ကို႐ိုနာသံသယနဲ႔ အမ်ိဳးသမီးတစ္ဦးကို ေဝဘာဂီေဆး႐ုံပို႔ထား

ေျမာက္ဥကၠလာပၿမိဳ႕နယ္ရွိ ေဝဘာဂီေဆး႐ုံကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
စကၤာပူႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ပိုး ကူးစက္ခံထားရတဲ့ အသက္ ၇၀ ေက်ာ္အမ်ိဳးသားရဲ႕ ေနအိမ္ကေန ျပန္လာတဲ့ အသက္ ၂၉ ႏွစ္အ႐ြယ္ ျမန္မာအမ်ိဳးသမီးကို ဒီေန႔ ဒဂုံၿမိဳ႕သစ္ေတာင္ပိုင္းက သူ႔ေနအိမ္မွာ ေတြ႕ရွိတဲ့အတြက္ ေဝဘာဂီေဆး႐ုံကို ေစာင့္ၾကည့္လူနာအျဖစ္ ဒီေန႔ ပို႔လိုက္ပါတယ္။

အဲဒီအမ်ိဳးသမီးကို ေဆး႐ုံမွာ ၁၄ ရက္ေစာင့္ၾကည့္မွာျဖစ္ၿပီး စကၤာပူကျပန္လာစဥ္ လက္ရွိသူေနတဲ့ေနအိမ္မွာ အတူေန ခုႏွစ္ေယာက္နဲ႔ က်န္တဲ့ နီးစပ္သူ ငါးေယာက္ စုစုေပါင္း ၁၂ ေယာက္ ကို လက္ရွိေနအိမ္မွာပဲ အျပင္ေပးမထြက္ဘဲ ေစာင့္ၾကည့္ၾကပ္မတ္သြားမယ္လို႔ ရန္ကုန္တိုင္းက်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာ ထြန္းျမင့္က ဒီကေန႔ညေနပိုင္း သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

“စကၤာပူမွာရွိတဲ့ ေခ်ာင္းဆိုးေနတဲ့ အိမ္ရွင္အဖိုးႀကီးက သူတို႔သတင္းေပးခ်က္အရ ကို႐ိုနာဗိုင္းရပ္စ္ ေတြ႕တယ္လို႔ အတည္ျပဳတယ္။ သူနဲ႔အနီးကပ္ရွိတဲ့ အမ်ိဳးသမီးက အဓိက ေစာင့္ၾကည့္ရမယ့္အထဲ ပါသြားတယ္။ အဲဒါေၾကာင့္ သူျပန္လာတဲ့ ေလေၾကာင္းလိုင္းကတဆင့္ ဒီအမ်ိဳးသမီးလိပ္စာ အတိအက်ကိုရတယ္။ သူတို႔ေနတဲ့ အိမ္ယာကို ဆရာတို႔အဖြဲ႕  ခ်က္ခ်င္းသြားတယ္။ သူကလည္း ပူးေပါင္းေဆာင္႐ြက္မႈ ရွိတယ္။ သူ ၅ ရက္ေန႔ ျပန္ေရာက္ကတည္းက အနီးကပ္ရွိခဲ့သူေတြ အားလုံးကို ၁၄ ရက္ ေစာင့္ၾကည့္ဖို႔ ၿမိဳ႕နယ္ဆရာဝန္ေတြ၊ အုပ္ခ်ဳပ္ေရးအဖြဲ႕ေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔ ညႇိႏႈိင္းေဆာင္႐ြက္ထားတယ္။”

သူဟာ ေတာင္ဒဂုံၿမိဳ႕နယ္ ၆၅ ရပ္ကြက္က ပုလဲမြန္အိမ္ရာမွာ ေနထိုင္တာျဖစ္ၿပီး စကၤာပူႏိုင္ငံကေန ေဖေဖာ္ဝါရီ ၅ရက္ေန႔က ျပန္လာသူပါ။ သူ႔ကို ျမန္မာျပည္ေလဆိပ္မွာ စစ္ေဆးခ်ိန္မွာေတာ့ ကိုယ္အပူခ်ိန္ျမင့္တဲ့ လကၡဏာ မေတြ႕ခဲ့ရဘူးလို႔ ဆိုပါတယ္။

စကၤာပူမွာ အလုပ္လုပ္ကိုင္ခဲ့စဥ္က သူ႔ရဲ႕ အလုပ္ရွင္ျဖစ္သူဟာ ကို႐ိုနာဗိုင္းရပ္စ္ လူနာအျဖစ္ ဓာတ္ခြဲခန္း အတည္ျပဳခ်က္ ထြက္လာတာေၾကာင့္ အနီးကပ္ထိေတြ႕ခဲ့သူျဖစ္တဲ့ သူ႔ကို ေဝဘာဂီေဆး႐ုံကို ပို႔ေဆာင္ၿပီး စစ္ေဆးေနတာပါ။

