တ႐ုတ္ဧည့္ကိစၥ ခရီးသြားအဖဲြ႕ထုတ္ျပန္ခ်က္ က်န္းမာေရးတာ၀န္ရွိသူေတြ မသိရွိ


(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံကေန လာေရာက္လည္ပတ္မယ့္ ဧည့္သည္ေတြဆီကေန က်န္းမာေရးေကာင္းမြန္ေၾကာင္း အာမခံခ်က္ရယူၿပီး ဆက္လက္ေဆာင္႐ြက္ရန္ ဆိုတဲ့ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းထုတ္ျပန္ခ်က္အေပၚမွာ ျပည္သူ႔က်န္းမာေရးဦးစီးဌာန တာဝန္ရွိသူတခ်ိဳ႕က ဒီအစီအစဥ္ကို မသိထားေၾကာင္း နဲ႔ ၫႊန္ၾကားထားတာလည္း မရွိေသးေၾကာင္း ျငင္းဆိုလိုက္ပါတယ္။ ဒီအေၾကာင္း အျပည့္အစုံကို ဗြီအိုေအ ျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္းေပးပို႔ထားပါတယ္။

တ႐ုတ္ခရီးသြားေတြရဲ႕ ႀကိဳတင္စီစဥ္ထားတဲ့ ခရီးစဥ္ေတြကို ဖ်က္သိမ္းလိုက္ပါက ေလ်ာ္ေၾကးနဲ႔ နစ္နာေၾကးေတြ ေပးရဖို႔ ျဖစ္လာႏိုင္တဲ့အတြက္ ဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားအေပၚမွာ ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္းရွင္မ်ားအသင္းတာဝန္ရွိသူေတြက အခုလို စာထုတ္ျပန္တာျဖစ္ႏိုင္ေၾကာင္း ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္း နာယက ဦးသက္လြင္တိုးက ေျပာပါတယ္။

“ ဝန္ႀကီးဌာနကလည္း tour ေတြဘာေတြ ဖ်က္တာျပဳတာေတြ၊ အေလ်ာ္အစားေတြျဖစ္မွာလည္း သူစိုးရိမ္တာလည္း ျဖစ္မွာေပါ့။ ဒါေပမဲ့ က်ေနာ္တို႔ကေတာ့ ဝိတ္ကို ခ်ိန္ရမွာေပါ့။ သူက က်န္းမာေရးဝန္ႀကီးဌာနရဲ႕ ၫႊန္ၾကားခ်က္နဲ႔အညီလုပ္ေနတာလည္း မွန္ပါတယ္။ က်န္းမာေရးဝန္ႀကီးကို တ႐ုတ္သံအမတ္ႀကီးက သြားေတြ႕တယ္၊ သူကလည္း ဘာေတြဘယ္လို တင္ျပခဲ့လည္းေတာ့မသိဘူးေပါ့၊ အဲဒီေတာ့ က်န္းမာေရးဝန္ႀကီးဌာနကလည္း ဒါဆိုရင္ေတာ့ ဒီလိုမ်ိဳး အေထာက္အထား တခုျပရင္ေတာ့ ေပးဝင္မယ္ဆိုတဲ့ ပုံစံမ်ိဳးနဲ႔ သူတို႔ေရးတာလည္း ျဖစ္မွာေပါ့ေနာ္။”

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆုံးမႈေတြတက္ေနတဲ့အခ်ိန္မွာ တ႐ုတ္ဧည့္သည္ ဝင္ေရာက္မႈေတြကို တရားဝင္ဗီဇာနဲ႔ျဖစ္ေစ၊ နယ္စပ္က ဝင္လာသူေတြျဖစ္ေစ ဝင္ေရာက္ခြင့္ကို ျဖတ္ေတာက္ထားသင့္တယ္လို႔ ဦးသက္လြင္တိုးကေျပာပါတယ္။ သူတို႔ရဲ႕ က်န္းမာေရး ေကာင္းမြန္ေၾကာင္း အာမခံခ်က္ရယူၿပီး ဆက္လက္ေဆာက္႐ြက္သြားဖို႔ ျမန္မာႏိုင္ငံခရီးသြားလုပ္ငန္းရွင္မ်ားအသင္းက ခရီးသြားေအဂ်င္စီေတြကို အေၾကာင္းၾကားထားပါတယ္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနဘက္ကလည္း ဒီကိစၥနဲ႔ပတ္သက္လို႔ တိုက္႐ိုက္ၫႊန္ၾကားထားတာမ်ိဳးမရွိေၾကာင္း မႏၲေလးတိုင္းေဒသႀကီး ျပည္သူ႔က်န္းမာေရး ဦးစီးဌာန ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာသန္းသန္းျမင့္ ကေျပာပါတယ္။

