ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္တ႐ုတ္ျပင္ပ ေသဆုံးမႈ ျမင့္တက္လာ

အီတလီမွာ ဘာသာေရးပြဲေတာ္က်င္းပဖို႔ကိုလည္း ေ႐ႊ႕ဆိုင္းလိုက္ပါတယ္။
(Zawgyi)⤵⤵⤵
တ႐ုတ္ႏိုင္ငံက စတင္ပ်ံ႕ႏွံ႔ခဲ့တဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံျပင္ပမွာ ေသဆုံးမႈေတြ ျမင့္တက္လာေနပါတယ္။ အထူးသျဖင့္ ဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း ျမင့္တက္ေနတဲ့ ေတာင္ကိုရီးယားမွာ ေဖေဖာ္ဝါရီ ၂၄ ရက္အထိ ေသဆုံးသူ ၆ ဦးထိရွိလာသလို အီတလီမွာလည္း ေသဆုံးသူ ၃ ဦးရွိလာေနပါတယ္။

လက္ရွိမွာ ဒီဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္မွာ ေသဆုံးသူ ၂၄၄၃ ဦး၊ အီရန္မွာ ရွစ္ဦး၊ ေတာင္ကိုရီးယားမွာ ၆ ဦး၊ အီတလီမွာ ၃ ဦး၊ ေဟာင္ေကာင္မွာ ၂ ဦး၊ ထိုင္ဝမ္၊ ဖိလစ္ပိုင္၊ ဂ်ပန္နဲ႔ျပင္သစ္မွာ တစ္ဦးစီနဲ႔ စိန္မင္းသမီး အေပ်ာ္စီးသေဘၤာေပၚက ႏွစ္ဦး တို႔ ျဖစ္ပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမာၻ႔စီးပြားေရးကို ထိခိုက္ေနၿပီလို႔ အျပည္ျပည္ဆိုင္ရာေငြေၾကးရန္ပုံေငြအဖြဲ႕ အႀကီးအကဲက ေျပာပါတယ္။

ရီယာ့ဒ္ၿမိဳ႕မွာက်င္းပတဲ့ G 20 ဘ႑ာေရးဝန္ႀကီးမ်ားအစည္းအေဝးမွာ ဒီအေျခအေနေၾကာင့္ ျဖစ္လာႏိုင္တဲ့ဆိုးက်ိဳးေတြကို ႀကိဳတင္စဥ္းစားထားဖို႔လည္း သူကေျပာပါတယ္။

အခုေတာ့ ဗိုင္းရပ္စ္ စေတြ႕တဲ့ တ႐ုတ္မွာ စက္႐ုံေတြပိတ္ထားရၿပီး ခရီးသြားလာခြင့္ေတြကိုပါ ကန႔္သတ္ထားလို႔ တ႐ုတ္ႏိုင္ငံရဲ႕ စီးပြားေရးတိုးတက္မႈကိုပါ အဟန႔္အတားျဖစ္လာေနပါၿပီ။

အီတလီမွာလည္း လြန္ဘားဒီျပည္နယ္မွာ ဒီဗိုင္းရပ္စ္ ကူးစက္မႈအေျမာက္အျမား ျဖစ္လာလို႔ ျပည္နယ္အတြင္းက ၿမိဳ႕အမ်ားစုမွာ တင္းၾကပ္တဲ့ ေရာဂါေျခခ်ဳပ္သေဘာအရ ေနၾကရပါတယ္။

ဒါ့အျပင္ အီတလီမွာ ဒီဗိုင္းရပ္စ္ေၾကာင့္ လူ ၁၅၂ ဦး ကူးစက္ခံထားရၿပီး သုံးဦးေသဆုံးသြားတယ္လို႔ အာဏာပိုင္ေတြက ေျပာၾကားထားပါတယ္။

