စကၤာပူေရာက္ ျမန္မာတစ္ဦး ကို႐ိုနာသံသယနဲ႔ ေဆး႐ုံေရာက္

(Zawgyi)⤵⤵⤵
စကၤာပူႏိုင္ငံမွာ အလုပ္လုပ္ေနတဲ့ ျမန္မာမိန္းကေလးတစ္ေယာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတယ္လို႔ သံသယရွိတာေၾကာင့္ မေန႔က ေဆး႐ုံတက္ေနရပါတယ္။ တပတ္မွာ တစ္ရက္ အျပင္ထြက္လည္ခြင့္ အရင္က ေပးေပမယ့္ အခုခ်ိန္မွာေတာ့ အိမ္အကူအမ်ားစုကိုလည္း အိမ္ရွင္ေတြက အျပင္ေပးမထြက္တာေတြ ရွိတယ္လို႔လည္း ျမန္မာအလုပ္သမားေတြကို ကူညီေပးေနတဲ့ လူမႈအဖြဲ႕ေတြကေျပာပါတယ္။

စကၤာပူႏိုင္ငံမွာ အိမ္အကူ လုပ္ေနတဲ့ မေအးျမင့္ခိုင္ဟာ ေဖေဖာ္ဝါရီ ၇ ရက္ ညေနပိုင္းမွာ ေဈးသြားဝယ္ရင္း အသက္ရႉၾကပ္တာ၊ ေခါင္းမူးတာ၊ ေခ်ာင္းဆိုးတာေတြေၾကာင့္ နီးစပ္ရာေဆးခန္းမွာ ဝင္ျပရာကေန အခုလို ေဆး႐ုံေရာက္လာတာလို႔ ကာယကံရွင္ မေအးျမင့္ခိုင္ က RFA ကို ေျပာပါတယ္။

ညေနစာခ်က္ဖို႔ ေဈးသြားရင္းလမ္းမွာ မူးလဲက်မလိုျဖစ္တာေၾကာင့္ ေဆးခန္းဝင္ျပရတာပါ။

သူေနမေကာင္းျဖစ္တာကိုျမင္တဲ့ စကၤာပူရဲေတြက လူနာတင္ယာဥ္ ေခၚလိုက္ပါတယ္။

သူ႔ကိုေမးျမန္းတဲ့အခါ ဇန္နဝါရီလတုန္းက တ႐ုတ္ႏိုင္ငံကေန လည္ပတ္ၿပီးျပန္လာတဲ့ အိမ္ရွင္အမ်ိဳးသမီးကေန တဆင့္ ကူးစက္တယ္လို႔ သိရၿပီးေနာက္မွာ သူ႔ကိုအိမ္ရွင္ေတြဆီ ျပန္မလႊတ္ေတာ့ဘဲ ေဆး႐ုံကိုတခါတည္း ပို႔လိုက္ၾကတာပါ။

ဒါကိုအိမ္ရွင္က လက္မခံတာေၾကာင့္ သူေဆး႐ုံတက္ရတဲ့ ကုန္က်စရိတ္ေတြကို အိမ္ရွင္က အကုန္မခံေပးႏိုင္တဲ့ အေၾကာင္း ေျပာလာတယ္လို႔ မေအးျမင့္ခိုင္က ေျပာပါတယ္။

“ဖုန္းေခၚတယ္။ ေျပာဆိုလုပ္တယ္။ ေဆး႐ုံသြားရမလားေပါ့ေနာ္။ ထြက္ေျပးပါလား ဘာလား ညာလား အဲလိုမ်ိဳးေတြ ေျပာဆိုတယ္။ အဲကတည္းက အဆက္သြယ္မလုပ္ဘူး။ အိမ္ရွင္သူေဌး။ အိမ္ရွင္က ေဆးဖိုးေတြ မေပးႏိုင္ဘူးဆိုတဲ့အေၾကာင္း message ပို႔လာတယ္။ နင့္ဘာသာနင္ သြားတဲ့ပုံစံမ်ိဳးေျပာတယ္။ ညီမဘာသာ သြားရေအာင္ ညီမဆီဘာမွ ပါမလာဘူး။ ေဈးဝယ္တဲ့ပစၥည္း ၾကက္ဥ၊ နံနံပင္အထုပ္ေလးေတြပဲ ပါလာတယ္။ စာပို႔လာေတာ့ တကယ္လည္း ဝမ္းနည္းတယ္။ ဘာလုပ္ရမွန္းလည္း မသိဘူး။”

