ေအေအ အဖြဲ႕က ေနအိမ္မ်ားကိုမီး႐ိႈ႕ဟု တပ္မေတာ္ထုတ္ျပန္

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ေဖေဖာ္၀ါရီ ၁၂

ရခုိင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္၊ ရက္ခံုတုိင္‌ေက်းရြာအတြင္းရွိ ေနအိမ္မ်ားကုိ ေအေအ အဖြဲ႕က မီး႐ိႈ႕ဖ်က္ ဆီးခဲ့တယ္လုိ႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ရုံးက သတင္းထုတ္ျပန္လိုက္ပါတယ္။

ရခိုင္ျပည္နယ္၊ ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း လံုၿခံဳေရးေဆာင္ရြက္ေနတဲ့ တပ္မေတာ္စစ္ေၾကာင္းဟာ ေဖေဖာ္၀ါ ရီ ၉ ရက္ေန႔မွာ ရက္ခံုတုိင္ေက်းရြာ (ေဒသအေခၚ တံခြန္တုိင္) က လူေနထုိင္ျခင္းမရွိတဲ့ ေနအိမ္ ၈၀ လံုးအနက္ ၁၀ လံုး မီး႐ိႈ႕ခံထားရတာကို ေတြ႕ရွိရတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးရဲ႕ ေနအိမ္ကို ၀င္ေရာက္စစ္ေဆးရာမွာလည္း Baigish တံဆိပ္ပါ မွန္ေျပာင္း ၁ ခု၊ ၅ ဒသမ ၅၆ က်ည္ ၁၀ ေတာင့္၊ ၇ ဒသမ ၆၂ က်ည္ ၁၂ ေတာင့္၊ ေဂၚျပား ၁၂ ေခ်ာင္း၊ ေအေအ ဘက္တံဆိပ္ ၁ စံုနဲ႔ ၁ ေပ ပတ္လည္ ေအေအအလံ ၁ ထည္တုိ႔တုိ႔ကုိ သိမ္းဆည္းရမိခဲ့တယ္လို႔ သိရပါတယ္။

ေအေအ အဖြဲ႕အေနနဲ႔ တပ္မေတာ္စစ္ေၾကာင္းမ်ားနဲ႔ ထိေတြ႕တုိက္ပြဲျဖစ္ပြားစဥ္ ထြက္ေျပးရာ လမ္းတစ္ေလွ်ာက္ ေက်းရြာမ်ားရွိ ေနအိမ္မ်ားကို မီး႐ိႈ႕ဖ်က္ဆီးကာ တပ္မေတာ္မွ ျပဳလုပ္တဲ့သေဘာ ထင္ေယာင္ထင္မွား ျဖစ္ေစရန္ ရည္ရြယ္ၿပီး ျပဳလုပ္လ်က္ ရွိတယ္လုိ႔ စြပ္စြဲထားပါတယ္။

ျမတ္ယေသာ္
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------
(Unicode)⤵⤵⤵
အေအေ အဖွဲ့က နေအိမ်များကိုမီးရှို့ဟု တပ်မတော်ထုတ်ပြန်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ရက်ခုံတိုင်‌ကျေးရွာအတွင်းရှိ နေအိမ်များကို အေအေ အဖွဲ့က မီးရှို့ဖျက် ဆီးခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်လိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းဟာ ဖေဖော်ဝါ ရီ ၉ ရက်နေ့မှာ ရက်ခုံတိုင်ကျေးရွာ (ဒေသအခေါ် တံခွန်တိုင်) က လူနေထိုင်ခြင်းမရှိတဲ့ နေအိမ် ၈၀ လုံးအနက် ၁၀ လုံး မီးရှို့ခံထားရတာကို တွေ့ရှိရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူးရဲ့ နေအိမ်ကို ဝင်ရောက်စစ်ဆေးရာမှာလည်း Baigish တံဆိပ်ပါ မှန်ပြောင်း ၁ ခု၊ ၅ ဒသမ ၅၆ ကျည် ၁၀ တောင့်၊ ၇ ဒသမ ၆၂ ကျည် ၁၂ တောင့်၊ ဂေါ်ပြား ၁၂ ချောင်း၊ အေအေ ဘက်တံဆိပ် ၁ စုံနဲ့ ၁ ပေ ပတ်လည် အေအေအလံ ၁ ထည်တို့တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အေအေ အဖွဲ့အနေနဲ့ တပ်မတော်စစ်ကြောင်းများနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားစဉ် ထွက်ပြေးရာ လမ်းတစ်လျှောက် ကျေးရွာများရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးကာ တပ်မတော်မှ ပြုလုပ်တဲ့သဘော ထင်ယောင်ထင်မှား ဖြစ်စေရန် ရည်ရွယ်ပြီး ပြုလုပ်လျက် ရှိတယ်လို့ စွပ်စွဲထားပါတယ်။

မြတ်ယသော်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေအေအ အဖြဲ႕က ေနအိမ္မ်ားကိုမီး႐ိႈ႕ဟု တပ္မေတာ္ထုတ္ျပန္ ေအေအ အဖြဲ႕က ေနအိမ္မ်ားကိုမီး႐ိႈ႕ဟု တပ္မေတာ္ထုတ္ျပန္ Reviewed by THITHTOOLWIN on 11:01 Rating: 5
Powered by Blogger.