မူဆယ္ၿမိဳ႕နယ္ အတြင္းရွိ စကၠဴစက္ရံု မီးေလာင္ ဆံုး႐ံႈးမႈမ်ား

(Zawgyi)⤵⤵⤵
ေဖေဖာ္ဝါရီ ၁၇၊၂၀၂၀

သွ်မ္းျပည္ ေျမာက္ပုိင္း မူဆယ္ၿမိဳ႕နယ္ တိန္းလံု ေက်းရြာတြင္ စကၠဴစက္ရံု မီးေလာင္မႈျဖစ္ပြားကာ ဆံုးရံႈးမႈမ်ားေၾကာင္း သတင္းရရွိသည္။

ေဖေဖာ္ဝါရီ ၁၆ ရက္ မနက္ ၅နာရီ ဝန္းက်င္တြင္ မူဆယ္ၿမိဳ႕နယ္ တိန္းလံုေက်းရြာ ၌ ဝါယာေရွာ့ျဖစ္ပြားမႈေၾကာင့္ စကၠဴစက္ရံုမီးေလာင္မႈျဖစ္ပြားကာ ဆံုးရႈံးမႈ ၁၀သိန္း အထက္ရွိေၾကာင္း မူဆယ္ၿမိဳ႕ မီးသတ္တပ္ဖြဲ႔ မွ သတင္းရရွိသည္။

“ မနက္ မိုးမလင္းခင္ကတည္း စေလာင္တာပါ။ အလုပ္သမားေတြ ထလာေတာ့ မီးက ေတာ္ေတာ္ႀကီးေနၿပီ၊ စကၠဴလုပ္မယ့္ ပစၥည္းဆုိေတာ့ မီးေလာင္လြယ္တယ္” ဟု မီးသတ္တပ္ဖြဲ႔ဝင္ တဦးက သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

ဆက္လက္ၿပီး တိန္းလံု ေဒသခံ တဦး ျဖစ္သည့္ စိုင္းထြန္း က “ဝါယာေရွာ့ ျဖစ္တာကေန စေလာင္တာပါ။ မနက္ ၅နာရီ က စျဖစ္တယ္။ ၈နာရီ မွာ ေပါက္ကြဲသံၾကားရတယ္။ အလုပ္သမားေတြ ထလာတဲ့အခ်ိန္ မီးကေတာ္ေတာ္ေလာင္ေနၿပီ” ဟု သို႔ေျပာသည္။

လက္ရွိ တိန္းလံု ေက်းရြာ စကၠဴ စက္ရံု မီးေလာင္ကြ်မ္းမႈသည္ ဝါယာေရွာ့မွ စတင္ကာ ေလာင္ကြ်မ္းသျဖင့္ ေက်းရြာ ျပည္သူမ်ား လွ်ပ္စစ္မီး သံုးစြဲမႈကို ေသခ်ာ စိစစ္သင့္ေၾကာင္း၊ မိမိေနအိမ္ ဝါယာႀကိဳးမ်ားကို လည္း စစ္ေဆးရန္ လိုအပ္ေၾကာင္းလည္း စိုင္းထြန္း က ေျပာသည္။

ယခုရက္ပိုင္း သွ်မ္းျပည္နယ္ တဝွမ္း မီးေလာင္မႈ မၾကာခဏျဖစ္ပြားေနေၾကာင္း၊ မ်ားေသာအားျဖင့္ မီးေလာင္မႈသည္ ဝါယာေရွာ့ေၾကာင့္ စတင္သည့္ မီးေလာင္မႈျဖစ္ေၾကာင္း သိရသည္။

လြန္ခဲ့သည့္ ေဖေဖာ္ဝါရီ ၁၃ရက္ ည ၁၀နာရီ ဝန္းက်င္တြင္ သွ်မ္းျပည္ ေတာင္ပိုင္း ပင္လံုၿမိဳ႕ ရဲစခန္းတြင္လည္း ဝါယာေရွာ့ေၾကာင့္ ရဲဝန္ထမ္း တန္းလ်ား မီးေလာင္ကြ်မ္းမႈ ျဖစ္ပြားခဲ့သည္။

ျမန္မာႏုိင္ငံ မီးသတ္ဖြဲ႔ မွလည္း ေျခာက္ေသြ႔သည့္ ရာသီ ေရာက္ရွိလာၿပီ ျဖစ္သျဖင့္ မီးမ်ား အထူးသတိျပဳသံုးစြဲရန္၊ မိမိေနအိမ္၊ စက္ရံု၊ ဘုန္းႀကီးေက်ာင္း၊ အလုပ္ရံုမ်ားတြင္ အသံုးျပဳသည့္ ဝါယာႀကိဳးမ်ား၊ ဆိုလာမ်ားကိုလည္း အထူး စိစစ္ၾကရန္ တိုက္တြန္း ေျပာဆိုထားသည္။

ေနအိမ္၊ စက္ရံုမ်ားတြင္ အသံုးျပဳသည့္ ဝါယာႀကိဳးမ်ား ေဟာင္းပါက အသစ္ျပန္လည္ လွဲရန္ ႏွင့္ ဝါယာႀကိဳး သြယ္တန္းသည့္ အခါတြင္လည္း မိမိသေဘာဆႏၵျဖင့္မျပဳလုပ္ဘဲ သက္ဆုိင္ရာကို အကူအညီေတာင္းရန္လည္း ျမန္မာႏုိင္ငံ မီးသတ္ အဖြဲ႔ မွ ေျပာသည္။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054/
-------------
(Unicode)⤵⤵⤵
မူဆယ်မြို့နယ် အတွင်းရှိ စက္ကူစက်ရုံ မီးလောင် ဆုံးရှုံးမှုများ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