မေအးျမင့္ခိုင္ဟာ သူအလုပ္လုပ္တဲ့အိမ္က အိမ္ရွင္အမ်ိဳးသမီးဟာ ၿပီးခဲ့တဲ့ တစ္လေလာက္က တ႐ုတ္ႏိုင္ငံကို အလည္ပတ္ခရီးသြားခဲ့ၿပီး ျပန္ေရာက္လာခ်ိန္မွာ ဖ်ားေနတဲ့အေၾကာင္း၊ အိမ္ရွင္အမ်ိဳးသမီးနဲ႔အတူ ပိုက္တစ္ေခ်ာင္းတည္းသုံးၿပီး အခ်ိဳရည္ေသာက္ၿပီးတဲ့ေနာက္ လည္ေခ်ာင္းနာတာေတြ၊ ေခ်ာင္းဆိုးတာေတြ၊ ကိုယ္ပူတာေတြ ျဖစ္လာခဲ့တာပါ။

အိမ္ရွင္က ေဆးခန္းမျပေပးလို႔ ဘယ္လိုလုပ္ရမလဲဆိုၿပီး အကူညီေတာင္းစာကို ေဖေဖာ္ဝါရီ ၇ ရက္ေန႔က စကၤာပူေရာက္ ေ႐ႊျမန္မာမ်ားေဖ့ဘြတ္စ္စာမ်က္ႏွာမွာ တင္ထားတာေတြ႕ရပါတယ္။ အဲဒီညေနမွာပဲ ေဈးသြားရင္း ေဆး႐ုံေရာက္ခဲ့ရတာပါ။

စကၤာပူႏိုင္ငံမွာေတာ့ ေဆး႐ုံေရာက္လာၿပီး ေဆးဝါးကုသစရိတ္ မတတ္ႏိုင္တဲ့ ႏိုင္ငံျခားသားေတြကို အစိုးရက က်ခံေပးတာေတြေတာ့ ရွိတတ္တယ္ဆိုေပမယ့္ ေဆး႐ုံတက္ေနရတဲ့ အိမ္အကူအမ်ိဳးသမီးကေတာ့ စိတ္ဓာတ္က်ေနတာ ေတြ႕ရတယ္လို႔ သူ႔ကိုကူညီေပးေနတဲ့ စကၤာပူႏိုင္ငံက Helping Hands for Migrant workers က ေဒၚေအးမာကေျပာပါတယ္။

စကၤာပူႏိုင္ငံမွာ အိမ္အကူလုပ္ေနတဲ့ ျမန္မာအမ်ိဳးသမီး ေျခာက္ေသာင္းေက်ာ္ရွိၿပီး အိမ္ရွင္အမ်ားစုက တစ္ပတ္တစ္ရက္ အိမ္အျပင္ထြက္ခြင့္ကို မတ္လကုန္အထိ အျပင္မထြက္ဖို႔တားထားတယ္လို႔ ေဒၚေအးမာက ေျပာပါတယ္။

“Sunday တိုင္းမွာ ထြက္ခြင့္ရတယ္။ အျပင္ထြက္ခြင့္ရရင္ ေရာဂါေတြပါလာလိမ့္မယ္။ အဲဒါေၾကာင့္မို႔လို႔ အိမ္ရွင္ေတြက တားထားတယ္။ အျပင္ေပးမထြက္ဘူး။ ဒါေပမဲ့ ဒီေရာဂါက အိမ္ရွင္ကေရာ အလုပ္ထဲမွာ ကူးလာႏိုင္တယ္။ အျပင္ရထား၊ ကားလမ္းေတြကေနလည္း ကူးစက္တာ ျဖစ္ႏိုင္တယ္ေလ။ ဒါေပမဲ့ တကယ္တမ္း ျဖစ္လာရင္ေတာ့ အစိုးရအေနနဲ႔ ဘယ္သူပဲ ျဖစ္ျဖစ္ အစိုးရက ေတာ္ေတာ္ေလးကို ကုသမႈေပးထားတာ က်မေတြ႕ရတယ္။”

