ဝူဟန္က ေက်ာင္းသားေတြကို ကယ္ထုတ္ခဲ့တဲ့ ေလယာဥ္မွဴးနဲ႔ ပတ္သတ္တဲ့ သတင္းမွန္ကို ဇနီးျဖစ္သူ ေျပာ

(Zawgyi)⤵⤵⤵
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၁၂

ကို႐ိုနာဗိုင္းရပ္စ္ ျပန္႔ႏွံ႔မႈေၾကာင့္ ပိတ္လိုက္ရတဲ့ ဝူဟန္ၿမိဳ႕မွာ ေရာက္ရွိေနၾကတဲ့ ျမန္မာႏိုင္ငံသား ပညာေတာ္ သင္ ေက်ာင္းသားေတြကို သြားေရာက္ကယ္ထုတ္ရာမွာ ပါဝင္ခဲ့ၾကတဲ့ ခ်င္းတိုင္းရင္းသား ေလယာဥ္မွဴးႀကီး အ ပါအဝင္ ေလယာဥ္ဝန္ထမ္းေတြရဲ႕ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ေလယာဥ္မွဴးႀကီးရဲ႕ ဇနီးျဖစ္သူက သတင္းမွန္ကို သူရဲ႕လူမႈကြန္ရက္ စာမ်က္ႏွာေပၚမွာ ေဖာ္ျပခဲ့ပါတယ္။

၎တုိ႔နဲ႔ ပတ္သက္ၿပီး မွားယြင္းစြာ ထြက္ေပၚေနတဲ့ သတင္းေတြနဲ႔ ပတ္သက္ၿပီး စိုးရိမ္ပူပန္မႈေတြ ျဖစ္လာၾက မွာ စိုးတာေၾကာင့္ အခုလိုမ်ိဳး ေဖာ္ျပရတာျဖစ္တယ္လို႔ ေလယာဥ္မွဴး ဦးခုပ္ခန္႔မံုရဲ႕ ဇနီးက ဆိုထားပါတယ္။

ဇနီးျဖစ္သူက “ ကၽြန္မက ေလယာဥ္မွဴးႀကီး ဦးခုပ္ခန္႔မံုရဲ႕ဇနီးပါ ေရးသင့္တဲ့အခ်ိန္ ေရာက္ၿပီမို႔ အသိအမွတ္ျပဳ ေပးၾကသူ အားလံုးကို ေလးစားစြာျဖင့္ ေရးပါတယ္။ ေနာက္တစ္ခုက ႏိုင္ငံျခား ေရာက္ေနတဲ့ မိဘလိုျဖစ္ေနတဲ့ ေဆြမ်ဳိးစုဝင္ေတြရဲ႕ သတင္းအမွားေတြကို အမွန္သိေစခ်င္ပါတယ္ ” လို႔ သူ႔ရဲ႕ပို႔စ္ကို အစျပဳထားပါတယ္။

လက္ရွိအခ်ိန္မွာ ေလယာဥ္မွဴးႀကီးက သူ႔ရဲ႕ေနအိမ္မွာ ေစာင့္ၾကည့္စစ္ေဆးမႈမ်ားကို ဆရာဝန္ျဖစ္တဲ့ သားႀကီး ကိုယ္တိုင္ ၾကပ္မတ္လုပ္ေဆာင္ေပးေနၿပီး ေလယာဥ္ေနာက္ခန္းမွ ေက်ာင္းသူ/ ေက်ာင္းသားမ်ားနဲ႔ တိုက္႐ိုက္ ထိေတြ႕ခဲ့ရတဲ့ အင္ဂ်င္နီယာ ဦးေအာင္ဇင္၊ ေလယာဥ္ေမာင္ခ်ဳပ္ ဦးသန္းေက်ာ္ေဌး၊ အႀကီးတန္းေလယာဥ္ေမာင္ ကိုဝလာဝင့္၊ အႀကီးတန္းေလယာဥ္ေမာင္ ကိုရဲျမတ္ေအာင္၊ ေလယာဥ္ေမာင္ကို အာကာလင္းတို႔ကို ရန္ကုန္ၿမိဳ႕ ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေဝဘာဂီေဆး႐ံုမွာ ေစာင့္ၾကည့္ကုသမႈ ခံယူေနၾကၿပီး အားလံုးက်န္းမာေရး ေကာင္း မြန္တယ္လို႔ သိရပါတယ္။

