖာ္၀ါရီ၊ ၂၂၊ ၂၀၂၀)

(Zawgyi/Unicode)

ေတာင္ကိုရီးယားႏိုင္ငံမွာ အခု တနလၤာေန႔ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ေနာက္ထပ္ ၂၃၁ ဦးတိုးလာတဲ့အတြက္ ဗိုင္းရပ္စ္ကူးစက္ခံရသူ စုစုေပါင္း ၈၃၃ ဦး ရွိသြားၿပီျဖစ္ပါတယ္။

ေသဆံုးသူ ေနာက္ထပ္ ႏွစ္ေယာက္ရွိတယ္လို႔ တာ၀န္ရွိသူေတြက အတည္ျပဳ ေျပာဆိုတာေၾကာင့္ ဗိုင္းရပ္ေၾကာင့္ ေသဆံုးတဲ့ အေရအတြက္ဟာလည္း ၇ ဦး ရွိသြားၿပီ ျဖစ္ပါတယ္။

ေနာက္ထပ္ ကူးစက္ခံရသူ အရည္အတြက္ အခု တနလၤာေန႔မေၾကညာခင္မွာပဲ ကို႐ိုနာဗိုင္းရပ္စ္ သတိေပးခ်က္ကို ေတာင္ကိုရီးယားႏိုင္ငံက အျမင့္ဆံုးအဆင့္ သတ္မွတ္ေပးထားၿပီ ျဖစ္ပါတယ္။

ေရာဂါ ထိန္းခ်ဳပ္ေရးအတြက္ ျဖစ္ႏိုင္သမွ် လုပ္ႏိုင္သမွ် မတြန္႔မဆုတ္ လုပ္ေဆာင္သြားၾကဖို႔ကိုလည္း ေတာင္ကိုရီယားသမၼတ Moon Jae-In က တိုက္တြန္းခဲ့ပါတယ္။ အခုလက္ရွိ သတိေပးခ်က္အဆင့္အရဆိုရင္ေတာ့ ေတာင္ကိုရီးယား အာဏာပိုင္ေတြအေနနဲ႔ ေက်ာင္းေတြပိတ္ဖို႔ အမ်ားျပည္သူ သြားလာမႈေတြကို ကန္႔သတ္ဖို႔ လုပ္ႏိုင္ပါတယ္။

အခုႏွစ္ ေက်ာင္းစဖြင့္ကိုလည္း တပတ္အထိ ေနာက္ဆုတ္ထားၿပီး ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံမွာတော့ အခုတနလၤာေန႔မွာ ေနာက္ထပ္ ေရာဂါပိုးကူးစက္ခံရသူ ၄၀၉ ရွိတယ္လို႔ ေၾကညာတာေၾကာင့္ ေရာဂါပိုးကူးစက္ခံရသူ စုစုေပါင္း ၇၇,၀၀၀ ရွိသြားပါၿပီ။ အခု ေနာက္ထပ္ ကူးစက္ခံရတဲ့အမ်ားစုကေတာ့ ေရာဂါပိုးအဓိက ပ်ံႏွံမႈျဖစ္တဲ့ Hubei ျပည္နယ္ထဲမွာပဲ ျဖစ္ပါတယ္။

ေရာဂါပိုးေၾကာင့္ တ႐ုတ္ႏိုင္ငံမွာ ေနာက္ထပ္ ေသဆံုးသူ ၁၅၀ တိုးလာတာေၾကာင့္ ေသဆံုးတဲ့ အရည္အတြက္ဟာဆိုရင္လည္း စုစုေပါင္း ၂,၅၉၂ ဦး ရွိသြားပါၿပီ။ တ႐ုတ္ျပင္ပမွာေတာ့ ေရာဂါပိုးကူးစက္ခံရထားသူ ၂,၀၀၀ ေက်ာ္ရွိေနၿပီး ေသဆံုးအရည္အတြက္ဟာလည္း ၂၀ ေက်ာ္ေနပါၿပီ။ အီရန္မွာေတာ့ ဗိုင္းရပ္ေၾကာင့္ ေသဆံုးသူ ၁၂ ဦး ရွိသြားၿပီလို႔ အစိုးရပိုင္႐ုပ္သံက ေၾကညာပါတယ္။