အီတလီကေန ၾသစေၾတးလ်ကို ဗိုင္းရပ္စ္ ကူးစက္မွာ စိုးရိမ္လို႔ အီတလီကေန လာမယ့္ ရထားေတြကို ၾသစေၾတးလ်ဘက္ ခုတ္ေမာင္းခြင့္ မျပဳေတာ့ပါဘူး။ ရထားတစ္စီးေပၚမွာ ခရီးသည္ ႏွစ္ဦးဟာ သံသယလူနာျဖစ္ေနတဲ့အတြက္ ရထားေပၚက ခရီးသည္ သုံးရာေက်ာ္ဟာလည္း ရထားေပၚက ဆင္းခြင့္မရဘဲ ေသာင္တင္ေနၾကပါတယ္။

ေတာင္ကိုရီးယားမွာေတာ့ ဗိုင္းရပ္စ္ကူးစက္မႈေပါင္း ၆၀၀ ေက်ာ္သြားလို႔ ေက်ာင္းေတြ ျပန္ဖြင့္ဖို႔ကို တစ္ပတ္ ဆိုင္းငံ့ထားလိုက္ပါတယ္။

 ေတာင္ကိုရီးယားကကူးစက္မႈႏႈန္းျမင့္တက္ေနတဲ့ ေဒဂူးၿမိဳ႕မွာ ပိုးသတ္ေဆးျဖန္းေနၾကတာပါ။
ျမန္မာႏိုင္ငံမွာလည္း ကို႐ိုနာဗိုင္းရပ္စ္ ေရာဂါျဖစ္ပြားသူေတြ ႐ုတ္တရတ္ တၿပိဳင္တည္း ေတြ႕ရွိလာႏိုင္ၿပီး ျပည္သူေတြၾကား ကူးစက္ျဖစ္ပြားႏိုင္တာေၾကာင့္ လူစုလူေဝးမ်ားတဲ့ေနရာ၊ ပြဲလမ္းသဘင္ေတြကို အတက္ႏိုင္ ဆုံးေရွာင္ၾကဥ္ဖို႔နဲ႔ ပြဲလမ္းဘသင္မျဖစ္မေန က်င္းပရမယ္ဆိုရင္လည္း က်န္းမာေရး နဲ႔အားကစား ဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ ေရာဂါကာကြယ္ေရး ႏႈိးေဆာ္ခ်က္ေတြကို တိတိက်က် လိုက္နာၾကဖို႔ ေဖေဖာ္ဝါရီ ၂၃ ရက္စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကြောင့်တရုတ်ပြင်ပ သေဆုံးမှု မြင့်တက်လာ

တရုတ်နိုင်ငံက စတင်ပျံ့နှံ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံပြင်ပမှာ သေဆုံးမှုတွေ မြင့်တက်လာနေပါတယ်။ အထူးသဖြင့် ဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်တက်နေတဲ့ တောင်ကိုရီးယားမှာ ဖေဖော်ဝါရီ ၂၄ ရက်အထိ သေဆုံးသူ ၆ ဦးထိရှိလာသလို အီတလီမှာလည်း သေဆုံးသူ ၃ ဦးရှိလာနေပါတယ်။

လက်ရှိမှာ ဒီဗိုင်းရပ်စ်ကြောင့် တရုတ်မှာ သေဆုံးသူ ၂၄၄၃ ဦး၊ အီရန်မှာ ရှစ်ဦး၊ တောင်ကိုရီးယားမှာ ၆ ဦး၊ အီတလီမှာ ၃ ဦး၊ ဟောင်ကောင်မှာ ၂ ဦး၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်၊ ဂျပန်နဲ့ပြင်သစ်မှာ တစ်ဦးစီနဲ့ စိန်မင်းသမီး အပျော်စီးသင်္ဘောပေါ်က နှစ်ဦး တို့ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာ့စီးပွားရေးကို ထိခိုက်နေပြီလို့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲက ပြောပါတယ်။

ရီယာ့ဒ်မြို့မှာကျင်းပတဲ့ G 20 ဘဏ္ဍာရေးဝန်ကြီးများအစည်းအဝေးမှာ ဒီအခြေအနေကြောင့် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို ကြိုတင်စဉ်းစားထားဖို့လည်း သူကပြောပါတယ်။