“ မရွိဘူးရွင့္ က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ထားတာ၊ က်မတို႔ ေပးလည္းမေပးႏိုင္ဘူး အဲဒါမ်ိဳးကေတာ့ေနာ့။ ထုတ္ျပန္ရင္လည္း က်မတို႔ကို အေၾကာင္းၾကားမွာေပါ့ေနာ္။”

နယ္စပ္ဝင္ေပါက္ေတြမွာလည္း ျပည္သူ႔က်န္းမာေရးဝန္ထမ္းေတြကို ဒီလိုၫႊန္ၾကားခ်က္မ်ိဳး မေပးထားေၾကာင္းနဲ႔ ဝင္ထြက္ေနတဲ့ တ႐ုတ္ႏိုင္ငံသား ေတြကလည္း ျပည္တြင္းမွာ အလုပ္လုပ္ေနတဲ့သူေတြသာ ျဖစ္ေၾကာင္း ကခ်င္ျပည္နယ္၊ ဝိုင္းေမာ္ၿမိဳ႕ ျပည္သူ႔က်န္းမာေရး ဦးစီးမႉး ေဒါက္တာသိန္းၿမိဳ႕ က ေျပာပါတယ္။

“ က်ေနာ္တို႔ ဌာနနဲ႔ေတာ့ တိုက္႐ိုက္ က်ေနာ္တို႔ဆီစာလာတာ မရွိပါဘူခင္ဗ်။ ဒီဘက္ထဲေရာက္ေနတဲ့ ( တ႐ုတ္) ငွက္ေပ်ာလုပ္သားေတြ၊ ပတ္စပို႔ သက္တမ္းကုန္ရင္ တုံးထုတယ္၊ ျပန္ဝင္တယ္၊ အဲဒီလိုလူေတြပဲ။ ဟိုအထဲ ( တ႐ုတ္ျပည္က ) လာတဲ့သူေတြ မဟုတ္ဘူး။”

တ႐ုတ္သံအမတ္ႀကီး မစၥတာ Chen Hai နဲ႔ က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ေထြးဟာ ေဖေဖာဝါရီ ၁၄ရက္ ေနျပည္ေတာ္မွာေတြ႕ဆုံခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္ COVID 19 ေၾကာင့္ျဖစ္လာတဲ့ ေရာဂါအေျခအေနေတြကို ႏွစ္ႏိုင္ငံ ပူးေပါင္းေဆာင္႐ြက္မယ့္ အေျခအေန ေတြကို ေဆြးေႏြးခဲ့ပါတယ္။

စကၤာပူကေတာ့ တ႐ုတ္ဗီဇာနဲ႔ဝင္လာတဲ့ မည္သူမဆို ႏိုင္ငံဝင္ေရာက္ခြင့္ ယာယီပိတ္ထားလိုက္ပါတယ္။ ျမန္မာႏိုင္ငံမွာေတာ့ တ႐ုတ္ႏိုင္ငံသားေတြကို ေဖေဖာ္ဝါရီ ၁ရက္ကစၿပီး ဆိုက္ေရာက္ဗီဇာရပ္နားထားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ covid 19 ကူးစက္ခံရသူဟာ တ႐ုတ္ႏိုင္ငံမွာ ၇၀၀၀၀ နဲ႔ အမ်ားဆုံးျဖစ္ၿပီး ဂ်ပန္ႏိုင္ငံက အေယာက္ ၄၀၀ နဲ႔ ဒုတိယ အမ်ားဆုံး ျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕ကေန စတင္ျပန႔္ပြားလာတဲ့ ဒီဗိုင္းရပ္စ္ပိုးဟာ ေဒသတြင္းႏိုင္ငံေတြ၊ ဥေရာပနဲ႔ အေမရိကန္ျပည္ေထာင္စုအပါအဝင္ ႏိုင္ငံေပါင္း ၂၈ ႏိုင္ငံကို ကူးစက္ပ်ံ႕ႏွံ႔ေနပါတယ္။ တ႐ုတ္ႏိုင္ငံသား ၁၈၀၀ နီးပါး ေသဆုံးခဲ့ၿပီး ဂ်ပန္၊ ေဟာင္ေကာင္၊ ထိုင္ဝမ္၊ ဖိလစ္ပိုင္ စတဲ့ႏိုင္ငံေတြမွာေတာ့ တေယာက္စီ ေသဆုံးခဲ့ပါတယ္။