ဖေဖော်ဝါရီ ၁၇၊၂၀၂၀

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့နယ် တိန်းလုံ ကျေးရွာတွင် စက္ကူစက်ရုံ မီးလောင်မှုဖြစ်ပွားကာ ဆုံးရှုံးမှုများကြောင်း သတင်းရရှိသည်။

ဖေဖော်ဝါရီ ၁၆ ရက် မနက် ၅နာရီ ဝန်းကျင်တွင် မူဆယ်မြို့နယ် တိန်းလုံကျေးရွာ ၌ ဝါယာရှော့ဖြစ်ပွားမှုကြောင့် စက္ကူစက်ရုံမီးလောင်မှုဖြစ်ပွားကာ ဆုံးရှုံးမှု ၁၀သိန်း အထက်ရှိကြောင်း မူဆယ်မြို့ မီးသတ်တပ်ဖွဲ့ မှ သတင်းရရှိသည်။

“ မနက် မိုးမလင်းခင်ကတည်း စလောင်တာပါ။ အလုပ်သမားတွေ ထလာတော့ မီးက တော်တော်ကြီးနေပြီ၊ စက္ကူလုပ်မယ့် ပစ္စည်းဆိုတော့ မီးလောင်လွယ်တယ်” ဟု မီးသတ်တပ်ဖွဲ့ဝင် တဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ဆက်လက်ပြီး တိန်းလုံ ဒေသခံ တဦး ဖြစ်သည့် စိုင်းထွန်း က “ဝါယာရှော့ ဖြစ်တာကနေ စလောင်တာပါ။ မနက် ၅နာရီ က စဖြစ်တယ်။ ၈နာရီ မှာ ပေါက်ကွဲသံကြားရတယ်။ အလုပ်သမားတွေ ထလာတဲ့အချိန် မီးကတော်တော်လောင်နေပြီ” ဟု သို့ပြောသည်။

လက်ရှိ တိန်းလုံ ကျေးရွာ စက္ကူ စက်ရုံ မီးလောင်ကျွမ်းမှုသည် ဝါယာရှော့မှ စတင်ကာ လောင်ကျွမ်းသဖြင့် ကျေးရွာ ပြည်သူများ လျှပ်စစ်မီး သုံးစွဲမှုကို သေချာ စိစစ်သင့်ကြောင်း၊ မိမိနေအိမ် ဝါယာကြိုးများကို လည်း စစ်ဆေးရန် လိုအပ်ကြောင်းလည်း စိုင်းထွန်း က ပြောသည်။

ယခုရက်ပိုင်း သျှမ်းပြည်နယ် တဝှမ်း မီးလောင်မှု မကြာခဏဖြစ်ပွားနေကြောင်း၊ များသောအားဖြင့် မီးလောင်မှုသည် ဝါယာရှော့ကြောင့် စတင်သည့် မီးလောင်မှုဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၃ရက် ည ၁၀နာရီ ဝန်းကျင်တွင် သျှမ်းပြည် တောင်ပိုင်း ပင်လုံမြို့ ရဲစခန်းတွင်လည်း ဝါယာရှော့ကြောင့် ရဲဝန်ထမ်း တန်းလျား မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

မြန်မာနိုင်ငံ မီးသတ်ဖွဲ့ မှလည်း ခြောက်သွေ့သည့် ရာသီ ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးများ အထူးသတိပြုသုံးစွဲရန်၊ မိမိနေအိမ်၊ စက်ရုံ၊ ဘုန်းကြီးကျောင်း၊ အလုပ်ရုံများတွင် အသုံးပြုသည့် ဝါယာကြိုးများ၊ ဆိုလာများကိုလည်း အထူး စိစစ်ကြရန် တိုက်တွန်း ပြောဆိုထားသည်။

နေအိမ်၊ စက်ရုံများတွင် အသုံးပြုသည့် ဝါယာကြိုးများ ဟောင်းပါက အသစ်ပြန်လည် လှဲရန် နှင့် ဝါယာကြိုး သွယ်တန်းသည့် အခါတွင်လည်း မိမိသဘောဆန္ဒဖြင့်မပြုလုပ်ဘဲ သက်ဆိုင်ရာကို အကူအညီတောင်းရန်လည်း မြန်မာနိုင်ငံ မီးသတ် အဖွဲ့ မှ ပြောသည်။

Panglong(Burmese)
https://www.facebook.com/PanglongBurmese-263707297055054/
မူဆယ္ၿမိဳ႕နယ္ အတြင္းရွိ စကၠဴစက္ရံု မီးေလာင္ ဆံုး႐ံႈးမႈမ်ား မူဆယ္ၿမိဳ႕နယ္ အတြင္းရွိ စကၠဴစက္ရံု မီးေလာင္ ဆံုး႐ံႈးမႈမ်ား Reviewed by THITHTOOLWIN on 22:16 Rating: 5
Powered by Blogger.