လားရႈိးၿမိဳ႕ ေရွာင္လမ္း ကုန္တင္ကားတိမ္းေမွာက္ လူ၂ဦးေသ

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၁၇၊ ၂၀၂၀

သွ်မ္းျပည္ ေျမာက္ပိုင္းလားရႈိးၿမိဳ႕ ေရွာင္လမ္း တြင္ ကုန္တင္ကား တိမ္းေမွာက္ကာ လူ ၂ဦးေသဆံုးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ယေန႔ (ေဖေဖာ္ဝါရီ ၁၇ )ရက္ မြန္လြဲ ၃နာရီ ခြဲေက်ာ္တြင္ ကုန္တင္ကားတိမ္းေမွာက္မႈေၾကာင့္ ယာဥ္ေမာင္း တဦး ႏွင့္ ယာဥ္ေနာက္လုိုက္တဦး ပြဲခ်င္းၿပီး ေသဆံုးခဲ့ေၾကာင္း လားရႈိးလူငယ္မ်ား လူမႈကူညီေရး အသင္း မွ စိုင္းဝသုန္ထြန္း က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ အေျခအေန ဘယ္လို ေၾကာင့္ဆုိတာ ေတာ့ အေသးစိတ္မသိရေသးဘူး။ က်ေနာ္တုိ႔ ကားထဲကေန ဆြဲထုတ္လာရတယ္။ ယာဥ္ေမာင္းနဲ႔ယာဥ္ေနာက္လိုက္ေသဆံုးတာေတာ့ အတည္ျပဳလုိ႔ရတယ္” ဟု စိုင္းဝသုန္ထြန္းက ဆုိသည္။

လက္ရွိမွာ ယာဥ္တိမ္းေမွာက္မႈေၾကာင့္ ေသဆံုးသြားသည့္ သူ ၂ဦး ကို လားရႈိးေဆးရံု ရင္ခြဲရံု သို႔ ပို႔ေဆာင္ထားေၾကာင္းလညး္ စိုင္းဝသုန္ထြန္း က ေျပာသည္။

ထို ကုန္တင္ကား ယာဥ္တိမ္းေမွာက္မႈသည္ ကားဘရိတ္ေပါက္ရာမွ စတင္ျဖစ္ပြားေၾကာင္း၊ ထိုကုန္တင္ကားသည္ မူဆယ္ဘက္မွ လာသည့္ ကားျဖစ္ၿပီး၊ အထည္လိပ္မ်ားတင္လာေၾကာင္းလည္း လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေရးသားထားသည္ ကို ေတြ႔ရသည္။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054/
------------
(Unicode)⤵⤵⤵
လားရှိုးမြို့ ရှောင်လမ်း ကုန်တင်ကားတိမ်းမှောက် လူ၂ဦးသေ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၁၇၊ ၂၀၂၀

သျှမ်းပြည် မြောက်ပိုင်းလားရှိုးမြို့ ရှောင်လမ်း တွင် ကုန်တင်ကား တိမ်းမှောက်ကာ လူ ၂ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ယနေ့ (ဖေဖော်ဝါရီ ၁၇ )ရက် မွန်လွဲ ၃နာရီ ခွဲကျော်တွင် ကုန်တင်ကားတိမ်းမှောက်မှုကြောင့် ယာဉ်မောင်း တဦး နှင့် ယာဉ်နောက်လိုက်တဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း လားရှိုးလူငယ်များ လူမှုကူညီရေး အသင်း မှ စိုင်းဝသုန်ထွန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ အခြေအနေ ဘယ်လို ကြောင့်ဆိုတာ တော့ အသေးစိတ်မသိရသေးဘူး။ ကျနော်တို့ ကားထဲကနေ ဆွဲထုတ်လာရတယ်။ ယာဉ်မောင်းနဲ့ယာဉ်နောက်လိုက်သေဆုံးတာတော့ အတည်ပြုလို့ရတယ်” ဟု စိုင်းဝသုန်ထွန်းက ဆိုသည်။

လက်ရှိမှာ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသွားသည့် သူ ၂ဦး ကို လားရှိုးဆေးရုံ ရင်ခွဲရုံ သို့ ပို့ဆောင်ထားကြောင်းလည်း စိုင်းဝသုန်ထွန်း က ပြောသည်။

ထို ကုန်တင်ကား ယာဉ်တိမ်းမှောက်မှုသည် ကားဘရိတ်ပေါက်ရာမှ စတင်ဖြစ်ပွားကြောင်း၊ ထိုကုန်တင်ကားသည် မူဆယ်ဘက်မှ လာသည့် ကားဖြစ်ပြီး၊ အထည်လိပ်များတင်လာကြောင်းလည်း လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည် ကို တွေ့ရသည်။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054/
လားရႈိးၿမိဳ႕ ေရွာင္လမ္း ကုန္တင္ကားတိမ္းေမွာက္ လူ၂ဦးေသ လားရႈိးၿမိဳ႕ ေရွာင္လမ္း ကုန္တင္ကားတိမ္းေမွာက္ လူ၂ဦးေသ Reviewed by THITHTOOLWIN on 22:14 Rating: 5
Powered by Blogger.