ကို႐ိုနာေၾကာင့္ နယ္စပ္ကုန္သြယ္ေရး တစ္ရက္ ေဒၚလာသန္း ၂ဝ နီးပါး ထိခိုက္ေန

(Zawgyi)⤵⤵⤵
ကို႐ိုနာ-ဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈေၾကာင့္ တ႐ုတ္-ျမန္မာနယ္စပ္ကုန္သြယ္ေရးမွာ အလြန္အမင္း ထိခိုက္ေန တယ္လို႔ စီးပြားေရးနဲ႔ကူးသန္းေရာင္းဝယ္ေရး ဒုတိယဝန္ႀကီးက ေျပာလိုက္ပါတယ္။ နယ္စပ္ကုန္သြယ္ေရးမွာ ထိခိုက္တဲ့ပမာဏဟာ ၉ဝ ရာခိုင္ႏႈန္းေလာက္ ရွိေနပါတယ္။

ကို႐ိုနာ-ဗိုင္းရပ္စ္ ကူးစက္ျပန႔္ပြားမႈေၾကာင့္ နယ္စပ္ကုန္သြယ္ေရးက အဆသုံးေလးဆယ္ က်ဆင္းသြားတယ္လို႔ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရး ဒုဝန္ႀကီး ဦးေအာင္ထူးက သတင္းေထာက္ေတြကို ဒီကေန႔ ေျပာၾကားလိုက္ ပါတယ္။

"အရင္တုန္းကေတာ့ က်ေနာ္တို႔က တစ္ေန႔ကို အေမရိကန္ေဒၚလာ ၁၅ သန္းကေန သန္း ၂၀ ေလာက္ ေရာင္းေန တာေပါ့ေနာ္။ အခုဆိုရင္ ဟိုတစ္ေန႔ကဆိုရင္ တစ္ေန႔မွ ေဒၚလာ ငါးသိန္းဖိုးေလာက္ပဲ ေရာင္းရတဲ့သေဘာရွိတာ ေပါ့။ ဆိုေတာ့ ဒါကေတာ့ က်သြားတဲ့အေျခအေနေပါ့ ။ အခုလုပ္ေနပါတယ္။ က်ေနာ္တို႔ရဲ႕ စီးပြားေရး သံမႉးေတြက တဆင့္ ေဆာင္႐ြက္ေနတယ္။ ေနာက္ၿပီးေတာ့ တျခားေဈးကြက္ေတြကိုလည္း က်ေနာ္တို႔ ခ်ိတ္ဆက္ေနပါတယ္။ ဒါေပမဲ့ ခုကေတာ့ ျဖစ္တဲ့သေဘာက တကမာၻလုံးလိုလိုျဖစ္တဲ့ သေဘာဆိုေတာ့ ေဈးကြက္ကေတာ့ နည္းနည္းေလး အက်ဘက္ကို ေရာက္တဲ့သေဘာရွိပါတယ္။ အဲေတာ့ ဒီအက်ပ္အတည္းေက်ာ္သြားမွပဲေပါ့၊ က်ေနာ္တို႔လည္း ေရာဂါရဲ႕ထိပ္ဆုံးကို ေရာက္ၿပီလား ဆိုတာ ေစာင့္ၾကည့္ေနတယ္။ ေရာဂါကေတာ့ ထိပ္ဆုံးကို ေရာက္ၿပီးရင္ ျပန္က်မယ့္ အေနအထားရွိပါတယ္။ အဲဒါကေတာ့ ဘယ္ေလာက္ၾကာမလဲဆိုတာေတာ့ ေစာင့္ၾကည့္ဖို႔လိုပါတယ္။ ဒီၾကားထဲမွာေတာ့ တျခားေဈးကြက္ေတြကို က်ေနာ္တို႔ရွာေဖြမွာျဖစ္ပါတယ္။"

ပိတ္ထားတဲ့ တ႐ုတ္-ျမန္မာ နယ္စပ္ကုန္သြယ္ေရးဂိတ္ေတြကို ေဖေဖာ္ဝါရီ ၂၇ ဝန္းက်င္ေလာက္မွာ  တ႐ုတ္ႏိုင္ငံ ဘက္က ျပန္ဖြင့္ေပးဖြယ္ရွိတယ္လို႔လည္း ဒုဝန္ႀကီးက ေျပာပါတယ္။ျပည္ပေဈးကြက္ ဝယ္လိုအား က်ဆင္းလာတဲ့ အတြက္ ျပည္တြင္းမွာ ဖရဲသီးနဲ႔ သခြါးေမႊးေတြ ေရာင္းခ်ဖို႔ေနရာသတ္မွတ္ၿပီး ေရာင္းအားျမင့္တက္လာေအာင္ ေဆာင္႐ြက္ေနတယ္လို႔လည္း သူက ဆိုပါတယ္။