ကို႐ိုနာဗိုင္းရပ္စ္ နဲ႔ ပတ္သက္တဲ့ ေဆာင္ရန္၊ ေဆာင္ရန္ေတြ၊ သတင္းအခ်က္လက္ေတြ၊ သတိေပးခ်က္ေတြကို စင္ကာပူႏိုင္ငံအစိုးရကထုတ္ျပန္တာ၊ သတင္းေတြကေနသာ ရယူေနရတဲ့အေၾကာင္း၊ စကၤာပူႏိုင္ငံမွာရွိတဲ့ ျမန္မာသံ႐ုံးကေနေတာ့ ဘယ္သတင္းအခ်က္လက္မွ ထုတ္ျပန္တာေတြ မရွိတဲ့အေၾကာင္း အလုပ္သမား ကူညီေပးေရးအဖြဲ႕ေတြက ေျပာပါတယ္။

အိမ္အကူအလုပ္သမား အခက္ခဲေတြနဲ႔ ပတ္သက္ၿပီး ျမန္မာသံ႐ုံးကို အကူညီေတာင္းတုန္းက မရခဲ့ဘူးလို႔ ေဒၚေအးမာ က ေျပာပါတယ္။

“ျမန္မာသံ႐ုံးက အရင္တုန္းကဆို အရမ္းေကာင္းတယ္။ ျပည္ပေရာက္ ျမန္မာအလုပ္သမားေတြကို ေတာ္ေတာ္ေလးကို ကူညီတယ္။ အခုေနာက္ပိုင္းမွာ သူတို႔ရဲ႕ကူညီမႈက လုံး၀အားမရဘူး။ က်မတို႔ဆိုရင္ အိမ္အကူေလးေတြကို ကူညီေပးေနတဲ့ အဖြဲ႕ျဖစ္တယ္။ က်မတို႔က အခက္ခဲျဖစ္လို႔ သူတို႔ကို ေျပာတယ္ဆိုရင္ ေသေရးရွင္ေရး က်မွ သူတို႔ကို ဆက္သြယ္ပါဆိုၿပီး အီးေမးျပန္တယ္။ ေသမယ္ေဟ့ဆို ကူညီေပးမယ္။ က်န္တဲ့ ကိစၥမွာေတာ့ တက္ႂကြမႈမရွိဘူး။”

စကၤာပူႏိုင္ငံကိုေရာက္ေနတဲ့ ျမန္မာအလုပ္သမားေတြကို အကူညီေပးတာနဲ႔ ပတ္သက္ၿပီး ျမန္မာသံ႐ုံးကို RFA က ဆက္သြယ္ေမးျမန္းေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

စကၤာပူႏိုင္ငံမွာ ေဖေဖာ္ဝါရီ ၈ ရက္အထိ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ အေယာက္ ၄၀ ရွိသြားၿပီလို႔ စကၤာပူအစိုးရက ထုတ္ျပန္ထားပါတယ္။

စကၤာပူေရာက္ ျမန္မာႏိုင္ငံသား တစ္ဦးျဖစ္တဲ့ မသဲသဲေမေမ က လက္ရွိ အေျခအေနကို အခုလိုေျပာျပပါတယ္။

“စင္ကာပူအစိုးရက Mask ေတြေဝတယ္။ အလုပ္႐ုံေတြမွာ Temperature မနက္တစ္ခါ၊ ညေနတစ္ခါ တိုင္းခိုင္းတယ္။ အဖ်ားရွိတဲ့သူ ၃၈ ဒီဂရီဆဲလ္ဆီရက္ ျဖစ္လာတာနဲ႔ အကုန္လုံး ေဆးခန္းသြားခိုင္းတယ္။ အိမ္မွာ အနားယူခိုင္းတယ္။ အဲဒါမ်ိဳးေတြ လုပ္တယ္။ ၿပီးရင္ Lift ( ဓာတ္ေလွကား), Public area ( အမ်ားျပည္သူနဲ႔ဆိုင္တဲ့ေနရာ )ေတြကို သန႔္ရွင္းေရးေတြ လုပ္ခိုင္းတယ္။ လူစုလူ‌ေဝးေနရာေတြ မသြားဖို႔၊ ပါတီေတြ မသြားဖို႔ ေၾကညာထားတယ္။”

