ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၆၃၀ ေက်ာ္၊ ကူးစက္သူ ၃၀,၀၀၀ ေက်ာ္ရွိၿပီ


(Zawgyi/Unicode)

တ႐ုတ္ႏိုင္ငံမွာ Coronavirus ပိုးကူးစက္မႈေၾကာင့္ ေသဆံုးသူအေရအတြက္ ဒီကေန႔အထိ ၆၃၆ ႐ွိခဲ့ၿပီး ပိုးကူးစက္ေနသူ ၃ ေသာင္း ၁ ေထာင္ေက်ာ္ ႐ွိတယ္လို႔ တ႐ုတ္အစိုးရက ေျပာပါတယ္။ ပိုးကူးစက္ေနတယ္လုိ႔ အတည္ျပဳႏိုင္တဲ့ အေရအတြက္ ၿပီးခ့ဲတဲ့ ၂ ရက္မွာ က်ဆင္းသြားတယ္လို႔လည္း တ႐ုတ္ႏိုင္ငံက်န္းမာေရးေကာ္မ႐ွင္ေျပာခြင့္ရသူ Song Shuli ကဒီကေန႔ သတင္းစာ႐ွင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ပိုးေနာက္ထပ္ ကူးစက္တယ္လုိ႔ အတည္ျပဳႏိုင္သူ အေရအတြက္ သိသိသာသာ က်ဆင္းသြားတာ ၂ ရက္႐ွိပါၿပီ။ ဒါဟာ ကာကြယ္ထိန္းခ်ဳပ္ ေဆာင္႐ြက္မႈေတြ ေအာင္ျမင္တဲ့ ရလာဒ္ေကာင္းျဖစ္တယ္လို႔ တ႐ုတ္ႏိုင္ငံက်န္းမာေရးေကာ္မ႐ွင္ေျပာခြင့္ရသူ ေျပာၾကားသြားတာျဖစ္ပါတယ္။

ဒါေပမဲ့ ေရာဂါကူးစက္ပ်ံ႕ႏွံ႔မႈဟာ ျပည္သူေတြ ရင္ဆိုင္ေနရတဲ့ စစ္ပြဲျဖစ္တယ္လို႔ တ႐ုတ္သမၼတ Xi Jinping ကေျပာၾကားခဲ့ပါတယ္။ ျပည္သူေတြရင္ဆိုင္ေနရတဲ့ ပိုးကူးစက္ပ်ံ႕ႏွံ႔မႈစစ္ပြဲကို တားဆီးကာကြယ္ႏိုင္ဖုိ႔ တႏိုင္ငံလံုးက အင္နဲ႔အားနဲ႔ အေသအခ်ာ တင္းတင္းၾကပ္ၾကပ္ ေဆာင္႐ြက္ေနတယ္ဆိုတဲ့ သမၼတ Xi ရဲ႕အေျပာကို အစိုးရပိုင္ ႐ွင္ဟြာသတင္းမွာ ေဖာ္ျပပါတယ္။ ၂၃ ႏိုင္ငံထက္မနည္းမွာလည္း Coronavirus ပိုးကူးစက္တယ္လို႔ အတည္ျပဳသူ ၁၅၀ ေလာက္႐ွိပါတယ္။

တ႐ုတ္ႏုိင္ငံမွာ Coronavirus ပိုးကူးစက္မႈ စတင္ ပ်ံ႕ႏွံ႔ေနတယ္ဆိုတာ သတိေပးဖို႔ႀကိဳးစားခဲ့တဲ့ တ႐ုတ္ဆရာဝန္ Li Wenliang ကေတာ့ အသက္ ၃၄ ႏွစ္မွာ ကြယ္လြန္သြားပါတယ္။ ဆရာဝန္ Li ဟာ မဟုတ္မမွန္သတင္းေတြကို Online ေပၚမွာျဖန္႔ၿပီး တည္ၿငိမ္မႈပ်က္ျပားေအာင္ လုပ္ေနတယ္လို႔ ရဲကစြပ္စြဲခဲ့ပါတယ္။ သူ႔ရဲ႕သတိေပးမႈကို တ႐ုတ္အစိုးရကလည္း လွစ္လ်ဴ႐ႈခဲ့ပါတယ္။ သူကြယ္လြန္သြားတဲ့အတြက္ က်န္းမာေရး ေကာ္မ႐ွင္အေနနဲ႔ အင္မတန္ စိတ္မေကာင္းျဖစ္တယ္လို႔ေတာ့ ေျပာခြင့္ရသူက ဒီကေန႔ ေျပာပါတယ္။

တဆက္ထဲသတင္းကေတာ့ တ႐ုတ္ျပည္မႀကီးကေန ေဟာင္ေကာင္ကို ဝင္တဲ့ေရလမ္း ကုန္းလမ္းဂိတ္ေတြအားလံုးနီးပါးကို ေဟာင္ေကာင္က ပိတ္ထားလိုက္ပါတယ္။ ေဟာင္ေကာင္ဆိပ္ကမ္းမွာ သီးျခားခြဲထား ေစာင့္ၾကည့္ခံေနရတဲ့ ဇိမ္ခံသေဘၤာႀကီးေပၚမွာ ခရီးသည္ ၃ ေထာင့္ ၆ ရာေလာက္လည္း ေသာင္တင္ေနၾကပါတယ္။ ထိုင္ဝမ္ကေတာ့ ႏုိင္ငံတကာ ဇိမ္ခံသေဘၤာအားလံုးကို သူတုိ႔ဆိ္ပ္ကမ္းမွာ ကမ္း ေပး မကပ္ေတာ့ဘူးလို႔ ေၾကညာထားပါတယ္။
coronavirus အႏၲရာယ္မွ ကာကြယ္ရန္နည္းလမ္းမ်ား
.....................