စင္ကာပူ၊ လာအို စတဲ့ ျပည္ပႏိုင္ငံေတြနဲ႔ ခ်ိတ္ဆက္ၿပီး ကုန္စည္ေတြ တင္ပို႔ႏိုင္ေအာင္ ေဆာင္႐ြက္ေနတယ္ လို႔လည္း ဒုဝန္ႀကီးက ရွင္းျပသြားပါတယ္။

တ႐ုတ္-ျမန္မာနယ္စပ္ မူဆယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္ရွိ သစ္သီးဝလံကုန္စည္ဒိုင္၊ ဒုဥကၠ႒ ဦးေအာင္သက္ဦး ကလည္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈေၾကာင့္ နယ္စပ္ကုန္သြယ္ေရး ၇၀% ေလာက္ က်ဆင္းသြားတယ္လို႔ ေျပာပါတယ္။

"ဟုတ္တယ္၊ လက္ရွိအေနအထားနဲ႔ကေတာ့ က်ေနာ္တို႔ ၇၀ ရာခိုင္ႏႈန္းေလာက္ က်ဆင္းတာေပါ့ေနာ္။ ပုံမွန္ ကုန္သြယ္မႈျပဳရာကေနၿပီးေတာ့ေပါ့ေနာ္၊ လက္ရွိတင္ပို႔ေရာင္းခ်မႈ အေနအထားအရ ၇၀ ရာခိုင္ႏႈန္းက်ဆင္း တာေပါ့၊ ပုံမွန္ေရာင္းဝယ္ေဖာက္ကားတဲ့ အေနအထားရဲ႕ က်ေနာ္တို႔ အသီးပို႔ကုန္ကေတာ့ ၃၀ ရာခိုင္ႏႈန္းေလာက္ပဲ တင္ပို႔လို႔ရတဲ့ အေျခအေနေပါ့၊ ဒီဘက္မွာေတာ့ ဘာပဲေျပာေျပာ စိုက္ပ်ိဳးထုတ္လုပ္တဲ့လုပ္ငန္းရွင္ေတြကေတာ့ ၇၀ ရာခိုင္ႏႈန္း အရႈံးေပၚေနတယ္။"

ျမန္မာ၊ ထိုင္းနဲ႔ ဗီယက္နမ္ႏိုင္ငံက ဟင္းသီးဟင္း႐ြက္နဲ႔ သစ္သီးဝလံအမ်ားစုကို တ႐ုတ္ႏိုင္ငံကို အဓိကတင္ပို႔ေန တာ ျဖစ္ပါတယ္။  အဲဒီ သုံးႏိုင္ငံအနက္ ျမန္မာက အမ်ားဆုံးျဖစ္ၿပီး၊ ျမန္မာ့စိုက္ပ်ိဳးေရးထြက္ကုန္ေတြထဲက ၅၀% ေက်ာ္ကို ႏွစ္စဥ္ တ႐ုတ္ႏိုင္ငံကိုနယ္စပ္ျဖတ္ၿပီး တင္ပို႔ေလ့ရွိေၾကာင္း  Nikkei Asian သတင္းမွာ ေဖၚျပထား ပါတယ္။

တ႐ုတ္ႏိုင္ငံ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ မစၥတာ-ဂန္းေရွာင္ (Mr. Geng Shuang) ကေတာ့ "တ႐ုတ္ႏိုင္ငံ စီးပြားေရးအေျခအေနနဲ႔ ေရရွည္ေကာင္းမြန္တဲ့ အလားအလာဟာ ကို႐ိုနာဗိုင္းရပ္စ္ေရာဂါေၾကာင့္ ေျပာင္းလဲသြားမွာ မဟုတ္ဘူး" လို႔  ေဖေဖၚဝါရီလ ၁၁ ရက္ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားပါတယ္။

ဒီကေန႔ ေဖေဖၚဝါရီလ ၁၂ ရက္၊ ဗုဒၶဟူးေန႔မနက္ပိုင္း ေနာက္ဆုံးရ သတင္းေတြအရ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ကမာၻတဝန္း ေသဆုံးသူ ၁,၁၁၃ ဦးနဲ႔ ကူးစက္ျပန႔္ပြားသူ ၄၄,၈၃၆ ဦး ရွိသြားပါၿပီ။  ျပန္လည္က်န္းမာလာသူ ကေတာ့ ၄,၆၈၆ ဦး ရွိပါတယ္။