..................

တရုတ်ဧည့်ကိစ္စ ခရီးသွားအဖွဲ့ထုတ်ပြန်ချက် ကျန်းမာရေးတာဝန်ရှိသူတွေမသိရှိ
(Unicode)

တရုတ်နိုင်ငံကနေ လာရောက်လည်ပတ်မယ့် ဧည့်သည်တွေဆီကနေ ကျန်းမာရေးကောင်းမွန်ကြောင်း အာမခံချက်ရယူပြီး ဆက်လက်ဆောင်ရွက်ရန် ဆိုတဲ့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းထုတ်ပြန်ချက်အပေါ်မှာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတချို့က ဒီအစီအစဉ်ကို မသိထားကြောင်း နဲ့ ညွှန်ကြားထားတာလည်း မရှိသေးကြောင်း ငြင်းဆိုလိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က မေးမြန်းပေးပို့ထားပါတယ်။

တရုတ်ခရီးသွားတွေရဲ့ ကြိုတင်စီစဉ်ထားတဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းလိုက်ပါက လျော်ကြေးနဲ့ နစ်နာကြေးတွေ ပေးရဖို့ ဖြစ်လာနိုင်တဲ့အတွက် ဝန်ကြီးဌာနရဲ့ ညွှန်ကြားအပေါ်မှာ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူတွေက အခုလို စာထုတ်ပြန်တာဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း နာယက ဦးသက်လွင်တိုးက ပြောပါတယ်။

“ ဝန်ကြီးဌာနကလည်း tour တွေဘာတွေ ဖျက်တာပြုတာတွေ၊ အလျော်အစားတွေဖြစ်မှာလည်း သူစိုးရိမ်တာလည်း ဖြစ်မှာပေါ့။ ဒါပေမဲ့ ကျနော်တို့ကတော့ ဝိတ်ကို ချိန်ရမှာပေါ့။ သူက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်နဲ့အညီလုပ်နေတာလည်း မှန်ပါတယ်။ ကျန်းမာရေးဝန်ကြီးကို တရုတ်သံအမတ်ကြီးက သွားတွေ့တယ်၊ သူကလည်း ဘာတွေဘယ်လို တင်ပြခဲ့လည်းတော့မသိဘူးပေါ့၊ အဲဒီတော့ ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒါဆိုရင်တော့ ဒီလိုမျိုး အထောက်အထား တခုပြရင်တော့ ပေးဝင်မယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ရေးတာလည်း ဖြစ်မှာပေါ့နော်။”

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေတက်နေတဲ့အချိန်မှာ တရုတ်ဧည့်သည် ဝင်ရောက်မှုတွေကို တရားဝင်ဗီဇာနဲ့ဖြစ်စေ၊ နယ်စပ်က ဝင်လာသူတွေဖြစ်စေ ဝင်ရောက်ခွင့်ကို ဖြတ်တောက်ထားသင့်တယ်လို့ ဦးသက်လွင်တိုးကပြောပါတယ်။ သူတို့ရဲ့ ကျန်းမာရေး ကောင်းမွန်ကြောင်း အာမခံချက်ရယူပြီး ဆက်လက်ဆောက်ရွက်သွားဖို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းက ခရီးသွားအေဂျင်စီတွေကို အကြောင်းကြားထားပါတယ်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဘက်ကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ တိုက်ရိုက်ညွှန်ကြားထားတာမျိုးမရှိကြောင်း မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့် ကပြောပါတယ်။