စကၤာပူႏိုင္ငံမွာကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈကိုအဝါေရာင္ကေန လိေမၼာ္ေရာင္အဆင့္ သတ္မွတ္ သတိေပးထားပါတယ္။  အဲဒီလိုသတိေပးထားတာေၾကာင့္ ၿပီးခဲ့တဲ့ ရက္ပိုင္းက ေဈးဝယ္စင္တာေတြမွာ အေျခခံလူသုံးကုန္ပစၥည္းေတြ၊ စားေသာက္စရာေတြကို အလုအယက္ ဝယ္ယူစုေဆာင္းတာေတြ ရွိခဲ့ပါတယ္။

ဒါေၾကာင့္ အေျခခံလူသုံးကုန္ ပစၥည္းေတြကို အကန႔္အသတ္နဲ႔သာ ေရာင္းခ်ဖို႔ ေၾကညာခ်က္ ထုတ္ျပန္ လိုက္ပါတယ္။ စကၤာပူအစိုးရက လူတစ္ေယာက္ တစ္ႀကိမ္ဝယ္ရင္ ဆန္ ႏွစ္ထုပ္၊ ေခါက္ဆြဲေျခာက္ ေလးထုပ္၊ အိမ္သာသုံးစကၠဴအပါအဝင္ တစ္ရႉး ၄ထုပ္၊ ဟင္းသီးဟင္း႐ြက္ကို အမ်ားဆုံး ေဒၚလာ ၅၀ ဖိုး ဝယ္ယူႏိုင္တယ္လို႔ ကန႔္သတ္လိုက္တာပါ။

ဒီလိုကန႔္သတ္လိုက္ေပမယ့္ လူတစ္ေယာက္အတြက္ လုံေလာက္တဲ့ ပမာဏျဖစ္တာေၾကာင့္ စိုးရိမ္စရာမရွိဘူးလို႔ စကၤာပူေရာက္ ျမန္မာႏိုင္ငံသားေတြက ေျပာပါတယ္။

RFA Burmese
https://www.rfa.org
--------------
(Unicode)⤵⤵⤵
စင်္ကာပူရောက် မြန်မာတစ်ဦး ကိုရိုနာသံသယနဲ့ ဆေးရုံရောက်

စင်္ကာပူနိုင်ငံမှာ အလုပ်လုပ်နေတဲ့ မြန်မာမိန်းကလေးတစ်ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်လို့ သံသယရှိတာကြောင့် မနေ့က ဆေးရုံတက်နေရပါတယ်။ တပတ်မှာ တစ်ရက် အပြင်ထွက်လည်ခွင့် အရင်က ပေးပေမယ့် အခုချိန်မှာတော့ အိမ်အကူအများစုကိုလည်း အိမ်ရှင်တွေက အပြင်ပေးမထွက်တာတွေ ရှိတယ်လို့လည်း မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ လူမှုအဖွဲ့တွေကပြောပါတယ်။

စင်္ကာပူနိုင်ငံမှာ အိမ်အကူ လုပ်နေတဲ့ မအေးမြင့်ခိုင်ဟာ ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ ဈေးသွားဝယ်ရင်း အသက်ရှူကြပ်တာ၊ ခေါင်းမူးတာ၊ ချောင်းဆိုးတာတွေကြောင့် နီးစပ်ရာဆေးခန်းမှာ ဝင်ပြရာကနေ အခုလို ဆေးရုံရောက်လာတာလို့ ကာယကံရှင် မအေးမြင့်ခိုင် က RFA ကို ပြောပါတယ်။