ျမန္မာႏိုင္ငံမွာေတာ့ က်န္းမာေရးဝန္ႀကီးဌာနရဲ႕  မေန႔ညေန ၆:၀၀ နာရီအခ်ိန္ ထုတ္ျပန္ခ်က္အရ တိုင္းေဒသႀကီး/ ျပည္နယ္အသီးသီးမွာ ေစာင့္ၾကည့္လူနာ ၁၆ ဦးကို  သက္ဆိုင္ရာေဆး႐ုံအသီးသီးမွာ ဆက္လက္ေစာင့္ၾကည့္ စစ္ေဆးေနတယ္လို႔ သိရပါတယ္။

RFA Burmese
https://www.rfa.org
------------
(Unicode)⤵⤵⤵

ကိုရိုနာကြောင့် နယ်စပ်ကုန်သွယ်ရေး တစ်ရက် ဒေါ်လာသန်း ၂ဝ နီးပါး ထိခိုက်နေ

ကိုရိုနာ-ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အလွန်အမင်း ထိခိုက်နေ တယ်လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီးက ပြောလိုက်ပါတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ ထိခိုက်တဲ့ပမာဏဟာ ၉ဝ ရာခိုင်နှုန်းလောက် ရှိနေပါတယ်။

ကိုရိုနာ-ဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုကြောင့် နယ်စပ်ကုန်သွယ်ရေးက အဆသုံးလေးဆယ် ကျဆင်းသွားတယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီး ဦးအောင်ထူးက သတင်းထောက်တွေကို ဒီကနေ့ ပြောကြားလိုက် ပါတယ်။

"အရင်တုန်းကတော့ ကျနော်တို့က တစ်နေ့ကို အမေရိကန်ဒေါ်လာ ၁၅ သန်းကနေ သန်း ၂၀ လောက် ရောင်းနေ တာပေါ့နော်။ အခုဆိုရင် ဟိုတစ်နေ့ကဆိုရင် တစ်နေ့မှ ဒေါ်လာ ငါးသိန်းဖိုးလောက်ပဲ ရောင်းရတဲ့သဘောရှိတာ ပေါ့။ ဆိုတော့ ဒါကတော့ ကျသွားတဲ့အခြေအနေပေါ့ ။ အခုလုပ်နေပါတယ်။ ကျနော်တို့ရဲ့ စီးပွားရေး သံမှူးတွေက တဆင့် ဆောင်ရွက်နေတယ်။ နောက်ပြီးတော့ တခြားဈေးကွက်တွေကိုလည်း ကျနော်တို့ ချိတ်ဆက်နေပါတယ်။ ဒါပေမဲ့ ခုကတော့ ဖြစ်တဲ့သဘောက တကမ္ဘာလုံးလိုလိုဖြစ်တဲ့ သဘောဆိုတော့ ဈေးကွက်ကတော့ နည်းနည်းလေး အကျဘက်ကို ရောက်တဲ့သဘောရှိပါတယ်။ အဲတော့ ဒီအကျပ်အတည်းကျော်သွားမှပဲပေါ့၊ ကျနော်တို့လည်း ရောဂါရဲ့ထိပ်ဆုံးကို ရောက်ပြီလား ဆိုတာ စောင့်ကြည့်နေတယ်။ ရောဂါကတော့ ထိပ်ဆုံးကို ရောက်ပြီးရင် ပြန်ကျမယ့် အနေအထားရှိပါတယ်။ အဲဒါကတော့ ဘယ်လောက်ကြာမလဲဆိုတာတော့ စောင့်ကြည့်ဖို့လိုပါတယ်။ ဒီကြားထဲမှာတော့ တခြားဈေးကွက်တွေကို ကျနော်တို့ရှာဖွေမှာဖြစ်ပါတယ်။"

ပိတ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးဂိတ်တွေကို ဖေဖော်ဝါရီ ၂၇ ဝန်းကျင်လောက်မှာ  တရုတ်နိုင်ငံ ဘက်က ပြန်ဖွင့်ပေးဖွယ်ရှိတယ်လို့လည်း ဒုဝန်ကြီးက ပြောပါတယ်။ပြည်ပဈေးကွက် ဝယ်လိုအား ကျဆင်းလာတဲ့ အတွက် ပြည်တွင်းမှာ ဖရဲသီးနဲ့ သခွါးမွှေးတွေ ရောင်းချဖို့နေရာသတ်မှတ်ပြီး ရောင်းအားမြင့်တက်လာအောင် ဆောင်ရွက်နေတယ်လို့လည်း သူက ဆိုပါတယ်။