ကူဝိတ္ႏိုင္ငံမွာ ေရာဂါပိုးကူးစက္ခံထားရသူ သံုးဦး ေတြ႕ထားရတာေၾကာင့္၊ သတိေပးခ်က္ေတြ ထုတ္ျပန္ေနရာမွာ ျမန္မာသံရံုးကလည္း ကူဝိတ္မွာရွိတဲ့ ျမန္မာလူမ်ိဳးေတြကို က်န္းမာေရးသတိနဲ႔ေနၾကဖို႔ တိုက္တြန္းေနပါတယ္။

ဘာရိန္းမွာလည္း ေရာဂါပိုးကူးစက္ခံရသူ တဦး ေတြ႔ထားရပါၿပီ။ အီတလီႏိုင္ငံမွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၄ ဦးအထိ ရွိလာၿပီမို႔လို႔ ေရာဂါထိန္းခ်ဳပ္ေရး အစီအမံေတြကို ေဆာင္ရြက္ေနရပါတယ္။ Carnival ပဲြေတာ္အားလံုးကို ဖ်က္ထားသလို၊ ေဘာလံုးပဲြစဥ္ႀကီးေတြနဲ႔ အျခားေဖ်ာ္ေျဖပဲြေတြကိုလည္း ဖ်က္ထားရပါတယ္။

Miland အနားက အီတလီေျမာက္ပိုင္းၿမိဳ႕ေတြက လူေပါင္း ၅၀,၀၀၀ ေက်ာ္ကို ေနအိမ္မွာပဲ ေနၾကဖို႔ တိုက္တြန္းထားၿပီး၊ ေက်ာင္းေတြ ေစ်းေတြကိုလည္း ပိတ္ထားပါတယ္။ အီတလီႏိုင္ငံမွာေတာ့ ေရာဂါပိုး ကူးစက္ခံရတဲ့အရည္အတြက္ဟာ ၁၅၀ အထိ ရွိသြားပါၿပီ။


[Unicode Version]

တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၈၃၃ ဦး

တောင်ကိုရီးယားနိုင်ငံမှာ အခု တနင်္လာနေ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ် ၂၃၁ ဦးတိုးလာတဲ့အတွက် ဗိုင်းရပ်စ်ကူးစက်ခံရသူ စုစုပေါင်း ၈၃၃ ဦး ရှိသွားပြီဖြစ်ပါတယ်။

သေဆုံးသူ နောက်ထပ် နှစ်ယောက်ရှိတယ်လို့ တာဝန်ရှိသူတွေက အတည်ပြုပြောဆိုတာကြောင့်၊ ဗိုင်းရပ်ကြောင့် သေဆုံးတဲ့ အရေအတွက်ဟာလည်း ၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။

နောက်ထပ် ကူးစက်ခံရသူ အရည်အတွက် အခု တနင်္လာနေ့မကြေညာခင်မှာပဲ ကိုရိုနာဗိုင်းရပ်စ် သတိပေးချက်ကို တောင်ကိုရီးယားနိုင်ငံက အမြင့်ဆုံးအဆင့် သတ်မှတ်ပေးထားပြီ ဖြစ်ပါတယ်။

ရောဂါ ထိန်းချုပ်ရေးအတွက် ဖြစ်နိုင်သမျှ လုပ်နိုင်သမျှ မတွန့်မဆုတ် လုပ်ဆောင်သွားကြဖို့ကိုလည်း တောင်ကိုရီယားသမ္မတ Moon Jae-In က တိုက်တွန်းခဲ့ပါတယ်။ အခုလက်ရှိ သတိပေးချက်အဆင့်အရဆိုရင်တော့ တောင်ကိုရီးယားအာဏာပိုင်တွေအနေနဲ့ ကျောင်းတွေပိတ်ဖို့ အများပြည်သူသွားလာမှုတွေကို ကန့်သတ်ဖို့ လုပ်နိုင်ပါတယ်။