ျမတ္ယေသာ္
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
-----------
(Unicode)⤵⤵⤵
ဝူဟန်က ကျောင်းသားတွေကို ကယ်ထုတ်ခဲ့တဲ့ လေယာဉ်မှူးနဲ့ ပတ်သတ်တဲ့ သတင်းမှန်ကို ဇနီးဖြစ်သူ ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂

ကိုရိုနာဗိုင်းရပ်စ် ပြန့်နှံ့မှုကြောင့် ပိတ်လိုက်ရတဲ့ ဝူဟန်မြို့မှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသား ပညာတော် သင် ကျောင်းသားတွေကို သွားရောက်ကယ်ထုတ်ရာမှာ ပါဝင်ခဲ့ကြတဲ့ ချင်းတိုင်းရင်းသား လေယာဉ်မှူးကြီး အ ပါအဝင် လေယာဉ်ဝန်ထမ်းတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လေယာဉ်မှူးကြီးရဲ့ ဇနီးဖြစ်သူက သတင်းမှန်ကို သူရဲ့လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဖော်ပြခဲ့ပါတယ်။

၎င်းတို့နဲ့ ပတ်သက်ပြီး မှားယွင်းစွာ ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်လာကြ မှာ စိုးတာကြောင့် အခုလိုမျိုး ဖော်ပြရတာဖြစ်တယ်လို့ လေယာဉ်မှူး ဦးခုပ်ခန့်မုံရဲ့ ဇနီးက ဆိုထားပါတယ်။

ဇနီးဖြစ်သူက “ ကျွန်မက လေယာဉ်မှူးကြီး ဦးခုပ်ခန့်မုံရဲ့ဇနီးပါ ရေးသင့်တဲ့အချိန် ရောက်ပြီမို့ အသိအမှတ်ပြု ပေးကြသူ အားလုံးကို လေးစားစွာဖြင့် ရေးပါတယ်။ နောက်တစ်ခုက နိုင်ငံခြား ရောက်နေတဲ့ မိဘလိုဖြစ်နေတဲ့ ဆွေမျိုးစုဝင်တွေရဲ့ သတင်းအမှားတွေကို အမှန်သိစေချင်ပါတယ် ” လို့ သူ့ရဲ့ပို့စ်ကို အစပြုထားပါတယ်။

လက်ရှိအချိန်မှာ လေယာဉ်မှူးကြီးက သူ့ရဲ့နေအိမ်မှာ စောင့်ကြည့်စစ်ဆေးမှုများကို ဆရာဝန်ဖြစ်တဲ့ သားကြီး ကိုယ်တိုင် ကြပ်မတ်လုပ်ဆောင်ပေးနေပြီး လေယာဉ်နောက်ခန်းမှ ကျောင်းသူ/ ကျောင်းသားများနဲ့ တိုက်ရိုက် ထိတွေ့ခဲ့ရတဲ့ အင်ဂျင်နီယာ ဦးအောင်ဇင်၊ လေယာဉ်မောင်ချုပ် ဦးသန်းကျော်ဌေး၊ အကြီးတန်းလေယာဉ်မောင် ကိုဝလာဝင့်၊ အကြီးတန်းလေယာဉ်မောင် ကိုရဲမြတ်အောင်၊ လေယာဉ်မောင်ကို အာကာလင်းတို့ကို ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံမှာ စောင့်ကြည့်ကုသမှု ခံယူနေကြပြီး အားလုံးကျန်းမာရေး ကောင်း မွန်တယ်လို့ သိရပါတယ်။

မြတ်ယသော်
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ဝူဟန္က ေက်ာင္းသားေတြကို ကယ္ထုတ္ခဲ့တဲ့ ေလယာဥ္မွဴးနဲ႔ ပတ္သတ္တဲ့ သတင္းမွန္ကို ဇနီးျဖစ္သူ ေျပာ ဝူဟန္က ေက်ာင္းသားေတြကို ကယ္ထုတ္ခဲ့တဲ့ ေလယာဥ္မွဴးနဲ႔ ပတ္သတ္တဲ့ သတင္းမွန္ကို ဇနီးျဖစ္သူ ေျပာ Reviewed by THITHTOOLWIN on 10:58 Rating: 5
Powered by Blogger.