လက္ရွိ ရွမ္းျပည္နယ္ နမၼတူၿမိဳ႕နယ္မွာလည္း ေစာင့္ၾကည့္ေနဆဲ လူနာတစ္ဦး ရွိေနပါတယ္။

ဒီညေနအထိေတာ့ ကို႐ိုနာဗိုင္းရပ္စ္ သံသယနဲ႔ ေဆး႐ုံတင္ ေစာင့္ၾကည့္လူနာ ၁၂ ဦး ရွိသြားၿပီျဖစ္ပါတယ္။ ၁၂ ဦးထဲက ေဝဘာဂီေဆး႐ုံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး သံသယရွိလို႔ ေစာင့္ၾကည့္စစ္ေဆးဆဲ လူနာအျဖစ္ ႏွစ္ေယာက္နဲ႔ ေရာဂါပိုးသံသယရွိ ေနရာေတြနဲ႔ဆက္စပ္လို႔ ေဆး႐ုံမွာထားၿပီး ေစာင့္ၾကည့္လူနာအျဖစ္ ေျခာက္ေယာက္ စုစုေပါင္း ရွစ္ေယာက္ ရွိေနပါတယ္။

က်န္မာေရးဌာနအေနနဲ႔ ဗိုင္းရပ္ကာကြယ္တဲ့ ဝတ္စုံျဖစ္တဲ့ (PPE) ဝတ္စုံကို ေဝဘာဂီေဆး႐ုံမွာ အစုံ ၅၀၀၊ ရန္ကုန္ေဆး႐ုံႀကီးကို အစုံ ၅၀၀ နဲ႔ တျခားေဆး႐ုံေတြကိုလည္း အစုံ ၁၀၀ စီ ခြဲေဝေပးထားတယ္လို႔ ေဒါက္တာ ထြန္းျမင့္က ဆိုပါတယ္။ ကို႐ိုနာေၾကာင့္ ကမာၻတဝွမ္း ေသဆုံးသူ ၈၁၄ ေယာက္နဲ႔ ကူးစက္ခံထားရသူ ၃၇၅၉၄ ေယာက္ ရွိေနပါၿပီ။ ကူးစက္ခဲ့သူေတြထဲက လူနာ ၂၉၁၅ ေယာက္ကေတာ့ ျပန္လည္ သက္သာလာၿပီျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵

ကိုရိုနာသံသယနဲ့ အမျိုးသမီးတစ်ဦးကို ဝေဘာဂီဆေးရုံပို့ထား

မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီဆေးရုံကို တွေ့ရစဉ်
Photo: RFA

စင်္ကာပူနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရတဲ့ အသက် ၇၀ ကျော်အမျိုးသားရဲ့ နေအိမ်ကနေ ပြန်လာတဲ့ အသက် ၂၉ နှစ်အရွယ် မြန်မာအမျိုးသမီးကို ဒီနေ့ ဒဂုံမြို့သစ်တောင်ပိုင်းက သူ့နေအိမ်မှာ တွေ့ရှိတဲ့အတွက် ဝေဘာဂီဆေးရုံကို စောင့်ကြည့်လူနာအဖြစ် ဒီနေ့ ပို့လိုက်ပါတယ်။

အဲဒီအမျိုးသမီးကို ဆေးရုံမှာ ၁၄ ရက်စောင့်ကြည့်မှာဖြစ်ပြီး စင်္ကာပူကပြန်လာစဉ် လက်ရှိသူနေတဲ့နေအိမ်မှာ အတူနေ ခုနှစ်ယောက်နဲ့ ကျန်တဲ့ နီးစပ်သူ ငါးယောက် စုစုပေါင်း ၁၂ ယောက် ကို လက်ရှိနေအိမ်မှာပဲ အပြင်ပေးမထွက်ဘဲ စောင့်ကြည့်ကြပ်မတ်သွားမယ်လို့ ရန်ကုန်တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ထွန်းမြင့်က ဒီကနေ့ညနေပိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