စင်ကာပူ၊ လာအို စတဲ့ ပြည်ပနိုင်ငံတွေနဲ့ ချိတ်ဆက်ပြီး ကုန်စည်တွေ တင်ပို့နိုင်အောင် ဆောင်ရွက်နေတယ် လို့လည်း ဒုဝန်ကြီးက ရှင်းပြသွားပါတယ်။

တရုတ်-မြန်မာနယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ သစ်သီးဝလံကုန်စည်ဒိုင်၊ ဒုဥက္ကဋ္ဌ ဦးအောင်သက်ဦး ကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် နယ်စပ်ကုန်သွယ်ရေး ၇၀% လောက် ကျဆင်းသွားတယ်လို့ ပြောပါတယ်။

"ဟုတ်တယ်၊ လက်ရှိအနေအထားနဲ့ကတော့ ကျနော်တို့ ၇၀ ရာခိုင်နှုန်းလောက် ကျဆင်းတာပေါ့နော်။ ပုံမှန် ကုန်သွယ်မှုပြုရာကနေပြီးတော့ပေါ့နော်၊ လက်ရှိတင်ပို့ရောင်းချမှု အနေအထားအရ ၇၀ ရာခိုင်နှုန်းကျဆင်း တာပေါ့၊ ပုံမှန်ရောင်းဝယ်ဖောက်ကားတဲ့ အနေအထားရဲ့ ကျနော်တို့ အသီးပို့ကုန်ကတော့ ၃၀ ရာခိုင်နှုန်းလောက်ပဲ တင်ပို့လို့ရတဲ့ အခြေအနေပေါ့၊ ဒီဘက်မှာတော့ ဘာပဲပြောပြော စိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းရှင်တွေကတော့ ၇၀ ရာခိုင်နှုန်း အရှုံးပေါ်နေတယ်။"

မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအများစုကို တရုတ်နိုင်ငံကို အဓိကတင်ပို့နေ တာ ဖြစ်ပါတယ်။  အဲဒီ သုံးနိုင်ငံအနက် မြန်မာက အများဆုံးဖြစ်ပြီး၊ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်တွေထဲက ၅၀% ကျော်ကို နှစ်စဉ် တရုတ်နိုင်ငံကိုနယ်စပ်ဖြတ်ပြီး တင်ပို့လေ့ရှိကြောင်း  Nikkei Asian သတင်းမှာ ဖေါ်ပြထား ပါတယ်။

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မစ္စတာ-ဂန်းရှောင် (Mr. Geng Shuang) ကတော့ "တရုတ်နိုင်ငံ စီးပွားရေးအခြေအနေနဲ့ ရေရှည်ကောင်းမွန်တဲ့ အလားအလာဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ပြောင်းလဲသွားမှာ မဟုတ်ဘူး" လို့  ဖေဖေါ်ဝါရီလ ၁၁ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ဒီကနေ့ ဖေဖေါ်ဝါရီလ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့မနက်ပိုင်း နောက်ဆုံးရ သတင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတဝန်း သေဆုံးသူ ၁,၁၁၃ ဦးနဲ့ ကူးစက်ပြန့်ပွားသူ ၄၄,၈၃၆ ဦး ရှိသွားပါပြီ။  ပြန်လည်ကျန်းမာလာသူ ကတော့ ၄,၆၈၆ ဦး ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့  မနေ့ညနေ ၆:၀၀ နာရီအချိန် ထုတ်ပြန်ချက်အရ တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာ စောင့်ကြည့်လူနာ ၁၆ ဦးကို  သက်ဆိုင်ရာဆေးရုံအသီးသီးမှာ ဆက်လက်စောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာေၾကာင့္ နယ္စပ္ကုန္သြယ္ေရး တစ္ရက္ ေဒၚလာသန္း ၂ဝ နီးပါး ထိခိုက္ေန ကို႐ိုနာေၾကာင့္ နယ္စပ္ကုန္သြယ္ေရး တစ္ရက္ ေဒၚလာသန္း ၂ဝ နီးပါး ထိခိုက္ေန Reviewed by THITHTOOLWIN on 11:06 Rating: 5
Powered by Blogger.