“ မရှိဘူးရှင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာ၊ ကျမတို့ ပေးလည်းမပေးနိုင်ဘူး အဲဒါမျိုးကတော့နော့။ ထုတ်ပြန်ရင်လည်း ကျမတို့ကို အကြောင်းကြားမှာပေါ့နော်။”

နယ်စပ်ဝင်ပေါက်တွေမှာလည်း ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေကို ဒီလိုညွှန်ကြားချက်မျိုး မပေးထားကြောင်းနဲ့ ဝင်ထွက်နေတဲ့ တရုတ်နိုင်ငံသား တွေကလည်း ပြည်တွင်းမှာ အလုပ်လုပ်နေတဲ့သူတွေသာ ဖြစ်ကြောင်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ပြည်သူ့ကျန်းမာရေး ဦးစီးမှူး ဒေါက်တာသိန်းမြို့ က ပြောပါတယ်။

“ ကျနော်တို့ ဌာနနဲ့တော့ တိုက်ရိုက် ကျနော်တို့ဆီစာလာတာ မရှိပါဘူခင်ဗျ။ ဒီဘက်ထဲရောက်နေတဲ့ ( တရုတ်) ငှက်ပျောလုပ်သားတွေ၊ ပတ်စပို့ သက်တမ်းကုန်ရင် တုံးထုတယ်၊ ပြန်ဝင်တယ်၊ အဲဒီလိုလူတွေပဲ။ ဟိုအထဲ ( တရုတ်ပြည်က ) လာတဲ့သူတွေ မဟုတ်ဘူး။”

တရုတ်သံအမတ်ကြီး မစ္စတာ Chen Hai နဲ့ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးဟာ ဖေဖောဝါရီ ၁၄ရက် နေပြည်တော်မှာတွေ့ဆုံခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ် COVID 19 ကြောင့်ဖြစ်လာတဲ့ ရောဂါအခြေအနေတွေကို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မယ့် အခြေအနေ တွေကို ဆွေးနွေးခဲ့ပါတယ်။

စင်္ကာပူကတော့ တရုတ်ဗီဇာနဲ့ဝင်လာတဲ့ မည်သူမဆို နိုင်ငံဝင်ရောက်ခွင့် ယာယီပိတ်ထားလိုက်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တရုတ်နိုင်ငံသားတွေကို ဖေဖော်ဝါရီ ၁ရက်ကစပြီး ဆိုက်ရောက်ဗီဇာရပ်နားထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် covid 19 ကူးစက်ခံရသူဟာ တရုတ်နိုင်ငံမှာ ၇၀၀၀၀ နဲ့ အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံက အယောက် ၄၀၀ နဲ့ ဒုတိယ အများဆုံး ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ စတင်ပြန့်ပွားလာတဲ့ ဒီဗိုင်းရပ်စ်ပိုးဟာ ဒေသတွင်းနိုင်ငံတွေ၊ ဥရောပနဲ့ အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံကို ကူးစက်ပျံ့နှံ့နေပါတယ်။ တရုတ်နိုင်ငံသား ၁၈၀၀ နီးပါး သေဆုံးခဲ့ပြီး ဂျပန်၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင် စတဲ့နိုင်ငံတွေမှာတော့ တယောက်စီ သေဆုံးခဲ့ပါတယ်။

ေဇာ္ထက္/ VOA (Burmese)
https://burmese.voanews.com
တ႐ုတ္ဧည့္ကိစၥ ခရီးသြားအဖဲြ႕ထုတ္ျပန္ခ်က္ က်န္းမာေရးတာ၀န္ရွိသူေတြ မသိရွိ တ႐ုတ္ဧည့္ကိစၥ ခရီးသြားအဖဲြ႕ထုတ္ျပန္ခ်က္ က်န္းမာေရးတာ၀န္ရွိသူေတြ မသိရွိ Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.