“စင်္ကာပူမှာရှိတဲ့ ချောင်းဆိုးနေတဲ့ အိမ်ရှင်အဖိုးကြီးက သူတို့သတင်းပေးချက်အရ ကိုရိုနာဗိုင်းရပ်စ် တွေ့တယ်လို့ အတည်ပြုတယ်။ သူနဲ့အနီးကပ်ရှိတဲ့ အမျိုးသမီးက အဓိက စောင့်ကြည့်ရမယ့်အထဲ ပါသွားတယ်။ အဲဒါကြောင့် သူပြန်လာတဲ့ လေကြောင်းလိုင်းကတဆင့် ဒီအမျိုးသမီးလိပ်စာ အတိအကျကိုရတယ်။ သူတို့နေတဲ့ အိမ်ယာကို ဆရာတို့အဖွဲ့  ချက်ချင်းသွားတယ်။ သူကလည်း ပူးပေါင်းဆောင်ရွက်မှု ရှိတယ်။ သူ ၅ ရက်နေ့ ပြန်ရောက်ကတည်းက အနီးကပ်ရှိခဲ့သူတွေ အားလုံးကို ၁၄ ရက် စောင့်ကြည့်ဖို့ မြို့နယ်ဆရာဝန်တွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ညှိနှိုင်းဆောင်ရွက်ထားတယ်။”

သူဟာ တောင်ဒဂုံမြို့နယ် ၆၅ ရပ်ကွက်က ပုလဲမွန်အိမ်ရာမှာ နေထိုင်တာဖြစ်ပြီး စင်္ကာပူနိုင်ငံကနေ ဖေဖော်ဝါရီ ၅ရက်နေ့က ပြန်လာသူပါ။ သူ့ကို မြန်မာပြည်လေဆိပ်မှာ စစ်ဆေးချိန်မှာတော့ ကိုယ်အပူချိန်မြင့်တဲ့ လက္ခဏာ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။

စင်္ကာပူမှာ အလုပ်လုပ်ကိုင်ခဲ့စဉ်က သူ့ရဲ့ အလုပ်ရှင်ဖြစ်သူဟာ ကိုရိုနာဗိုင်းရပ်စ် လူနာအဖြစ် ဓာတ်ခွဲခန်း အတည်ပြုချက် ထွက်လာတာကြောင့် အနီးကပ်ထိတွေ့ခဲ့သူဖြစ်တဲ့ သူ့ကို ဝေဘာဂီဆေးရုံကို ပို့ဆောင်ပြီး စစ်ဆေးနေတာပါ။

လက်ရှိ ရှမ်းပြည်နယ် နမ္မတူမြို့နယ်မှာလည်း စောင့်ကြည့်နေဆဲ လူနာတစ်ဦး ရှိနေပါတယ်။

ဒီညနေအထိတော့ ကိုရိုနာဗိုင်းရပ်စ် သံသယနဲ့ ဆေးရုံတင် စောင့်ကြည့်လူနာ ၁၂ ဦး ရှိသွားပြီဖြစ်ပါတယ်။ ၁၂ ဦးထဲက ဝေဘာဂီဆေးရုံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး သံသယရှိလို့ စောင့်ကြည့်စစ်ဆေးဆဲ လူနာအဖြစ် နှစ်ယောက်နဲ့ ရောဂါပိုးသံသယရှိ နေရာတွေနဲ့ဆက်စပ်လို့ ဆေးရုံမှာထားပြီး စောင့်ကြည့်လူနာအဖြစ် ခြောက်ယောက် စုစုပေါင်း ရှစ်ယောက် ရှိနေပါတယ်။

ကျန်မာရေးဌာနအနေနဲ့ ဗိုင်းရပ်ကာကွယ်တဲ့ ဝတ်စုံဖြစ်တဲ့ (PPE) ဝတ်စုံကို ဝေဘာဂီဆေးရုံမှာ အစုံ ၅၀၀၊ ရန်ကုန်ဆေးရုံကြီးကို အစုံ ၅၀၀ နဲ့ တခြားဆေးရုံတွေကိုလည်း အစုံ ၁၀၀ စီ ခွဲဝေပေးထားတယ်လို့ ဒေါက်တာ ထွန်းမြင့်က ဆိုပါတယ်။ ကိုရိုနာကြောင့် ကမ္ဘာတဝှမ်း သေဆုံးသူ ၈၁၄ ယောက်နဲ့ ကူးစက်ခံထားရသူ ၃၇၅၉၄ ယောက် ရှိနေပါပြီ။ ကူးစက်ခဲ့သူတွေထဲက လူနာ ၂၉၁၅ ယောက်ကတော့ ပြန်လည် သက်သာလာပြီဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ကို႐ိုနာသံသယနဲ႔ အမ်ိဳးသမီးတစ္ဦးကို ေဝဘာဂီေဆး႐ုံပို႔ထား ကို႐ိုနာသံသယနဲ႔ အမ်ိဳးသမီးတစ္ဦးကို ေဝဘာဂီေဆး႐ုံပို႔ထား Reviewed by THITHTOOLWIN on 20:59 Rating: 5
Powered by Blogger.