ညနေစာချက်ဖို့ ဈေးသွားရင်းလမ်းမှာ မူးလဲကျမလိုဖြစ်တာကြောင့် ဆေးခန်းဝင်ပြရတာပါ။

သူနေမကောင်းဖြစ်တာကိုမြင်တဲ့ စင်္ကာပူရဲတွေက လူနာတင်ယာဉ် ခေါ်လိုက်ပါတယ်။

သူ့ကိုမေးမြန်းတဲ့အခါ ဇန်နဝါရီလတုန်းက တရုတ်နိုင်ငံကနေ လည်ပတ်ပြီးပြန်လာတဲ့ အိမ်ရှင်အမျိုးသမီးကနေ တဆင့် ကူးစက်တယ်လို့ သိရပြီးနောက်မှာ သူ့ကိုအိမ်ရှင်တွေဆီ ပြန်မလွှတ်တော့ဘဲ ဆေးရုံကိုတခါတည်း ပို့လိုက်ကြတာပါ။

ဒါကိုအိမ်ရှင်က လက်မခံတာကြောင့် သူဆေးရုံတက်ရတဲ့ ကုန်ကျစရိတ်တွေကို အိမ်ရှင်က အကုန်မခံပေးနိုင်တဲ့ အကြောင်း ပြောလာတယ်လို့ မအေးမြင့်ခိုင်က ပြောပါတယ်။

“ဖုန်းခေါ်တယ်။ ပြောဆိုလုပ်တယ်။ ဆေးရုံသွားရမလားပေါ့နော်။ ထွက်ပြေးပါလား ဘာလား ညာလား အဲလိုမျိုးတွေ ပြောဆိုတယ်။ အဲကတည်းက အဆက်သွယ်မလုပ်ဘူး။ အိမ်ရှင်သူဌေး။ အိမ်ရှင်က ဆေးဖိုးတွေ မပေးနိုင်ဘူးဆိုတဲ့အကြောင်း message ပို့လာတယ်။ နင့်ဘာသာနင် သွားတဲ့ပုံစံမျိုးပြောတယ်။ ညီမဘာသာ သွားရအောင် ညီမဆီဘာမှ ပါမလာဘူး။ ဈေးဝယ်တဲ့ပစ္စည်း ကြက်ဥ၊ နံနံပင်အထုပ်လေးတွေပဲ ပါလာတယ်။ စာပို့လာတော့ တကယ်လည်း ဝမ်းနည်းတယ်။ ဘာလုပ်ရမှန်းလည်း မသိဘူး။”

မအေးမြင့်ခိုင်ဟာ သူအလုပ်လုပ်တဲ့အိမ်က အိမ်ရှင်အမျိုးသမီးဟာ ပြီးခဲ့တဲ့ တစ်လလောက်က တရုတ်နိုင်ငံကို အလည်ပတ်ခရီးသွားခဲ့ပြီး ပြန်ရောက်လာချိန်မှာ ဖျားနေတဲ့အကြောင်း၊ အိမ်ရှင်အမျိုးသမီးနဲ့အတူ ပိုက်တစ်ချောင်းတည်းသုံးပြီး အချိုရည်သောက်ပြီးတဲ့နောက် လည်ချောင်းနာတာတွေ၊ ချောင်းဆိုးတာတွေ၊ ကိုယ်ပူတာတွေ ဖြစ်လာခဲ့တာပါ။

အိမ်ရှင်က ဆေးခန်းမပြပေးလို့ ဘယ်လိုလုပ်ရမလဲဆိုပြီး အကူညီတောင်းစာကို ဖေဖော်ဝါရီ ၇ ရက်နေ့က စင်္ကာပူရောက် ရွှေမြန်မာများဖေ့ဘွတ်စ်စာမျက်နှာမှာ တင်ထားတာတွေ့ရပါတယ်။ အဲဒီညနေမှာပဲ ဈေးသွားရင်း ဆေးရုံရောက်ခဲ့ရတာပါ။