အခုတော့ ဗိုင်းရပ်စ် စတွေ့တဲ့ တရုတ်မှာ စက်ရုံတွေပိတ်ထားရပြီး ခရီးသွားလာခွင့်တွေကိုပါ ကန့်သတ်ထားလို့ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုကိုပါ အဟန့်အတားဖြစ်လာနေပါပြီ။

အီတလီမှာလည်း လွန်ဘားဒီပြည်နယ်မှာ ဒီဗိုင်းရပ်စ် ကူးစက်မှုအမြောက်အမြား ဖြစ်လာလို့ ပြည်နယ်အတွင်းက မြို့အများစုမှာ တင်းကြပ်တဲ့ ရောဂါခြေချုပ်သဘောအရ နေကြရပါတယ်။
ဓာတ်ပုံ မူပိုင် Reuters
Image caption အီတလီမှာ ဘာသာရေးပွဲတော်ကျင်းပဖို့ကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။

ဒါ့အပြင် အီတလီမှာ ဒီဗိုင်းရပ်စ်ကြောင့် လူ ၁၅၂ ဦး ကူးစက်ခံထားရပြီး သုံးဦးသေဆုံးသွားတယ်လို့ အာဏာပိုင်တွေက ပြောကြားထားပါတယ်။

အီတလီကနေ သြစတြေးလျကို ဗိုင်းရပ်စ် ကူးစက်မှာ စိုးရိမ်လို့ အီတလီကနေ လာမယ့် ရထားတွေကို သြစတြေးလျဘက် ခုတ်မောင်းခွင့် မပြုတော့ပါဘူး။ ရထားတစ်စီးပေါ်မှာ ခရီးသည် နှစ်ဦးဟာ သံသယလူနာဖြစ်နေတဲ့အတွက် ရထားပေါ်က ခရီးသည် သုံးရာကျော်ဟာလည်း ရထားပေါ်က ဆင်းခွင့်မရဘဲ သောင်တင်နေကြပါတယ်။

တောင်ကိုရီးယားမှာတော့ ဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၆၀၀ ကျော်သွားလို့ ကျောင်းတွေ ပြန်ဖွင့်ဖို့ကို တစ်ပတ် ဆိုင်းငံ့ထားလိုက်ပါတယ်။
ဓာတ်ပုံ မူပိုင် AFP
Image caption တောင်ကိုရီးယားကကူးစက်မှုနှုန်းမြင့်တက်နေတဲ့ ဒေဂူးမြို့မှာ ပိုးသတ်ဆေးဖြန်းနေကြတာပါ။

မြန်မာနိုင်ငံမှာလည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်ပွားသူတွေ ရုတ်တရတ် တပြိုင်တည်း တွေ့ရှိလာနိုင်ပြီး ပြည်သူတွေကြား ကူးစက်ဖြစ်ပွားနိုင်တာကြောင့် လူစုလူဝေးများတဲ့နေရာ၊ ပွဲလမ်းသဘင်တွေကို အတက်နိုင် ဆုံးရှောင်ကြဉ်ဖို့နဲ့ ပွဲလမ်းဘသင်မဖြစ်မနေ ကျင်းပရမယ်ဆိုရင်လည်း ကျန်းမာရေး နဲ့အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ရောဂါကာကွယ်ရေး နှိုးဆော်ချက်တွေကို တိတိကျကျ လိုက်နာကြဖို့ ဖေဖော်ဝါရီ ၂၃ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

BBC Burmese
https://www.bbc.com
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္တ႐ုတ္ျပင္ပ ေသဆုံးမႈ ျမင့္တက္လာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္တ႐ုတ္ျပင္ပ ေသဆုံးမႈ ျမင့္တက္လာ Reviewed by THITHTOOLWIN on 09:37 Rating: 5
Powered by Blogger.