အခုနှစ် ကျောင်းစဖွင့်ကိုလည်း တပတ်အထိ နောက်ဆုတ်ထားပြီး ဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ အခုတနင်္လာနေ့မှာ နောက်ထပ် ရောဂါပိုးကူးစက်ခံရသူ ၄၀၉ ရှိတယ်လို့ ကြေညာတာကြောင့် ရောဂါပိုးကူးစက်ခံရသူ စုစုပေါင်း ၇၇,၀၀၀ ရှိသွားပါပြီ။ အခု နောက်ထပ် ကူးစက်ခံရတဲ့အများစုကတော့ ရောဂါပိုးအဓိက ပျံနှံမှုဖြစ်တဲ့ Hubei ပြည်နယ်ထဲမှာပဲ ဖြစ်ပါတယ်။

ရောဂါပိုးကြောင့် တရုတ်နိုင်ငံမှာ နောက်ထပ် သေဆုံးသူ ၁၅၀ တိုးလာတာကြောင့် သေဆုံးတဲ့ အရည်အတွက်ဟာဆိုရင်လည်း စုစုပေါင်း ၂,၅၉၂ ဦး ရှိသွားပါပြီ။ တရုတ်ပြင်ပမှာတော့ ရောဂါပိုးကူးစက်ခံရထားသူ ၂,၀၀၀ ကျော်ရှိနေပြီး သေဆုံးအရည်အတွက်ဟာလည်း ၂၀ ကျော်နေပါပြီ။ အီရန်မှာတော့ ဗိုင်းရပ်ကြောင့် သေဆုံးသူ ၁၂ ဦး ရှိသွားပြီလို့ အစိုးရပိုင်ရုပ်သံက ကြေညာပါတယ်။

ကူဝိတ်နိုင်ငံမှာ ရောဂါပိုးကူးစက်ခံထားရသူ သုံးဦး တွေ့ထားရတာကြောင့်၊ သတိပေးချက်တွေ ထုတ်ပြန်နေရာမှာ မြန်မာသံရုံးကလည်း ကူဝိတ်မှာရှိတဲ့ မြန်မာလူမျိုးတွေကို ကျန်းမာရေးသတိနဲ့နေကြဖို့ တိုက်တွန်းနေပါတယ်။

ဘာရိန်းမှာလည်း ရောဂါပိုးကူးစက်ခံရသူ တဦး တွေ့ထားရပါပြီ။ အီတလီနိုင်ငံမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄ ဦးအထိ ရှိလာပြီမို့လို့ ရောဂါထိန်းချုပ်ရေး အစီအမံတွေကို ဆောင်ရွက်နေရပါတယ်။ Carnival ပွဲတော်အားလုံးကို ဖျက်ထားသလို၊ ဘောလုံးပွဲစဉ်ကြီးတွေနဲ့ အခြားဖျော်ဖြေပွဲတွေကိုလည်း ဖျက်ထားရပါတယ်။

Miland အနားက အီတလီမြောက်ပိုင်းမြို့တွေက လူပေါင်း ၅၀,၀၀၀ ကျော်ကို နေအိမ်မှာပဲ နေကြဖို့ တိုက်တွန်းထားပြီး၊ ကျောင်းတွေ ဈေးတွေကိုလည်း ပိတ်ထားပါတယ်။ အီတလီနိုင်ငံမှာတော့ ရောဂါပိုး ကူးစက်ခံရတဲ့အရည်အတွက်ဟာ ၁၅၀ အထိ ရှိသွားပါပြီ။

VOA (Burmese)
https://burmese.voanews.com
ေတာင္ကိုရီးယားမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၈၃၃ ဦး ေတာင္ကိုရီးယားမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၈၃၃ ဦး Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.