စင်္ကာပူနိုင်ငံမှာတော့ ဆေးရုံရောက်လာပြီး ဆေးဝါးကုသစရိတ် မတတ်နိုင်တဲ့ နိုင်ငံခြားသားတွေကို အစိုးရက ကျခံပေးတာတွေတော့ ရှိတတ်တယ်ဆိုပေမယ့် ဆေးရုံတက်နေရတဲ့ အိမ်အကူအမျိုးသမီးကတော့ စိတ်ဓာတ်ကျနေတာ တွေ့ရတယ်လို့ သူ့ကိုကူညီပေးနေတဲ့ စင်္ကာပူနိုင်ငံက Helping Hands for Migrant workers က ဒေါ်အေးမာကပြောပါတယ်။

စင်္ကာပူနိုင်ငံမှာ အိမ်အကူလုပ်နေတဲ့ မြန်မာအမျိုးသမီး ခြောက်သောင်းကျော်ရှိပြီး အိမ်ရှင်အများစုက တစ်ပတ်တစ်ရက် အိမ်အပြင်ထွက်ခွင့်ကို မတ်လကုန်အထိ အပြင်မထွက်ဖို့တားထားတယ်လို့ ဒေါ်အေးမာက ပြောပါတယ်။

“Sunday တိုင်းမှာ ထွက်ခွင့်ရတယ်။ အပြင်ထွက်ခွင့်ရရင် ရောဂါတွေပါလာလိမ့်မယ်။ အဲဒါကြောင့်မို့လို့ အိမ်ရှင်တွေက တားထားတယ်။ အပြင်ပေးမထွက်ဘူး။ ဒါပေမဲ့ ဒီရောဂါက အိမ်ရှင်ကရော အလုပ်ထဲမှာ ကူးလာနိုင်တယ်။ အပြင်ရထား၊ ကားလမ်းတွေကနေလည်း ကူးစက်တာ ဖြစ်နိုင်တယ်လေ။ ဒါပေမဲ့ တကယ်တမ်း ဖြစ်လာရင်တော့ အစိုးရအနေနဲ့ ဘယ်သူပဲ ဖြစ်ဖြစ် အစိုးရက တော်တော်လေးကို ကုသမှုပေးထားတာ ကျမတွေ့ရတယ်။”

ကိုရိုနာဗိုင်းရပ်စ် နဲ့ ပတ်သက်တဲ့ ဆောင်ရန်၊ ဆောင်ရန်တွေ၊ သတင်းအချက်လက်တွေ၊ သတိပေးချက်တွေကို စင်ကာပူနိုင်ငံအစိုးရကထုတ်ပြန်တာ၊ သတင်းတွေကနေသာ ရယူနေရတဲ့အကြောင်း၊ စင်္ကာပူနိုင်ငံမှာရှိတဲ့ မြန်မာသံရုံးကနေတော့ ဘယ်သတင်းအချက်လက်မှ ထုတ်ပြန်တာတွေ မရှိတဲ့အကြောင်း အလုပ်သမား ကူညီပေးရေးအဖွဲ့တွေက ပြောပါတယ်။

အိမ်အကူအလုပ်သမား အခက်ခဲတွေနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကို အကူညီတောင်းတုန်းက မရခဲ့ဘူးလို့ ဒေါ်အေးမာ က ပြောပါတယ်။

“မြန်မာသံရုံးက အရင်တုန်းကဆို အရမ်းကောင်းတယ်။ ပြည်ပရောက် မြန်မာအလုပ်သမားတွေကို တော်တော်လေးကို ကူညီတယ်။ အခုနောက်ပိုင်းမှာ သူတို့ရဲ့ကူညီမှုက လုံးဝအားမရဘူး။ ကျမတို့ဆိုရင် အိမ်အကူလေးတွေကို ကူညီပေးနေတဲ့ အဖွဲ့ဖြစ်တယ်။ ကျမတို့က အခက်ခဲဖြစ်လို့ သူတို့ကို ပြောတယ်ဆိုရင် သေရေးရှင်ရေး ကျမှ သူတို့ကို ဆက်သွယ်ပါဆိုပြီး အီးမေးပြန်တယ်။ သေမယ်ဟေ့ဆို ကူညီပေးမယ်။ ကျန်တဲ့ ကိစ္စမှာတော့ တက်ကြွမှုမရှိဘူး။”