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၆၃၀ ကျော်၊ ကူးစက်သူ ၃၀,၀၀၀ ကျော်ရှိပြီ

(Unicode)

တရုတ်နိုင်ငံမှာ Coronavirus ပိုးကူးစက်မှုကြောင့် သေဆုံးသူအရေအတွက် ဒီကနေ့အထိ ၆၃၆ ရှိခဲ့ပြီး ပိုးကူးစက်နေသူ ၃ သောင်း ၁ ထောင်ကျော် ရှိတယ်လို့ တရုတ်အစိုးရက ပြောပါတယ်။ ပိုးကူးစက်နေတယ်လို့ အတည်ပြုနိုင်တဲ့ အရေအတွက် ပြီးခဲ့တဲ့ ၂ ရက်မှာ ကျဆင်းသွားတယ်လို့လည်း တရုတ်နိုင်ငံကျန်းမာရေးကော်မရှင်ပြောခွင့်ရသူ Song Shuli ကဒီကနေ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ပိုးနောက်ထပ် ကူးစက်တယ်လို့ အတည်ပြုနိုင်သူ အရေအတွက် သိသိသာသာ ကျဆင်းသွားတာ ၂ ရက်ရှိပါပြီ။ ဒါဟာ ကာကွယ်ထိန်းချုပ် ဆောင်ရွက်မှုတွေ အောင်မြင်တဲ့ ရလာဒ်ကောင်းဖြစ်တယ်လို့ တရုတ်နိုင်ငံကျန်းမာရေးကော်မရှင်ပြောခွင့်ရသူ ပြောကြားသွားတာဖြစ်ပါတယ်။

ဒါပေမဲ့ ရောဂါကူးစက်ပျံ့နှံ့မှုဟာ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စစ်ပွဲဖြစ်တယ်လို့ တရုတ်သမ္မတ Xi Jinping ကပြောကြားခဲ့ပါတယ်။ ပြည်သူတွေရင်ဆိုင်နေရတဲ့ ပိုးကူးစက်ပျံ့နှံ့မှုစစ်ပွဲကို တားဆီးကာကွယ်နိုင်ဖို့ တနိုင်ငံလုံးက အင်နဲ့အားနဲ့ အသေအချာ တင်းတင်းကြပ်ကြပ် ဆောင်ရွက်နေတယ်ဆိုတဲ့ သမ္မတ Xi ရဲ့အပြောကို အစိုးရပိုင် ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။ ၂၃ နိုင်ငံထက်မနည်းမှာလည်း Coronavirus ပိုးကူးစက်တယ်လို့ အတည်ပြုသူ ၁၅၀ လောက်ရှိပါတယ်။

တရုတ်နိုင်ငံမှာ Coronavirus ပိုးကူးစက်မှု စတင် ပျံ့နှံ့နေတယ်ဆိုတာ သတိပေးဖို့ကြိုးစားခဲ့တဲ့ တရုတ်ဆရာဝန် Li Wenliang ကတော့ အသက် ၃၄ နှစ်မှာ ကွယ်လွန်သွားပါတယ်။ ဆရာဝန် Li ဟာ မဟုတ်မမှန်သတင်းတွေကို Online ပေါ်မှာဖြန့်ပြီး တည်ငြိမ်မှုပျက်ပြားအောင် လုပ်နေတယ်လို့ ရဲကစွပ်စွဲခဲ့ပါတယ်။ သူ့ရဲ့သတိပေးမှုကို တရုတ်အစိုးရကလည်း လှစ်လျူရှုခဲ့ပါတယ်။ သူကွယ်လွန်သွားတဲ့အတွက် ကျန်းမာရေး ကော်မရှင်အနေနဲ့ အင်မတန် စိတ်မကောင်းဖြစ်တယ်လို့တော့ ပြောခွင့်ရသူက ဒီကနေ့ ပြောပါတယ်။

တဆက်ထဲသတင်းကတော့ တရုတ်ပြည်မကြီးကနေ ဟောင်ကောင်ကို ဝင်တဲ့ရေလမ်း ကုန်းလမ်းဂိတ်တွေအားလုံးနီးပါးကို ဟောင်ကောင်က ပိတ်ထားလိုက်ပါတယ်။ ဟောင်ကောင်ဆိပ်ကမ်းမှာ သီးခြားခွဲထား စောင့်ကြည့်ခံနေရတဲ့ ဇိမ်ခံသင်္ဘောကြီးပေါ်မှာ ခရီးသည် ၃ ထောင့် ၆ ရာလောက်လည်း သောင်တင်နေကြပါတယ်။ ထိုင်ဝမ်ကတော့ နိုင်ငံတကာ ဇိမ်ခံသင်္ဘောအားလုံးကို သူတို့ဆိပ်ကမ်းမှာ ကမ်း ပေး မကပ်တော့ဘူးလို့ ကြေညာထားပါတယ်။

VOA (Burmese)
https://burmese.voanews.com
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၆၃၀ ေက်ာ္၊ ကူးစက္သူ ၃၀,၀၀၀ ေက်ာ္ရွိၿပီ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၆၃၀ ေက်ာ္၊ ကူးစက္သူ ၃၀,၀၀၀ ေက်ာ္ရွိၿပီ Reviewed by THITHTOOLWIN on 00:50 Rating: 5
Powered by Blogger.