စင်္ကာပူနိုင်ငံကိုရောက်နေတဲ့ မြန်မာအလုပ်သမားတွေကို အကူညီပေးတာနဲ့ ပတ်သက်ပြီး မြန်မာသံရုံးကို RFA က ဆက်သွယ်မေးမြန်းပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

စင်္ကာပူနိုင်ငံမှာ ဖေဖော်ဝါရီ ၈ ရက်အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အယောက် ၄၀ ရှိသွားပြီလို့ စင်္ကာပူအစိုးရက ထုတ်ပြန်ထားပါတယ်။

စင်္ကာပူရောက် မြန်မာနိုင်ငံသား တစ်ဦးဖြစ်တဲ့ မသဲသဲမေမေ က လက်ရှိ အခြေအနေကို အခုလိုပြောပြပါတယ်။

“စင်ကာပူအစိုးရက Mask တွေဝေတယ်။ အလုပ်ရုံတွေမှာ Temperature မနက်တစ်ခါ၊ ညနေတစ်ခါ တိုင်းခိုင်းတယ်။ အဖျားရှိတဲ့သူ ၃၈ ဒီဂရီဆဲလ်ဆီရက် ဖြစ်လာတာနဲ့ အကုန်လုံး ဆေးခန်းသွားခိုင်းတယ်။ အိမ်မှာ အနားယူခိုင်းတယ်။ အဲဒါမျိုးတွေ လုပ်တယ်။ ပြီးရင် Lift ( ဓာတ်လှေကား), Public area ( အများပြည်သူနဲ့ဆိုင်တဲ့နေရာ )တွေကို သန့်ရှင်းရေးတွေ လုပ်ခိုင်းတယ်။ လူစုလူ‌ဝေးနေရာတွေ မသွားဖို့၊ ပါတီတွေ မသွားဖို့ ကြေညာထားတယ်။”

စင်္ကာပူနိုင်ငံမှာကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကိုအဝါရောင်ကနေ လိမ္မော်ရောင်အဆင့် သတ်မှတ် သတိပေးထားပါတယ်။  အဲဒီလိုသတိပေးထားတာကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းက ဈေးဝယ်စင်တာတွေမှာ အခြေခံလူသုံးကုန်ပစ္စည်းတွေ၊ စားသောက်စရာတွေကို အလုအယက် ဝယ်ယူစုဆောင်းတာတွေ ရှိခဲ့ပါတယ်။

ဒါကြောင့် အခြေခံလူသုံးကုန် ပစ္စည်းတွေကို အကန့်အသတ်နဲ့သာ ရောင်းချဖို့ ကြေညာချက် ထုတ်ပြန် လိုက်ပါတယ်။ စင်္ကာပူအစိုးရက လူတစ်ယောက် တစ်ကြိမ်ဝယ်ရင် ဆန် နှစ်ထုပ်၊ ခေါက်ဆွဲခြောက် လေးထုပ်၊ အိမ်သာသုံးစက္ကူအပါအဝင် တစ်ရှူး ၄ထုပ်၊ ဟင်းသီးဟင်းရွက်ကို အများဆုံး ဒေါ်လာ ၅၀ ဖိုး ဝယ်ယူနိုင်တယ်လို့ ကန့်သတ်လိုက်တာပါ။

ဒီလိုကန့်သတ်လိုက်ပေမယ့် လူတစ်ယောက်အတွက် လုံလောက်တဲ့ ပမာဏဖြစ်တာကြောင့် စိုးရိမ်စရာမရှိဘူးလို့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေက ပြောပါတယ်။

RFA Burmese
https://www.rfa.org
စကၤာပူေရာက္ ျမန္မာတစ္ဦး ကို႐ိုနာသံသယနဲ႔ ေဆး႐ုံေရာက္ စကၤာပူေရာက္ ျမန္မာတစ္ဦး ကို႐ိုနာသံသယနဲ႔ ေဆး႐ုံေရာက္ Reviewed by THITHTOOLWIN on 21:02 Rating: 5
Powered by Blogger.